Wednesday, March 2, 2011

နေပြည်တော်ဒီဇိုင်း

နေပြည်တော်ဒီဇိုင်း

ရန်ကုန်တိုင်း NLD အမျိုးသမီးအဖွဲ့ တိုးချဲ့

ရန်ကုန်တိုင်း NLD အမျိုးသမီးအဖွဲ့ တိုးချဲ့

လွှတ်တော် မူကြမ်းကော်မတီ ဥက္ကဋ္ဌ ရာထူးကြောင့် ဒွိဟပွား

လွှတ်တော် မူကြမ်းကော်မတီ ဥက္ကဋ္ဌ ရာထူးကြောင့် ဒွိဟပွား

The Irrawaddy's Blog: ဖမ်းမိတဲ့ မြန်မာအမျိုးသမီးကို လိင်ကိစ္စနဲ့ အပေးအယူလ...

The Irrawaddy's Blog: ဖမ်းမိတဲ့ မြန်မာအမျိုးသမီးကို လိင်ကိစ္စနဲ့ အပေးအယူလ...: "ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ရဲအရာရှိတယောက်ကတော့ မြန်မာအမျိုးသမီးတယောက်ကို မတော်တရော် အပေးအယူ လုပ်မှုနဲ့ ထောင် ၆ နှစ် ကျသွားပါတယ်။ အပေးအယူက တ..."

အင်းစိန်ဗုံး မသင်္ကာသူကို ရဲ ရှာနေ

အင်းစိန်ဗုံး မသင်္ကာသူကို ရဲ ရှာနေ

သားကို စစ်တပ်ထဲမှ ရွေးထုတ်ရမည်

သားကို စစ်တပ်ထဲမှ ရွေးထုတ်ရမည်

ကချင်ကို စစ်အင်အားသုံး ဖြေရှင်းမည်ဟု စရဖ ခြိမ်းခြောက်

ကချင်ကို စစ်အင်အားသုံး ဖြေရှင်းမည်ဟု စရဖ ခြိမ်းခြောက်

တိုက်လေယာဉ် ပထမအသုတ် မတ်လတွင် ရောက်မည်

မန်မာ့လေတပ်တွင် အသုံးပြုရန် ရုရှား နိုင်ငံမှ မှာယူထားသော MiG-29 အမျိုးအစား တိုက်လေယာဉ် အစီး ၂၀ အနက် ပထမ အသုတ် မတ်လအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်သည်။
Mig-29_Myanmar400


မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်တွင် မြင်တွေ့ရသော MiG-29B တစင်း (ဓာတ်ပုံ - Airliners)

ရုရှားနိုင်ငံမှ မှာယူထားသော တိုက်လေယာဉ်များမှာ MiG-29B အမျိုးအစား ၁၀ စီး၊ MiG-29SE တယောက်စီး ၆ စီးနှင့် အမောင်းသင် ၂ ဦးစီး ၄ စီး ဖြစ်ကြောင်း၊ ၎င်းတို့အတွက် ကျသင့်သည့် တန်ဖိုးမှာ ယူရို သန်း ၄၀၀ (အမေရိကန် ဒေါ်လာ ၅၅၃ သန်း) ခန့် ရှိကြောင်း Flightglobal အွန်လိုင်းသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

ယင်းသို့ ဝယ်ယူမှုများသည် မြန်မာ့လေတပ်တွင် MiG-29 လေယာဉ်များ အသုံးပြုမှုကို တိုးမြှင့်ရန် ဖြစ်သည်ဟုလည်း အဆိုပါ သတင်းတွင် ရေးသားထားသည်။

MiG တိုက်လေယာဉ်များကို ရုရှားကုမ္ပဏီတခုဖြစ်သည့် လူခိုဗစ်စီ ကုမ္ပဏီမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အဆိုပါလေယာဉ်များ အတွက် လေယာဉ်ကိုယ်ထည်များ၊ အပိုပစ္စည်းများကို ၁၉၈၀ နှစ်များ ကတည်းက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

တိုက်လေယာဉ်များကို ဝယ်ယူခဲ့ရာတွင် နည်းပညာပိုင်းဆိုင်ရာ တပ်ဆင်မှုများ၊ အထောက်အပံ့များနှင့် Phazotron N-019 အမျိုးအစား ရေဒါများကိုပါ လေယာဉ်တွင် တပ်ဆင်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

ယခု ရောက်ရှိလာမည့် MiG-29 တိုက်လေယာဉ်များ ဝယ်ယူရန် ၂၀၀၉ ခုနှစ်ကုန်ပိုင်းတွင် သဘောတူခဲ့ခြင်း ဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင်လည်း ယင်းအမျိုးအစား တိုက်လေယာဉ် ၁၂ စင်းကို မြန်မာ့လေတပ်အတွက် ဝယ်ယူခဲ့သေးသည်။

၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်းကလည်း တိုက်ချင်းပစ် ဒုံးကျည်အပြင် တခြားဒုံးကျည်များ တပ်ဆင်နိုင်သည့် တရုတ် နိုင်ငံထုတ် K-8 အမျိုးအစား လေ့ကျင့်ရေး ဂျက်လေယာဉ် အစီး ၅၀ ကို လေ့ကျင့်သင်တန်းပေးရန်နှင့် စစ်ဆင်ရေးများတွင် အသုံးပြုရန် ဝယ်ယူခဲ့သည်။

တိုက်လေယာဉ်များသာမကဘဲ Antonov-148 (An-148) အမျိုးအစား ခရီးသည်တင်လေယာဉ် ၂ စီးကို ရုရှားနိုင်ငံ United Aircraft Corporation မှ လည်းကောင်း၊ MA-60 အမျိုးအစား ကုန်တင်လေယာဉ် ၃ စီးကို China National Aero-Techonology Import and Export Coporation မှ လည်းကောင်း စစ်အစိုးရက ဝယ်ယူမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

လာမည့် ဘတ်ဂျက်နှစ်တွင် စစ်အစိုးရက နိုင်ငံ့ဝင်ငွေ၏ လေးပုံ တပုံနီးပါးကို ကာကွယ်ရေးနှင့် စစ်ရေး အသုံးစရိတ်အတွက် အသုံးပြုမည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

post by စိုင်းဇွမ်ဆိုင်း/ www.irrawaddy.org Wednesday, 02 March 2011 19:14