Wednesday, November 10, 2010
Windows 7: Automated Installation Kit
Windows 7: Automated Installation Kit: "Windows 7 Automated Installation Kit"
မဲ မသမာမှုသည် ဗိုလ်ချုပ်မှူးကြီးကို စော်ကားခြင်းဟု ဦးကောင်းမြင့်ထွဋ် ပြော

နိုင်ငံရေး အကျဉ်းသားဟောင်း ကိုကောင်းမြင့်ထွဋ်
ရွေးကောက်ပွဲ ကော်မရှင်၏ မဲမသမာ မှုများသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို စော်ကားခြင်း ဖြစ်သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ဝင်ရောက် ယှဉ်ပြိုင်သည့် မြို့တော်ဝန် ဦးအောင်သိန်းလင်းကို ရှုံးနိမ့်သွားသော တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးကောင်းမြင့်ထွဋ်က ပြောဆို လိုက်သည်။
“မဲလိမ်၊ မဲခိုးတဲ့ လုပ်ရပ်တွေ အကုန်လုံးက ဒီရွေးကောက်ပွဲကို ဦးဆောင်ကျင်းပတဲ့ ဗိုလ်ချုပ်မှူးကြီးကို စော်ကားတာပဲ။ အာဏာပိုင်နဲ့ ပတ်သက်တဲ့ လူတွေ ဒီလိုလုပ်တာကလည်း ဗိုလ်ချုပ်မှူးကြီးကို စော်ကားတာဖြစ်လို့ ချက်ခြင်း ဖော်ထုတ် ပြီး အရေးယူသင့်တယ်” ဟု တောင်ဥက္ကလာပ မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကောင်းမြင့်ထွဋ် က ဆိုသည်။
ဦးကောင်းမြင့်ထွဋ် အနေနှင့် မဲရေတွက်စဉ် ၀င်ရောက်ကြည့်ရှုခွင့် မရခဲ့ကြောင်း၊ မဲမသမာ မှုများကြောင့် ရှုံးနိမ့် သွားရခြင်း ဖြစ်ရာ ရွေးကောက်ပွဲ ရလဒ်အပေါ် လက်ခံမည် မဟုတ်ကြောင်း ပြောသည်။
“မဲရုံတံခါး ပိတ်ပြီး မဲရေတယ်။ ကျနော့်ကို ၀င်ခွင့်မပေးဘူး။ မဲရေပြီးချိန်၊ နိုင်မယ်ဆိုတာ သိချိန်မှာပဲ ဦးအောင်သိန်းလင်းရဲ့ ကြိုတင်မဲတွေ ဆိုပြီး အထုပ်လိုက် ရောက်လာတယ်။ ဒီအတွက်လည်း မဲစာရင်း အတည်ပြု ပုံစံ ၁၉ မှာ လက်ခံပြီး အသိအ မှတ်ပြု လက်မှတ်ထိုးပေးမှာ မဟုတ်ဘူး” ဟု သူက ဆိုသည်။
တနိုင်ငံလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်သည့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈၂ ဦး အနက် အသက် ၃၅ နှစ်အရွယ် ဦးကောင်းမြင့်ထွဋ်သည် နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သည်။
ပြည်သူလူထု ထောက်ခံမှု အများအပြား ရရှိခဲ့သော်လည်း စစ်အစိုးရ ကျောထောက် နောက်ခံပြုထားသည့် ကြံ့ဖွံ့ပါတီ၏ အမတ်လောင်း ရန်ကုန်မြို့တော်ဝန်နှင့် ယှဉ်ပြိုင်ရာတွင်မူ ရှုံးနိမ့်ခဲ့ရသည်ဟု ဦးကောင်းမြင့်ထွဋ်က ပြောသည်။
မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် ပြည်သူက ထောက်ခံသည့် မဲ များဖြင့် အနိုင်ရခဲ့ခြင်း မဟုတ်ဘဲ လမ်းခင်း၊ ဓမ္မာရုံ ဆောက်ပေး၍ အတင်းအကျပ် မဲ ထည့်ခိုင်းခြင်း၊ ကြိုတင်မဲ ရယူခြင်းတို့မှ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်ဟု လေ့လာသူများက ဝေဖန်နေကြသည်။
ပြည်သူ့အတွက်၊ ဒီမိုကရေစီ အရေးအတွက် ဆောင်ရွက်ပေးမည့် အတိုက်အခံများ လွှတ်တော်တွင် နေရာ လုံးဝ မရ တော့ကြောင်း၊ အနိုင်ရရှိသည့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ အနေနှင့် လွှတ်တော်တွင် နေရာ ရလာပါက ပြည်သူ့အရေး လုပ်ဆောင်မည်ကို ယုံကြည်မှု မရှိကြောင်း ဦးကောင်းမြင့်ထွဋ်က ပြောသည်။
၁၉၉၀ ရွေးကောက်ပွဲသည် တရားမျှတမှုနှင့် လွတ်လပ်မှု ပိုရှိကြောင်း၊ ယခု ကျင်းပသွားသည့် ရွေးကောက်ပွဲသည် မြန်မာ့ နိုင်ငံရေး သမိုင်းစာမျက်နှာတွင် အကျည်းတန် အရုပ်အဆိုးဆုံး ရွေးကောက်ပွဲတခုဖြစ်ကြောင်းလည်း သူက ဆိုသည်။
“လူထု ထောက်ခံမှုနဲ့ တက်လာတဲ့ အစိုးရသစ်က အခက်အခဲတွေ အများကြီး ရင်ဆိုင်ရနိုင်တယ်။ မဲကို ကြောက်လို့သာ ထည့် လိုက်ရတာ။ အကြောက်တရားကြောင့် ရလာတဲ့ အာဏာရှင် အစိုးရကြောင့် တိုင်းပြည်က အကြောက်တရား တွေနဲ့ ဆက် ချီတက်ကြရဦးမယ် ဆိုရင် ကမ္ဘာနဲ့ ရင်ပေါင်တန်းဖို့ မပြောနဲ့ နောက်ပြန်ဆွဲပြီး နစ်သထက် နစ်အောင်လုပ်နေ သလိုပဲ ဖြစ်ဦးမှာ” ဟု ၎င်းက ပြောသည်။
လာမည့် စနေနေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါက လက်တွဲ၍ ပြည်သူလူထု ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိ လာစေရန် လုပ်ဆောင်သွားမည်ဟု ဦးကောင်းမြင့်ထွဋ်က ဆိုသည်,
THIS POST WAS COPYING FROM IRRAWADDY BURMESE NEWS,,,
အညံ့ခံဖို့ အကြောင်းမရှိ

ဗိုလ်မှူးကြီး စောလားပွယ်
ရွေးကောက်ပွဲ ကျင်းပသည့်နေ့ ဖြစ်သော နိုဝင်ဘာလ ၇ ရက်နေ့တွင် ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က မြ၀တီမြို့၌ အစိုးရတပ်ဖွဲ့များကို အလစ်အငိုက် ညတိုက်ပွဲတခုဖြင့် တိုက်ခိုက်ခဲ့ပြီး အစိုးရအဆောက်အအုံ များစွာကို ယာယီထိန်းချုပ်နိုင်ခဲ့သည်။ နောက်တရက်တွင် မြ၀တီမြို့တွင်းနှင့် မြို့တ၀ိုက်တွင် DKBA နှင့် စစ်အစိုးရတပ်ဖွဲ့များအကြား တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ထိုနေ့တွင်ပင် DKBA တပ်ဖွဲ့များသည် ဘုရားသုံးဆူဒေသတွင် တပ်စွဲထားသော စစ်အစိုးရတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ပြီး အစိုးရအဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့သည်။ တိုက်ခိုက်မှုများကြောင့် ဒုက္ခသည်ပေါင်း ထောင်သောင်းချီ၍ ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် စံခရဘူရီမြို့များသို့ ထွက်ပြေးခဲ့ကြသည်။
ဗိုလ်မှူးကြီး စောလားပွယ်သည် DKBA တပ်မဟာ (၅) ၏ တပ်မှူးဖြစ်သည်။ DKBA ခေါင်းဆောင်ပိုင်းက စစ်အစိုးရ ဖိအားပေးသည့်အတိုင်း နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်ခံလိုက်ခြင်းကို သဘောမတူသဖြင့် DKBA မှ ခွဲထွက်ခဲ့သော တပ်မဟာ တခုလည်း ဖြစ်သည်။ DKBA တပ်မဟာ (၅) သည် မြ၀တီနှင့် ဘုရားသုံးဆူ ဒေသတ၀ိုက် ထိုင်း-မြန်မာ နယ်စပ်အနီးတွင် အခြေစိုက်သည်။
လက်ရှိစစ်ရေး အခြေအနေများနှင့်ပတ်သက်၍ ဧရာဝတီသတင်းထောက် စောရန်နိုင်က ဗိုလ်မှူးကြီး စောလားပွယ်အား ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ နိုဝင်ဘာ ၇ ရက်နေ့တုန်းက ဗိုလ်မှူးကြီးတို့အဖွဲ့ မြ၀တီမြို့ကိုဝင်တိုက်ပြီး အစိုးရအဆောက်အဦတွေကို သိမ်းယူခဲ့တယ်။ ဘာကြောင့် အဲဒီလို တိုက်ခိုက်ခဲ့ရတယ်ဆိုတာနဲ့ပတ်သက်ပြီး သိပါရစေခင်ဗျား။
ဖြေ ။ ။ စစ်အစိုးရက မြ၀တီမြို့ခံတွေကို အတင်းအကျပ် မဲပေးခိုင်းတယ်လို့ ကျနော်တို့ကြားရတယ်။ လူထုက မဲမပေးချင်ဘူး။ ဒါပေမယ့် စစ်အစိုးရက လူထုကို လက်နက်အားကိုးနဲ့ အကျပ်ကိုင်ခြိမ်းခြောက်တယ်။ အဲဒါကြောင့်မို့ လုံခြုံရေးအတွက် မြ၀တီမှာ ကျနော်တို့တပ်တွေ နေရာစယူခဲ့တာပါ။
မေး ။ ။ မြန်မာအစိုးရက ဗိုလ်မှူးကြီးအပေါ် ဘယ်လိုမျိုး ဖိအားတွေပေးနေပါသလဲ။
ဖြေ ။ ။ ကျနော်သာ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ သဘောတူမယ်ဆိုရင် ကျနော့်ကို ကားအစီး ၅၀၀ နဲ့ စီးပွားရေးလုပ်ခွင့်တွေ ပေးမယ်လို့ အစိုးရအာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ကျနော့်ကို ဖျောင်းဖျပြောဆိုဖို့ဆိုပြီး အစိုးရက ဆရာတော် ဦးသုဇနကိုတောင် ခိုင်းခဲ့သေးတယ်။ ဘယ်သူမှ ကျနော်တို့ကို မစည်းရုံးနိုင်တဲ့အခါကျတော့ အစိုးရက ကျနော်တို့ကို မြ၀တီကနေ ထွက်သွားခိုင်းပါတယ်။ ကျနော်တို့ကို မတွေ့ချင်တော့ဘူးလို့ သူတို့က ပြောပါတယ်။ ဒါပေမယ့် ကျနော်တို့ ထွက်မပေးနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနေရာဟာ ကရင့်နယ်မြေဖြစ်တယ်။ ဒါ့ကြောင့် ကရင်တိုင်းရင်းသားတွေ နေထိုင်နိုင်ရမယ်။ ဘယ်လိုအကြောင်းနဲ့မှ ကျနော်တို့ ထွက်မပေးနိုင်ပါဘူး။ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ကိုသာ ကျနော်က လက်ခံမယ်ဆိုရင် ကျနော်လိုတာပေးမယ်လို့ စစ်အစိုးရက ပြောပါတယ်။ ပြည်သူလူထုအတွက်ပဲ အလုပ်အကျွေးပြုမယ်လို့ ပြန်ပြောလိုက်တယ်။ လူထုကို အကာအကွယ်ပေးဖို့ဆိုတာ ကျနော်တို့တပ်ဖွဲ့တွေရဲ့ တာဝန်ပဲဖြစ်တယ်။
မေး ။ ။ အခုပြီးသွားတဲ့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီးရဲ့အမြင်ကို သိပါရစေ။
ဖြေ ။ ။ ဒီရွေးကောက်ပွဲက မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီ မဆောင်ကျဉ်းပေးနိုင်သလို တိုင်းရင်းသား ပြည်သူလူထုအတွက်လည်း တန်းတူညီမျှမှု ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီမိုကရေစီအစစ်အမှန် မဟုတ်ဘူး။ စစ်ဗိုလ်ချုပ်ကြီးတွေ အရေခွံလဲတဲ့သဘောပါပဲ။ ပြည်သူလူထုကလည်း ရွေးကောက်ပွဲကို မထောက်ခံဘူး။ စစ်မှန်တဲ့ ရွေးကောက်ပွဲလည်း မဟုတ်ဘူး။ တိုင်းရင်းသားဒေသတွေမှာ ဘာတွေဖြစ်နေသလဲဆိုတာကို နိုင်ငံတကာအသိုင်းအ၀န်းက လာရောက် ကြည့်ရှုလေ့လာဖို့လိုပါတယ်။ ပြဿနာတွေကို သူတို့လာပြီး ဖြေရှင်းပေးသင့်ပါတယ်။
မေး ။ ။ တခြား DKBA တပ်မဟာတွေက နယ်ခြားစောင့်တပ် ဖွဲ့ဖို့ လက်ခံခဲ့ကြတယ်။ ဗိုလ်မှူးကြီးတို့ တပ်မဟာတခုပဲ နယ်ခြားစောင့်တပ်အစီအစဉ်ကို လက်မခံဘဲငြင်းပယ်ခဲ့ပါတယ်။ နယ်ခြားစောင့် တပ်ဖွဲ့နဲ့ပတ်သက်လို့ ဗိုလ်မှူးကြီးရဲ့ အမြင်ကို သိပါရစေ။
ဖြေ ။ ။ နယ်ခြားစောင့်တပ်ဖွဲ့ဆိုတာ စစ်အစိုးရက ကျနော်တို့ ကရင်ပြည်သူတွေကို ဖိနှိပ်ချေမှုန်းပစ်မယ့် နည်းလမ်းပါ။ ကျနော်တို့ကတော့ အောင်ပွဲမရမချင်း ကရင့်တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီးရဲ့ မူလေးချက်ကို ဆုပ်ကိုင်သွားမှာဖြစ်ပါတယ်။ အဲဒါတွေက ဘာလဲဆိုတော့ (၁) လက်နက်ချစကား အလျဉ်းမပြောရ (၂) ကရင့်လက်နက် ကရင့်လက်ထဲမှာရှိရမည် (၃) ကရင့်ကြမ္မာ ကရင်ဖန်တီးရမည် (၄) ကရင်ပြည် အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည် ဆိုတာပါပဲ။
မေး ။ ။ ဗိုလ်မှူးကြီးတို့က မြန်မာအစိုးရနဲ့ နှစ်ပေါင်း ၁၅ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီး ရည်တည်လှုပ်ရှားခဲ့ပါတယ်။ ဒီတော့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်နဲ့ပတ်သက်ပြီး စစ်အစိုးရရဲ့ သဘောထားက ဘာဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီးထင်ပါသလဲ။ အပစ်အခတ်ရပ်စဲရေးအပေါ်မှာကော သူတို့အနေနဲ့ အလေးအနက်ရှိပါရဲ့လား။
ဖြေ ။ ။ စစ်အစိုးရက သူတို့နဲ့လာရောက်ပူးပေါင်းဖို့ ကျနော်တို့ကို ဖိတ်ခေါ်ခဲ့တယ်။ ပြည်သူလူထုရဲ့ အကျိုးစီးပွား၊ ငြိမ်းချမ်းရေးရရှိဖို့ ရည်မှန်းချက်နဲ့ နှစ်ပေါင်းများစွာကြာအောင် ကျနော်တို့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့က ငြိမ်းချမ်းရေးကို တကယ်မလိုလားပါဘူး။ စစ်အစိုးရက သဘောတူချက်အပေါ်မှာ အလေးထားခြင်းမရှိသလို အပစ်ရပ်စာချုပ်နဲ့ပတ်သက်လို့လည်း မရိုးသားပါဘူး။ ပြည်သူလူထုအပေါ်မှာရော တိုင်းရင်းသားလူထုအပေါ်မှာပါ သူတို့တွေ မရိုးသားကြပါဘူး။ ဒီလူတွေအုပ်ချုပ်မှုအောက်မှာတော့ ကျနော်တို့ အသက်ပဲရှုနိုင်တယ်၊ အသက်တော့ မရှင်နိုင်ပါဘူး။
မေး ။ ။ မြန်မာအစိုးရနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ဗိုလ်မှူးကြီးတို့ဘက်မှာက ရဲဘော်အင်အား နည်းနည်းပဲရှိတယ်။ ဆိုတော့ ဗိုလ်မှူးကြီးတို့က အစိုးရတပ်တွေကို ဘယ်လိုတန်ပြန် တိုက်မလဲ။
ဖြေ ။ ။ ကျနော်တို့တပ်တွေကို မြ၀တီကနေ ပြန်ဆုတ်ခိုင်းပြီး မြို့အပြင်မှာ နေရာချထားပါတယ်။ ကျနော်တို့ရဲ့ စစ်ဗျူဟာကို ပြောင်းပါမယ်။ ပြောက်ကျားစစ်နည်းဗျူဟာနဲ့ ကျနော်တို့ ပြန်တိုက်ပါမယ်။ ကျနော်တို့ကို စစ်ရေးအကူအညီပေးမယ့် အကူတပ်ဖွဲ့တွေလည်း ရှိပါသေးတယ်။
မေး ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ကရော ဗိုလ်မှူးကြီးတို့အဖွဲ့ကို ကူညီမှာလား။
ဖြေ ။ ။ ကျနော်တို့ KNU နဲ့ ပုံမှန်အဆက်အသွယ်ရှိပါတယ်။
မေး ။ ။ စစ်အစိုးရက ဗိုလ်မှူးကြီးတို့အဖွဲ့ကို နယ်ခြားစောင့် တပ်ဖွဲ့ထဲပါဖို့ နောက်ထပ် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်လာဦးမယ်လို့ ယူဆပါသလား။
ဖြေ ။ ။ မထင်ပါဘူး။ သူတို့သဘောထားက သိပ်မဟုတ်ဘူး။ အခုအထိ အင်အား ထပ်တိုးနေတုန်းရှိသေးတယ်။
THIS POST WAS COPYING FROM IRRAWADDY BURMESE NEWS,,,
မင်းသမီး ၃ ပါးနှင့် NDF အရှုံးနှင့်ကြုံ

ဝန်ကြီးချုပ်ဟောင်းများ၏ သမီးများဖြစ်သော “ မင်းသမီး ၃ ပါး” ဟု မီဒီယာများက ဖော်ပြကြသူများ ပါဝင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ခွဲထွက်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီတို့သည် မဲမသမာမှုများကြောင့် ရွေးကောက်ပွဲတွင် ဆိုးဆိုးဝါးဝါးဆုံးရှုံးမှုများ ရင်ဆိုင်ရကြောင်း သိရသည်။
ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေနှင့် ဒေါ်သန်းသန်းနု။ ရွေးကောက်ပွဲသည် မြန်မာပြည်အတွက် အပြောင်းအလဲ ဖြစ်မည်ဟု ထင်ခဲ့ကြသော်လည်း မျှော်လင့်သလို ဖြစ်မလာဟု ၎င်းတို့က ပြောသည် (ဓာတ်ပုံ - ဧရာဝတီ)
မြန်မာနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဦးနု၏ သမီးဖြစ်သူ ဒေါ်သန်းသန်းနုက “နယ်မြေ ၄ ခုမှာ ၃ ခုက ကိုယ့်ကို ထောက်ခံတဲ့မဲ ရခဲ့တယ်။ ဒါပေမယ့် စာရင်းလည်း ပိတ်လိုက်ရော အမှတ်တွေက အရမ်းကို ကွာသွားတယ်။ ကိုယ့်ကိုဘယ်လို ထောက်ခံခဲ့တယ်ဆိုတာ သိပေမယ့် ရှုံးတယ်ဆိုတာက မဲရုံမှာ ကိုယ်စားလှယ်တွေ မထားနိုင်တာ၊ မဲ ရေတဲ့အချိန်မှာ ကိုယ့်ကို မခေါ်တာ။ ဒီလိုဆိုတော့ သူတို့ လုပ်ချင်တိုင်းလုပ်လို့ ရသွားတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ဒေါ်သန်းသန်းနုသည် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုယ်စားပြု အမျိုးသားလွှတ်တော်အတွက် မန္တလေးမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကို မဲ အပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
“အခု ကျင်းပသွားတဲ့ ရွေးကောက်ပွဲက မတရားဆုံး ရွေးကောက်ပွဲတခုပဲ။ နိုင်သွားတဲ့ပါတီအနေနဲ့ သိက္ခာရှိရှိ ဖြစ်ချင်တယ်ဆိုရင်တော့ အရပ်သားအစိုးရ ပီပီပြင်ပြင်လုပ်ပေးခဲ့မယ်ဆိုရင်တော့ ကောင်းမယ်။ ဒီရွေးကောက်ပွဲကို အဖေသာ ရှိနေရင် မတရားဆုံး ရွေးကောက်ပွဲလို့ ပြောမှာပဲ” ဟု ဒေါ်သန်းသန်းနုက ပြောသည်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကို ကိုယ်စားပြု၍ ပဲခူးတိုင်း၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်သည့် ဒေါ်ချိုချိုကျော်ငြိမ်းက “နယ်ကလူတွေက ပေးလိုက်တာ ဒေါင်း၊ ထွက်လာတာ ခြင်္သေ့၊ ဘယ်လိုဖြစ်တာလဲတဲ့။ ကြိုတင်မဲတွေ အန်တီ မကြောက်ဘူး။ ဘာလို့လဲဆို ကိုယ့်ကိုယ် ထောက်ခံတဲ့လူ ဘယ်လောက်ရှိနေလဲကို သိနေတယ်လေ။ ဒါပေမယ့် မဲရုံမှူးက မဲပုံးကို အိမ်သယ်သွားပြီး ပက်ပက်စက်စက် မဲခိုးတယ်။ တချို့မဲရုံတွေမှာ ဖွင့်တောင် မဖွင့်ရသေးဘူး မဲပုံးထဲ မဲကရောက်နေပြီ။ ဒီအတွက် မနက်ဖြန် နေပြည်တော်အထိတက်ပြီး တိုင်ဖို့လုပ်မယ်” ဟု ပြောသည်။
ဒေါ်ချိုချိုကျော်ငြိမ်းသည် ဒု ၀န်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီးဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၏ သမီး ဒေါ်နေရီဗဆွေဖြစ်ပြီး စမ်းချောင်းမြို့နယ်တွင် ဒီမိုကရက်တစ်ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နရီဗဆွေက “တပါတီက ဒေါ်အောင်ဆန်းစုကြည် နာမည်ကို အသုံးချသွားတယ်။ တပါတီက ကြိုတင်မဲကို အသုံးချသွားတယ်။ ပြည်သူလူထုကတော့ မီးပျက်ပြီး အမှောင်ထဲမှာ နေနေရတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲမတိုင်မီ ပါတီကိုယ်စားပြု သတင်းစာရှင်းလင်းပွဲတခုတွင် ၎င်းတို့ ၃ ဦးသည် မြန်မာပြည်၏ မင်းသမီး ၃ ပါးဟု တင်စားပြောဆိုခဲ့ပြီး စစ်အစိုးရမှာမူ စုန်းမ ၃ ယောက်အဖြစ် မြင်မည်ဟု ပြောခဲ့သည်။
မြန်မာပြည် ပြောင်းလဲမှုအတွက် ရွေးကောက်ပွဲသည် ပထမဆုံးခြေလှမ်းဟု ယုံကြည်ကာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဟု ၎င်းတို့က ပြောကြသည်။
မြန်မာတနိုင်ငံလုံးတွင် NDF ပါတီမှ ကိုယ်စားလှယ်လောင်း ၁၆၁ ယောက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ရန်ကုန်မြို့တွင် ၁၆ နေရာ၌သာ အနိုင်ရခဲ့သည်ဟု NDF ပါတီဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက ဆိုသည်။
“ပြည်သူပေးတဲ့မဲမှာ ကျနော်တို့ နိုင်တယ်၊ သက်ဆိုင်ရာက ပေးတဲ့မဲမှာတော့ ကျနော်တို့ ရှုံးတာပေါ့။ မဲရေတော့မှ ကြိုတင်မဲထုပ်တွေ ရောက်လာတယ်။ တချို့နေရာတွေမှာဆို အထုပ်တောင် မမြင်ရဘူး။ ဒါ ကြိုတင်မဲ ပေးထားတဲ့ လူစာရင်းဆိုပြီး ပြတယ်။ မဲတွေ ပြခိုင်းတော့ ပြခွင့်မရှိဘူးပြောတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူးဆိုတာ အစကတည်းက သိပေမယ့် ဒီလောက်အထိ လက်လွတ်စပယ် လုပ်မယ်မထင်ဘူး။ မျှော်လင့်ထားတာထက် ပိုသွားတာပေါ့” ဟု ၎င်းက ပြောသည်။
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေက ရွေးကောက်ပွဲရလဒ်နှင့် မဲသမာမှုများအရ ရွေးကောက်ပွဲသည် မသင့်တင့်သောရွေးကောက်ပွဲ ဖြစ်သော်လည်း ပြည်သူများ နိုင်ငံရေးနိုးကြားမှု အားကောင်းလာစေရန် ပြုနိုင်ခဲ့ခြင်းသည် ဒီမိုကရေစီ အင်အားစုများ ရရှိလိုက်သည့် အမြတ်ဖြစ်သည်ဟု ဆိုသည်။
“တခြားပါတီက မဲမသမာမှုတွေကို တိုင်ဖို့လုပ်ရင်တော့ ၀င်ပါဝင်သွားဖို့ရှိတယ်။ တိုင်တယ်ဆိုတာ လေးစားတဲ့လူကို တိုင်တာလေ။ ကော်မရှင်က လေးစားစရာမရှိတော့ ကိုယ့်ပါတီအနေနဲ့ကတော့ တိုင်လည်းမတိုင်တော့ဘူး၊ ဘာမှလည်း ဒီပေါ်မှာ မမျှော်လင့်ထားဘူး” ဟု ၎င်းက ပြောသည်။
ရွေးကောက်ပွဲရလဒ်သည် ဒီမိုကရေစီအင်အားစုများကို တယောက်နှင့်တယောက် ကျောချင်းကပ်ပေးလိုက် ခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါက ပြောင်းလဲမှု တစုံတရာအတွက် စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။
မြန်မာတနိုင်ငံလုံးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း နေရာ ၁၁၅၇ နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်သည့် ကြံ့ဖွံ့ပါတီက ၈၀ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိနေသည်ဟု ဆိုကြောင်း ယင်းပါတီမှ တာဝန်ရှိသူတဦးကို ကိုးကား၍ AFP သတင်းဌာနက ဖော်ပြထားသည်။
THIS POST WAS COPYING FROM IRRAWADDY BURMESE NEWS,,,,
DKBA ဘက်မှ တိုင်းရင်းသား လက်နက်ကိုင်တချို့ ကူတိုက်ဖွယ်ရှိ

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် စစ်အစိုးရနှင့် တိုက်ခိုက်နေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA)ဘက်မှ စစ်ရေးအရ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တချို့က ကူ၍ တိုက်နိုင်ဖွယ် ရှိကြောင်း စစ်ရေး လေ့လာသူများက ပြောသည်။
၂၀၀၇ ခုနှစ်က စစ်ရေးပြ အခမ်းအနားတွင် တွေ့ရသော DKBA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)
DKBA တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး(စောလားပွယ်) ၏ တပ်များနှင့် နအဖ စစ်အစိုးရ တပ်များအကြား လက်ရှိ တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်၍ သုံးသပ် ပြောဆိုနေခြင်း ဖြစ်သည်။
“နအဖရဲ့ တိုက်ခိုက်မှုဟာ ဆက်တက်လာမယ် ဆိုလို့ရှိရင်တော့ အဲဒီမှာ ရှိတဲ့ အဖွဲ့တွေအားလုံးဟာ ရှောင်လို့မရဘူး၊ အားလုံး လက်တွဲ တိုက်ရလိမ့်မယ်ထင်တယ်”ဟု ကရင်အမျိုးသား အစည်းအရုံး (KNU)မှ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေ က ဧရာဝတီသို့ ပြောသည်။
ဘုရားသုံးဆူ ဒေသတွင် စစ်အစိုးရတပ် အပါအ၀င် DKBA ၊ အပစ် အခတ် ရပ်စဲထားသော စောသမူဟဲ၏ ဟောင်သရော အထူးဒေသ အဖွဲ့နှင့် မွန် ပြည်သစ်ပါတီ အဖွဲ့များလည်း လှုပ်ရှားလျက် ရှိကြောင်း သိရသည်။
“အဲဒီ နေရာမှာ သူသွား ကိုယ်သွားနဲ့ သွားလာနေကြတယ်။ နယ်မြေထဲမှာ တယောက်နဲ့ တယောက် ရန်မရှာဘဲနဲ့လေ၊ တယောက်နဲ့ တယောက် နားလည်ပြီးတော့ သွားလာနေကြတဲ့ အခါကျတော့ နယ်မြေက ကန့်သတ်ထားတာ မရှိဘူး၊ ၀င်လာ လို့ရှိရင် ဟိုတယောက်ကို တိုက်လို့ရှိရင် ဒီတယောက်ကို မကြည့်ဘဲနဲ့ တိုက်လို့ရမှာ မဟုတ်တဲ့ဟာတွေ ပေါ်လာရင် အားလုံးက ပြင်ထားရမှာပဲ၊ ပြင်ထားလို့ရှိရင်တော့ အားလုံးက သေနတ်ပေါက်မယ်လို့ ထင်တာပဲ”ဟု ဗိုလ်မှူး စောလှငွေက ဆက် ပြော သည်။ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာနိုင်သည့် အနေအထားရှိကြောင်းလည်း ၎င်းက ဆိုသည်။
ယနေ့ နံနက် ၄ နာရီခန့်မှ စတင်၍ DKBA တပ်ဖွဲ့ဝင်များနှင့် နအဖ တပ်များအကြား တနာရီကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နောက် တင်းမာမှုများ ဆက်လက် မြင့်မားနေပြီး ပစ်ခတ်မှု တစုံတရာ မရှိသေးကြောင်း သိရသည်။
တိုက်ပွဲတွင် နအဖ စစ်သားများ ပတ်ခတ်မှုကြောင့် ၉ နှစ်အရွယ် မြန်မာ မိန်းကလေးတဦး ထိမှန်ခဲ့ရာ ထိုင်းဆေးရုံတွင် သေ ဆုံး သွားကြောင်း၊ DKBA ဘက်မှ ပစ်ခတ်မှုကြောင့် ၁၃ နှစ်အရွယ် မြန်မာမိန်းကလေးတဦး ထိမှန်သည့် နေရာတွင်ပင် သေဆုံး ကြောင်း ထိုင်း သတင်းများက ဖော်ပြသည်။
ထိုင်းဘက်သို့ မြန်မာ စစ်ပြေးဒုက္ခသည် ၃၅၀၀ ခန့် ထွက်ပြေးခိုလှုံလျက်ရှိပြီး ထိုင်းတာဝန်ရှိသူများနှင့် နိုင်ငံတကာ အဖွဲ့များက ကူညီနေကြောင်း သိရသည်။
အလားတူ ယမန်နေ့က မြန်မာ့ရုပ်သံတွင် မြဝတီမြို့အတွင်း နအဖ တပ်များ နှင့် DKBA တပ်ဖွဲ့ဝင်များ၏ တိုက်ပွဲ သတင်း ကို ထုတ်လွှင့်ခဲ့ရာ“KNU အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့တဖွဲ့က ဝင်ရောက် ပစ်ခတ်သည်”ဟူ၍ ကြေညာခဲ့သည်။
စစ်အစိုးရသည် DKBA တပ် မှန်သမျှကို ၎င်းတို့ လက်အောက်ခံဟု လူထုက ယုံကြည်စေရန်၊ အကြမ်းဖက်မှု မှန်သမျှ KNU ၏ လက်ချက်ဟု အထင်ရောက်စေရန် ကရင် တိုင်းရင်းသားချင်း သွေးခွဲသည့် ဝါဒဖြန့်လုပ်ငန်းများ စတင် လုပ်ဆောင်နေကြောင်း စစ်ရေး လေ့လာသူတချို့က သုံးသပ်သည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ်ဂိတ်တချို့ကို DKBAတပ်ဖွဲ့ဝင်များ က ၀ိုင်းထားခဲ့ခြင်းနှင့် ပတ်သက်၍ ဘုရားသုံးဆူမြို့နယ်တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။
မြ၀တီမြို့ရှိ DKBA တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် နေရာများကို စစ်အစိုးရ တပ်များက ယမန်နေ့က ပြန်လည် ရယူထားပြီး ဖြစ်သည်။
စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် လက်ခံ ခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့ကမူ ယင်း အစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။ ၎င်း အဖွဲ့သည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ်သည်။
THIS POST WAS COPYING FROM IRRAWADDY BURMESE NEWS,,
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ၁၆ နေရာနိုင်
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ၁၆ နေရာနိုင်

မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီမှ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ၃၄ နေရာ ၀င်ရောက်ယှဉ်ပြိုင်သည့် အနက် ၁၆ နေရာ အနိုင်ရခဲ့သည်ဟု မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၏ ပြောဆိုချက်အရ သိရှိရသည်။ မွန်ပြည်နယ်တွင် ၁၅ နေရာနှင့် ကရင်ပြည်နယ်တွင် ၁ နေရာ အနိုင်ရခြဲ့ခင်းဖြစ်သည်ဟု သိရသည်။

(မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ရုံးခန်းတွင်တွေ့ရသော အမတ်လောင်း ဦးလှခိုင်)
ကော်မရှင်မှ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း ပါတီဘက်မှ စုဆောင်းရရှိထားသည့် စာရင်းများအရ ယခုကဲ့သို့ ၁၆ နေရာ အနိုင်ရသည်ဟု သိရှိရခြင်း ဖြစ်သည်။
ဒေသဆိုင်ရာ အာဏာပိုင် ၊ အုပ်ချုပ်ရေး အာဏာ ရယူထားသည့် ပ၀တ၊ မ၀တ၊ ရယက ရာအိမ်မှူုး ၊ ဆယ်အိမ်မှူး နှင့် ကြံ့ဖွံ့ပါတီစည်းရုံးရေးမှူးများအားလုံး ကြံ့ဖွံ့အနိုင်ရရေး အတွက် ၀ိုင်းဝန်းကာ ကြံစည်လုပ်ဆောင်ပေးခဲ့ကြရသလို၊ အာဏာပိုင်များ ဖြစ်သည့်ရဲ၊ ထောက်လှမ်းရေးနှင့် စစ်တပ်တို့ကလည်း ကြံ့ဖွံ့ပါတီ အနိုင်ရရေးလုပ်ဆောင်မှုများကို ကာကွယ်ပေးခဲ့ကြသည်။
တပြိုင်နက်တည်းတွင် အာဏာပိုင်များက ပြိုင်ဖက်အင်အားစုများ၊ လူမျိုးစုပါတီများ၏ စည်းရုံးရေး လုပ်ဆောင်မှုများအား ဟန့်တား၊ နှောက်ယှက်ပေးခဲ့ကြရသည်။ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ၄င်းတို့ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများကို ကြံ့ဖွံ့ပါတီက ချိုးဖောက်နေသော်လည်း မမြင်ယောင်ဆောင်နေပေး ခဲ့ပြီး ထိုလုပ်ရပ်များအား အခြားပါတီများက ကန့်ကွက်၊ တိုင်ကြားလာလျင်လည်း အရေးမယူပဲ၊ လျစ်လျူရှုနေပေးခဲ့သည်ကိုတွေ့ရသည်။

(မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ရုံးခန်း)
ထိုသို့သော ဘက်လိုက်မှု ခြိမ်းခြောက်မှု များအကြားမှ ယခုလို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ က ၁၆ နေရာအနိုင်ရခဲ့ခြင်းဖြစ်သည်။ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအား မဲပေးသူအားလုံးမှာ မွန်လူမျိုးချည်းမဟုတ်သည်ကို တွေ့ရသည်။ မွန်ပြည်နယ်တွင် နေထိုင်ကြသည့် မူဆလင်ဘာသာဝင် များ၊ ကရင်လူမျိုးများ၊ မြန်မာလူမျိုးများလည်း ထောက်ခံမဲပေးခဲ့ကြသည်။

(မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင်များ)
မူဆလင်ဘာသာဝင် တဦးက ပြောရာတွင်
“ကျွန်တော်တို့ ၈၈ တုန်းက အရေးအခင်းမှာလည်း ပါဝင်လှုပ်ရှားခဲ့တယ်။ နောက် အန်အယ်လ်ဒီပါတီဝင် ဖြစ်ခဲ့တယ်။ အခုရွေးကောက်ပွဲမှာ ဘယ်သူ့ကိုမဲပေးမလဲ ဆိုတာကျွန်တော်တို့ အချင်းချင်းတိုင်ပင်ပြီး ဒီပါတီကို ထောက်ခံကူညီဖို့ ဆုံးဖြတ်ခဲ့တာပါ”
ဟုပြောသည်။
THIS POST WAS COPYING FROM MOEMAKA BURMESE NEWS,,

မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီမှ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ၃၄ နေရာ ၀င်ရောက်ယှဉ်ပြိုင်သည့် အနက် ၁၆ နေရာ အနိုင်ရခဲ့သည်ဟု မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၏ ပြောဆိုချက်အရ သိရှိရသည်။ မွန်ပြည်နယ်တွင် ၁၅ နေရာနှင့် ကရင်ပြည်နယ်တွင် ၁ နေရာ အနိုင်ရခြဲ့ခင်းဖြစ်သည်ဟု သိရသည်။
(မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ရုံးခန်းတွင်တွေ့ရသော အမတ်လောင်း ဦးလှခိုင်)
ကော်မရှင်မှ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း ပါတီဘက်မှ စုဆောင်းရရှိထားသည့် စာရင်းများအရ ယခုကဲ့သို့ ၁၆ နေရာ အနိုင်ရသည်ဟု သိရှိရခြင်း ဖြစ်သည်။
ဒေသဆိုင်ရာ အာဏာပိုင် ၊ အုပ်ချုပ်ရေး အာဏာ ရယူထားသည့် ပ၀တ၊ မ၀တ၊ ရယက ရာအိမ်မှူုး ၊ ဆယ်အိမ်မှူး နှင့် ကြံ့ဖွံ့ပါတီစည်းရုံးရေးမှူးများအားလုံး ကြံ့ဖွံ့အနိုင်ရရေး အတွက် ၀ိုင်းဝန်းကာ ကြံစည်လုပ်ဆောင်ပေးခဲ့ကြရသလို၊ အာဏာပိုင်များ ဖြစ်သည့်ရဲ၊ ထောက်လှမ်းရေးနှင့် စစ်တပ်တို့ကလည်း ကြံ့ဖွံ့ပါတီ အနိုင်ရရေးလုပ်ဆောင်မှုများကို ကာကွယ်ပေးခဲ့ကြသည်။
တပြိုင်နက်တည်းတွင် အာဏာပိုင်များက ပြိုင်ဖက်အင်အားစုများ၊ လူမျိုးစုပါတီများ၏ စည်းရုံးရေး လုပ်ဆောင်မှုများအား ဟန့်တား၊ နှောက်ယှက်ပေးခဲ့ကြရသည်။ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ၄င်းတို့ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများကို ကြံ့ဖွံ့ပါတီက ချိုးဖောက်နေသော်လည်း မမြင်ယောင်ဆောင်နေပေး ခဲ့ပြီး ထိုလုပ်ရပ်များအား အခြားပါတီများက ကန့်ကွက်၊ တိုင်ကြားလာလျင်လည်း အရေးမယူပဲ၊ လျစ်လျူရှုနေပေးခဲ့သည်ကိုတွေ့ရသည်။

(မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ရုံးခန်း)
ထိုသို့သော ဘက်လိုက်မှု ခြိမ်းခြောက်မှု များအကြားမှ ယခုလို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ က ၁၆ နေရာအနိုင်ရခဲ့ခြင်းဖြစ်သည်။ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအား မဲပေးသူအားလုံးမှာ မွန်လူမျိုးချည်းမဟုတ်သည်ကို တွေ့ရသည်။ မွန်ပြည်နယ်တွင် နေထိုင်ကြသည့် မူဆလင်ဘာသာဝင် များ၊ ကရင်လူမျိုးများ၊ မြန်မာလူမျိုးများလည်း ထောက်ခံမဲပေးခဲ့ကြသည်။

(မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင်များ)
မူဆလင်ဘာသာဝင် တဦးက ပြောရာတွင်
“ကျွန်တော်တို့ ၈၈ တုန်းက အရေးအခင်းမှာလည်း ပါဝင်လှုပ်ရှားခဲ့တယ်။ နောက် အန်အယ်လ်ဒီပါတီဝင် ဖြစ်ခဲ့တယ်။ အခုရွေးကောက်ပွဲမှာ ဘယ်သူ့ကိုမဲပေးမလဲ ဆိုတာကျွန်တော်တို့ အချင်းချင်းတိုင်ပင်ပြီး ဒီပါတီကို ထောက်ခံကူညီဖို့ ဆုံးဖြတ်ခဲ့တာပါ”
ဟုပြောသည်။
THIS POST WAS COPYING FROM MOEMAKA BURMESE NEWS,,
Subscribe to:
Posts (Atom)