Wednesday, November 10, 2010

မင်းသမီး ၃ ပါးနှင့် NDF အရှုံးနှင့်ကြုံ


ဝန်ကြီးချုပ်ဟောင်းများ၏ သမီးများဖြစ်သော “ မင်းသမီး ၃ ပါး” ဟု မီဒီယာများက ဖော်ပြကြသူများ ပါဝင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ခွဲထွက်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီတို့သည် မဲမသမာမှုများကြောင့် ရွေးကောက်ပွဲတွင် ဆိုးဆိုးဝါးဝါးဆုံးရှုံးမှုများ ရင်ဆိုင်ရကြောင်း သိရသည်။
ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေနှင့် ဒေါ်သန်းသန်းနု။ ရွေးကောက်ပွဲသည် မြန်မာပြည်အတွက် အပြောင်းအလဲ ဖြစ်မည်ဟု ထင်ခဲ့ကြသော်လည်း မျှော်လင့်သလို ဖြစ်မလာဟု ၎င်းတို့က ပြောသည် (ဓာတ်ပုံ - ဧရာဝတီ)
မြန်မာနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဦးနု၏ သမီးဖြစ်သူ ဒေါ်သန်းသန်းနုက “နယ်မြေ ၄ ခုမှာ ၃ ခုက ကိုယ့်ကို ထောက်ခံတဲ့မဲ ရခဲ့တယ်။ ဒါပေမယ့် စာရင်းလည်း ပိတ်လိုက်ရော အမှတ်တွေက အရမ်းကို ကွာသွားတယ်။ ကိုယ့်ကိုဘယ်လို ထောက်ခံခဲ့တယ်ဆိုတာ သိပေမယ့် ရှုံးတယ်ဆိုတာက မဲရုံမှာ ကိုယ်စားလှယ်တွေ မထားနိုင်တာ၊ မဲ ရေတဲ့အချိန်မှာ ကိုယ့်ကို မခေါ်တာ။ ဒီလိုဆိုတော့ သူတို့ လုပ်ချင်တိုင်းလုပ်လို့ ရသွားတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ဒေါ်သန်းသန်းနုသည် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုယ်စားပြု အမျိုးသားလွှတ်တော်အတွက် မန္တလေးမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကို မဲ အပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
“အခု ကျင်းပသွားတဲ့ ရွေးကောက်ပွဲက မတရားဆုံး ရွေးကောက်ပွဲတခုပဲ။ နိုင်သွားတဲ့ပါတီအနေနဲ့ သိက္ခာရှိရှိ ဖြစ်ချင်တယ်ဆိုရင်တော့ အရပ်သားအစိုးရ ပီပီပြင်ပြင်လုပ်ပေးခဲ့မယ်ဆိုရင်တော့ ကောင်းမယ်။ ဒီရွေးကောက်ပွဲကို အဖေသာ ရှိနေရင် မတရားဆုံး ရွေးကောက်ပွဲလို့ ပြောမှာပဲ” ဟု ဒေါ်သန်းသန်းနုက ပြောသည်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကို ကိုယ်စားပြု၍ ပဲခူးတိုင်း၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်သည့် ဒေါ်ချိုချိုကျော်ငြိမ်းက “နယ်ကလူတွေက ပေးလိုက်တာ ဒေါင်း၊ ထွက်လာတာ ခြင်္သေ့၊ ဘယ်လိုဖြစ်တာလဲတဲ့။ ကြိုတင်မဲတွေ အန်တီ မကြောက်ဘူး။ ဘာလို့လဲဆို ကိုယ့်ကိုယ် ထောက်ခံတဲ့လူ ဘယ်လောက်ရှိနေလဲကို သိနေတယ်လေ။ ဒါပေမယ့် မဲရုံမှူးက မဲပုံးကို အိမ်သယ်သွားပြီး ပက်ပက်စက်စက် မဲခိုးတယ်။ တချို့မဲရုံတွေမှာ ဖွင့်တောင် မဖွင့်ရသေးဘူး မဲပုံးထဲ မဲကရောက်နေပြီ။ ဒီအတွက် မနက်ဖြန် နေပြည်တော်အထိတက်ပြီး တိုင်ဖို့လုပ်မယ်” ဟု ပြောသည်။
ဒေါ်ချိုချိုကျော်ငြိမ်းသည် ဒု ၀န်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီးဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၏ သမီး ဒေါ်နေရီဗဆွေဖြစ်ပြီး စမ်းချောင်းမြို့နယ်တွင် ဒီမိုကရက်တစ်ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နရီဗဆွေက “တပါတီက ဒေါ်အောင်ဆန်းစုကြည် နာမည်ကို အသုံးချသွားတယ်။ တပါတီက ကြိုတင်မဲကို အသုံးချသွားတယ်။ ပြည်သူလူထုကတော့ မီးပျက်ပြီး အမှောင်ထဲမှာ နေနေရတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲမတိုင်မီ ပါတီကိုယ်စားပြု သတင်းစာရှင်းလင်းပွဲတခုတွင် ၎င်းတို့ ၃ ဦးသည် မြန်မာပြည်၏ မင်းသမီး ၃ ပါးဟု တင်စားပြောဆိုခဲ့ပြီး စစ်အစိုးရမှာမူ စုန်းမ ၃ ယောက်အဖြစ် မြင်မည်ဟု ပြောခဲ့သည်။
မြန်မာပြည် ပြောင်းလဲမှုအတွက် ရွေးကောက်ပွဲသည် ပထမဆုံးခြေလှမ်းဟု ယုံကြည်ကာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဟု ၎င်းတို့က ပြောကြသည်။
မြန်မာတနိုင်ငံလုံးတွင် NDF ပါတီမှ ကိုယ်စားလှယ်လောင်း ၁၆၁ ယောက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ရန်ကုန်မြို့တွင် ၁၆ နေရာ၌သာ အနိုင်ရခဲ့သည်ဟု NDF ပါတီဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက ဆိုသည်။
“ပြည်သူပေးတဲ့မဲမှာ ကျနော်တို့ နိုင်တယ်၊ သက်ဆိုင်ရာက ပေးတဲ့မဲမှာတော့ ကျနော်တို့ ရှုံးတာပေါ့။ မဲရေတော့မှ ကြိုတင်မဲထုပ်တွေ ရောက်လာတယ်။ တချို့နေရာတွေမှာဆို အထုပ်တောင် မမြင်ရဘူး။ ဒါ ကြိုတင်မဲ ပေးထားတဲ့ လူစာရင်းဆိုပြီး ပြတယ်။ မဲတွေ ပြခိုင်းတော့ ပြခွင့်မရှိဘူးပြောတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူးဆိုတာ အစကတည်းက သိပေမယ့် ဒီလောက်အထိ လက်လွတ်စပယ် လုပ်မယ်မထင်ဘူး။ မျှော်လင့်ထားတာထက် ပိုသွားတာပေါ့” ဟု ၎င်းက ပြောသည်။
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေက ရွေးကောက်ပွဲရလဒ်နှင့် မဲသမာမှုများအရ ရွေးကောက်ပွဲသည် မသင့်တင့်သောရွေးကောက်ပွဲ ဖြစ်သော်လည်း ပြည်သူများ နိုင်ငံရေးနိုးကြားမှု အားကောင်းလာစေရန် ပြုနိုင်ခဲ့ခြင်းသည် ဒီမိုကရေစီ အင်အားစုများ ရရှိလိုက်သည့် အမြတ်ဖြစ်သည်ဟု ဆိုသည်။
“တခြားပါတီက မဲမသမာမှုတွေကို တိုင်ဖို့လုပ်ရင်တော့ ၀င်ပါဝင်သွားဖို့ရှိတယ်။ တိုင်တယ်ဆိုတာ လေးစားတဲ့လူကို တိုင်တာလေ။ ကော်မရှင်က လေးစားစရာမရှိတော့ ကိုယ့်ပါတီအနေနဲ့ကတော့ တိုင်လည်းမတိုင်တော့ဘူး၊ ဘာမှလည်း ဒီပေါ်မှာ မမျှော်လင့်ထားဘူး” ဟု ၎င်းက ပြောသည်။
ရွေးကောက်ပွဲရလဒ်သည် ဒီမိုကရေစီအင်အားစုများကို တယောက်နှင့်တယောက် ကျောချင်းကပ်ပေးလိုက် ခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါက ပြောင်းလဲမှု တစုံတရာအတွက် စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။
မြန်မာတနိုင်ငံလုံးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း နေရာ ၁၁၅၇ နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်သည့် ကြံ့ဖွံ့ပါတီက ၈၀ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိနေသည်ဟု ဆိုကြောင်း ယင်းပါတီမှ တာဝန်ရှိသူတဦးကို ကိုးကား၍ AFP သတင်းဌာနက ဖော်ပြထားသည်။
THIS POST WAS COPYING FROM IRRAWADDY BURMESE NEWS,,,,

DKBA ဘက်မှ တိုင်းရင်းသား လက်နက်ကိုင်တချို့ ကူတိုက်ဖွယ်ရှိ


ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် စစ်အစိုးရနှင့် တိုက်ခိုက်နေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA)ဘက်မှ စစ်ရေးအရ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တချို့က ကူ၍ တိုက်နိုင်ဖွယ် ရှိကြောင်း စစ်ရေး လေ့လာသူများက ပြောသည်။
၂၀၀၇ ခုနှစ်က စစ်ရေးပြ အခမ်းအနားတွင် တွေ့ရသော DKBA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)
DKBA တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး(စောလားပွယ်) ၏ တပ်များနှင့် နအဖ စစ်အစိုးရ တပ်များအကြား လက်ရှိ တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်၍ သုံးသပ် ပြောဆိုနေခြင်း ဖြစ်သည်။
“နအဖရဲ့ တိုက်ခိုက်မှုဟာ ဆက်တက်လာမယ် ဆိုလို့ရှိရင်တော့ အဲဒီမှာ ရှိတဲ့ အဖွဲ့တွေအားလုံးဟာ ရှောင်လို့မရဘူး၊ အားလုံး လက်တွဲ တိုက်ရလိမ့်မယ်ထင်တယ်”ဟု ကရင်အမျိုးသား အစည်းအရုံး (KNU)မှ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေ က ဧရာဝတီသို့ ပြောသည်။
ဘုရားသုံးဆူ ဒေသတွင် စစ်အစိုးရတပ် အပါအ၀င် DKBA ၊ အပစ် အခတ် ရပ်စဲထားသော စောသမူဟဲ၏ ဟောင်သရော အထူးဒေသ အဖွဲ့နှင့် မွန် ပြည်သစ်ပါတီ အဖွဲ့များလည်း လှုပ်ရှားလျက် ရှိကြောင်း သိရသည်။
“အဲဒီ နေရာမှာ သူသွား ကိုယ်သွားနဲ့ သွားလာနေကြတယ်။ နယ်မြေထဲမှာ တယောက်နဲ့ တယောက် ရန်မရှာဘဲနဲ့လေ၊ တယောက်နဲ့ တယောက် နားလည်ပြီးတော့ သွားလာနေကြတဲ့ အခါကျတော့ နယ်မြေက ကန့်သတ်ထားတာ မရှိဘူး၊ ၀င်လာ လို့ရှိရင် ဟိုတယောက်ကို တိုက်လို့ရှိရင် ဒီတယောက်ကို မကြည့်ဘဲနဲ့ တိုက်လို့ရမှာ မဟုတ်တဲ့ဟာတွေ ပေါ်လာရင် အားလုံးက ပြင်ထားရမှာပဲ၊ ပြင်ထားလို့ရှိရင်တော့ အားလုံးက သေနတ်ပေါက်မယ်လို့ ထင်တာပဲ”ဟု ဗိုလ်မှူး စောလှငွေက ဆက် ပြော သည်။ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာနိုင်သည့် အနေအထားရှိကြောင်းလည်း ၎င်းက ဆိုသည်။
ယနေ့ နံနက် ၄ နာရီခန့်မှ စတင်၍ DKBA တပ်ဖွဲ့ဝင်များနှင့် နအဖ တပ်များအကြား တနာရီကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နောက် တင်းမာမှုများ ဆက်လက် မြင့်မားနေပြီး ပစ်ခတ်မှု တစုံတရာ မရှိသေးကြောင်း သိရသည်။
တိုက်ပွဲတွင် နအဖ စစ်သားများ ပတ်ခတ်မှုကြောင့် ၉ နှစ်အရွယ် မြန်မာ မိန်းကလေးတဦး ထိမှန်ခဲ့ရာ ထိုင်းဆေးရုံတွင် သေ ဆုံး သွားကြောင်း၊ DKBA ဘက်မှ ပစ်ခတ်မှုကြောင့် ၁၃ နှစ်အရွယ် မြန်မာမိန်းကလေးတဦး ထိမှန်သည့် နေရာတွင်ပင် သေဆုံး ကြောင်း ထိုင်း သတင်းများက ဖော်ပြသည်။
ထိုင်းဘက်သို့ မြန်မာ စစ်ပြေးဒုက္ခသည် ၃၅၀၀ ခန့် ထွက်ပြေးခိုလှုံလျက်ရှိပြီး ထိုင်းတာဝန်ရှိသူများနှင့် နိုင်ငံတကာ အဖွဲ့များက ကူညီနေကြောင်း သိရသည်။
အလားတူ ယမန်နေ့က မြန်မာ့ရုပ်သံတွင် မြဝတီမြို့အတွင်း နအဖ တပ်များ နှင့် DKBA တပ်ဖွဲ့ဝင်များ၏ တိုက်ပွဲ သတင်း ကို ထုတ်လွှင့်ခဲ့ရာ“KNU အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့တဖွဲ့က ဝင်ရောက် ပစ်ခတ်သည်”ဟူ၍ ကြေညာခဲ့သည်။
စစ်အစိုးရသည် DKBA တပ် မှန်သမျှကို ၎င်းတို့ လက်အောက်ခံဟု လူထုက ယုံကြည်စေရန်၊ အကြမ်းဖက်မှု မှန်သမျှ KNU ၏ လက်ချက်ဟု အထင်ရောက်စေရန် ကရင် တိုင်းရင်းသားချင်း သွေးခွဲသည့် ဝါဒဖြန့်လုပ်ငန်းများ စတင် လုပ်ဆောင်နေကြောင်း စစ်ရေး လေ့လာသူတချို့က သုံးသပ်သည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ်ဂိတ်တချို့ကို DKBAတပ်ဖွဲ့ဝင်များ က ၀ိုင်းထားခဲ့ခြင်းနှင့် ပတ်သက်၍ ဘုရားသုံးဆူမြို့နယ်တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။
မြ၀တီမြို့ရှိ DKBA တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် နေရာများကို စစ်အစိုးရ တပ်များက ယမန်နေ့က ပြန်လည် ရယူထားပြီး ဖြစ်သည်။
စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် လက်ခံ ခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့ကမူ ယင်း အစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။ ၎င်း အဖွဲ့သည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ်သည်။
THIS POST WAS COPYING FROM IRRAWADDY BURMESE NEWS,,

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ၁၆ နေရာနိုင်

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ၁၆ နေရာနိုင်


မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီမှ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ၃၄ နေရာ ၀င်ရောက်ယှဉ်ပြိုင်သည့် အနက် ၁၆ နေရာ အနိုင်ရခဲ့သည်ဟု မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၏ ပြောဆိုချက်အရ သိရှိရသည်။ မွန်ပြည်နယ်တွင် ၁၅ နေရာနှင့် ကရင်ပြည်နယ်တွင် ၁ နေရာ အနိုင်ရခြဲ့ခင်းဖြစ်သည်ဟု သိရသည်။


(မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ရုံးခန်းတွင်တွေ့ရသော အမတ်လောင်း ဦးလှခိုင်)
ကော်မရှင်မှ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း ပါတီဘက်မှ စုဆောင်းရရှိထားသည့် စာရင်းများအရ ယခုကဲ့သို့ ၁၆ နေရာ အနိုင်ရသည်ဟု သိရှိရခြင်း ဖြစ်သည်။
ဒေသဆိုင်ရာ အာဏာပိုင် ၊ အုပ်ချုပ်ရေး အာဏာ ရယူထားသည့် ပ၀တ၊ မ၀တ၊ ရယက ရာအိမ်မှူုး ၊ ဆယ်အိမ်မှူး နှင့် ကြံ့ဖွံ့ပါတီစည်းရုံးရေးမှူးများအားလုံး ကြံ့ဖွံ့အနိုင်ရရေး အတွက် ၀ိုင်းဝန်းကာ ကြံစည်လုပ်ဆောင်ပေးခဲ့ကြရသလို၊ အာဏာပိုင်များ ဖြစ်သည့်ရဲ၊ ထောက်လှမ်းရေးနှင့် စစ်တပ်တို့ကလည်း ကြံ့ဖွံ့ပါတီ အနိုင်ရရေးလုပ်ဆောင်မှုများကို ကာကွယ်ပေးခဲ့ကြသည်။
တပြိုင်နက်တည်းတွင် အာဏာပိုင်များက ပြိုင်ဖက်အင်အားစုများ၊ လူမျိုးစုပါတီများ၏ စည်းရုံးရေး လုပ်ဆောင်မှုများအား ဟန့်တား၊ နှောက်ယှက်ပေးခဲ့ကြရသည်။ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ၄င်းတို့ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများကို ကြံ့ဖွံ့ပါတီက ချိုးဖောက်နေသော်လည်း မမြင်ယောင်ဆောင်နေပေး ခဲ့ပြီး ထိုလုပ်ရပ်များအား အခြားပါတီများက ကန့်ကွက်၊ တိုင်ကြားလာလျင်လည်း အရေးမယူပဲ၊ လျစ်လျူရှုနေပေးခဲ့သည်ကိုတွေ့ရသည်။


(မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ရုံးခန်း)
ထိုသို့သော ဘက်လိုက်မှု ခြိမ်းခြောက်မှု များအကြားမှ ယခုလို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ က ၁၆ နေရာအနိုင်ရခဲ့ခြင်းဖြစ်သည်။ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအား မဲပေးသူအားလုံးမှာ မွန်လူမျိုးချည်းမဟုတ်သည်ကို တွေ့ရသည်။ မွန်ပြည်နယ်တွင် နေထိုင်ကြသည့် မူဆလင်ဘာသာဝင် များ၊ ကရင်လူမျိုးများ၊ မြန်မာလူမျိုးများလည်း ထောက်ခံမဲပေးခဲ့ကြသည်။


(မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင်များ)
မူဆလင်ဘာသာဝင် တဦးက ပြောရာတွင်
“ကျွန်တော်တို့ ၈၈ တုန်းက အရေးအခင်းမှာလည်း ပါဝင်လှုပ်ရှားခဲ့တယ်။ နောက် အန်အယ်လ်ဒီပါတီဝင် ဖြစ်ခဲ့တယ်။ အခုရွေးကောက်ပွဲမှာ ဘယ်သူ့ကိုမဲပေးမလဲ ဆိုတာကျွန်တော်တို့ အချင်းချင်းတိုင်ပင်ပြီး ဒီပါတီကို ထောက်ခံကူညီဖို့ ဆုံးဖြတ်ခဲ့တာပါ”
ဟုပြောသည်။

THIS POST WAS COPYING FROM MOEMAKA BURMESE NEWS,,

ဘုရားသုံးဆူမြို့အား ဒီကေဘီအေတပ်များသိမ်းပိုက်ပြီးနောက် မြို့ခံများထိုင်းနယ်မြေသို့ဝင်ရောက်ခိုလှုံ


ဘုရားသုံးဆူမြို့အား ဒီကေဘီအေတပ်များသိမ်းပိုက်ပြီးနောက် မြို့ခံများထိုင်းနယ်မြေသို့ဝင်ရောက်ခိုလှုံ
ယနေ့နံနက်ပိုင်း၌ ဘုရားသုံးဆူမြို့ပေါ်ရှိ ရပ်ကွက်အကြီးအကဲများက မြို့ခံများအနေဖြင့်မိမိနေအိမ်များတွင် မနေထိုင်ကြတော့ရန် ရပ်ကွက်သားများကို ဆော်သြပြောဆိုခဲ့ပြီးမကြာမီတွင် လက်နက်ကြီးပေါက်ကွဲသံများ ဖြစ်ပေါ်လာသဖြင့် မြို့ခံများထိုင်းနယ်မြေသို့အလုံးအရင်းဖြင့် ထွက်ပြေးဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။
“ဒီညမှာ တိုက်ပွဲတွေအများကြီး ဖြစ်လာမယ့်အခြေအနေရှိနေတယ်လို့ ကောလဟာလသတင်းတွေပြန့်နေတော့ ဘယ်သူမှလည်း မြို့ပေါ်မှာမနေရဲတော့ဘူး” ဟု ထိုင်းနယ်မြေသို့ရောက်ရှိနေသော ဘုရားသုံးဆူမြို့ခံတစ်ဦး ပြောသည်။
အဆိုပါဒေသရှိ ထိုင်းအခြေစိုက်ဒုက္ခသည်များ အကူအညီပေးသည့် NGO များတွက်ဆသောစာရင်းများအရ ယနေ့တွင် ထိုင်းနယ်မြေအတွင်းသို့ မြန်မာဒုက္ခသည်တစ်သောင်းကျော်ခန့်ဝင်ရောက်ခဲ့သည်ဟု ခန့်မှန်းကြသည်။
“သုံးဆူမြို့ပေါ်မှာ လူဦးရေသုံးသောင်းကျော်တယ်၊ ခုဆိုတစ်အိမ်တစ်ယောက်တောင်မကျန်တော့ဘူး၊ ဘေးလွတ်ရာ ထိုင်းဖက်အခြမ်းကိုပြေးလာကြတယ်၊ ဒီသုံးဆူမြို့ဘုရားကုန်းအပြင် မွန်တပ်တွေရှိတဲ့ ဂျပန်ရေတွင်းဖက် သွားတဲ့လူတွေလည်းရှိတယ်” ဟု ဒုက္ခသည်အကူအညီပေးသူတစ်ဦးက ပြောသည်။
ဘုရားသုံးဆူမြို့ရှိ မြန်မာစစ်အစိုးရတပ်ဖွဲ့မှ ဒီကေဘီအေတပ်ဖွဲ့များရှိရာနေရာများသို့မှန်းဆပြီး လက်နက်ကြီးဖြင့် အဝေးမှလှမ်းပစ်ခဲ့သည်ဟု စစ်ရေးအကဲခတ်သူများ ပြောဆိုကြသည်။
ယမန်နေ့တွင် ဒီကေဘီအေတပ်ဖွဲ့များ ဘုရားသုံးဆူမြို့ကို သိမ်းပိုက်လိုက်ပြီးနောက် လက်နက်ကြီးပစ်ခတ် ပေါက်ကွဲသံများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ရာ ယနေ့အထိ အရပ်သား(၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံထိုင်းအာဏာပိုင်သတင်းရပ်ကွက်များက ပြောသည်။
ယမန်နေ့တွင် ဒီကေဘီအေတပ်ဖွဲ့များသည် ဘုရားသုံးဆူနယ်စပ်မြို့အပြင် မြဝတီနယ်စပ်မြို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု သတင်းများတွင်ဖေါ်ပြကြသည်။
ယခုကဲ့သို့သိမ်းပိုက်ခံလိုက်ရသော နယ်စပ်မြို့များ လက်ဝယ်ပြန်လည် ထိန်းသိမ်းနိုင်ရေးအတွက် စစ်အစိုးရတပ်မှ မဖြစ်မနေကြိုးပမ်းသွားရမည်ဟု မြန်မာစစ်သတင်းစောင့်ကြည့်လေ့လာသူများ အကဲခတ်ပြောဆိုကြသည်။
၂၀၁၀ နိုဝင်ဘာလ(၇) ရက်ရွေးကောက်ပွဲအပြီး နောက်တစ်နေ့တွင် နယ်စပ်မြို့များ၌ အဆိုပါမြို့များတွင် တိုက်ခိုက်သိမ်းပိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။
THIS POST WAS COPYING FROM KAOWAO NEWSGROUP,,,

Rehmonya FM- May-October2010 ေရဒ႘ယုႝ ရာမည ၂၀၁၀

Rehmonya FM- May-October2010 ေရဒ႘ယုႝ ရာမည ၂၀၁၀

မဲရုံဧရိယာအတွင်း မွန်တိုင်းရင်းသားဝတ်စုံဝတ်ခွင့်မရှိ

မဲရုံဧရိယာအတွင်း မွန်တိုင်းရင်းသားဝတ်စုံဝတ်ခွင့်မရှိ
မင်းချမ်း(နိုဝင်ဘာ-၅)။ ။ မဲရုံဧရိယာကိုက်ငါးရာအတွင်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအဖွဲ့ဝင်များ မွန်တိုင်းရင်းသားဝတ်စုံဝတ်ဆင်ပြီးသွားရောက်ခွင့်မပြုတော့ဟု မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က တားမြစ်ပိတ်ပင်လိုက်ကြောင်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဥက္ကဌနိုင်ငွေသိန်းက ပြောသည်။
“ပြည်နယ်ရွေးကောက်ပွဲကော်မရှင်တွေ မနေ့ကကျနော်နဲ့တွေ့တော့ မွန်ပါတီကလူတွေ မဲရုံဧရိယာမှာ သွားလာလှုပ်ရှားတဲ့အခါမွန်တိုင်းရင်းသားဝတ်စုံဝတ်ဆင်ခွင့်မရှိတော့ဘူးလို့ သူတို့ပြောတယ်၊ မွန်တိုင်းရင်းသားဝတ်စုံတင်ဘယ်ကမလဲ ကရင်ဝတ်စုံလည်းမဝတ်ရဘူးလို့ပြောတယ်” ဟု နိုင်ငွေသိန်းက ဆက်ပြောသည်။
ထို့အပြင် သက်ဆိုင်ရာဒေသခံ မွန်ကိုယ်စားလောင်းများ မိမိမဲရုံသို့လာရောက်လျှင်လည်း မွန်တိုင်းရင်းသားဝတ်စုံဝတ်ဆင်ခွင့်မပြုတော့ဟု ဆိုပါသည်။
မွန်ပြည်လူ့အခွင့်အရေးဖေါင်ဒေးရှင်းမှ ဒါရိုက်တာနိုင်ကစော့မွန်က “ကိုယ်မြတ်နိုးတဲ့ကိုယ့်တိုင်းရင်းသားဝတ်စုံကို မဝတ်ဖို့တားမြစ်တာဟာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးတခုကိုဗြောင်ဗြောင်တင်းတင်း ပိတ်ပင်လိုက်တာပဲ၊ နောက်ပြီး အများတကာဝေဖန်ပြောဆိုနေကြတဲ့အတိုင်း ရွေးကောက်ပွဲတောင် မစရသေးဘူး မမျှတမှုတွေအများကြီးတွေ့နေကြရပြီ” ဟု မှတ်ချက်ချပြောသည်။
အဆိုပါတိုင်းရင်းသားဝတ်စုံများမဝတ်ဆင်ရသည့်ကိစ္စမှာ မဲလာရောက်ထည့်ဝင်သည့်ပြည်သူများနှင့် အကျုံးမဝင်ကြောင်း၊ ပြည်သူများအနေဖြင့် လွတ်လပ်စွာဝတ်ဆင်ခွင့်ရှိကြောင်း နိုင်ငွေသိန်းက ဆက်ပြောသည်။
သို့ရာတွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ၄င်းတို့၏ဝတ်စုံဝတ်ဆင်ခွင့်ရှိသည်ဟု မော်လမြိုင်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး ပြောသည်။
ဆက်လက်ပြီး နိုင်ငွေသိန်းက “ကျနော်တို့ပါတီရင်ထိုးတံဆိပ်တွေပဲတပ်ဆင်ခွင့်ရှိတော့တယ်” ဟု ပြောသည်။
“ကျနော်တို့ကတော့ ကိုယ့်အမျိုးသားဝတ်စုံကိုဝတ်မှာပဲ၊ ဝတ်လို့ဖြစ်ပေါ်လာတဲ့အခြေအနေအပေါ်မှာ တနည်းနည်းနဲ့ရှင်းကြမယ်” ဟု ရေးမြို့နယ်မှ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအဖွဲ့ဝင်လူငယ်တစ်ဦးက ပြောသည်။
အမည်မဖေါ်လိုသော မွန်ပြည်သစ်ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက “ ဒါကအစပိုင်းပဲရှိသေးတယ်၊ ဆက်ပေါင်းကြည့်ဆက်လုပ်ကြည့်ရင် နအဖအကြောင်းပိုသိလာမယ်” ဟု ပြောသည်။
မွန်တိုင်းရင်းသားကိုယ်စားပြုပါတီများဖြစ်သည့် မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့တို့မှာ ၂၀၁၀ ရွေးကောက်ပွဲကိုလက်မခံသဖြင့် မျိုးချစ်ပညာတတ်မွန်တိုင်းရင်းသားများက ပြီးခဲ့သည့် ဧပြီလတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီစတင်ဖွဲ့စည်းပြီး ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
THIS POST WAS COPYING FROM KAOWAO NEWSGROUP,,

Friday, November 5, 2010

Myanmar Music » - Han Htun

Myanmar Music » - Han Htun

Myanmar Music » - Wine Su Khine Thein

Myanmar Music » - Wine Su Khine Thein

မွန်လူမျိုးရေးရာအဖွဲ့ချုပ်မှ ဦးစီးသောမွန်အမျိုးသားညီလာခံ

မွန်လူမျိုးရေးရာအဖွဲ့ချုပ်မှ ဦးစီးသောမွန်အမျိုးသားညီလာခံ

မွန်လူမျိုးရေးရာအဖွဲ့ချုပ်မှ ဦးစီးကျင်းပသော မွန်အမျိုးသားညီလာခံကို ၁၉၄၇ ခုနှစ်ကုန်ကာနီးတွင် မုဒုံမြို့ နယ်ဖါးအောက်ကျေးရွာတွင် ၃ ရက်တိုင်တိုင်စီကားသိုက်မြိုက်စွာကျင်းပသည်၊ ၄င်းညီလာခံကို မွန်ဒေသရှိ မွန်အမျိုးသားပေါင်း ထောင်ပေါင်းများစွာတက်ရောက်ခဲ့သည်။
ပထမနေ့တွင် ယာယီအလုပ် အမှုဆောင်အဖွဲ့၏ နိုင်ငံရေးအစီရင်ခံစာတင်သွင်းပြီး ဒုတိယနေ့တွင် ကိုယ်စားလှယ်များ၏ ဝေဖန်ချက်များသုံးသပ်ချက် ပြင်ဆင်ချက်များပြုလုပ်သည်၊ ရှေ့လုပ်ငန်းစဉ်ကို ဆွေးနွေးသည်၊ တတိယနေ့တွင် အလုပ်အမှုဆောင်အသစ် ရွေးကောက်တင်မြောက်သည်၊ အမှုဆောင်သစ်မှာ- ဥက္ကဌ -နိုင်လှမောင် ဒု-ဥက္ကဌ -မွန်သခင်ကြီး၊ နိုင်မြအောင် အထွေထွေအတွင်းရေးမှုး -နိုင်ငွေသိမ်း တွဲဘက် ၊ -နိုင်သိန်းမောင် ပြန်ကြားရေး -နိုင်ဘလွင် ဘဏ္ဍာရေးမှုး -နိုင်သာနှင်း စာရင်းစစ် -နိုင်သာဟန် စည်းရုံးရေး -နိုင်စိန်ထွန်း(ဖဲကဒါ) အမျိုးသမီးဌာနမှုး -မိဟံသာ အလုပ်သမားဌာနမှုး -နိုင်စိန်ထွန်း လယ်သမားဌာနမှုး -မွန်စံသူ လူငယ်ဌာနမှုး -နိုင်ဘညွန့်နှင့် နိုင်ထွန်းဝင်း၊ နိုင်ဘိုးကောင်း၊ နိုင်ကြောင်၊ မွန်ဆရာတင် စသော အလုပ်အမှုဆောင်များကို ရွေးကောက်တင်မြောက်ကြသည်၊
ထိုညီလာခံတွင် တခုတည်းသော အဆိုကိုတင်သွင်းဆုံးဖြတ်သည်၊ ၄င်းအဆိုမှာ- (မွန်အမျိုးသားများသည် မိမိတို့လူမျိုးတမျိုးအဖြစ် တည်ရှိနေသည့်အလျောက် မိမိတို့အမျိုးသားယဉ်ကျေးမှု ကို ထိန်းသိမ်းရန်အချက် (၇) ချက်ပါသော တောင်းဆိုချက်ကို ဖဆပလအစိုးရထံ တင်ပြတောင်းဆိုသည်၊ ထိုတောင်းဆို ချက်ကိုဖဆပလအစိုးရက ပယ်ချခဲ့သဖြင့် ဤညီလာခံကြီးက ဝမ်းနည်းကြောင်း မှတ်တမ်း တင်ကြောင်း ထိုသို့ပယ် ချခြင်းခံရသည့်အတွက်မွန်အမျိုးသားတို့၏ ရှေ့ဆက်လုပ်ရန်မှာ မွန်အမျိုးသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ်သော မွန်ပြည်ကို တည်ဆောက်ရန် ဒီမိုကရေစီနည်းအရ တောင်းဆိုတိုက်ပွဲဝင်သွားရန် ဆုံးဖြတ်ကြောင်း အကယ်၍ ဒီမိုကရေစီနည်း အရတောင်းဆိုခွင့်ကို အာဏာရအဖွဲ့အစည်းမှ ပိတ်ပင်လျှင် ရသည့်နည်းဖြင့် နည်းလမ်းရှာကြံလုပ်သွားရန်၊
PAGE - 3/4

မွန်လူမျိုးရေးရာအဖွဲ့ချုပ်

မွန်လူမျိုးရေးရာအဖွဲ့ချုပ်
မွန်အမျိုးသားများသည် မိမိတို့တောင်းဆိုချက်များကို ဖဆပလအားတင်ပြ တောင်းဆိုသော်လည်း မအောင်မြင် သောအခါ မွန်အမျိုးသားတို့သည် မိမိတို့၏ အနိမ့်ဆုံးအမျိုးသားရပိုင်ခွင့်ဖြစ်သော ယဉ်ကျေးမှုလုပ်ဆောင်ခွင့် မရသဖြင့် ရရှိအောင်ဒီမိုကရေစီနည်းအရ ဆောင်ရွက်နိုင်ရန် ကျစ်လစ်ခိုင်မာသော အမျိုးသားအဖွဲ့အစည်း တရပ် ဖေါ်ထုတ်ရန်ကြိုးစားကြသည်၊ ၁၉၄၇ ခုနှစ်တွင် ဖွဲ့စည်းထားသော နိုင်ဘလွင်ဦးစီးသည့် မွန်လွတ် လပ်ရေးကို မဏ္ဍိုင်ကိုပြု၍ မှန်ကန်သောလူမျိုးရေးရာပေါ်တည်ဆောက်ရန်ဆုံးဖြတ်ကြသည်၊ ၄င်းဖွဲ့စည်းသည့် မွန်အဖွဲ့သည် လူတန်းစားမရွေး မွန်အမျိုးသားရပိုင်ခွင့် ရယူလိုသူတိုင်းစုစည်းသည်၊ ၄င်းအဖွဲ့မှာ မွန်လူမျိုးရေး ရာ အဖွဲ့ချုပ် (မ-လ-ရ) ဖြစ်သည်၊
မွန်လူမျိုးရေးရာအဖွဲ့ချုပ်၏ ရယ်ရွယ်ချက်မှာ- မွန်လူမျိုးသည် (၁) သမိုင်းစဉ်အရ တည်တံ့ခိုင် မြဲသောလူမျိုး (၂) သီးခြားဘာသာစာပေ စကားယဉ်ကျေးမှုရှိခြင်း (၃) စုစည်းနေထိုင်ရာဒေသရှိခြင်း (၄) စီးပွားရေးအရ လည်း မြန်မာပြည်. အဓိကသွေးကြောဖြစ်သော လယ်ယာစီးပွားရေးကို ရှေးကယခင်ကာလမှစ၍ ယခုထက် တိုင် လုပ်ကိုင်လျက်ရှိခြင်းကြောင့် စီးပွားရေးအရ ခိုင်မာသောလူမျိုးဖြစ် ခြင်းကြောင့် လူမျိုးတမျိုးဖြစ်သည်၊ ထို့ကြောင့် လူမျိုးတမျိုးဖြစ်သည့် မွန်အမျိုးသားတို့သည် အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကို ရထိုက်သည်၊ ၄င်းရထိုက်သော ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဒီမိုကရေစီနည်းအရ အဖြစ်နိုင်ဆုံး တောင်းဆိုတိုက်ပွဲဝင်သွားရန် ဖြစ်သည်၊
မ-လ-ရ အဖွဲ့ချုပ်၏ လုပ်ငန်းစဉ်ကို အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်အတွက် မော်လမြိုင်မြို့တွင် ဌာနချုပ် ဖွင့်လှစ်ပြီး ဥက္ကဌ နိုင်လှမောင်၊ ဒု-ဥက္ကဌ မွန်သခင်ကြီး၊ မွန်မြအောင် အထွေထွေအတွင်းရေးမှုး နိုင်ဘလွင်၊ တွဲဘက်နိုင်စံသူ၊ ငွေသိမ်း၊ နိုင်သာနှင်း၊ပြန်ကြားရေး နိုင်စိန်ထွန်း (ဖဲကဒါ) စာရင်းစစ် နိုင်သာဟန် အမှု ဆောင် များအဖြစ် နိုင်ဘိုးကောင်း၊ နိုင်သာအောင်၊ နိုင်ထွန်းဝင်း (ဖဲကဒါ) မိဟံသာ နိုင်ထွန်းတင်စသော ယာယီ အလုပ်အမှုဆောင်များကို ရွေးကောက်တင် မြောက်တင်ကြသည် မွန်လွတ်လပ်ရေးအဖွဲ့မှ နိုင်ဘလွင် အယ်ဒီတာအဖြစ် ထုတ် ဝေလျက်ရှိသော အပတ် ၃ ကြိမ်ကျ ထုတ်ဝေလျက်ရှိသော တနင်္သာရီသတင်းစာကို နိုင်ဘလွင်ပင်အယ်ဒီတာ၊ တာဝန်ယူပြီး မ-လ-ရ ၏ ကြွေး ကြော်သံအဖြစ် ဆက်လက်ထုတ်ဝေသည်။
PAGE - 3/3

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စစ်ရေး မဟာမိတ်ဖွဲ.

ရွေးကောက်ပွဲ အလွန်တွင် စစ်အစိုးရက တိုက်ခိုက်လာ နိုင်သည်ဟု ယူဆပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပူးပေါင်း ၍ စစ်ရေး၊ နိုင်ငံရေး မဟာမိတ် ကော်မတီတရပ်ကို ယမန်နေ့က ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။
ယင်းကော်မတီကို ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကော်မတီ ဟု အမည်ပေးထားပြီး ကော်မတီ ဥက္ကဋ္ဌအဖြစ် ကရင် အမျိုးသား အစည်းအရုံး(KNU) မှ ဗိုလ်ချုပ် မူတူးစေးဖိုး၊ ဒု- ဥက္ကဋ္ဌအဖြစ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ လည်းကောင်း၊ မွန်ပြည်သစ် ပါတီ(NMSP) မှ နိုင်ဟံသာက အတွင်းရေးမှူး - ၁ အဖြစ်လည်းကောင်း အစည်းအဝေး ကျင်းပပြီး တာဝန်ခန့်အပ်ခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူ တဦးထံမှ သိရှိရသည်။
ယင်း မဟာမိတ်အဖွဲ့တွင် အပစ်ရပ် တိုင်းရင်းသားအဖွဲ့များဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) (SSA- N) ၊ မွန်ပြည်သစ်ပါတီ (NMSP) တို့အပြင် အပစ် မရပ်သေးသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ကရင်နီတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပါဝင်ကြောင်း သိရှိရသည်။
အစည်းအဝေးကို ပြီးခဲ့သည့် အင်္ဂါနေ့တွင် ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင်၌ စတင်ကျင်းပခဲ့ပြီး NMSP မှ နိုင်ဟံသာ ကို ယင်းကော်မတီ ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ရွေးကောက်ပွဲအပြီးတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအပေါ် စစ်အစိုးရ တိုက်ခိုက်လာပါက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ကြား စစ်ရေးအရကူညီရန် မျှော်မှန်းထားသည်ဟု ပြောဆိုသည်။
ရွေးကောက်ပွဲအပြီးတွင် စစ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ကိစ္စကို ဆွေးနွေးလိမ့်မည်ဟု အစည်းအဝေး တက်ရောက်သူ တိုင်းရင်းသားအဖွဲ့များက ပြောဆိုကြောင်း၊ သို့သော် ၎င်းတို့အနေဖြင့် ညီညွတ်သော မဟာမိတ်တပ်ပေါင်း စု တစု ဖွဲ့စည်းပြီးမှတွေ့ဆုံလျှင် ပိုမိုသင့်လျှော်မည်ဖြစ်သည်ဟု ပြောဆိုကြကြောင်း၊ အမည်မဖော်လိုသူ အစည်းအဝေး တက်ရောက်ခဲ့သူက ဧရာဝတီသို့ပြောသည်။
NMSP နှင့် နီးစပ်သူတဦးက ပြီးခဲ့သည့် သြဂုတ်လ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့၌ အမေရိကန် ကွန်ဂရက် အမတ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ တွေ့ဆုံခဲ့သည်ဟု ပြောသည်။
အစည်းအဝေးတက်ရောက်ခဲ့သူက“မိမိတို့သည် အကြမ်းဖက် အဖွဲ့အစည်းများမဟုတ်၊ မိမိတို့၏ လက်နက်ကိုင် တော်လှန် ရေး သည် မိမိတို့ လူမျိုးကို စစ်အစိုးရလက်အောက် ရောက်မသွားစေရန် ကာကွယ်ခြင်းသာဖြစ်သည်”ဟု ပြောဆိုကြောင်း သိရှိရသည်။
ဧရာဝတီမှ ရရှိခဲ့သော NMSP ၏ မှတ်တမ်းများအရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ရွေးကောက်ပွဲအပြီးတွင် စစ်အစိုးရက ၎င်းတို့ကို တိုက်ခိုက်လာနိုင်သည်၊ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် စစ်လက်နက် အထောက်အပံ့ များနှင့် စစ်ဘက်ဆိုင်ရာ သင်တန်းများလိုအပ်သည် ဟု ပါရှိသည်။
စစ်အစိုးရသည် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင်ဖိအားပေးခဲ့ပြီး ဖွဲ့စည်းရန် ငြင်းဆန်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ SSA- N နှင့် UWSA တို့ကို ရွေးကောက်ပွဲအပြီးတွင် တိုက်ခိုက် ချေမှုန်းဖွယ်ရှိသည်ဟု စစ်ရေးလေ့လာသူများက ပြောဆိုသည်။
UWSA မှ အမည်မဖော်လိုသူ အရာရှိတဦးက ၎င်းတို့က စစ်ကို မလိုလားကြောင်း၊ သို့သော်လည်း စစ်အစိုးရက ၎င်းတို့ကို တိုက်ခိုက်မှုများပြုလုပ်လာပါက တုံ့ပြန်သွားမည်ဖြစ်ကြောင်း ယမန်နေ့က ဧရာဝတီသို့ပြောသည်။
နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် ငြင်းဆန်နေဆဲဖြစ်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA) မှ တပ်မဟာ (၅) ဗျူဟာမှူး ဗိုလ်မှူးကြီး စောလားပွယ်(ခေါ်) နှုတ်ခမ်းမွေးလည်း စစ်ရေး မဟာမိတ် ဖွဲ့စည်းသည့် အစည်း အဝေး သို့ တက်ရောက်ခဲ့သည်ဟု
နီးစပ်သူတဦးက ပြောဆိုသည်။
THIS POST WAS COPYING FROM IRRAWADDY BURMESE NEWS,,

မီးရထားဒုဝန်ကြီးဦးဖေသန်း ကြံ့ဖွံ့ကိုယ်စားလှယ်အဖြစ်မှအပယ်ခံရ

ဆူးပန်း(နိုဝင်ဘာ-၃)။ ။မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်အရွေးခံမည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မီးရထားဒုတိယ၀န်ကြီးဦးဖေသန်းသည် ဧည့်နိုင်ငံသားဥပဒေနှင့်ညိစွန်းခဲ့၍ ရွေးကောက်ပွဲကော်မရှင်မှ ပယ်ဖျက်ခဲ့သည်ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးမှ ပြောပါသည်။

"ကျွန်တော်သိသလောက်တော့ သူ့အဖေက ကုလား သူအမေကမွန်ပြည်နယ်ဇင်းကျိုက်ကဘဲ။ ဒါပေမဲ့ သူဟာဧည့်နိုင်ငံသားစာရင်းဝင်နေတယ်။ ဒါကြောင့်မို့ ရွေးကောက်ပွဲဥပဒေနဲ့ညိစွန်းလို့ပယ်လိုက်တာဘဲထင်တယ်။ သူကနေအယူခံမ၀င်တော့ဘဲနဲ့ နေပြည်တော်ကိုတန်းပြန်သွားတယ်။"

ယခုအခါ ဦးဖေသန်းသည် နေပြည်တော်၌ ရုံးထိုင်နေပြီး ကိုယ်စားလှယ်လောင်းအဖြစ်အပါယ်ခံရသည့် အပေါ် စိတ်ပျက်မှုရှိနေသည်ဟု ရန်ကုန်မြို့ရှိမီးရထားအရာရှိတစ်ဦးမှ ယခုလိုပြောပါသည်။

"အခုကျွန်တော်တို့ဆရာ တကယ့်ကိုစိတ်ဓါတ်ကျနေတယ်။ သူ့ဟာဧည့်နိုင်ငံသားစာရင်းရှိပေမဲ့ နိုင်ငံတော် အတွက်သူပေးဆပ်ခဲ့တာအများကြီး။ အခုခေတ်မှာအခုရောက်လာတဲ့ကုလားတွေ တရုတ်တွေတောင် ပိုက်ဆံ များများပေးရင် နိုင်ငံသားစီစစ်ရေးကာဒ်ရ နိုင်ငံသားဖြစ်နေတာဘဲ၊ သူ့အနေနဲ့ ဧည့်နိုင်ငံသားတစ်ဦးဘဲ ဖြစ်နေလို့အပယ်ခံရတယ်။ ဒီသတင်းကြားတော့ အံ့သြတယ်ဗျာ။ ယုံကိုမယုံနိုင်ဘူး။ နောက်ဆုံးကြားရတဲ့ သတင်းတခုက သူ့ကိုတနင်္သာရီတိုင်းဘက်မှာ ကိုယ်စားလှယ်တစ်ဦးအနေနဲ့ အရွေးခံခိုင်းမယ်လို့ ပြောသံကြား တယ်။ ဒါပေမဲ့ သူပါဝင်အရွေးမခံတော့ဘူးလို့တော့ပြောတယ်။"

ဦးဖေသန်းနှင့်နီးစပ်သူ ပေါင်မြို့နယ်ဇင်းကျိုက်ကျေးရွာဇာတိ မွန်ပြည်သစ်ပါတီဝင်ဟောင်းတစ်ဦးမှ စစ်အစိုးရ လက်အောက်ဝန်ထမ်းများအနေနှင့် အာမခံချက်မရှိကြောင်းအခုလိုပြောခဲ့ပါသည်။

"ဦးဖေသန်းအနေနဲ့ ကပြားစပ်ဆိုပေမဲ့ မွန်ပြည်နယ်အပေါ်မှာ သံယောဇဉ်ရှိတယ်။ သူ့ကိုသူမွန်လူမျိုး အဖြစ်ဘဲခံယူထားတယ်။ ကျွန်တော်တို့မွန်ပြည်သစ်အပစ်ခတ်ရပ်ဆဲခဲ့တဲ့တချိန်လုံးမှာ သူတတ်နိုင်တဲ့ဘက်က အကူအညီအများကြီးပေးခဲ့တယ်။ အခုဒီသတင်းကြားရတော့ အများကြီးစိတ်မကောင်းဖြစ်ရပါတယ်။ စစ်အစိုးရ အနေနဲ့က လိုရင်တစ်မျိုး မလိုရင်တစ်မျိုးလုပ်တတ်တယ်လေ။ ဘာမှအာမခံချက်မရှိနိုင်ဘူးလို့ဘဲပြောချင်ပါတယ်။"

လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖျက်ခံရသော်လည်း ရွေးကောက်ပွဲကော်မရှင်ထံအယူခံ ၀င်ခြင်းမပြုတော့ဘဲ နေပြည်တော်ရုံး၌သာ ရှိနေသည်ဟု ၄င်းနှင့်နီးစပ်သူ မီးရထားရုံးအရာရှိတစ်ဦးမှပြောပါသည်။

ပြီးခဲ့သည့်စက်တင်ဘာလဒုတိယအပါတ်လောက်တွင် ချင်းပြည်နယ် ကြံ့ဖွံ့လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ဖြစ်သူ ဟားခါးမြို့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ပူးဟရမ်ကျဲအိုနှင့် ထန်တလန်မြို့နယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ပူးငွန်ဟရမ်းတို့ကိုလည်း ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံခြားတွင်အလုပ်လုပ် ကိုင်မှုနှင့် ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖျက်ခဲ့ဘူးသည်။ သို့ရာတွင် အဆိုပါလွှတ်တော်ကိုယ်စားလှယ်နှစ်ဦး အယူခံဝင်ခဲ့ရာ ရွေးကောက်ပွဲကော်မရှင်မှပြန်လည်စီစစ်ပြီး ပြန်လည်အရွေးခံခွင့်ပြုခဲ့သည်
THIS POST WAS COPYING FROM KAOWAO NEWS GROUP,,,

မော်လမြိုင်မိုင်ဒါကွင်းအား ဆောက်သမ်းမြန်မာအက်ဖ်စီဘောလုံးအသင်းအိမ်ကွင်းသတ်မှတ်



(မော်လမြိုင်မိုင်ဒါကျောင်းသားအားကစားကွင်းကို google earth မှမြင်တွေ့ရပုံ)
မော်လမြိုင်မြို့မိုင်ဒါကွင်းရှိ မွန်ပြည်နယ်ကျောင်းသားအားကစားကွင်းအား ယုဇနဦးဌေးမြင့်၏ ဆောက်သမ်းမြန်မာအက်ဖ်စီ Southern Myanmar FC ဘောလုံးအသင်းအိမ်ကွင်းအဖြစ် သက်ဆိုင်ရာမှသတ်မှတ်ပေးလိုက်သည်ဟု မြို့ခံများပြောကြားပါသည်။
အဆိုပါသတင်းကို ပြည်တွင်းပေါ်ပြူလာသတင်းဝဘ်ဆိုက်တွင်လည်း သတင်းထောက်ထူးထူး(မော်လမြိုင်) ပေးပို့သောသတင်းကို အကျဉ်းချူံဖေါ်ပြထားသည်။
“မွန်ပြည်နယ်ကျောင်းသားပွဲတော်အားကစားကွင်းဆောက်မယ်ဆိုပြီး ရံပုံငွေအမျိုးမျိုးကောက်ခံခဲ့တာ မှတ်မိသေးတယ်၊ ဆယ်စုနှစ်တစ်ခုတောင်ကျော်သွားပါပြီး၊ လွယ်လွယ်နဲ့မပြီးနိုင်တော့ဘူး၊ ဆောက်လက်စသစ်တွေကိုအမိုးအကာမရှိပစ်ထားတာ သစ်တွေတောင်ဆွေးကုန်ပါပြီ”ဟု မိုင်ဒါကွင်းအနီးနေထိုင်သော မွန်ကုန်သည်တစ်ဦးက ပြောသည်။
အဆိုပါမိုင်ဒါကွင်းအား ၁၉၉၇ ခုနှစ်တွင် ကျောင်းသားအားကစားကွင်းအဖြစ်တည်ဆောက်ခဲ့သော်လည်း မွန်ပြည်နယ်တွင် ကျောင်းသားအားကစားပွဲကျင်းပခဲ့ခြင်းမရှိခဲ့ပေ။
အားကစားကွင်းပြုပြင်တည်ဆောက်မှုများကို ယခုလတွင်စတင်ပြုလုပ်တော့မည်ဟု သိရသည်။
ဘောလုံးကွင်းပရဝုဏ်အတွင်း၌ ဘောလုံးအသင်း ၆ သင်းခန့် တည်းခိုနိုင်သည့် အဆင့်မြင့်ဟိုတယ်နှင့် ဆိုင်ခန်းများ တည်ဆောက်သွားမည်ဖြစ်ကြောင်း ပေါ်ပြူလာသတင်း၌ ဖေါ်ပြပါရှိသည်။
“ပရိသတ်တစ်သောင်းခွဲလောက်ဝင်ဆန့်နိုင်မယ့် ခေတ်မီဘောလုံးကွင်းကြီးပေါ့၊ သုံးနှစ်အတွင်းအပြီး ဆောက်နိုင်မယ်လို့ တွက်ဆထားပါတယ်” ဟု မွန်ပြည်နယ်အားကစားဝန်ကြီးဌာနဝန်ထမ်းတစ်ဦးက ပြောသည်။
ယင်းကဲ့သို့အားကစားကွင်းတည်ဆောက်မှုအတွက် ငွေကြေးမည်မျှဖြင့် နိုင်ငံတော်ထံမှငှားရမ်းဝယ်ယူရသည်ကို အာဏာပိုင်များနှင့် ယုဇနဦးဌေးမြင့်တို့အကြား လှို့ဝှက်သဘောတူညီမှုပြုလုပ်ခဲ့သည်ဟုယူဆနိုင်ဖွယ်ပြီး ပြည်သူအများသိရှိစေရန် တရားဝင်သတင်းထုတ်ပြန်ခဲ့ခြင်းမရှိဟု မော်လမြိုင်မြို့ခံကုန်သည်အသိုင်းအဝိုင်း၌ သတင်းပြန့်လွင့်နေသည်။
“ရွေးကောက်ပွဲမတိုင်ခင်မှာ အရေးကြီးတဲ့နိုင်ငံပိုင်ပစ္စည်းတွေကို သူတို့လူလက်ထဲတနည်းတဖုံနဲ့ အမွေပေးလိုက်တာပဲ” ဟု ရွေးကောက်ပွဲဝင်မွန်ပါတီသစ်ကိုယ်စားလှယ်လောင်းတစ်ဦးက မှတ်ချက်ချပြောသည်။
မိုင်ဒါအားကစားကွင်းသည် တစ်ဆယ်ဧကနီးပါကျယ်ပြန့်ပြီး မော်လမြိုင်မြို့၏အချက်အချာကျသည့် နေရာတစ်ခုဖြစ်သည်
THIS POST WAS COPYING FROM KAOWAO NEWS GROUP,,,

Wednesday, November 3, 2010

မွန်နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ(မွန်အမျိုးသားတို့၏ တင်ပြတောင်းဆိုချက်အပေါ် ဖဆပလအဖွဲ့ချုပ်၏ သဘောထားနှင့်ပြန်ကြားချက်)


ဖဆပလအဖွဲ့ချုပ်သည် မွန်အမျိုးသားများ၏ တင်ပြတောင်းဆိုချက် (၇) ချက်နှင့်ပတ်သက်၍ မွန်အမျိုးသား ကိုယ်စားလှယ်များကို တွေ့ဆုံဆွေးနွေးရန် ဖဆပလဌာနချုပ်သို့ ဖိတ်ခေါ်ခဲ့သည်၊ မွန်အမျိုးသားတောင်းဆို ချက်အ (၇) ချက်တောင်းဆိုစဉ်က ပါဝင်ခဲ့သော မွန်တိုင်းရင်းသားအစည်းအရုံးမှ ဒု-ဥက္ကဌ နိုင်အောင်ထွန်း တို့အစုသည် ဥက္ကဌ မွန်ဦးဘိုးချို၏ အမိန့်အရ နှုတ်ထွက်သွားသဖြင့် ဖဆပလအဖွဲ့ချုပ်နှင့် ဆွေးနွေးရာတွင် မပါဝင်တော့ဘဲ နိုင်လှမောင်၊ နိုင်ဘလွင်၊ မွန်စံသူတို့သာ တက်ရောက်ခဲ့သည်။
ဖဆပလအဖွဲ့ချုပ်မှ ဦးဗဆွေတက်ရောက်ပြီး မွန်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးကြသည်၊ ဦးဗဆွေ ကမွန်တို့သည် မွန်တိုင်းရင်းသားများ ဖြစ်သည်မှန်သော်လည်း မွန်နှင့်မြန်မာမှာ ကိုးကွယ်သောဘာသာ၊ ယဉ်ကျေးမှု များမှာ အတူတူပင်ဖြစ်၍မွန်နှင့်မြန်မာခွဲခြားစရာမလိုဟု မိမိတို့ ဖဆပလကလက်ခံယုံကြည်သည်၊ မြန်မာပြည် လွတ်လပ်ရေရရှိပြီးနောက် ဆိုရှယ်လစ်စနစ်အရ ဆိုရှယ်လစ်စီးပွားရေးကို ဆောင်ရွက်သွားလျှင် မြန်မာပြည်ရှိလူတိုင်း၊ လူမျိုးတိုင်းတွင် စီးပွားဖွံ့ဖြိုးလာပြီး လူတန်းစားအရ သွေးစုပ်ချယ်လှယ်မှုပျောက် သွားမည်ဖြစ်သည်၊ ဤသို့ စီးပွားရေး အရလူတန်းစားအရ ဖြေရှင်းသွားလျင် လူမျိုးရေးလည်းပြေလည်သွား မည်ဖြစ်၍ မွန်တို့တောင်းဆိုချက်နှင့် ပတ်သက်၍ စဉ်းစားစရာမလိုဘဲ ဆိုရှယ်လစ်စီးပွားရေးတည်ဆောက် သွားရင်း မွန်အမျိုးသားကိစ္စမှာ ရှင်းလင်းသွား မည်ဖြစ် ကြောင်းတင်ပြသည်၊ ဖဆပလအဖွဲ့ချုပ်၏ သဘော ထားမှာ မွန်များသည် အလောင်းဘုရားဦးအောင်ဇေယျ လက်ထက်ကမွန်နေပြည်တော်ဟံသာဝတီ (ပဲခူး)ကို ၁၇၅၇ ခုနှစ်တွင် သိမ်းပိုက်ပြီး ပြင်းထန်သောလူမျိုးရေးဖိနှိပ်မှုအရ တချို့မှာ (ယိုးဒယား) ထိုင်းသို့ လည်း ကောင်း၊ တချို့မှာမိမိကိုယ်ကို မွန်ဟုမပြောရဲဘဲ မြန်မာပဒေသရာဇ်အုပ်ချုပ်မှုအောက်မှာ နေထိုင်ခဲ့သဖြင့် မွန်အမျိုးသားလူဦးရေမှာ နည်းပါးသွားသည်။ တချို့မှာဗြိတိသျှသိမ်းပိုက်ပြီးနောက် မွန်တို့စွန့်ခွာသွားသော လယ်ယာမြေများကိုလုပ်ကိုင်ရန် မြန်မာပြည်အလယ်ပိုင်း (ယခုအခေါ် မြေလတ်) မှ လူများအောက်မြန်မာပြည် သို့ပြောင်းရွှေ့ လယ်ယာလုပ်ကိုင်ရင်း မွန်အမျိုးသားတို့နှင့် သွေးနှောမှုများရှိသည်။ ထို့ကြောင့် ဖဆပလက မွန်သည်လူဦးရေအနည်းဆုံးနှင့် ချေမှုန်းရန်လွယ်ကူသော လူမျိုးဖြစ်၍ မွန်တို့တောင်းဆိုချက်ကို အနည်းငယ် လိုက်လျောစရာမလိုဟု လက်ခံယုံကြည်သည်။
THIS POST WAS COPYING FROM THE BOOK OF MON BACKGROUND HISTORIES IN BURMA,,PAGE - 3/2

မွန်နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ(မွန်အမျိုးသားတို့၏ယဉ်ကျေးမှုဆိုင်ရာတောင်းဆိုချက်(၇)ချက်)


မွန်အမျိုးသားတို့၏ယဉ်ကျေးမှုဆိုင်ရာတောင်းဆိုချက်(၇)ချက်

မွန်အမျိုးသားတို့သည် တက်ကြွနိုးကြားလာသည်၊ ရွေးကောက်ပွဲကို သပိတ်မှောက်သော မွန်တိုင်းရင်းသား အစည်းအရုံးမှ ပုဂ္ဂိုလ်များနှင့် ရွေးကောက်ပွဲရှံးသော ပုဂ္ဂိုလ်များစုစည်းပြီး နောက်ထပ် ခြေလှမ်းတလှမ်း၊ လှမ်းရန် စုစည်းညှိနှိုင်းကြသည်၊ မွန်တိုင်းရင်းသားအစည်းအရုံးမှ နိုင်အောင်ထွန်း ဆရာမွန်ဖိုးစိန်၊ နိုင်ချမ်းမွန်၊ မွန်ဆရာဟိုစသော ပုဂ္ဂိုလ်များနှင့် နိုင်လှမောင် မွန်လွတ်လပ်ရေးအဖွဲ့တို့မှ နိုင်ဘလွင်၊ နိုင်စံသူတို့သည် အမျိုးသားယှဉ်ကျေးမှုနှင့် ပတ်သက်သောအချက် (၇) ချက်ပါသော တင်ပြတောင်းဆိုချက်ကို ရေးဆွဲပြီး ကျိုက်ခေါက်ဘုရားရင်ပြင်တွင် လူထုအစည်းအဝေးကျင်းပအတည် ပြုချက်ကိုယူသည်၊ ၄င်းအချက် (၇) ချက်ကို ဖဆပလအစိုးရနှင့် ဖဆပလအဖွဲ့ချုပ်သို့ တင်ပြ၍ အမြန်ဆုံးလိုက်လျောရန်လည်း မေတ္တာရပ်ခံ လိုက်သည်။
အချက် (၇) ချက်မှာ- (၁) အစိုးရပထမပြန်စာမေးပွဲများတွင် မွန်သံဃာတော်များအတွက် ပုစ္ဆာများကို မွန်ဘာသာဖြင့် မေးမြန်းပါရန် နှင့် မွန် ပါဠိပထမပြန်ကော်မတီတခုဖွဲ့ပေးပါရန်၊ (၂)မွန်နယ်များရှိ မူလတန်းကျောင်းများတွင် မွန်စာကိုသင်ကြားခွင့်ပေးရန်နှင့် မွန်ပညာရေးအတွက် ရံပုံငွေ သီးသန့်ကို အုပ်ချုပ်စီမံနိုင်သည့် မွန်ပညာရေး ဘုတ်အဖွဲ့တခုဖွဲ့စည်းပေးပါရန်၊ (၃) မွန်များနေထိုင်ကြသော ခရိုင်၊ မြို့နယ်၊ ဒေသများရှိ အစိုးရဌာနအသီးသီးတို့တွင် မွန်အမျိုးသားအစိုးရ အမှုထမ်းအရာထမ်းများ ခန့်အပ်နေရာချထားပေးပါရန်၊ (၄) မွန်အမျိုးသားအတွက် သီးသန့်မဲစာရင်းပြုလုပ်၍ လွတ်တော်တွင် အချိုးကျလူဦးရေအလိုက် သီးသန့် မွန်နယ်ကိုယ်စားလှယ်အမတ်များပေးပါရန်၊ (၅) အာဏာနှင့်ပြည့်စုံသော မွန်ရေးရာကောင်စီတခု ဖွဲ့စည်းပေးပါရန်၊ (၆) အခြားတိုင်းရင်းသားနည်းတူ ဗဟိုအစိုးရလက်အောက်ခံမွန်အမျိုးသားစစ်တပ်များ ဖွဲ့စည်းပေးပါရန်၊ (၇) မိမိတို့ကံကြမ္မာကို မိမိတို့ ဖန်တီးရေးအတွက် ကြိုးပမ်းကြသော မွန်လူမျိုးစုအား အခြားလူမျိုးစုများနည်း တူ လွတ်လပ်စွာပြောဆို၊ ရေးသား။ စည်းရုံး၊ ဆန္ဒပြနိုင်ခွင့်များပေးပါရန်၊
THIS POST WAS COPYING FROM THE BOOK OF MON BACKGROUND HISTORIES IN BURMA,, PAGE-3/1

မွန်နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ(တိုင်းပြုပြည်ပြုရွေးကောက်ပွဲနှင့် မွန်အမျိုးသားများ. ဖဆပလနှင့် ယှဉ်ပြိုင်အရွေးခံခြင်း)


တိုင်းပြုပြည်ပြုရွေးကောက်ပွဲနှင့် မွန်အမျိုးသားများ. ဖဆပလနှင့် ယှဉ်ပြိုင်အရွေးခံခြင်း

မွန်တိုင်းရင်းသားအစည်းအရုံးသည် တိုင်းပြုပြည်ပြုလွတ်တော်ကို သပိတ်မှောက်သည့်ဂယက်သည် မွန်အမျိုးသားတို့ကြားတွင် ရိုက်ခတ်လာသည်၊ သပိတ်မှောက်သည့်အတွက် မွန်တို့သည်မည်သို့သော အကျိုးသက်ရောက် မှုရှိမည်ကို ဝေဖန်သုံးသပ်ကြသည်။ သပိတ်မှောက်သည်ကို ထိရောက်အောင် အကောင်အထည်ဖေါ် စဉ်းစားကြသည်။ ထိုသပိတ်သည် မွန်အမျိုးသားတို့အတွက် အကျိုးမများနိုင်ဟု ယုံကြည်ကြသူများရှိသည်။
ဤသို့သော ရွေးကောက်ပွဲနှင့် မွန်အမျိုးသားပြဿနာမှာ ရှုပ်ထွေးနေစဉ် ရာမညတိုင်းလုံးဆိုင်ရာမွန်အဖွဲ့ချုပ် ၏ တနင်္သာရီတိုင်းတာဝန်ခံ နိုင်လှမောင်နှင့် နိုင်ဘလွင်တို့သည် မွန်ဒေသရှိမွန်မျိုးချစ်သူပုဂ္ဂိုလ်များ၊ နယ်ရှိမွန် အမျိုးသားများနှင့် ရွေးကောက်ပွဲကိစ္စကို ဆွေးနွေးညှိနှိုင်းကြရာ- (တိုင်းပြုပြည်ပြုလွတ်တော်သည် မြန်မာ ပြည်၏ အနာဂါတ်ကို ဆုံးဖြတ်မည့်လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေရေးဆွဲအတည်ပြုမည့် လွတ်တော်ဖြစ်သဖြင့် မွန်အမျိုးသားများသည် ၄င်းတိုင်းပြုပြည်ပြုလွတ်တော် တွင် မွန်ကိုယ်စားလှယ် အနေဖြင့်ရှိရန်လိုအပ်သည်။
သို့သော် ဖဆပလအဖွဲ့ချုပ်က မွန်အမျိုးသားအမတ်အနေဖြင့် ဝင်ရောက်နိုင်ရန် မွန်တိုင်းရင်းသားအစည်းအရုံး က တောင်းဆိုချက်ကို ပယ်ချသဖြင့်၎င်းလွတ်တော်တွင် မွန်ကိုယ်စားလှယ်များ ပါဝင်နိုင်ရန် အကောင်းဆုံး နည်းလမ်းမှာ ရွေးကောက်ပွဲတွင် ဖဆပလနှင့် ယှဉ်ပြိုင်အရွေးခံရန်သာရှိကြောင်း သဘောပေါက်နားလည် ဆန္ဒတူညီကြသည်၊)
တိုင်းပြုပြည်ပြုလွတ်တော်တွင် ယှဉ်ပြိုင်အရွေးခံရန် မွန်အမျိုးသားတို့၏ ဆုံးဖြတ်ချက်အရ ထိုင်သပိတ်မှောက် နေသော မွန်တိုင်းရင်းသားအစည်းအရုံးနှင့် ညှိနှိုင်းကြသည်၊ မွန်တိုင်းရင်းသားအစည်းအရုံးသည် မိမိတို့၏ ပငညီလာခံဆုံးဖြတ်ချက်အရ သပိတ်မှောက်သော်လည်း ဖဆပလနှင့် ယှဉ်ပြိုင်အရွေးခံသော မွန်အမျိုးသား အမတ်လောင်းများအား မွန်အမျိုးသားများကို အနှောက်အယှက်မပြုရန်ဖြစ်သည်။
ရွေးကောက်ပွဲတွင် သထုံအရှေ့ပိုင်းမဲဆန္ဒနယ်တွင် မွန်ဦးယျ (ပေါင်)နှင့် နိုင်ဘလွန်၊ ကျိုက်ခမီခရိုင်တွင် နိုင်လှမောင်၊ နိုင်သာနှင်း၊ မွန်စိန်ထွန်း(ကညော်) နှင့် မွန်ငွေခိုင်တို့သည် မွန်အမျိုးသားအမတ် လောင်းအနေ ဖြင့် ဖဆပလ အမတ်လောင်းနှင့် ပြိုင်၍ယှဉ်ပြိုင်အရွေးခံကြသည်။ ထိုမွန်အမတ်လောင်းများကို မွန်အမျိုးသား မျာက အင်တိုက်အားတိုက်မဲဆန္ဒပေးရန် ဆန္ဒရှိကြသော်လည်း ပြည့်သူ့ရဲဘော်နှင့် ဆိုရှယ်လစ်ပါတီတို့မှ လက်နက်ဖြင့် ဖိနှိပ်ခြိမ်း ခြောက်အနိုင်ကျင့်မူများကြောင့် ရှုံးနိမ့်ခဲ့ရသည်။ လွတ်လပ်သောဒီမိုကရေစီကျသော ရွေးကောက်ပွဲ ဖြစ်ပါမူ၊ ဖဆပလအား ယှဉ်ပြိုင်သော မွန်အမတ်လောင်းသည် အောင်ပွဲကို (အမတ်များ) ရသင့်သလောက်ရနိုင်မည်မလွဲတည်း။
ရွေးကောက်ပွဲတွင် ခံစားရသော အနိုင်ကျင့်မှု လက်နိုင်ကိုင်ခြိမ်းခြောက်မှုများကြောင့် မွန်အမျိုးသားတို့သည် မိမိတို့၏အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်လုပ်ငန်းလုပ်ရာတွင် ခါးသီးသောအတွေ့အကြုံကို ပထမဆုံးအကြိမ် ခံစားရသည်။ ဖိလျှင်ကြွဆိုသည့် သဘောတရားအတိုင်း မွန်အမျိုးသားတို့၏ စိတ်ဓာတ်သည်ကြွလာသည်၊ ထိုသို့ နိုး ကြားထကြွလာသော မျိုးချစ်စိတ်ဓာတ်ကို ထိန်းသိမ်းထားရန် နိုင်ဘလွင်ဦးဆောင်သော မွန် လွတ်လပ်ရေးကို အဖွဲ့ ကိုဖွဲ့စည်းသည်၊ ၄င်းအဖွဲ့တွင် ဥက္ကဌနိုင်ဘလွင် အတွင်းရေးမှုး မွန်စံသူနှင့် နိုင်ဘကြိုင်၊ နိုင်ထွန်းရင် (ပေါင်) စသော သူများပါဝင်သည်၊ အဖွဲ့ရည်ရွယ်ချက်မှာ မွန်အမျိုးသားတို့သည် လူမျိုးတစ်မျိုးဖြစ် သဖြင့် မိမိတို့ကိုယ်ပိုင် ပြဌာန်း ရရှိရေးအတွက် ဒီမိုကရေစီနည်းအရ ဆောင်ရွက်သွားရန်ဖြစ်သည်၊
THIS POST WAS COPYING FROM THE BOOK OF MON BACKGROUND HISTORIES IN BURMA,, PAGE-2/10

မွန်နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ(တိုင်းပြုပြည်ပြုရွေးကောက်ပွဲနှင့်ရာမညအဖွဲ့ချုပ)


တိုင်းပြုပြည်ပြုရွေးကောက်ပွဲနှင့်ရာမညအဖွဲ့ချုပ

မွန်တိုင်းရင်းသားအစည်းအရုံးသည် တိုင်းပြုပြည်ပြုရွေးကောက်ပွဲကို သပိတ်မှောက်သောအခါ ဖဆပလ အဖွဲ့ချုပ်မှ မွန်များသပိတ်မှောက်သည်ကို တန်ပြန်တိုက်သည့်အနေဖြင့် ရာမညအဖွဲ့ချုပ်၏ အမူဆောင်တဦး ဖြစ်သူ မွန်ဦးငွေခိုင်မှတဆင့် ရာမညအဖွဲ့ချုပ်နှင့် ရွေးကောက်ပွဲဝင်ရန် စေ့စပ်ခဲ့သည်။
ဖဆပလက အကယ်၍ ဖဆပလအမတ် အနေနှင့် ရွေးကောက်ပွဲဝင်လျင် ရာမညအဖွဲ့ချုပ်မှပေးအပ်သောအမတ်လောင်း ၁၂ ယောက်အထိ ဖဆပလမှလက်ခံမည်ဟု ကမ်းလှမ်းခဲ့သည်၊ ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်သည် ၄င်းပြဿနာသည် နိုင်ငံရေး ပြဿနာဖြစ်၍ ဖဆပလမှ ကမ်းလှမ်း သော ဖဆပလအနေဖြင့် အထွေထွေမဲစာရင်းတွင် မွန်လူမျိုး ၁၂ ယောက်အား ဖဆပ လအမတ်ဖြင့် ပေးခြင်း ကို ဝမ်းမြောက်သော်လည်း လက်မခံနိုင်ကြောင်း ပြန်ကြားခဲ့သည်။
THIS POST WAS COPYING FROM THE BOOK OF MON BACKGROUND HISTORIES IN BURMA,, PAGE-2/9

မွန်နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ(တိုင်းပြုပြည်ပြုလွတ်တော်ရွေးကောက်ပွဲနှင့် မွန်အမျိုးသားအဖွဲ့အစည်းများ)


တိုင်းပြုပြည်ပြုလွတ်တော်ရွေးကောက်ပွဲနှင့် မွန်အမျိုးသားအဖွဲ့အစည်းများ

၁၉၄၇ ခုနှစ် ဧပြီလတွင် ကျင်းပမည့်တိုင်းပြုပြည်ပြု လွတ်တော်ရွေးကောက်ပွဲတွင် မွန်တို့အတွက်သီးသန့် မွန်အမတ်မရသဖြင့် မွန်တိုင်းရင်းသားအစည်းအရုံးသည် မိမိတို့ ပငတွင်ဆုံးဖြတ်ချက်ဖြစ်သော မွန်အတွက် သီးသန့် မွန်အမတ်မရလျှင် ရွေးကောက်ပွဲကိုသပိတ်မှောက်မည်ဟူသော ဆုံးဖြတ်ချက်ကို မည်သို့ဆက်လက် ဆောင်ရွက်ရမည်ကို စဉ်းစားရန် အလုပ်အမှုဆောင်အစည်းအဝေး ခေါ်ယူသည်၊ မွန်ထွန်းရင်ကပင် ဆုံးဖြတ် ချက်ဖြစ်သော မွန်တို့အတွက်သီးသန့်အမတ် နေရာမရလျှင် သပိတ်မှောက်မည်ဆိုသော ဆုံးဖြတ်ချက်ကိုပြင်၍ ရွေးကောက်ပွဲဝင်ရန်နှင့် ၄င်းပြင်ဆင်ချက်ကို အလှုပ်အမူဆောင်အဖွဲ့က အနီးကပ်ဆုံးသော ညီလာခံတွင် တင်သွင်းအတည်ပြုရန် တင်ပြသည့်ဥက္ကဌမွန် ဦးဘိုးချိုနှင့် အများစုက မွန်ထွန်းရင်၏အဆိုကို လက်မခံဘဲ ပငဆုံးဖြတ်ချက်အတိုင်း သပိတ်မှောက်ရန် ချမှတ်သည် မွန်သန်းက ကြားနေပါသည်၊ ရွေးကောက်ပွဲ သပိတ် မှောက်လျှင်သပိတ်မှောက်ကြောင်းပေါ်လွင်စေရန် မည်သို့ဆက်လက် ဆောင်ရွက်မည်ကို၎င်း အမှုဆောင် အစည်းအဝေးတွင် စဉ်းစားရာတွင် ဥက္ကဌ ဦးဘိုးချိုက သပိတ်မှောက်သည်မှာ သပိတ်ထားခြင်း ရွေးကောက်ပွဲ ကိုကန့်ကွက်ခြင်းမပြုလုပ်ဘဲ ထိုင်သပိတ် မကျေနပ်၍ ရွေးကောက်ပွဲမဝင်ခြင်းသည်ဖြစ်ကြောင်း ပြောကြားပါ သည်။
မွန်တိုင်းရင်းသားအစည်းအရုံးသည် တိုင်းပြုပြည်ပြုလွတ်တော်ရွေးကောက်ပွဲကို သပိတ်မှောက်သည်ဟု ထပ်မံအတည်ပြုကြေညာပြီး ဖဆပလအဖွဲ့ချုပ်မှ ၁၉၄၇ ခုနှစ်ဖေဖေါ်ဝါရီလတွင်နှုတ် ထွက်လိုက်သည်၊ ရွေးကောက်ပွဲကို သပိတ်မှောက်သော မွန်တိုင်းရင်းသားအစည်းအရုံးသည် ကွဲလေသည်၊ သပိတ်မှောက်ခြင်း ကို ပြန်ပြင်လိုသော မွန်ထွန်းရင်နှင့် အထွေထွေအတွင်းရေးမှုး မွန်သန်းတို့သည် မွန်တိုင်းရင်းသား အစည်း အရုံးမှ နှုတ်ထွက်လိုက်သည်၊ မွန်ထွန်းရင်သည် မွန်တိုင်းရင်းသားအစည်းအရုံး၏ နယ်ခေါင်းဆောင်တဦး ဖြစ်သူ မွန်ခင်မောင် နှင့်ပူးတွဲ၍ ရွေးကောက်ပွဲဝင်သည့် မွန်ထွန်းရင်သည် တိုင်းပြုပြည်ပြု လွတ်တော်တွင် ဒု-ဥက္ကဌဖြစ်လာသည်၊ မွန်ခင် မောင်သည် ရေးမြို့နယ်အမတ်ဖြစ်လာသည်၊ ရွေးကောက်ပွဲပြီးသည့်နောက် မွန်သန်း။ မွန်ထွန်းရင်တို့ ခေါင်းဆောင်ပြီး ပြည်ထောင်စုမွန်အ မျိုးသားအဖွဲ့တည်ထောင်သည်၊ ဥက္ကဌမှာ မွန်သန်းဖြစ်ပြီး အတွင်းရေးမှုးမှာ မွန်သန်းမောင်ဖြစ်သည်၊ အမှုဆောင်အဖွဲ့မှာ မွန်ထွန်းရင်၊ မွန်ဒေါ်နှင်း စသည်တို့ဖြစ်သည်၊ ဖဆပလနှင့် ပြန်လည်ဆက်သွယ်ပြီး နောက်မွန်သန်းသည် ရန်ကုန် ခရိုင်ဖဆပလဥက္ကဌ နှင့် ကျောက်ပန်းတောင်းအမတ် ဖြစ်လာသည်။
THIS POST WAS COPYING FROM THE BOOK OF MON BACKGROUND HISTORIES IN BURMA,,, PAGE- 2/8

မွန်နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ(ဖဆပလအစိုးရနှင့်မွန်အမျိုးသားများအရေးအခင်းများ)


ဖဆပလအစိုးရနှင့်မွန်အမျိုးသားများအရေးအခင်းများ

၁၉၄၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ဦးဝင်းမောင် ခေါင်းဆောင်သော ပုလိပ်သပိတ်မှ စှု မီးရထား အမှုထမ်းပေါင်းစုံ၊ ရန်ကုန်ဆိပ်ကမ်းအုပ်ချုပ်ရေးအဖွဲ့၊ စာတိုက်ကြေးနန်းဆက်သွယ်ရေးဌာန၊ အစိုးရပုံနှိပ် တိုက်၊ ရန်ကုန်စည်ပင်သာယာရေးအဖွဲ့စသော သပိတ်ကြီး ပေါ်ပေါက်လာသဖြင့် ဗြိတိသျှဗျူရိုကရေစီယန္တရား သည် ထိန်းမနိုင်သိမ်းမရဖြစ်၍ မြန်မာပြည်ဘုရင်ခံဆာဟူးဘတ်ရန့်က ဗိုလ်ချုပ်အောင်ဆန်းအား ဖိတ်ခေါ်ပြီး အစိုးရဖွဲ့ခိုင်းပါသည်၊ ၄င်းအစိုးရသည် ဘုရင်ခံအတိုင်ပင်ခံအစိုးရဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းသည် ဘုရင်ခံ အတိုင်ပင်ခံကောင်စီ ဒုသဘာပတိအဖြစ် ၄င်းနိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးအဖြစ်၎င်း ဆောင်ရွက်ပြီး ဖဆပလအဖွဲ့ဝင်များဖြစ်သောသခင်မြ၊ ပြည်ထဲရေး၊ ဦးဘဖေ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေး သခင်သိန်းဖေ၊ လယ်ယာ၊ သစ်တောဌာနနှင့် ကျေးလက်စီးပွားရေးဌာန မန်းဘခိုင်၊ စက်မှုလက်မှုနှင့် အလုပ် သမားဌာနဦးအောင်စံဝေ၊ လူမှုဝန်ထမ်းဌာနတို့ဖြစ်ပြီး ဘုရင်ခံခန့်ရာတွင် ဦးထက်ထွဋ်ဘ္ဂာရေးနှင့် အခွန်တော် ဌာန၊ သခင်ဘစိန်၊ လမ်းပန်းဆက် သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးနှင့် ဆာမောင်ကြီးပြည်သူ့လုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီးများဖြစ်သည်။ ကွန်မြူနစ်ပါတီကို ဖဆပလမှ ထုတ်ပစ်သောအခါ သခင် သိန်းဖေသည် ၁၉၄၆ နိုဝင်ဘာလ ၂ ရက်နေ့တွင် ရာထူးမှ နှုတ်ထွက်သွားပြီး စောဘဦးကြီးနှင့် ပျော်ဘွယ် ဦးမြတိုဏ္ဍအသစ်ဝင်ရောက်လာသည် ဦးစောကို ဘုရင်ခံက ၁၉၄၆ နိုဝင် ဘာလ ၆ ရက်နေ့တွင် ဝန်ကြီးခန့် သည်၊ ဦးစောနှင့်သခင်သာစိန်တို့သည် လန်ဒန်တွင် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် လက်မှတ် ရေးထိုးသောအောင်ဆန်း အက်တလီစာချုပ်ကို လက်မှတ်ရေးထိုးရန် ငြင်းပယ်သည့်အတွက် ရာထူမှနှုတ် ထွက်လိုက်သည်။
ဖဆပလသည်တနှစ်အတွင် လွတ်လပ်ရေးအရ ရမည်ဟူသောကြွေးကြော်သံနှင့် အတူ ၁၉၄၇ ခု ဧပြီလတွင် လွတ်လပ်ရေးကို ပြင်ဆင်သော လွတ်လပ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ရေးဆွဲမည့် တိုင်းပြုပြည်ပြု လွတ်တော်ရွေးကောက်ပွဲကျင်းပရန်သတ်မှတ်သည်၊
THIS POST WAS COPYING FROM THE BOOK OF MON BACKGROUND HISTORIES IN BURMA,, PAGE -2/7

မွန်နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ(မွန်လူငယ်အဖွဲ့)


မွန်လူငယ်အဖွဲ့
၁၉၄၁ ခုနှစ်တွင် မွန်ဖေသိန်း၊ မွန်သောင်းအေးတို့နှင့် တက္ကသိုလ်ရှိ မွန်ကျောင်းသားများ စုစည်းပြီး ရာမညအဖွဲ့ချုပ်နှင့်ညှိနှိုင်း၍ မွန်လူငယ်အဖွဲ့ ဖွဲ့ရန် စတင် စိုင်းပြင်းခဲ့သည်။ သို့သော် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာရာ ရပ်ဆိုင်းထားပြီး ၎င်းလူငယ်များစုသည် ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် အာရှလူငယ်တွင် ပါဝင်ကြသည်။ တချို့မှာ ဖက်ဆစ်ဂျပန်လက် ရောက်ပြီး အသတ်ခံ့ခဲ့ရသည်၊ ၎င်းတို့ စတင် အစပျိုးခဲ့သော မွန်လူငယ်အဖွဲ့ကို စစ်ပြီးနောက်ပိုင်း ၁၉၄၆ ခုနှစ်တွင် ရန်ကုန်ရှိ ပညာတတ်မွန်လူငယ်များဖြစ်ကြသော တက္ကသိုလ်ကျောင်းသား၊ စာရေးစာချီများ စုစည်းပြီး မွန်လူငယ်အဖွဲ့ကို ရန်ကုန်မြို့တွင် ဖွဲ့စည်းကြသည်။ အဖွဲ့၏ရည်ရွယ်ချက်မှာ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရန် နှင့် မွန်အမျိုးသားတို့၏ စာပေ၊ ယဉ်ကျေးမှု တိုးတက်ရေးကို တတပ်တအား ဆောင်ရွက်ရန် ဖြစ်သည်။ ၎င်းအဖွဲ့၏ ဥက္ကဌမှာ မွန်စံလှိုင်၊ ဒု-ဥက္ကဌ မွန်ဘလုံး၊ အထွေထွေအတွင်းရေးမှူး မွန်စိန်ထွန်းအောင် နှင့် အမှုဆောင်များအဖြစ် မွန်စံလှ၊ နိုင်ငွေသိမ်း၊ မွန်မြတ်ထွန်း စသော မွန်လူငယ်များ ပါဝင်ကြသည်၊ ပထမအကြိမ် မွန်လူငယ်ညီလာခံကို မော်လမြိုင်မြို့တွင် ကျင်းပသည်။
မွန်လူငယ် လှုပ်ရှားမှုသည် မွန်ဒေသတွင် မွန်လူငယ်များအား စုစည်းနိုင်ခဲ့သော်လည်း တချို့သောဌာနချုပ် အမှုဆောင်များနှင့် နယ်ခေါင်းဆောင်များသည် မွန်တိုင်းရင်းသားအစည်းအရုံးနှင့်၎င်း၊ ရာမညအဖွဲ့ချုပ်နှင့်၎င်း၊ ပူးပေါင်းဆောင်ရွက်၍ အဖွဲ့တွင်း မကြာခဏ ပြဿနာပေါ်ခဲ့သည်။ မွန်လူငယ်ကို စမွတ်ဗလိုင် ဟု ခေါ်သည်ကို တခြားတိုင်းရင်းသားများက စမွတ် ဟု ခေါ်တွင်ကြသည်။
THIS POST WAS COPYIN FROM THE BOOK OF MON BACKGROUND HISTORIES IN BURMA,, PAGE 2/6

မွန်နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ(မွန်လူငယ်အဖွဲ့)


မွန်လူငယ်အဖွဲ့
၁၉၄၁ ခုနှစ်တွင် မွန်ဖေသိန်း၊ မွန်သောင်းအေးတို့နှင့် တက္ကသိုလ်ရှိ မွန်ကျောင်းသားများ စုစည်းပြီး ရာမညအဖွဲ့ချုပ်နှင့်ညှိနှိုင်း၍ မွန်လူငယ်အဖွဲ့ ဖွဲ့ရန် စတင် စိုင်းပြင်းခဲ့သည်။ သို့သော် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာရာ ရပ်ဆိုင်းထားပြီး ၎င်းလူငယ်များစုသည် ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် အာရှလူငယ်တွင် ပါဝင်ကြသည်။ တချို့မှာ ဖက်ဆစ်ဂျပန်လက် ရောက်ပြီး အသတ်ခံ့ခဲ့ရသည်၊ ၎င်းတို့ စတင် အစပျိုးခဲ့သော မွန်လူငယ်အဖွဲ့ကို စစ်ပြီးနောက်ပိုင်း ၁၉၄၆ ခုနှစ်တွင် ရန်ကုန်ရှိ ပညာတတ်မွန်လူငယ်များဖြစ်ကြသော တက္ကသိုလ်ကျောင်းသား၊ စာရေးစာချီများ စုစည်းပြီး မွန်လူငယ်အဖွဲ့ကို ရန်ကုန်မြို့တွင် ဖွဲ့စည်းကြသည်။ အဖွဲ့၏ရည်ရွယ်ချက်မှာ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရန် နှင့် မွန်အမျိုးသားတို့၏ စာပေ၊ ယဉ်ကျေးမှု တိုးတက်ရေးကို တတပ်တအား ဆောင်ရွက်ရန် ဖြစ်သည်။ ၎င်းအဖွဲ့၏ ဥက္ကဌမှာ မွန်စံလှိုင်၊ ဒု-ဥက္ကဌ မွန်ဘလုံး၊ အထွေထွေအတွင်းရေးမှူး မွန်စိန်ထွန်းအောင် နှင့် အမှုဆောင်များအဖြစ် မွန်စံလှ၊ နိုင်ငွေသိမ်း၊ မွန်မြတ်ထွန်း စသော မွန်လူငယ်များ ပါဝင်ကြသည်၊ ပထမအကြိမ် မွန်လူငယ်ညီလာခံကို မော်လမြိုင်မြို့တွင် ကျင်းပသည်။
မွန်လူငယ် လှုပ်ရှားမှုသည် မွန်ဒေသတွင် မွန်လူငယ်များအား စုစည်းနိုင်ခဲ့သော်လည်း တချို့သောဌာနချုပ် အမှုဆောင်များနှင့် နယ်ခေါင်းဆောင်များသည် မွန်တိုင်းရင်းသားအစည်းအရုံးနှင့်၎င်း၊ ရာမညအဖွဲ့ချုပ်နှင့်၎င်း၊ ပူးပေါင်းဆောင်ရွက်၍ အဖွဲ့တွင်း မကြာခဏ ပြဿနာပေါ်ခဲ့သည်။ မွန်လူငယ်ကို စမွတ်ဗလိုင် ဟု ခေါ်သည်ကို တခြားတိုင်းရင်းသားများက စမွတ် ဟု ခေါ်တွင်ကြသည်။
THIS POST WAS COPYIN FROM THE BOOK OF MON BHISTORIES PAGE 2/5

မလေးရှားက မြန်မာမိန်းကလေးတွေကိုဖျတ်ဆီးတဲ့ လူယုတ်မာဆရာဝန်

ဒါလေးက တကယ့်အဖြစ်အပျက်လေးပါ ကျွှန်တော့် သူငယ်ချင်း အနော်မာ ကပြောပြလို့  တင်လိုက်တာပါ
မြန်မာ မိန်းကလေးများ တော်တော်များ ဟာဒီလိုရဲ့  သားကောင်ဖြစ်နေရပါတယ်
ဒါကြောင့် မြန်မာမိန်းကလေးများကို ရည်ရွယ်ပြီးတင်လိုက်တာပါ

မနေ့က အွန်လိုင်းမှာ မလေးရှားရောက်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့တွေ့တယ်...

သူအကြောင်းကိုပြောပြတော့အနော်အရမ်းဒေါသဖြစ်မိတယ်...မြန်မာမိန်းကလေးတစ်ယောက်ရဲ့သိက္ခာနဲ့အရှက်တရားတွေရေစုန်မျောခဲ့တာပဲ...ဒါကြောင့်သူငယ်ချင်းတွေကိုအသိပေးရအောင်..

အဲဒီလူရဲ့လိပ်စာနဲ့နာမည်တွေကို သူဆီက ခွင့်တောင်းပြီးယူလိုက်တယ်..။

အဖြစ်အပျက်က ဒီလိုပါ..

ဒီလူဟာ...မလေးရှားက ဆရာဝန်တစ်ယောက်.ဒါပေမယ့်ေ-ွးကျင့်ေ-ွးကြံ ကြံခဲ့တဲ့ အောက်တန်းကျတဲ့လူပဲ..

ပြီးတော“့အစ္စလာမ်ဘာသာဝင်တစ်ယောက်”

ဒီလူဟာ..မြန်မာမိန်းကလေးပေါင်းများစွာဖျက်ဆီးပြီးထားခဲ့တယ်...မလေးရှားမှာအလုပ်လာလုပ်နေတဲ့မိန်းကလေးပေါင်းမျာစွာကိုငွေနဲ့မြူစွယ်ပြီးဖျက်ဆီးခဲ့တဲ့လူယုတ်မာသက်သက်အကောင်ပဲ

့မိန်းကလေးတွေကိုငွေနဲ့ပေါက်ပြီးသိမ်းသွင်းတယ်..ပြီးတော့ပေါင်းသင်းနေထိုင်တယ်..

ပြီးတော့မိန်းကလေးမှာ...တစ်ခုခုဖြစ်သွားပြီဆိုရင်တခြားမှာရှောင်နေတယ်

အဲဒီမိန်းကလေးကို လုံးဝအဆက်အသွယ်မလုပ်တော့ပဲနောက်ထပ်အသစ်တစ်ယောက်ထပ်ရှာတယ်..

(ဘယ်လောက်နာကျင်စရာကောင်းလိုက်လဲ..မိန်းကလေးတွေကလဲ ဘာကြောင့်ယုံကြည်ကြတာလဲ..နိင်ငံခြားလောကမှာဘယ်သူကိုမှယုံကြည်စရာမရှိတာကိုသူတို့နားမလည်ကြဘူးလားမသိဘူး)

အဲဒီသူငယ်ချင်းနဲ့ပထမတစ်ခေါက်အွန်လိုင်းမှတွေ့တုန်းက အနော်သူကိုသတိပေးခဲ့တယ်..မေးတွေလဲအကြိမ်ကြိမ်ပို့ပြီးသတိပေးခဲ့တယ်။ ငါသိပါတယ်..ငါသိပါတယ်နဲ့..နောက်ဆုံးဘာဖြစ်သွားလဲ..

ဒီလိုကောင်ရဲ့ခွာရာတင်တာခံလိုက်ရပြီပေါ့..အဲဒီတုန်းက အနော်ကိုတောင်သူကစိတ်ဆိုးချင်သေးတယ်..

အဲဒီတုန်းက ဒီကောင်ကသူ့ကိုလက်ဆောင်တွေပေးလိုက်.ဲလိုချင်တာရှိရင်ဝယ်ပေးလိုက်နဲ့..

နောက်ဆုံးလစ်ဗင်းတူဂဲသားနေတဲ့အဆင့်ရောက်သွားတယ်...

အခုတော့သူငယ်ချင်းမှာတစ်ခုခုဖြစ်လာတော့သူပြန်မလာတော့ဘူးတဲ့။(တစ်ခုခုဆိုတာကိုတော့သိလောက်မယ်ထင်တယ်နော်)

အဲလိုဖြစ်တော့မှအနော်သူငယ်ချင်းလဲ မျက်လုံးပြူးပြီးလိုက်စုံစမ်းလိုက်တော့မှအဲဒီလူရဲ့အကြောင်းတွေပေါ်လာတော့တာပါပဲ။

အဲဒီလူဟာမလေးရှားကမိန်းကလေးပေါင်းများစွာကိုဖျက်ဆီးပြီးပြီ။

အခုလဲသူငယ်ချင်းကိုထားခဲ့ပြီးတခြားမြန်မာမိန်းကလေးတစ်ယောက်ကိုထပ်တွဲနေတာကိုတွေ့ခဲ့ရသတဲ့။ကျန်ခဲ့တဲ့မိန်းကလေးတွေဟာလဲ မိကောင်းဖခင်သားသမီးတွေချည်းပဲ..။နောက်ဆုံးမှာအယုံလွယ်မိတဲ့မိန်းကလေးတွေ မျက်ရည်နဲ့ဒူးနဲ့သုတ်နေရပြီလေ..အနော်သူငယ်ချင်းလဲအနော်ကိုငိုယိုပြီးပြောနေတာ..ရင်ထဲမှာအရမ်းယူကြုံးမရဖြစ်မိတယ်။

နှမချင်းကိုယ်ချင်းမစာတဲ့အဲဒီလူအတွက်အတွက်အွန်လိုင်းပေါ်မှာခွေးဆရာဝန်လိပ်စာနဲ့နာမည်ကိုလိုက်ကြော်ငြာပစ်မယ်..

ဒေါက်တာလွင်မြင့်(သွားဆရာဝန်)
တမန်းကီဓမ္မာစာရ မှာနေထိုင်ပြီး
အန်းဗန်းပတ် ကဆေးခန်းမှာရုံးထိုင်တယ်..
ပတ်စပို့နံပါတ်..894758
ဒီလောက်ဆိုရင်တော့သူငယ်ချင်းတို့လဲသိလောက်ပြီထင်ပါတယ်..
အနော်ရဲ့အဓိကရည်ရွယ်ချက်ကမိန်းကလေးတွေကိုရည်ရွယ်ချင်ပါတယ်။
သတိထားစေချင်ပါတယ်..။ခေတ်မီတာနဲ့ရည်းစားနဲကွယ်ရာမှချိန်းတွေ့တာနဲ့မဆိုင်ပါဘူး..
ခေတ်မီတာနဲ့ပွင့်လင်းတာလဲမဆိုင်ပါဘူး။အခုဆိုရင်ကြည့်ဦးလေ..ဘယ်လောက်ဒေါသဖြစ်စရာကောင်းလဲ အနော်အတန်တန်တားနေတဲ့ကြားကဖြစ်သွားတာလေ..
အနော်ကသူငယ်ချင်းကပြောတယ်..ငါတစ်ယောက်ထဲဖြစ်နေတဲ့အချိန်အားပေးပါတဲ့..နေမကောင်းလို့တဲ့..
အနော်လဲအားပေးစကားပြောလိုက်ပါတယ်...လဲသေလိုက်တော့ လို့..။
အိုင်တွေ့တိုင်းခြေဆေးကြသတဲ့...
ဒီမှာ.......လမ်းဘေးမှာဖြစ်နေတဲ့အိုင်ထဲကရေကိုပဲခြေဆေးရဲမယ်..
သောက်ရေအိုးထဲကရေကိုတော့ဘယ်သူမှခြေမဆေးရဲကြပါဘူး..
ဒါကြောင့်သောက်ရေအိုးထဲကရေလိုနေထိုင်ပြီး..ကိုယ်သိက္ခာနဲ့ကိုယ်နေရင်ဘယ်သူမှလာမစော်ကားရဲပါဘူး။
ပြီးတော့ကောင်လေးတစ်ယောက်လောက်ကချစ်တယ်ပြောလိုက်တာနဲ့ရင်ခုန်ပြီးနောက်ကလိုက်သွားရင်တော့...ကိုယ့်ဘဝကိုယ်တွေးရတော့မယ်နော်။
ဟိုတလောကလဲကြားလိုက်ရသေးတယ်မလား..
ဂျီတော့မှာကောင်လေးနဲ့အဆင်ပြေပြီးသွားတွေ့တဲ့ကောင်မလေးတစ်ယောက်ရဲ့အဖြစ်ဆိုးကို..
ကောင်လေးကအပြင်မှာဆေးခတ်ပြီးလုပ်ကြံလို့ရုံးရောက်ဂတ်ရောက်နဲ့..အရှက်တော်ကွဲခဲ့ကြပြီးပြီ။
အခုဒီကုလားကောင်ဘယ်လောက်မိုက်ရိုင်းလိုက်လဲ။
လှည့်စားခံလိုက်ရတဲ့မိန်းကလေးတွေကရောဘယ်လောက်ဦးနှောက်မရှိလိုက်တာလဲ။
ဒီစာလေးကိုသူငယ်ချင်းတွေသိအောင်လိုက်ဖြန့်ပေးပါလို့တောင်းဆိုပါရစေ။
ဒါမှဒီလူအကြောင်းကိုလူတွေအားလုံးသိသွားမှာ...ကိုယ်ရဲ့သက်ဆိုင်ရာသူငယ်ချင်းတွေ..
အဖွဲ့တွေ..ဘလော့တွေနဲ့ဆိုက်တွေကိုမျှဝေပေးပါလို့တောင်းဆိုချင်ပါတယ်။
ဒီပိုစ်မှာရေးရင်းဒေါသဖြစ်မိလို့ရိုင်းတာလေးတွေပါခဲ့ရင်လဲတောင်းပန်ပါတယ်။
ပြီးတော့ဒီပိုစ်အတွက်ကာယကံရှင်မိန်းကလေးကိုလဲခွင့်တောင်းထားပါတယ်။
အကယ်၍ဒီလိုမျှဝေမှုဟာဒီဆရာဝန်အတွက်ဂုဏ်သိက္ခာကိုကျဆင်းစေတယ်လို့သင်ထင်ပါသလား??????
ဒီပိုစ်နဲ့ပတ်သက်ပြီးတော့မကျေနပ်တာများရှိရင်..စာပို့ထားခဲ့ပါ။မဟုတ်မမှန်ဘူးဆိုရင်အားလုံးကိုဝန်ချတောင်းပန်ပါ့မယ်။
(ခင်ရတဲ့သူငယ်ချင်းတွေအားလုံး...အနော်သူငယ်ချင်းရဲ့အဖြစ်ဆိုးကိုနမူနာယူပြီးကိုယ့်ကိုကိုယ်တန်ဖိုးရှိတဲ့မိန်းကလေးဖြစ်အောင်နေနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်..
လမ်းဘေးကအိုင်ထဲကရေလိုမနေပဲ..သောက်ရေအိုးထဲကကြည်လင်သန့်ရှင်းမွန်မြတ်တဲ့ဘဝတွေကိုပဲပိုင်ဆိုင်နိုင်ပါစေ

THIS POST WRITTING BY,
www.mcwaiyantgi.multiply.com

လွိုင်ကော်တွင် ညမထွက်ရန် အာဏာပိုင်များ ညွှန်ကြား

ရွေးကောက်ပွဲ နီးကပ်လာသည့် ကာလတွင် ကယားပြည်နယ် လွိုင်ကော်မြို့၌ ည ၁၀ နာရီနောက်ပိုင်း အိမ်ပြင်မထွက်ရန် ဒေသအာဏာပိုင်များက ပြီးခဲ့သည့် သီတင်းပတ်မှစ၍ ညွှန်ကြားထားကြောင်း သိရသည်။

စစ်အစိုးရ အာဏာပိုင်များက အင်တာနက်ဆိုင်များကို ည ၈ နာရီတွင် ပိတ်ရန် တယ်လီဖုန်းဖြင့်အကြောင်းကြားကြောင်း၊ ဒေသတွင်း မတည်ငြိမ်မှုကို အကြောင်းပြ၍ ပြည်သူများကို ည ၁၀ နောက်ပိုင်း မထွက်ရန်လည်း မှာကြားထားကြောင်း မယ်ဟောင်ဆောင် အခြေစိုက် ကန္တာရ၀တီ တိုင်းမ် သတင်းဌာန အယ်ဒီတာ စေးရယ်စိုးက ပြောသည်။

လွိုင်ကော်မြို့တွင် အင်တာနက်ဆိုင် ၈ ဆိုင်ရှိကြောင်း ကန္တာရဝတီ အင်တာနက် သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

လွိုင်ကော်မြို့ ဒေသခံတဦးက “ထွက်ရင် ရပါတယ်။ ဒါပေမယ့် အပြင်မထွက်ရဲကြတာ။ ဘယ်လိုလဲဆိုတော့ ပြီးသွားတဲ့ တပတ် တုန်းက ပွန်ချောင်းတံတား ဖျက်ဆီးခံလိုက်ရတယ်” ဟု ၎င်းက ပြောသည်။

ပွန်ချောင်းတံတားသည် လွိုင်ကော်မြို့နှင့် ရှားတောမြို့နယ်ကြားတွင် တည်ရှိပြီး ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တပ်နှင့် စစ်အစိုးရ ခြေလျင်တပ်ရင်း (ခလရ) ၇၂ တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွား၍ ပျက်စီးခြင်းဖြစ်ကြောင်း သိရသည်။

တံတားပျက်စီးသွားသောကြောင့် လွိုင်ကော်မှ ရှားတောသို့ ပြေးဆွဲနေသော ခရီးသည်တင် လိုင်းကားများ ရပ်နားထားရ ကြောင်း၊ လမ်းဂိတ်များ၌ ယခင် ရဲဝန်ထမ်းနှင့် စစ်သားများသာ ရှိ၍ ယခုအခါ လူဝင်မှုကြီးကြပ်ရေး (လ၀က) ၀န်ထမ်းများပါ တိုးချဲ့ချထားကြောင်း စေးရယ်စိုးက ပြောသည်။

ထို့အပြင် ကယားပြည်နယ်အတွင်းရှိ မြို့နယ် ၆ မြို့နယ်တွင် ပါဝင်သော ကျေးရွာအုပ်စု ၁၀ အုပ်စုခန့်တွင်လည်း ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

အလားတူပင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့တွင် ည ၉ နာရီနောက်ပိုင်း အပြင်သို့ မထွက်ရန်နှင့် ထွက်ပါက စစ်ဆေး မေးမြန်းခြင်း ခံရမည်ဖြစ်ကြောင်း ယမန်နေ့ညက အာဏာပိုင်များက အသံချဲ့စက်ဖြင့် လိုက်လံ ကြေညာခဲ့သည်ဟု သိရသည်။

စစ်အစိုးရသည် ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်စာတမ်းများ ဖြန့်ဝေမှုနှင့် ဆန္ဒပြမှုများ ဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် လုံခြုံရေး တင်းကျပ်ထားခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။

ယခုရက်ပိုင်းအတွင်း ကျောင်းသားများ ဦးဆောင်သည့် Boycott-2010 အမည်ရှိ ရွေးကောက်ပွဲ ဆန့်ကျင်ရေးအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ပုံနှင့် မဲမပေးရေး စာတန်းပါ ပိုစတာများကပ်ပြီး ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြောင်း သိရသည်။

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် ရွေးကောက်ပွဲကို ပြည်သူများအနေဖြင့် မဲမပေးရန်အတွက် ရွေးကောက်ပွဲ ဆန့်ကျင်သည့် ပိုစတာများကပ်၍ လှုပ်ရှားမှု ပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးဆောင်ပြုလုပ်ခဲ့သည့် အဖွဲ့ဝင်များက ပြောသည်။
THIS POST WAS COPYING FROM IRRAWADDY BURMESE NEWS,

“သတ္တိ” စာအုပ်မှာ ဒေါ်အောင်ဆန်းစုကြည် အကြောင်းအပယ်ခံရ



ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန်ဘရောင်း ရေးသားသည့် Courage: Eight Portraits အမည်ရှိ စာအုပ်ကို စာရေးဆရာ ခင်မောင်တိုး (မိုးမိတ်) က “သတ္တိ” အမည်ဖြင့် မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည့် စာအုပ်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြောင်း မပါဝင်ဟု သတင်းရရှိသည်။
ဂေါ်ဒွန်ဘရောင်း ရေးသားသည့် Courage: Eight Portraits စာအုပ် အဖုံး
မူရင်းစာအုပ်တွင် နယ်လ်ဆင် မင်ဒဲလား၊ မာတင် လူသာကင်း၊ ရောဘတ် ကနေဒီ နှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စသည့် နိုင်ငံခေါင်းဆောင်တို့၏ ဘဝဖြစ်စဉ် အတွေ့အကြုံ၊ လှုပ်ရှားမှုများအကြောင်း ရေးသားထား သည်။
ယမန်နေ့က ပြုလုပ်ခဲ့သည့် စာအုပ်မိတ်ဆက်ပွဲကို တက်ရောက်ခဲ့သူတဦးက“ဗြိတိသျှဝန်ကြီးချုပ်ဟောင်း ရေးသားတဲ့ စာအုပ်ကတော့ နိုင်ငံ့ခေါင်းဆောင် ၈ ဦးရဲ့သတ္တိအကြောင်းကို ရေးထားတယ်၊ ဒါပေမယ့် မြန်မာလို ဘာသာပြန်လိုက် တော့ ၇ ယောက်ရဲ့ အကြောင်းပဲ ပြန်ထွက်လာတယ်။ ဘာလို့လည်းတော့ မသိဘူး”ဟု ဧရာဝတီသို့ ပြောသည်။
သတ္တိ အမည်ရသည့် ဘာသာပြန်စာအုပ်ကို စာပေလောက စာအုပ်တိုက်မှ ဖြန့်ချိသည်ဟုလည်း သိရှိရသည်။
ရန်ကုန်မြို့မှ အမည်မဖော်လိုသူ စာရေးဆရာတဦးက“မြန်မာနိုင်ငံက စာပေစိစစ်ရေး ဆိုတာက ဒါပဲလေ။ သူတို့ မကြိုက်တဲ့ အကြောင်းအရာဆိုရင် ဘယ်လိုလူမျိုးပဲရေးရေး၊ တလုံးလေးတောင် ပါမှာမဟုတ်ဘူး။ ဒါပေမယ့် အခုထွက်တဲ့ သတ္တိ ဆိုတဲ့ စာအုပ်မှာ ပါနေပြီးသားအကြောင်းအရာတွေကိုက တော်တော်ကောင်းနေပါသေးတယ်”ဟု ဧရာဝတီသို့ပြောသည်။
ယင်းစာအုပ် ဖတ်ရှုဖူးသူတဦးက“ဒီစာအုပ်ထဲမှာ မာတင်လူသာကင်း တို့ ကနေဒီ တို့က ပြဿနာတွေကို အကြမ်းဖက် တာမျိုး မဟုတ်ဘူး၊ နှလုံးသားနဲ့ ဖြေရှင်းခဲ့တဲ့ အကြောင်းတွေကို ရေးသားထားတယ်၊ အဓိကကတော့ စိတ်ဓာတ်ရေးရာအရ အားပေးထားတယ် moral support ဖြစ်တယ်ပေါ့ဗျာ”ဟု ပြောသည်။

“ဒီလိုစာအုပ်ကို လူတိုင်းက ဖတ်သင့်တယ်၊ ကျဉ်းထဲ ကျပ်ထဲရောက်နေတဲ့ ပြဿနာမျိုး ကြုံတဲ့အခါမှာ တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းသွားနိုင်မယ့် စိတ်ဓာတ်မျိုး ပေးနိုင်တယ်၊ သတ္တိကိုလည်း နည်းလမ်းမှန်မှန် အသုံးချမယ့် စိတ်ဓာတ်မျိုးလည်း ရသွား စေတယ်”ဟုလည်း စာအုပ် ဖတ်ရှုခဲ့ဖူးသူတဦးက ဆိုသည်။
အထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ရည်ညွှန်းသည့်အသွင်ဆောင်သည့် ကဗျာများ၊ ဆောင်းပါးများ၊ စာအုပ်စာတမ်းများ ကိုလည်း စာပေစိစစ်ရေးမှ အရာရှိများက ဖြုတ်ပစ်လေ့ရှိသည်ဟု မြန်မာ့ စာနယ်ဇင်း လောကတွင် ကျင်လည်ခဲ့ဖူးသူ တဦးက ပြောဆိုသည်
THIS POST WAS COPYING FROM IRRAWADDY BURMESE NEWS,

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့ကို နိုင်ငံသားစီစစ်ရေးကာဒ်ပြားပြုလုပ်ပေးနေ

ဆူးပန်း(အောက်တိုဘာ-၃၀)။ ။ လာမည့်အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန်အတွက် မွန်ငြိမ်းချမ်းရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ဝင် များနှင့်တပ်မိသားစုဝင်များကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ နိုင်ငံသားစီစစ်ရေး ကာဒ်များပြုလုပ်ပေးနေသည်ဟု တပ်ဖွဲ့ဝင်တစ်ဦးမှ ပြောပါသည်။

တပ်မိသားစုဝင်နှစ်ရာနီးပါးကို ကော့ကရိတ်မြို့နယ်ကော့ဘိန်းတိုက်နယ်တွင် မြို့နယ်လဝကအဖွဲ့မှ လူအင်အားစာရင်း၊ အိမ်ထောင်စုစာရင်းများကောက်ယူပြီး မကြာမီ နိုင်ငံသားစီစစ်ရေးကာဒ်ပြားများထုတ်ပေးတော့မည်ဟုအဆိုပါတပ်ဖွဲ့ဝင်တစ်ဦးမှ ယခုလိုပြောပါသည်။

“ကျွန်တော်တို့တပ်ဖွဲ့တွေအနေနဲ့ အခုကော့ယက္ခမှာ နဲနဲဘဲထားထားတယ်။ အခုကော့ဘိန်းမှာမှတ်ပုံတင် လာလုပ်နေရတယ်လေ။ လာမဲ့ရွေးကောက်ပွဲမှာမဲထဲ့ဖို့အတွက်ပေါ့။ အခုဓါတ်ပုံတွေရိုက်နေတယ်။ ပုံစံ(၁ဝ)ဖြည့်နေတယ်။”

ပြီးခဲ့သည့် အောက်တိုဘာ(၂၆)ရက်နေ့တွင်အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် လက်နက်အပ်နှံပွဲ ကျင်းပခဲ့ပြီး မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(၁၂၅)ဦးနှင့် လက်နက်(၅ဝ)ကျော် လက်နက်ချခဲ့သည်။

အဆိုပါလက်နက်အပ်နှံပွဲအခန်းအနားတွင် အရှေ့တောင်တိုင်း တိုင်းမှူးဟောင်း၊အမှတ်(၄)ကစထမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း၊ အရှေ့တောင်တိုင်းတိုင်းမှူးသစ် ဗိုလ်မှူးချုပ်ထွန်းနေလင်း၊ ကရင်ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဗိုလ်မှူးခှုပ်ဇော်မင်း အပါအဝင် စစ်ဘက်ဆိုင်ရာအကြီးအကဲများတက်ရောက်ခဲ့သည်။

အဆိုပါအခန်းအနားတွင် မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့၏ခေါင်းဆောင် ဗိုလ်မှူးကြီးနိုင်ရှောင်မှ မွန်ပြည် သစ်ပါတီအနေနှင့် တပ်အသွင်ပြောင်းရေးကိုလက်မခံသည့်အပြင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သော် လည်း မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့အနေနှင့် ရွေးကောက်ပွဲကိုထောက်ခံသွားမှာဖြစ်သလို မဲပေးသွား မည်ဟု အစိုးရပိုင်သတင်းစာတွင်ဖေါ်ပြထားပါသည်။

လက်နက်ချတပ်ဖွဲ့ဝင်နှင့်မိသားစုများ မဲပေးရန်အတွက် နိုင်ငံသားစီစစ်ရေးကာဒ်ကို ပြုလုပ်ပေးခြင်းဖြစ်သည်ဟု တပ်ဖွဲ့ဝင်များနှင့်နီးစပ်သူတစ်ဦးမှပြောပါသည်။

သို့သော် လည်း မည်သည့်နိုင်ငံရေးပါတီကိုမဲပေးရမည်ဟု ညွှန်ကြားလာခြင်းမရှိသေးဟု မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မဲပေးပိုင်ခွင့်ရှိသောလူဦးရေစာရင်းကို တိုင်းနှင့်ပြည်နယ်အလိုက် ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့များကို နိုင်ငံသားစီစစ်ရေးထပ်မံပြုလုပ်ပေးပြီးမဲဆန္ဒ ဦးရေ ထပ်မံတိုးချဲ့ပြုပေးခြင်းသည် ပြဌာန်းချက်ဥပဒေနှင့်ကိုက်ညီမှုမရှိသော်လည်း စစ်အာဏာပိုင်များ၏ သဘော အတိုင်း ရွေးကောက်ပွဲကော်မရှင်မှ အတည်ပြုပေးနေရသည်ဟု မွန်နိုင်ငံရေးခေါင်းဆောင်တစ်ဦးမှပြောပါသည်။

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့ကို (၂ဝဝ၈)နှစ်ကုန်ပိုင်းတွင် မွန်ပြည်သစ်ပါတီမှအနားယူထားသော စစ်ဦးစီးချုပ်ဟောင်းဗိုလ်ချုပ်အောင်နိုင်မှ စစ်အစိုးရနှင့်နားလည်မှုရယူကာ ဖွဲ့စည်းထားသည်။

တပ်အသွင်ပြောင်း လဲရေးကိုလက်မခံသည့်မွန်ပြည်သစ်ပါတီကို မြန်မာစစ်အစိုးရမှ စစ်ရေးအရတိုက်ခိုက်လာခဲ့လျှင် မွန်ပြည်သစ် ထိမ်းချုပ်နယ်မြေများကို ပြန်လည်ရယူရန်အတွက်ရည်ရွယ်ထားသည်ဟု မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးမှပြောပါသည်။

တပ်ဖွဲ့၏ခေါင်းဆောင်ဗိုလ်ချုပ်အောင်နိုင်ကွယ်လွန်သွားပြီးနောက်(၂ဝ၁ဝ)ခုနှစ် သြဂုတ်လတွင် လက်နက်ချရာမညတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးနိုင်ရှောင်မှ ဥက္ကဌအဖြစ်တာဝန်ယူခဲ့သည်။

ယခု အခါ ကရင်ပြည်နယ်၊ဖါးအံမြို့နယ်၊ကော့ယက္ခအထူးဒေသတွင် မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်ကို အခြေစိုက်ထားသည်။

THIS POST WAS COPYING FROM KAOWAO NEWSGROUP,

မိမိပြည်နယ်မြို့တော်၌ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမဲဆွယ်စည်းရုံးရေးအခက်ကြုံနေ



မင်းထက်အောင်(နိုဝင်ဘာ-၂)။ ။ မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြို့ပေါ်၌ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ ပါတီ မဲဆွယ်စည်းရုံးရေးအခက်ကြုံနေရကြောင်း ယင်းပါတီ၏ဥက္ကဌနိုင်ငွေသိန်း(ခေါ်) နိုင်ဂျနူမွန်က ပြောသည်။

ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလိုတွင် မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ ပါတီများအနေဖြင့် အသံချဲ့စက်၊ ဆောင်းဘောက်များတပ်ဆင်ပြီး မော်တော်ကားများဖြင့်လှည့်လည်မဲဆွယ်ခြင်း မပြုလုပ်ရန် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီသို့ နှုတ်မိန့်ဖြင့်တားမြစ်ခဲ့ခြင်းဖြစ်သည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကိုယ်စားလှယ်လောင်းအချို့ ရုပ်ပုံပါဝင်သော လက်ကမ်းလွှာစာမျက်နှာတစ်ရွက်
“ကျနော် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဆီကိုယ်တိုင်သွားတွေ့ခဲ့ပါတယ်၊ ဒီတားမြစ်ချက်အမိန့် ညွှန်ကြားလွှာကိုတောင်းတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သူတို့ဆီဖုံးနဲ့ညွှန်ကြားလာတာ ဖြစ်တဲ့အတွက် အမိန့်စာကိုတော့ထုတ်မပေးနိုင်ဘူးလို့ပြောတယ်” ဟု နိုင်ငွေသိန်းက ပြောသည်။

သို့ရာတွင် အခြားနယ်မြို့ကျေးရွာများ၌ မော်တော်ကားများပေါ်တွင်အသံချဲ့စက်များတပ်ဆင်၍ မဲဆွယ်သီချင်းများဖွင့်လှစ်ခြင်း၊ ပါတီလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဟောပြောခြင်းများ ယခင်အတိုင်း ဆက်လက်ပြုလုပ်နေသည်ဟု ရေးမြို့နယ်၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီစည်းရုံးရေးမှူးတစ်ဦးထံမှ သိရသည်။

“ရွာတွေမှာဆိုရင် ကျနော်တို့ပါတီပဲကျယ်ကျယ်ပြန့်ပြန့်စည်းရုံးနိုင်တာ၊ အခြားပါတီကျတော့ လူတစ်ယောက် နှစ်ယောက်ပဲရွာကိုရောက်လာပြီး တအိမ်တက်တအိမ်ဆင်း စာရွက်တွေလိုက်ဝေတာပဲရှိတယ်”ဟု အဆိုပါ မွန်စည်းရုံးရေးမှူးကပြောသည်။

မွန်ပြည်နယ်အတွင်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီနှင့် အဓိကပြိုင်ဖက်ပါတီများမှာ ယခင်မဆလဟောင်း တစညပါတီနှင့် စစ်အစိုးရကျောထောက်နောက်ခံပြုထားသည့် ပြည်ခိုင်ဖြိုးပါတီ ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်နေသောအချို့မွန်လူငယ်များထံမှ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအား ထောက်ခံဆန္ဒမဲပေးရန် ကတိရရှိထားသည်ဟုလည်း မွန်စည်းရုံးရေးမှူးများထံမှတဆင့် သိရသည်။

“နယ်တွေမှာအခြားပါတီတွေက စည်းရုံးရေးလုပ်တာသိပ်အားမရဖြစ်လာတော့ မြို့တော်မှာကျနော်တို့ပါတီ မဲမရအောင် ကျနော်တို့ပါတီစည်းရုံးရေးဆင်တာကို ကားတို့အသံချဲ့တို့အသုံးမပြုဖို့ အကြပ်ကိုင်တာလည်းဖြစ်နိုင်တယ်” ဟု နိုင်ငွေသိန်း ယူဆပြောဆိုသည်။

လက်ရှိတွင် မော်လမြိုင်မြို့ပေါ်ရပ်ကွက်အသီးသီး၌ သက်ဆိုင်ရာမွန်လွှတ်တော်ကိုယ်စားလှယ်လောင်း များသည် မြို့နယ်စည်းရုံးရေးအဖွဲ့ဝင်များနှင့်အတူ တစ်အိမ်တက်အိမ်ဆင်းလျှက် လက်ကမ်းစာစောင်များ ဖြန့်ဝေနေကြသည်ဟုလည်း သိရသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမော်လမြိုင်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ နိုင်အောင်ချမ်းနှင့် နိုင်ခင်မောင်တို့သည် အမျိုးသားလွှတ်တော်၊ နိုင်လှခိုင်သည် ပြည်သူ့လွှတ်တော်၊ နိုင်စိုးသိန်းနှင့် နိုင်ကျန်ရစ်တို့က ပြည်နယ်လွှတ်တော်အသီးသီး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ရွေးကောက်ပွဲကော်မရှင်က အတည်ပြုထားသည်။

မွန်ပြည်နယ်အတွင်း (၂၉) ဦး၊ ကရင်ပြည်နယ်အတွင်း(၄) ဦး၊ တနင်္သာရီတိုင်းအတွင်း (၁) ဦး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ မကြာမီကျင်းပမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ယင်းပါတီမှ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်
THIS POST WAS COPYING FROM KAOWAO NEWSGROUP,

Monday, November 1, 2010

မွန်နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ(မွန်တိုင်းရင်းသား အစည်းအရုံး ပထမညီလာခံ )



မွန်တိုင်းရင်းသား အစည်းအရုံး ပထမညီလာခံ
ဖဆပလအဖွဲ့ချုပ်၏ ဦးဆောင်မှုကို ခံယူထားသော မွန်တိုင်းရင်းသားအစည်းအရုံးသည် အသံသာ ရှိပြီး အဆံမရှိသော အစည်းအရုံး ဖြစ်သည်ဟု ဖဆပလအမှုဆောင်အဖွဲ့မှ ပုတ်ခတ်လာသည်ကို တန်ပြန်သည့်သဘောဖြင့် ၁၉၄၆ ခုနှစ် ကုန်ခါနီးတွင် (ယခင် ကျိုက္ခမီမြို့နယ်) ယခု သံဖြူဇရပ်မြို့နယ် ပငရွာတွင် အမျိုးသားညီလာခံတရပ်ကို ကျင်းပသည်။ ၎င်းညီလာခံကို မွန်အမျိုးသား ထောင်ပေါင်းများစွာ တက်ရောက်ကြသည်။
၎င်းညီလာခံ၏ အဓိက အရေးကြီးသော ဆုံးဖြတ်ချက် (၂) ခုမှာ -
(၁) သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့သည် သမလ၊ ဝိမလ ညီနောင်နှစ်ပါး တို့သည် သိကြားမင်း၏ အကူအညီဖြင့် ဟံသာဝတီ ပဲခူးမြို့ကို စတင်တည်ထောင်သည့်နေ့ကို ယူပြီး နှစ်စဉ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့ ဖြင့် သတ်မှတ်ရန်။
(၂) လာမည့်ရွေးကောက်ပွဲတွင် မွန်အမျိုးသားတို့အတွက် သီးခြားမဲစာရင်း မဲဆန္ဒနယ် သတ်မှတ်ပေးရန်။ အကယ်၍ ဖဆပလအစိုးရက မပြုလုပ်ပေးလျှင် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တို့ ဖြစ်သည်။
အထက်ပါ ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ဆောင်ရန်အတွက် မွန်တိုင်းရင်းသားအစည်းအရုံး၏ ဗဟိုအလုပ်မှုဆောင်ကို ရွေးကောက်တင်မြှောက်ကြသည်၊ ၎င်းအမှုဆောင်တွင် -
ဥက္ကဌ - မွန်ဦးဖိုးချို
ဒု-ဥက္ကဌ - နိုင်အောင်ထွန်း
အထွေထွေ အတွင်းရေးမှူး - မွန်သန်း
တွဲဖက် အထွေထွေအတွင်းရေးမှူး - နိုင်ချမ်းမွန်
ပြန်ကြားရေးနှင့်ဝါဒဖြန့်ချီရေး - နိုင်မွန်ထော (ဆရာဗဟို)
စည်းရုံးရေး - မွန်ထွန်းရင်၊ ဆရာစိန်၊ နိုင်ထွန်းခင်၊ နိုင်အောင်လှငွေ
- စသော ပုဂ္ဂိုလ်များကို တင်မြှောက်ကြသည်၊ သို့သော် အလုပ်အမှုဆောင်၏ လုပ်ငန်းများကို မွန်ဖိုးချိုနှင့် မွန်သန်းတို့က ရန်ကုန်တွင် တာဝန်ယူ ဆောင်ရွက်ကြသည်။
မွန်တိုင်းရင်းသားအစည်းအရုံးသည် ဖဆပလ လက်အောက်တွင် ရှိနေစဉ် မွန်ဦးဖိုးချိုသည် ဖဆပလ စည်းရုံးရေးအတွက် အထူးသဖြင့် တနင်္သာရီတိုင်းကို တာဝန်ယူသည်။
THIS POST WAS COPYING FROM THE BOOK OF MON BACKGROUND HISTORIES IN BURMA, PAGE, 2.4

အမှန်တရားတွေ နောက်က အမှန်တရားများ !! (၂)



မွန်-ဗမာ အတူယှဉ်တွဲနေထိုင်ရေး( AD 8 -AD 17)
မွန်-ဗမာ အတူယှဉ်တွဲနေထိုင်ရေး ဆိုတာ ယနေ့မြင်တဲ့ အမြင်အတိုင်း လူမျိုးတစ်မျိုးက အင်အားကြီးပြီး ကျန်တစ်မျိုးက အင်အားနဲလို့ တစ်ယောက်က တစ်ယောက်မျက်နှာ ကြည့်ပြီးနေတာမျိုး ကိုမဆိုလိုပါဘူး..။ တစ်ယောက်နဲ့ တစ်ယောက် လေးစားသမှုထားပြီး တစ်ယောက်နဲ့ တစ်ယောက် ပုခုံးချင်းယှဉ်နိုင်လောက်တဲ့ အနေအထားမျိုးကို ဆိုလိုတာပါ..။ ပဒေသရာဇ်ခေတ် ဖြစ်တာနဲ့ အညီ ဒီလူမျိုးနှစ်မျိုးဟာလည်း ရန်စစ်ပြုခဲ့တာပါပဲ..။ ဒါပေမယ့် တစ်ဖက်နဲ့ တစ်ဖက် အပြီးသတ်(မျိုးဖြုတ်)နိုင်လောက်တဲ့ အထိ မကြီးကျယ်ခဲ့ကြပါဘူး..။ ၀န်ခံရမှာကတော့ တပင်ရွှေထီးလက်ထက်မှာ ဟံသာဝတီက မွန်ဘုရင် သုရှင်ဒကာရွတ်ပိကို နိုင်လို့ မွန်-ဗမာပေါင်းစည်းအင်ပါယာ ဖြစ်သွားချိန်က စပြီး သမိုင်းမှာ ဗမာကသာ အထက်ကတောက်လျှောက်ဖြစ်သွားပြီး မွန်တွေ ပြန်ခေါင်းထောင်နဲ့ အကြိမ်အနေနဲ့ တစ်ကြိမ်သာ ရှိပါတော့တယ်..။
တစ်ကယ်တော့ မွန်-ဗမာလူမျိုး နှစ်ခု ထိတွေ့မှုဟာ ဗမာလူမျိုးတွေ မြန်မာနိုင်ငံ အလယ်ပိုင်းကို စတင်ဝင်ရောက် အခြေချပြီးချိန်မှာပဲ စတင်ပါတယ်..။ ဗမာတွေဝင်ရောက်လာတဲ့ ကျောက်ဆည်လွင်ပြင်ကြီးမှာ မွန်နဲ့ ပလောင်လူမျိုးတွေ ရှိနေပြီးသားလို့တောင် ယူဆကြပါတယ်..။ ဒါကြောင့်လည်း မွန်တွေဆီက လယ်ယာစိုက်ပျိုးရေးနဲ့ စာပေအက္ခရာ၊ ယဉ်ကျေးမှုတွေကို သင်ယူနိုင်ပြီး ပျူတွေဆီက ဘာသာစကားကို ရယူနိုင်ခဲ့တယ်လို့ သမိုင်းမှာ မှတ်တမ်းရှိပါတယ်..။ ဒီလိုနဲ့ ပုဂံခေတ်ဖြစ်လာတော့လည်း ရှေ့ပိုင်းကာလ တစ်လျှောက်လုံးမှာ မွန်လက်ရာပုံစံနဲ့ ဘုရားပုထိုးတွေ တည်ခဲ့တာပေါ့..။ သထုံကိုနိုင်လိုက်လို့ မွန်လက်မှုနဲ့ ဗိသုကာပညာရှင်တွေ ရလိုက်တာကလည်း အဲဒါကို ကောင်းကောင်းပံ့ပိုး ပေးနိုင်ခဲ့ပါတယ်..။ ပုဂံခေတ်ကုန်ပိုင်းမှာ မွန်တွေ ပြန်အင်အားကောင်းလာပြီး မဂဒူးမင်းဆက်(ခေါ်) ၀ါရီရူးမင်းဆက်ကို ထူထောင်ပြီး ခေတ်ပြိုင်ဖြစ်တဲ့ ဗမာတို့ရဲ့ အင်းဝမင်းဆက်နဲ့ စစ်ခင်းခဲ့ရာမှာ သမိုင်းတွင်တဲ့ အင်းဝ-ဟံသာဝတီ နှစ်လေးဆယ်စစ်ကြီး ဖြစ်ခဲ့ပါတယ်..။ ဒါပေမယ့် နှစ်လေးဆယ်ဆိုတာက အဓိက စစ်ဘုရင်များ ဖြစ်ကြတဲ့ မွန်ဘုရင် ရာဇာဓိရာဇ် နဲ့ အင်းဝက မင်းကြီးစွာစော်ကဲ၊ ဘုရင်မင်းခေါင်တို့ သက်တမ်းတစ်လျှောက်သာ ဆိုလိုပြီး နောက်ပိုင်းနန်းတက်တဲ့ နှစ်ဖက်သော မင်းများကလည်း အသီးသီးအပြန်အလှန် စစ်ခင်းကြတာကြောင့် တော်တော်ကို ကြာတဲ့ စစ်ပွဲတွေ လို့ပြောနိုင်ပါတယ်..။ ဒီကာလတွေအတွင်းမှာ မွန်က ဗမာကကို အသာရခဲ့တာမျိုးတွေ ရှိသလို၊ ဗမာက မွန်ကို ကောင်းကောင်း အသာစီးရတာတွေလည်း ရှိခဲ့ပေမယ့် အထက်မှာပြောခဲ့သလိုပဲ အပြီးအပြတ် အောင်ပွဲမခံခဲ့ကြပါဘူး..။ တစ်ဖက်ကိုတစ်ဖက် ညှာကြတယ်လို့ပြောရင် ရမလားပဲ..။ ရာဇာဓိရာဇ် အင်းဝကို ၀ိုင်းပြီးတပ်ချခဲ့ ပေမယ့် အင်းဝဖက်က ပင်းယစကြိုသူမြတ်လို့ ခေါ်တဲ့ရဟန်းတစ်ပါးရဲ့ အရေးဆိုမှုကြောင့် တပ်ပြန်ဆုတ်ပါတယ်။ နောက်ပိုင်း မှာလည်း ဘုရင်မင်းခေါင်ရဲ့ညီ မင်းသိဒ္ဒတ်တစ်ယောက် အစ်ကိုနဲ့ မတည့်လို့ မွန်ဖက်ကို ဘက်ပြောင်းတော့လည်း ရာဇာဓိရာဇ်က ကောင်းကောင်းထားတာပါပဲ..။ နောက်ပိုင်းမှသာ အရေးကိစ္စ မအောင်မြင်အောင် ဖျက်စီးတာကြောင့် သတ်တာက တစ်ပိုင်း ပေါ့လေ..။ မွန်ဖက်က အမတ်ဒိန်နဲ့ အင်းဝဖက်က အမတ်ဖိုးရာဇာတို့ ပညာရှိချင်း အခြေတင်စကားပြိုင်ဖက် ဆိုကြတာကလည်း သမိုင်းမှာ ကျော်ကြားပါတယ်..။ အင်းဝမှာ မိဖုရားအကြာကြီး သွားဖြစ်ပြီး ပြန်ရောက်လာတဲ့ ရှင်စောပုကိုလည်း မွန်တွေက လိုလိုလားလားနဲ့ ဘုရင်မကြီးအဖြစ် လက်ခံကြပါတယ်..။ ဒါတွေကိုကြည့်ခြင်းအားဖြင့် မွန်နဲ့ ဗမာဟာ ခေါင်းဆောင်ပိုင်းတွေရဲ့ အတ္တကြောင့်သာ စစ်တွေခင်းကြပေမယ့် တစ်ဖက်နဲ့တစ်ဖက် တူးတူးခါးခါး မုန်းတီးတာမျိုး မရှိဘူးဆိုတာ သိသာပါတယ်..။
ဘုရင့်နောင်လက်ထက်မှာလည်း မွန်ကို သွေးရင်းလို သဘောထားပါတယ် ဆိုတဲ့ အပြောနဲ့ အုပ်ချုပ်ခဲ့ပါတယ်..။ သူ့အင်ပါယာထဲက အဓိကကျတဲ့ လူမျိုးတွေထဲက တစ်မျိုးဆိုတာ အသိအမှတ်ပြုတဲ့အနေနဲ့ အမိန့်ပြန်တမ်းတွေထုတ်ရင် မွန်၊ဗမာ၊ ယွန်း၊ရှမ်း ဘာသာတွေနဲ့ ထုတ်ပါတယ်..။ သူ့လက်ထက်မှာ အရည်အချင်းရှိလို့ မြှောက်စားထားတဲ့ ဗညားဒလဆိုတဲ့ မွန်အမတ်ကြီးဟာ ကျော်ကြားပါတယ်..။ ဘုရင့်နောင်ကို လုပ်ကြံဖို့ အကြိမ်ကြိမ် ကြိုးစားကြောင်း ထင်ရှားသည့်တိုင် ဘုရင့်နောင်က ခွင့်လွတ်ခဲ့ပါသေးတယ်..။ နောက်ဆုံး အမှုထမ်းရာမှာ တာဝန်မကျေတာကြောင့် ပြည်နှင်ဒဏ်ပေးခံရပြီး ရောဂါနဲ့သေပါတယ်..။ တပင်ရွှေထီးလမ်းစဉ်အတိုင်း မွန်တွေရဲ့ မင်းနေပြည်တော်ဖြစ်ခဲ့တဲ့ ဟံသာဝတီ(ပဲခူး)မှာပဲ နန်းစိုက်တာ၊ မွန်မှုးမတ်တွေကို ဗမာမှုးမတ်တွေနဲ့ တန်းတူယုံကြည်အားထားကြောင်း ပြတဲ့အနေနဲ့ စစ်တိုက်ထွက်တိုင်း ဟံသာဝတီမြို့တော်မှာ မြို့စောင့်အဖြစ် မွန်နဲ့ ဗမာအမတ်၊ စစ်သူကြီးတွေကို အရေအတွက် အညီအမျှ ထားခဲ့တာတွေကို ကြည့်ခြင်းအားဖြင့် ဗမာနဲ့မွန်ဟာ ဒီအချိန်အထိလည်း မမုန်းကြဘူးလို့ ကောင်းကောင်းနားလည်နိုင်ပါတယ်..။
ညောင်ရမ်းခေတ် ရောက်တော့ လည်းအနောက်ဖက်လွန်မင်းနဲ့ သာလွန်မင်းတို့လက်ထက်မှာလည်း မွန်နဲ့ဗမာတွေဟာ အေးအေးချမ်းချမ်း ဆက်ပြီးအတူနေကြပါတယ်..။ ညောင်ရမ်းခေတ် နောက်ဆုံးပိုင်းမှာတော့ အုပ်ချုပ်သူတွေရဲ့ ညံ့ဖျင်းမှု၊ ရာသီဥတု ဆိုးဝါးလာလို့ စိုက်ပျိုးရေး မဖြစ်ထွန်တာတွေကြောင့် ဗဟိုအာဏာလျော့ရဲလာပြီး အားနည်းသွားပြီလို့ထင်ရာတဲ့ မွန်တွေဟာ တစ်စစနဲ့ အင်အား ပြန်စုစည်းမိ သလို ဖြစ်လာပါတယ်..။ ဒါပေမယ့် မွန်တွေရဲ့ အင်အားကို နှိုးဆွပေးတာကတော့ ဗမာအုပ်ချုပ်သူတွေ ကိုယ်တိုင်ပဲ ဖြစ်ခဲ့ပါတယ်..။ ဗမာလူမျိုး ဟံသာဝတီမြို့ဝန်က အင်းဝကို ပုန်ကန်တာ၊ ပုန်ကန်တဲ့မြို့ဝန်ကို မွန်တွေက ပြန်သတ်လို့ ပုန်ကန်မှုပြီးပေမယ့် စစ်ဆေးတဲ့ အရာရှိက တိကျသေချာစွာ မစစ်ဆေးဘဲ သေဒဏ်ရက်ရက်ရောရောကြီး ပေးတာကြောင့် မွန်တွေ မဖြစ်မနေ ထပ်ပုန်ကန်ရပါတော့တယ်..။ ပုန်ကန်မှုကို ခေါင်းဆောင်ဖို့ ခေါင်းဆောင်ရှာတော့လည်း ဗမာ-ကရင်ကပြားဖြစ်မယ်လို့ မှန်းဆရတဲ့ ဆင်ကြားရှင်ကို နန်းတင်ကြပါတယ်..။ နောက်တော့ အချိန်လေးရှိတိုင်းရှိတိုင်း ဆင်ပဲဖမ်းထွက်နေတာကြောင့် နန်းတော်မှာလည်း နေပါဦး ဆိုပြီးပြောဖို့ နောက်ကလိုက်ခေါ်တာကို ပုန်ကန်တာလို့ထင်ပြီး ကြောက်ကြောက်နဲ့ ဇင်းမယ်(ချင်းမိုင်)ကို ထွက်ပြေးသွားရှာတယ်..။ သူမရှိတော့လို့ ဗမာလူမျိုးစစ်သူကြီး လက်ယာဗိုလ်ဆိုတဲ့သူကို နန်းအပ်ပေမယ့် သူကလည်း ဘုရင်မလုပ်ချင်ဘူးပြောပါတယ်..။ ဒါနဲ့ပဲ အားလုံးက ဆင်ကြားရှင်နဲ့ ယောက္ခမတော်တဲ့ ဗညားဒလဘွဲ့ခံထားတဲ့ ဆင်ဝန်ဦးအောင်လှကို ပရိုမိုးရှင်းပေးပြီးဗြမိုင်းဓိရာဇာ ဆိုတဲ့ဘွဲ့နဲ့ မွန်ဘုရင်အဖြစ် နန်းတင်လိုက်ကြပါတယ်..။ အမှန်မှာ ဦးအောင်လှ ဆိုတာက ဇင်းမယ်ရှမ်းပါ..။ အင်းဝမင်းဆီမှာ အမှုလာထမ်းရာက ဆင်ဖမ်းကျွမ်းကျင်လို့ ဆင်ဝန်ခန့်ပြီး ပဲခူးမှာ ဆင်လာဖမ်းခိုင်းထားရာက အခြေအနေပေးလို့ မွန်ဘုရင်ဖြစ်သွားသူပါ..။ သူ့လက်ထက်မှာတော့ အင်အားရှိနေတဲ့ မွန်တွေဟာ အင်အားယုတ်လျော့နေတဲ့ အင်းဝက ညောင်ရမ်းမင်းဆက်ကို အပြီးတိုင်ဖြိုလှဲ နိုင်ပါတော့တယ်..။ ညောင်ရမ်းဆက်ရဲ့ နောက်ဆုံးဘုရင်မဟာဓမ္မရာဇာဓိပတိ ကို ဟံသာဝတီမှာ အကျယ်ချုပ်နဲ့ ထားပါသေးတယ်..။ နောက်ပိုင်း ဟံသာဝတီနန်းတွင်းက ဗမာမှုးမတ်တွေက အင်းဝဘုရင်ဟောင်းကို ခေါင်းဆောင်ထားပြီး ပုန်ကန်မှာကို စိုးလို့ ရေချကွပ်မျက်လိုက် ပါတယ်..။ အင်းဝမှာတော့ မွန်လူမျိုးစစ်သူကြီး တလပန်းကို မြို့စောင့်နန်းစောင့် ထားပြီးဟံသာဝတီကနေ အုပ်ချုပ်ပါတယ်..။ ဒီအချိန်မှာပဲ ဦးအောင်ဇေယျက မုဆိုးဖိုရွာကနေ တော်လှန်နေပါပြီ..။ တတလပန်း သွားပြီးတိုက်ပေမယ့် လျော့တိလျော့ရဲနဲ့မို့ မနိုင်ပါဘူး..။ အထင်သေးထားတာကြောင့်လည်း ပါပါတယ်..။
ဖြစ်ချင်တော့ မွန်နိုင်ငံရဲ့ အရှေ့ဖက်နယ်စပ်ကို ထိုင်းက လာပြီး တိုက်ခိုက်တာက တစ်ကြောင်း၊ မွန်ဘုရင်ဦးအောင်လှရဲ့ ညီနဲ့ အမျိုးတွေက တလပန်းကို မနာလိုလို့ ကုန်းတိုက်တာကို ယုံတာရယ်ကြောင့် တစ်ကြောင်း တလပန်းကို ပြန်ခေါ်ပြီး စစ်တပ်နဲ့ ထိုင်းကို တိုက်ခိုင်းပါတယ်..။ ဒီအဖြစ်အပျက်ဟာ သမိုင်းရဲ့ အလှည့်အပြောင်းပါပဲ..။ အင်းဝမှာ မြို့စောင့်ဖြစ်လာတဲ့ ငွေခွန်ဝန်မှုး ဆိုတဲ့သူဟာ တလပန်းလောက် အရည်အချင်း မရှိတာကြောင့် မုဆိုးဖို ပုန်ကန်မှုကို မဟန့်တားနိုင်တော့ပဲ.. မွန်တွေ တစ်ရှုံးတည်းရှုံး၊ တစ်ဆုတ်တည်းဆုတ်ပြီး ပျက်စီးချင်းကို ဆိုက်ရပါတော့တယ်..။ နောက်တော့ ထိုင်း(အယုဒ္ဒယ၊ ယိုးဒယား)လည်း ဒီရဲ့ နောက်ဆက်တွဲ အဖြစ် အယုဒ္ဒယပါ အတိုက်ခိုက်ခံရပါသေးတယ်..။ သူမွှေးတဲ့မီး သူ့ကို ပါပြန်လောင်တယ် ပြောရမလားပဲ..။ ဒီကနေစပြီး အလောင်းဘုရား အကြောင်းကို ပြောပါတော့မယ်..။
၃။အလောင်းဘုရား
သာမန် ရွာသူကြီးဘ၀ကနေ စစ်တိုက်ကောင်းလို့ ဘုရင်ဖြစ်လာတဲ့သူ ၊ တတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်သူ စသဖြင့် အသိများပါတယ်..။ ဗမာတွေအတွက်တော့ ကယ်တင်ရှင်ကြီးပဲပေါ့..။ သူမှသာ မကယ်ရင်လည်း ဒီကနေ့ မြန်မာနိုင်ငံမှာ ဗမာဆိုတဲ့ လူမျိုးက သာမန်တိုင်းရင်းသားတစ်မျိုးပဲ ဖြစ်နေပြီး ဦးဆောင်သူနေရာက ဘယ်နေနိုင်ပါ့မလဲ..။ ဒါပေမယ့် လူတွေသိပ်မပြောကြ၊ သိပ်မသိကြတာက သူ့စစ်လိုလားမှုနဲ့ လူမျိုးရေးဝါဒကြောင့်ပဲ အထက်ကပြောခဲ့တဲ့ မွန်-ဗမာ ယှဉ်တွဲနေထိုင်ရေးလည်း ခေတ်ကုန် သွားပါတယ်..။ ဒါတွေကို မပြောခင် အလောင်းဘုရားရဲ့ ညံ့ကွက်လေးတွေ နဲနဲပြောချင်ပါတယ်..။ သူ့မကောင်းကြောင်း ပြောတာမျိုးတော့ မဟုတ်ပါဘူး..။ လူတွေသိပ်မသိကြတဲ့ သူ့အားနည်းချက်တွေကို သိအောင်ပြောပြချင်တာပါ..။ သမိုင်းဆိုတာ ရေးထားသမျှသော ကောင်းတာတွေကြီးပဲ သိပြီး ထိန်ထား၊လျှိုထားတဲ့ မကောင်းတာကိုကျ မဖော်ထုတ်၊ မလေ့လာဘူးဆိုရင်တော့ ခြေတစ်ပေါင်ကျိုးနဲ့ လမ်းလျှောက်သလို ဖြစ်နေမယ်လို့ သဘောရလို့ပါ..။
ဦးအောင်ဇေယျဆိုတဲ့ ခေါင်းဆောင်ဟာ သာမန်အရပ်သားခေါင်းဆောင်ဘ၀ကနေ တိုင်းပြည်ရဲ့ ခေါင်းဆောင်ဖြစ်လာတော့ ရှေးအစဉ်အဆက် လိုက်နာလာတဲ့ နန်းတွင်းထုံးစံတွေကို မသိနားမလည်ဘူးပေါ့…။ ဒါနဲ့ပဲ နီးစပ်ရာတွေက အကြံပေးတဲ့အတိုင်း ကျမ်းစာတွေကို ကိုးကားပြီး စကြာဝဠာတည်ပုံ နဲ့ စကြာဝတေးမင်းနေပုံတွေကို အတုယူပြီး နန်းတည်လိုက်ပါတယ်..။ ဒါဟာ မြန်မာ့သမိုင်း တစ်လျှောက်မှာ ဒီတစ်ကြိမ်ပဲဖြစ်ဖူးခြင်းပါ..။
နောက်ပြီး စစ်တိုက်ထွက်မယ်လုပ်တော့ သားတော်ကြီးကို နန်းစောင့်ထားပါတယ်..။ အဖေမရှိတုန်းမင်းဟာ (၁)မြို့တော်ကို မီးမခစေနဲ့။ (၂)ရေအလုံအလောက်ရပါစေ။ (၃)ရဟန်းသံဃာတွေကို ဆွမ်းမပြတ်ပါစေနဲ့။ (၄)ခိုးသားတွေရှိခဲ့ရင် နှိပ်ကွပ်ပါ။..ဆိုပြီး မှာကြားပါတယ်..။ ဒါတွေဟာ မင်းဧကရာဇ်တစ်ပါးက သူ့ကိုဆက်ခံမယ့် သားတော်ကြီးကို သင်ပေးတဲ့ ပညာတွေတော့ မဟုတ်ပါဘူး..။ သာမန်လူကြီး တစ်ယောက်က လူငယ်တစ်ယောက်ကို သွန်သင်တာနဲ့ တူနေပါတယ်..။
မွန်တွေကို အနိုင်တိုက်ဖို့ ဗမာတွေကို စည်းရုံးချိန်မှာ “ငါဟာ ဘုရားအလောင်းတော်လည်းဖြစ်၊ ဗမာတွေရဲ့ ခေါင်းဆောင်လည်းဖြစ်တယ်..။ ဒါကြောင့် ငါ့နောက်မလိုက်တာဟာ ဗမာတွေအားလုံးနဲ့ မညီညွှတ်တာ၊ ပုန်ကန်တာ၊ ဆန့်ကျင်တာပဲ ဖြစ်တယ်”…လို့ ကြေညာချက် ထုတ်ပါတယ်..။ အဲဒီခေတ်အခါက တော်တော်ကို တာသွားမယ်လို့ထင်ပေမယ့် ဘာသာရေးကျမ်းစာမှာ နဲနဲလောက်ပဲ တတ်တယ်ဆိုရင်ကို ဒီကြေညာချက်ဟာ စလိုက်တာနဲ့ကိုက မှားနေတယ်ဆိုတာ သိသာလွန်းပါတယ်..။ အနည်းဆုံး လေးအင်္သချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကြတဲ့ ဘုရားလောင်းတွေဟာ ဘယ်ဘ၀မှာမှာ ကိုယ့်ကိုယ်ကို ဘုရားလောင်းပါလို့ သိလည်းမသိ၊ ကြွေးလည်းမကြွေးကျော် ခဲ့ဖူးပါဘူး..။ (၅၅၀)ဇာတ်နိပါတ်တွေ ထဲမှာတော့ အကြောင်းသင့်လို့ လူတွေရဲ့ကောင်းကြိုးအတွက် စစ်တိုက်ရာမှာ ဦးဆောင်ခဲ့ရတာမျိုး တော့ရှိခဲ့ဖူးပါတယ်..။ ဒါကြောင့် အစမှားနေတဲ့ ကြေညာချက်ကို ထုတ်ပြန်တဲ့ အလောင်းဘုရားဟာ ??? ။ ဒါပေမယ့် စဉ်းစားစရာ တစ်ချက်တော့ ရှိနေပြန်ပါတယ်..။ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြတဲ့ ဗမာတွေကို ဦးဆောင်ပြီး ဗုဒ္ဓဘာသာကိုပဲ ကိုးကွယ်ကြတဲ့ မွန်တွေကို စိတ်ဓါတ်စစ်ဆင်ရေး တစ်ရပ်အနေနဲ့ လုပ်တယ်လို့လည်း တွေးရင်ရပါတယ်..။ ဒါပေမယ့် အထက်ကပြောသလို အစမှားနေတဲ့ ကြေညာချက်နဲ့ ဘာသာရေးကို ခုတုံးလုပ်ပြီး စိတ်ဓါတ်စစ်ဆင်ရေးလုပ်တာကတော့ …???။ (မှတ်ချက်။ ။??? လုပ်ထားသည်များ မှာ ကိုယ့်အတွေးနဲ့ ကိုယ်သာ ချင့်ချိန်စဉ်းစားရန်ဖြစ်ပါသည်..။ ကျွန်တော် ဝေဖန်ချက် မပေးတော့ပါ..။)
ဒါတွေကို အသာထားလို့ မွန်တွေကို နှိမ်နှင်းပုံနဲ့ ပတ်သက်ပြီး ပြောရရင်တော့ တော်တော်ကြီးကို ရက်စက်တယ်လို့ သမိုင်းဆရာတွေက ပြောကြပါတယ်..။ မွန်ဘုရင် ဦးအောင်လှက အလောင်းဘုရားတပ်တွေ ပြည်မြို့ကို သိမ်းပြီးပြီလို့ ကြားတော့ “ဗမာမှန်ရင် ပုခက်တွင်းပါ မကျန်စေနဲ့လို့”….အမိန့်ပေးတယ်လို့ သမိုင်းက ပြောပါတယ်..။ ဒါပေမယ့် လက်တွေ့မှာတော့ ပြောင်းပြန်ဖြစ်သွားသလားပဲ..။ အလောင်းဘုရားခေတ် မတိုင်ခင် ၁၇၅၀-၇၀ခုနှစ် ၀န်းကျင်က မွန်တွေနေတဲ့ ဧရိယာ(မွန်နိုင်ငံ)ဖြစ်တဲ့ ဟင်္သာတကနေ မုတ္တမ ထိရှိတဲ့ နယ်ပယ်ကြီးဟာ အင်္ဂလိပ်ဝင်လာတဲ့ ၁၈၅၀ခုနှစ် ၀န်းကျင်ကာလမှာတော့ မွန်တွေမရှိသလောက်ဖြစ်နေပြီး ဗမာနဲ့ ကရင်တွေသာ များတာ တော်တော်ကို ထူးဆန်းနေပါတယ်..။ ဒီလောက်များတဲ့ လူဦးရေတွေဟာ နှစ်တစ်ရာဆိုတဲ့ ကာလအတွင်း၊ မျိုးဆက်အားဖြင့် ၃-၄ဆက်အတွင်းမှာပဲ ဘယ်တွေရောက်ကုန်သလဲ ဆိုတာ မေးစရာကြီး ဖြစ်နေပါတယ်..။ ရှင်းရှင်းပြောရရင် သတ်လို့ ကုန်တာလည်းကုန်၊ သေဘေးက လွတ်ရာပြေးရင်း ထိုင်းဖက်ကိုရောက်တဲ့ သူတွေလည်းရောက်၊ သွေးအနှောခံရလို့ မျိုးဆက် တိမ်ကောပြီး လူမျိုးပြောင်းသွား တာလည်းရှိ လို့ခြုံငုံသုံးသပ်ရင် လုံးဝမမှန်ဘူးဆိုရင်တောင်အမှန်လောက်နီးနီး နီးစပ်မယ်ထင်ပါတယ်…။ ခပ်တိုးတိုးကြားရတဲ့ ပါးစပ်သမိုင်းတွေမှာတော့ မွန်ရွာတွေမှာ ဗမာသူကြီးတွေခန့်ပြီး လွတ်လွတ်လပ်လပ် အုပ်ချုပ်ခွင့် ပေးတယ်လို့ဆိုပါတယ်..။ သူ့ကို ကာကွယ်ပေးမယ့် လုံခြုံရေးတပ်သားလည်း အလုံအလောက်ရှိတယ်လို့လည်း ပြောကြပါတယ်..။ လွတ်လွတ်လပ်လပ်အုပ်ချုပ်ရေး ဆိုတာ ဘယ်အတိုင်းအတာထိကို ဆိုလိုတာလဲဆိုတာကတော့ ???…။ နောက်ပြီး မွန်တွေရဲ့ လယ်ယာမြေ ပိုင်ဆိုင်ခွင့်ကိုလည်း ကန့်သတ်တယ်၊ ချုပ်ချယ်တယ်လို့လည်း ဆိုကြပါသေးတယ်..။ သွေးနှောပြီး မျိုးဆက်တိမ်ကောသွားအောင် လုပ်ဖို့ကတော့ ???…။ ဒီလိုတင်းကျပ်ပြီး အနိုင်အထက်ဆန်တဲ့ လူမျိုးရေးစစ်ဆင်မှု ကြောင့်သာ မဟုတ်ရင်တော့ မွန်လူမျိုးတွေဟာ ဒီလောက်မြန်မြန် ဒီနေရာတွေကနေ ပျောက်ကွယ်မှာ မဟုတ်ဘူးလို့ ကျွန်တော်ကတော့ နားလည်ထားတာ ပါပဲ..။
ဒါကတော့ ကျွန်တော် မြင်ထားတဲ့ အလောင်းဘုရားရဲ့ အားနည်းချက်နဲ့ ??? တွေပေါ့ဗျာ..။ လက်ခံမယ့်သူရှိသလို လက်မခံတဲ့သူလည်း များနိုင်ပါတယ်..။ လက်မခံရင်လည်း လွတ်လွတ်လပ်လပ် ပြန်ပြီး ချေပနိုင်၊ ငြင်းခုန်နိုင်ပါတယ်..။ ဒါပေမယ့် အထောက်အထားတော့ ရှိရမှာပေါ့ဗျာ…