Tuesday, November 30, 2010

ဗုဒ္ဒဘာသာ အမျိုးအစား



ဗုဒ္ဓဘာသာ အမျိုးအစား ( ပေတံ )

သူငယ်ချင်းတွေ အားလုံးဖတ် နိုင်အောင် တင်ပေး၇ ပေမဲ ကျွှန်တော့ စာမဟုတ်ပါဘူး ။
ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။
ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။
ထိခြင်း ၅ပါးဆိုတာ က အလင်္ကာ လေးနဲ မှတ်၇င် ခြေ ၊လက် ၊နဖူး ၊တံတောင် ။ ဒူး -ငါးဦးညီညွတ် စေ ပါ ။
မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ ငါးမျိုး
ကွဲပြား လိမ့်မယ်" ဟု ဟောတော်မူထားခဲ့ပါတယ်။ အဲဒီဗုဒ္ဓဘာသာ ငါးမျိုးကတော့......
(၁)။ ကုလ ဗုဒ္ဓဘာသာ
(၂)။ လာဘ ဗုဒ္ဓဘာသာ
(၃)။ ဘယ ဗုဒ္ဓဘာသာ
(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)။ ပညာဓိက ဗုဒ္ဓဘာသာ

(၁)။ ကုလ ဗုဒ္ဓဘာသာ( မိရိုးဖလာဗုဒ္ဓဘာသာ)
ကုလ ဗုဒ္ဓဘာသာ ဆိုတာ ရိုးရာ ဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့
သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။
မိဘက အစ္စလာမ်ဆိုရင် သားသမီးကလည်း အစ္စလာမ်။ ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။
မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတယ် ဘုရားရှင် ဘာလို့
ပွင့်မှန်းမသိ။ ဘုရား ဘာတရားဟောမှန်းလည်း မသိ။ ကိုယ်ပြောတဲ့
ဗုဒ္ဓဘာသာဝင်ဆိုတာတောင်မှ ဘာပြောမှန်းမသိ။ ကိုယ်ကိုးကွယ်နေတဲ့ မြတ်စွာဘုရား
ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရ မှန်းမသိ။
ဘုရားကို ဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချနေမှန်းကို မသိတာ။ ဘာကြောင့်ဒီလောက်
ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့ လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။
ကုလဗုဒ္ဓဘာသာပါ။

(၂) လာဘာဗုဒ္ဓဘာသာ
လာဘာဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဆိုလိုတာပါ။ ဒီဘဝ
စီးပွားရေးလေး တက်မလားဆိုပြီးတော့မှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးတော့ကိုးကွယ်တယ်။ ဒီဘုရားကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ်ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားတတ်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘဗုဒ္ဓ ဘာသာပါ။

ဘုရားကိုးကွယ်မှ လာဘ်ပေါမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့လာဘ်ရွှင်နေတာလဲ။
အဓိက စီးပွားရေး ဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ကံဥာဏ်ဝီရိယ သတ္တိကြောင့်ပါ။
အရောင်းအ၀ယ်တစ်ခုလုပ်မယ်။ အိမ်ခြံဝင်းဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ
ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ၊ ဘုရားကျောင်းဆောင် ပေါ်မှာဘိုးတော်ပုံတွေ ဘွားတော်ပုံတွေ တင်ထားတာတွေ၊ ကိုးကြီးကျော် မနှဲလေး အစရှိတွေနတ်တွေ ကိုးကွယ်တာတွေ၊ ဗေဒင်တွေ ယုံကြည်ပြီး
ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘလိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်များကို လာဘာဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။

(၃)ဘယ ဗုဒ္ဓဘာသာ(ကြောက်လို့ ကိုးကွယ်သော ဗုဒ္ဓဘာသာ)
ဘယဗုဒ္ဓဘာသာဆိုတာ ဘေးကို ကြောက်လို့ ကိုးကွယ်တာကို ခေါ်ပါတယ်။ အန္တရယ်ကင်းဖို့ ၊
ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊ ကျန်းမာဖို့ ၊ ဒီလိုအတွေးအခေါ် အယူအဆတွေနဲ့ဘုရားကို ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဒီဘုရားကို ကိုးကွယ်မှအသက်ရှည်မယ်ဆိုရင် ဒီဘုရားကို မကိုးကွယ်တဲ့ ခရစ်ယာန်တွေ အစလာမ်တွေ အသက်ရှစ်ဆယ်တစ်ရာကျော်တွေ ရှည်နေကြတာ ဘာလို့ပါလဲ။

ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလဗုဒ္ဓဘာသာ၊လာဘ်လာဘာ လိုချင်ပြီး ကိုးကွယ်တာ လာဘ်လာဘ
လိုချင်ပြီး ကနားတွေပေးတာ လာဘဗုဒ္ဓဘာသာ၊ ဘေးကြောက်ပြီး အကိုးကွယ်တွေ မှားနေတာ
ဘယဗုဒ္ဓဘာသာ။ ဒီကုလ၊လာဘ၊ ဘယဗုဒ္ဓဘာသာ သုံးမျိုးကို အောက်တန်းစားဗုဒ္ဓဘာသာဟု
ခေါ်ပါသည်။ဟိုလူမပါ၊ ဒီလူမပါ၊ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန်
လုပ်နေတာတွေကို မြတ်စွာဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။

ခန္ဓာကိုယ်မှာ အသိ၊ဘာသာရေးအသိဓာတ်ခံ အားနည်းတော့ လိမ်စားနေတဲ့ သူတွေက
လိမ်လို့ကောင်းနေပါတယ်။ ဘုရားလည်း ကိုးကွယ်ရသေး၊ တရားလည်း ကိုးကွယ်ရသေး၊
ဆွမ်းဦးကိုလည်း လောင်လှူရသေး သာသနာတော်ကိုလည်း သင်္ကန်း ဆွမ်းကျောင်းဆေး ၊
ပစ္စည်းလေးပါးနဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ ဘာအတွက် ဒါတွေ လုပ်နေရတာလဲ ဘာအတွက်
သာသနာကို ချီးမြှောက်နေတာလဲ၊ ဘာအတွက် ကျောင်းဆောက်နေတာလဲ ။ စဉ်းစားပါ၊ ဝေဖန်ပါ၊
သုံးသပ်ပါ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ်။ သဒ္ဓါတရားဆိုတာ ယုံကြည်ချက်ပါ။
ဘုရား၊တရား၊ သံဃာာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ ဘုရား၊ တရား၊ သံဃာကို
ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ ---သမ္မာသဒ္ဓါ နဲ့မှားမှားယွင်းယွင်း ယုံကြည်တဲ့
----မိစ္ဆာသဒ္ဓါဆိုပြီး နှစ်မျိုးရှိပါတယ်။
သမ္မာသဒ္ဓါဆိုတဲ့ မှန်မှန်ကန်ကန်ယုံကြည်ချက် ဆိုတာ သစ္စာာတရား သိတော်မူတဲ့
မြတ်စွာဘုရားဟာ ဝေနေယျ သတ္တ၀ါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့
သစ္စာာလေးချက် အနက်ကို ဟောကြားတော်မူခဲ့ပါတယ်။ ဒီတရားတော် အနက်တွေကို
ပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာနိဗ္ဗာန်ဝင်စံသွားကြပါတယ်။
နိဗ္ဗာန်ဆိုတာ အိုနာသေ လွတ်ရာပါ။ "အသေလွတ်ရာ ပြတတ်လို့မြတ်စွာဘုရားအား ကိုးကွယ်ပါ၏"
ဆိုတဲ့ ယုံကြ ည်ချက်ဟာ မှန်သောယုံကြည်ချက်။တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာဘုရားဟော်တော်မူခဲ့တဲ့ တရားတော်ကိုကြိုးစားမယုတ် ပွားများအားထုတ်လိုက်လို့
တရားလမ်းကြောင်းအတိုင်းမဂ္ဂင်လမ်းအတိုင်းသာ လျှောက်သွားရင် နှိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ
ပို့ဆောင်တာဟာ တရားက ပို့ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ပါဘူး။
တရားတော်ကို မှန်သောယုံကြည်မှု။ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ
ဆိုရင် သံဃာာရဲ့  ကျေးဇူးပါ။
ဘုရားရှင် ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း
အဘိဓမ္မာတရားတွေ ဒီတရားတွေကို သံဃာာတော်တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံကို
သံဃာတော်တွေက စောင့်ရှောက်ထားတာပါ။ သံဃာာတော်ကို ယုံကြည်မှု။
ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဓါ ယုံကြည်မှု။
မိစ္ဆာသဒ္ဓါယုံကြည်မှုက လာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ် ဆိုပြီး
ကိုးကွယ်ယုံကြည်နေတာဟာ မိစ္ဆာသဒ္ဓါ။ လာဘ်လာဘပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓ
ဘာသာယုံကြည်ချက်၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု
ဗုဒ္ဓရဲ့  ဂုဏ်တော်ကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့
ကုလဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု ဒါတွေက မိစ္ဆာသဒ္ဓါတွေပါ။
အသေလွတ်ရာလမ်းကို ပြတတ်လို့၊ အသေလွတ်ရာကို ပို့ဆောင်နိုင်လို့ ၊ အသေလွတ်ရာ
တရားကို ဆောင်ထားနိုင်လို့ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဓါ ။
အနှစ်သာရမရှိတာကို မရှိဘူးလို့ သိတယ်။ အနှစ်သာရ ရှိတာကို ရှိတယ်လို့ သိတယ်။
မှားတာကို မှားတယ်လို့သိတယ်။ မှန်တာကို မှန်တယ်လို့ သိတယ်။ သိတဲ့အပြင်၊
အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည့် သမ္မာသဒ္ဓါ ရှိတဲ့ သဒ္ဓါဓိက
ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ
ပညာဓိက ဗုဒ္ဓဘာသာဆိုတာ သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ခေါ်တာပါ။ သဒ္ဓါဓိက
ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံတာလည်း ဆိုတော့
ရမ်းယုံတာမဟုတ်ဘဲ ခန္ဓာသိနဲ့ အသေအချာ သိပြီး ယုံတယ်။ ထိုသို့ သိတာကို ပညာဟု
ခေါ်ပါတယ်။ သစ္စာလေးပါးတရားတော်ကို အသေအချာ ပညာသိနဲ့ သိတဲ့ ဗုဒ္ဓဘာသာ၊
ဖြစ်မှုပျက်မှုတွေကို သိတဲ့ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္ဓာက မြင်တာလား
ပညာကမြင်တာလားဆိုတော့ ပညာက မြင်တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။ ဘုရားက
မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ် လို့ ဟောခဲ့ပါတယ်။ ဒါကို
ကိုယ်တိုင် သစ္စာတရားတော်ကို သေချာသိပြီး ကျင့်ကြည့်လိုက်တော့ မြင်တယ်။
ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တာက သဒ္ဓါ၊ ဖြစ်ပျက်မြင်တာက ပညာ။
ထို့ကြောင့် သဒ္ဓါနဲ့ ပညာ သွားပြီး တွဲနေပါတယ်။ သဒ္ဓါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဓါတရား မှန်မှန်ကန်ကန် နဲ့ သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှကူးမြောက်နိုင်၏။
တို့မှာ အပါယ်မျိုးစေ့တွေ၊ အပါယ်ကျကြောင်းကံတွေ လုပ်ထားတာရှိတယ်။ ဒါတွေကို
ဘယ်သူမှ ၀င်တားလို့ မရပါဘူး။ သူ့ကိုတားချင်ရင်၊ သူ့ကို အကျိုးမပေးစေချင်ရင်
ဘာနဲ့ ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရပါမယ်။ ဥာဏ်နဲ့ ဖြတ်လိုက်လို့
ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်း ပါတယ်၊ ပညာလည်း ပါပါတယ်။ ဒါသည်
သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။
သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်းစား ဗုဒ္ဓဘာသာပါ။

(ဒီဗုဒ္ဓဘာသာငါးမျိုး အကြောင်းကို အရှင်ဇောတိသာရ(စဥ့်ကူး) ရေးသားပူဇော်သည့်
မိုးကုတ်မြို့  ကုန်းမြင့်သာယာရပ် ဓမ္မရံသီရိပ်သာ ပဓာန နာယက ကမဋ္ဌာနစရိယနယ်လှည့်ဓမ္မကထိက
ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ဟောကြားတော် မူအပ်သော ဗုဒ္ဓဘာသာငါးမျိုးနှင့် သစာလေးပါး တရားတော်
စာအုပ်မှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။ အကျယ်ကိုသိလိုပါက ထိုစာအုပ်တွင်ထပ်ပြီး လေ့လာ
နိုင်ပါကြောင်း။ အားလုံးပဲ
ကျန်းမာပျော်ရွှင် ကြပါစေ…







ဗုဒ္ဒဘာသာ အမျိုးအစား

လူနာ ကုတင်နံပါတ် (၁၉)



ကုတင်နံပါတ်(၁၉)ကလူနာ ဆေးရုံစတက်တဲ့နေ့မှာ သားဖွားမီးယပ်က ဆရာဝန်နပ်စ်တွေအားလုံး
အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြတယ်။ ဒါဟာ ဆေးရုံနဲ့ ဆေးတက္က္ကသိုလ်က
ကျောင်းသားတွေ ပူးပေါင်းပြီး "အေအိုင်ဒီအက်စ်ရောဂါခံစားနေရတဲ့ မိခင်မှ ရင်သွေးငယ်သို့
မကူးစက်ဘဲ ဖွားမြင်ရေး" ဆိုတဲ့ရောဂါမကူးစက်ရေး အကြောင်းကို
ရှာဖွေဆွေးနွေးကြဖို့ဖြစ်တယ်။ အေအိုင်ဒီအက်စ် ရောဂါသည်တစ်ဦး သားဖွားဆောင်ထဲ
ရောက်နေတယ်ဆိုတဲ့ သတင်းကအိုးပူပူထဲ ပေါက်ပေါက် ထည့်ဖောက်လိုက်သလို
သားဖွားဆောင်တစ်ခုလုံး
ချက်ချင်းပေါက်ကွဲသွားခဲ့တယ်။ အစည်းအဝေးတုန်းက ဆေးရုံအုပ်ရှေ့မှာ ဘာမှမဟရဲ
ခဲ့ကြပေမယ့် အစည်းအဝေးအပြီးမှာ နပ်စ်တွေက အချင်းချင်းဝိုင်းအုံဖွဲ့ကြပြီး "ရောဂါကူးခဲ့ရင်

ဘယ်သူတာဝန်ယူမလဲ" လို့ငြင်းခုံခဲ့ကြတယ်။ ဆရာဝန်တစ်ချို့ကတောင် "လူနာသုံးတဲ့
ခွဲစိပ်ကိရိယာတွေ၊ အိပ်ရာခင်းတွေကတစ်ဆင့် တစ်ခြားလူနာတွေကို ပြန်ကူးစက်ရင်
ဘယ်လိုလုပ်မလဲ" လို့ညည်းတွားနေကြတယ်။ ညည်းခဲ့
ငြင်းခဲ့ပေမယ့်လည်း နောက်ဆုံးမှာ လူနာနေဖို့ အခန်းကိုစီစဉ်ခဲ့ကြရတယ်။
ဆေးရုံအုပ်ကြီးကိုယ်တိုင် လူနာအတွက် စပါယ်ရှယ်အခန်းကကုတင် နံပါတ် (၁၉)ကို
ရွေးပေးခဲ့တယ်။
လာဘ်နံပါတ်လို့ ပြောပါတယ်။နပ်စ်မှူး တာဝန်ခွဲတော့ ကုတင် (၁၉)က လူနာကို ဘယ်သူမှ
သွားမကြည့်ချင်ခဲ့ကြဘူး။

နောက်ဆုံး ကျောင်းပြီးတာ သုံးလတောင် မပြည့်သေးတဲ့ကျွန်မ
ကုတင် (၁၉) အတွက် မားမားမတ်မတ် ထွက်ရပ်ခဲ့တယ်။ အခန်းထဲ စဝင်တဲ့နေ့မှာ
လက်ရှည်အကျီင်္၊ မျက်နှာဖုံး၊ ဦးထုပ်ဆောင်းရုံသာမက အထူဆုံး လက်အိတ်တစ်စုံကိုပါ
ကျွန်မရွေးခဲ့မိတယ်။ ကုတင်(၁၉)ကလူနာ ကုတင်ဘောင်ကိုမှီပြီး
မွေးဖွားခါနီး ဗိုက်ကို ပွတ်သပ်လို့ အခန်းထဲဝင်လာတဲ့ ကျွန်မကို ပြုံးပြကြိုဆိုနေတယ်။
ဒီလိုရောဂါရထားတဲ့ အမျိုးအမီးတစ်ယောက်က တစ်ခြားလူတွေထက် တမူထူးခြား နေမယ်လို့
ကျွန်မထင်ခဲ့မိတယ်။

တကယ်တမ်း သူ့ကိုတွေ့တော့ သာမန်အမျိုးသမီး တစ်ဦးပါပဲ။
ဆံပင်ခပ်တိုတို၊ ဂါဝန် ပွပွကြီးကြီးကို ဝတ်ဆင်ထားပြီး ကွင်းထိုးဖိနပ် အနက်ရောင်ကို
စီးထားတယ်။ ပါးပြင်တစ်ဖက်တစ်ချက်မှာ တင်းတိတ်တွေနဲ့ ပြည့်နေတဲ့ သူ့ပုံစံက လုံးဝစံမီတဲ့
မိခင်လောင်းတစ်ဦးဖြစ်တယ်။ "မင်္ဂလာပါ" ဖော်ဖော်ရွေရွေ နှုတ်ဆက်လာတဲ့သူ့ကို လှိုက်ဖိုနေတဲ့
ရင်အစုံနဲ့ အေးစက်စက် ကျွန်မ ပြန်ပြုံးပြလိုက်မိတယ်။ ပထမဆုံးရက်မှာပဲ လူနာကို
သွေးစစ်ရတယ်။ သွေးက ရောဂါကူးစက်ရမှာအဓိကဖြစ်တဲ့အတွက်
သူ့ကို သွေးစုတ်ဖို့ရာ ကျွန်မတစ်ကိုယ်လုံး ထုံကျင်နေမိတယ်။ကျွန်မ
စိတ်လှုပ်ရှားလွန်းလို့လားမသိ! သွေးစုတ်ဖို့ အပ်ကို သွေးကြောထဲရောက်အောင်
မထိုးနိုင်ခဲ့ဘူး။ လွဲချော်သွားတဲ့ အပ်ကြောင့် သူ့မျက်ခုံး တွန့်သွားတာကို ကျွန်မမြင်လိုက်တယ်။
သွေးစုတ်ဖို့ ဖန်ပြွန်တွေ၊ ဂွမ်းစတွေနဲ့ ကျွန်မ ပျာများနေမိတယ်။ သူ့သွေးတွေ
ကျွန်မကိုယ်ပေါ် လုံးဝမပေကျံဖို့ ဂရုစိုက်ရသေးတယ်။

သွေးစုတ်ပြီးနောက်သူ့မျက်နှာကိုကျွန်မကြည့်လိုက်မိတယ်။ မျက်နှာက ပကတိ အေးချမ်းတည်ငြိမ်လို့
"ကျေးဇူးတင်ပါတယ်" ယဉ်ယဉ်ကျေးကျေးနဲ့ နွေးနွေးထွေးထွေး ဆက်ဆံလာတဲ့ သူ့ကို ပညာတတ်
လူတန်းစားထဲကမှန်း ကျွန်မရိပ်မိလိုက်တယ်။" ဟို ကုတင်(၁၉)က လူနာလေ ဘယ်လိုကြည့်ကြည့်
အဲဒီရောဂါရှိတဲ့ လူနာနဲ့ကို မတူဘူး သိလား" နပ်စ်နားနေဆောင် ရောက်ရောက်ချင်း ကျွန်မ
မအောင့်နိုင်ဘဲပြောလိုက်မိတယ်။ "ဒီလိုရောဂါရတဲ့ လူနာကို ဘယ်လိုပုံစံနဲ့ မြင်ချင်လို့လဲ?"
တာဝန်ကျဒေါက်တာတစ်ဦးရဲ့ စကားက ကျွန်မ စကားလမ်းကြောင်းကို ပိတ်ပစ်လိုက်တယ်။
"နပ်စ် .. ဒါကို ကြည့်လိုက်ဦး" ဒေါက်တာက ပြောပြောဆိုဆို လူနာရဲ့ဆေးမှတ်တမ်းတွေ ကျွန်မကို
ကမ်းပေးတယ်။

ဆေးမှတ်တမ်းကို ကျွန်မတစ်ရွက်ချင်း လှန်ကြည့်လိုက်တယ်။ သူ
ကံတော်တော် မကောင်းခဲ့ရှာဘူး။ သူဟာ တက္က္ကသိုလ်ကျောင်း တစ်ခုက ဆရာမပါ။
ငယ်ရွယ်ထက်မြက်တဲ့သူက အသက် ၃ဝမှာ တွဲဖက်ပါမောက္ခ ဖြစ်နေပါပြီ။ သူ့အနာဂတ်လမ်းက
ဖြောင့်ဖြူးနေခဲ့ပါတယ်။ ဒါပေမယ့် ခရီးတစ်ခုမှာ မတော်တဆ ယာဉ်တိုက်မှုဖြစ်ပြီး အရေးတကြီး
သွေးသွင်းခဲ့ရတယ်။ အဲဒီမှာ HIV ရောဂါကူးစက်ခံခဲ့ရတာပါပဲ။ သွေးသွင်းခဲ့လို့
ရောဂါကူးစက်ခံရမယ်လို့ ဘယ်သူမှ တွေးမထားခဲ့မိဘူး။ သူကိုယ်ဝန်ရပြီး စစ်ဆေးမှုတွေ
ပြုတဲ့အချိန်ကျမှ ကူးစက်ခံရမှန်း သိခဲ့ရတယ်။

အဲဒီနောက် သူ့ဘဝ တစ်မျိုးတစ်ဖုံပြောင်းခဲ့ရတယ်။
လောကကြီးကိုမျက်နှာမပြရသေးတဲ့ ရင်သွေးငယ်ကိုလည်း သနားမိတယ်။
အေအိုင်ဒီအက်စ် ရောဂါသည်မွေးဖွားတဲ့ ကလေးငယ်ဟာ ရောဂါကူးစက်ဖို့ ၂ဝ% ကနေ
၎ဝ% ထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။
မွေးဖွားချိန်မှာ ဖြစ်လာနိုင်တဲ့ အခက်အခဲနဲ့ ရောဂါ ကာကွယ်စက်စနစ်တွေ (Immune System)
ပျက်စီးခဲ့ရင်အသက်ပါဆုံရှူုံးနိုင်ပါတယ်။အခုချိန်မှာ သူဟာ မွေးဖွားချိန်ကို
တစ်ဖက်ကစောင့်ရင်း သူ့ကိုသွေးသွင်းပေးခဲ့တဲ့ ဆေးရုံနဲ့ သွေးလှူဌာနကို တရားစွဲဆိုထားပါတယ်။
လျှော်ကြေးငွေရမယ်လို့ ခန့်မှန်းထားပေမယ့် သူ့အတွက် ဘာများအသုံးဝင်တော့မလဲ။

ကုတင်(၁၉)ရဲ့ အမျိုးသား ရောက်လာတဲ့အချိန်မှာ သားဖွားဆောင်တစ်ခုလုံး လှုပ်လှုပ်ရှားရှား
ဖြစ်သွားသေးတယ်။ အေအိုင်ဒီအက်စ် ဝေဒနာသည်တစ်ဦးရဲ့ခင်ပွန်းဟာ
ဘယ်လိုပုံစံများပါလိမ့် ကျွန်မသိချင်၊ မြင်ချင်ဇောနဲ့ အခန်းကို စစ်ဆေးမယ့်ဟန်ပြုပြီး
ဝင်ရောက်စပ်စုခဲ့တယ်။ လူနာက ကုတင်ခေါင်းရင်းမှာ ထိုင်နေပြီး ခြေထောက်ကို ကုတင်နဲ့
မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ခင်ပွန်းပေါင်ပေါ် ဆန့်ထားတယ်။ ပြီးတော့ ငယ်ထိပ်ကနေ ဆံဖျားအထိ
ဆံပင်ကို စိတ်အေးလက်အေး ဖြီးသင်နေတယ်။ ခင်ပွန်းဖြစ်သူက ကိုယ်ဝန်ကြောင့်
ဖောရောင်နေတဲ့ သူ့ခြေထောက်ကို ညင်ညင်သာသာ ဖိနှိပ်ပေးနေတယ်။ ဇနီးသည်ကို
သနားကြင်နာမြတ်နိုးတဲ့ အပြုံးနဲ့ နွေးထွေးမှုတွေကို
သူ့လက်ဖဝါးကနေ တစ်ဆင့် ဇနီးရဲ့ ကိုယ်ထဲကို အရောက်ပို့နေခဲ့တယ်။

နေရောင်ခြည်ကပြတင်းပေါက်ကို ဖြတ်ပြီး အခန်းထဲမှာရှိတဲ့ ခင်ပွန်းရဲ့လက်ပေါ်၊ ဇနီးရဲ့ ခြေပေါ်ကို
အစက်အပျောက်အဖြင့်နဲ့ ထိုးကျလာခဲ့တယ်။ နေရောင်အောက်မှာ သူတို့ဟာ တကယ့်
ပျော်ရွှင်စရာကောင်းတဲ့ ဇနီးမောင်နှံအဖြစ် ပိုအသက်ဝင်နေခဲ့ပါတယ်။ "ကလေးက ဘယ်သူနဲ့
ပိုတူမယ်လို့ ထင်လဲ"ကုတင်ထက်က အိပ်ရာခင်းကို ဆွဲဆန့်ရင်း သူတို့ပြောတဲ့စကားကို
ကျွန်မစိတ်မကောင်းစွာ နားထောင်နေမိတယ်။

တကယ်တော့ သူတို့ဟာ
ပျော်စရာကောင်းတဲ့ မိဘလောင်းတွေပါလား "ကျွန်မနဲ့ ပိုတူမှာ " ခပ်ချွဲချွဲ အမှူုအရာနဲ့
သူပြောတယ်။ "အသားအရေတော့ တူလို့ မဖြစ်ဘူးနော်" ခင်ပွန်းက တစ်ဟားဟား
ရယ်ရင်း"ကြည့်စမ်း... ပါးပြင်ပေါ်မှာ အစက်အပျောက်တွေနဲ့ ကျားသစ်မနဲ့ တူနေပြီ"သူ့ကိုစတယ်။
မျက်ရည်တွေ ပါးပြင်ပေါ် စီးမကျလာခင် အခန်းထဲကနေ ကျွန်မထွက်လာခဲ့တယ်။

HIVရောဂါ ထိန်းချုပ်ပေးတဲ့ ဆေးတွေကို ကုတင်(၁၉) နေ့တိုင်းသောက်နေရတယ်။နေ့တိုင်း
သွေးစစ်ရတယ်။ ဆီးစစ်ရတယ်။ ဖြူဖွေးပြည့်ဝတဲ့ သူ့လက်မောင်းနှစ်ခုလုံး လက်ဖဝါးကနေ
လက်မောင်းအထိ အပ်ရာတွေနဲ့ ပြည့်နေခဲ့ပါပြီ။ မကျွမ်းကျင်တဲ့ ကျွန်မမှာ ကြောက်စိတ်တွေ
ရောပါနေခဲ့လို့ အမြဲတမ်း အပ်ကို တစ်ချက်တည်းနဲ့ မသွင်းနိုင်ခဲ့ဘူး။ ဒါကို သူက တစ်ခါမှ
စိတ်မဆိုးခဲ့တဲ့အပြင် ကျွန်မကို အေးအေးလေး ပြုံးကြည့်နေတတ်တယ်။ သူ့ကို ပြုစုတဲ့
တစ်ပတ်ကျော်ကျော် အတွင်းမှာ သူ့ကို တဖြေးဖြေး ကျွန်မနှစ်သက်လာမိတယ်။

အခန်းထဲဝင်ရင်အကာအကွယ် ချပ်ဝတ်တန်ဆာတွေကို ကျွန်မ
ဝတ်ဆင်ထားဆဲဖြစ်ပေမယ့် အပ်စိုက်ရာမှာ ပိုတိကျသေချာအောင် ကျွန်မဂရုစိုက်လာခဲ့တယ်။
သောက်ဆေးတွေကိုလည်း သူမှတ်မိတဲ့အထိ ထပ်သလဲလဲ မှာဖြစ်ခဲ့တယ်။ တစ်ခါတလေ
သူ့အတွက် လတ်ဆတ်တဲ့ နေကြာပန်းတွေကို ဝယ်ပြီး သူ့ကုတင်ရှေ့မှာ ကျွန်မ
ပန်းအိုးထိုးထားတတ်တယ်။သူ့ကိုယ်ဝန် အနေအထားအားလုံးက ပုံမှန်ဖြစ်တယ်။ ကလေးက
အနည်းငယ် ထွားနေပြီး ခေါင်းပိုင်းက မွေးဖွားရာလမ်းကြောင်းရဲ့ ၁ဝ စင်တီမီတာမှာ ရှိနေခဲ့တယ်။
ဒါပေမယ့် မွေးဖွားရာမှာ ရောဂါမကူးစက်အောင် ဆရာဝန်က ဗိုက်ခွဲမွေးဖို့၊ ခွဲစိပ်မယ့်
အစီအစဉ်တွေ အားလုံးကို စီမံထားပြီးဖြစ်တယ်။

မွေးဖွားရက် နီးလာပါပြီ။ ခန့်မှန်းထားတဲ့
မွေးဖွားရက်က တစ်ပတ်လိုသေးပေမယ့် ၃၁နှစ် သားဦးဖြစ်တာကတစ်ကြောင်း၊
အေအိုင်ဒီအက်စ် ရောဂါသည် ဖြစ်နေတာကတစ်ကြောင်းမို့ လူနာခန်း၊ ခွဲစိပ်ခန်းကို အသေးစိပ်
ပြင်ဆင်ထားပြီး အဆင်သင့်အနေအထားမှာ နိုးနိုးကြားကြား ရှိနေခဲ့ကြတယ်။ကုတင်
(၁၉)က တည်ငြိမ်လွန်းတယ်။ နေ့တိုင်း စာဖတ်လိုက်၊ သီချင်းနားထောင်လိုက်နဲ့ မွေးဖွားလာမယ့်
ရင်သွေးအတွက် စာတွေ၊ ပုံတွေရေးဆွဲနေခဲ့တယ်။ အခုဆို သူ့ခေါင်းအုံး အောက်မှာ
စာတွေ တစ်ထပ်ကြီးရှိနေပါပြီ။ အရွယ်လွန်မှ ရတဲ့ ကိုယ်ဝန်ဖြစ်တဲ့အပြင် ရောဂါပါ ခံစားနေရပြီး
ဘာဖြစ်လို့ ရင်သွေးငယ်အတွက် ဒီလောက်ထိ အားခဲနေရသလဲလို့ သူ့ကို ကျွန်မ မေးခဲ့တယ်။

ကျွန်မမေးတဲ့ အမေးကို
သူ မနှစ်သက်ဟန် မပြတဲ့အပြင် " ကလေးက ရောက်လာခဲ့ပြီပဲလေ။ သူ့အသက်ကို ကျွန်မ
မဆုံးရှုံးသင့်ဘူး" လို့ခပ်ပြုံးပြုံး ပြန်ဖြေခဲ့တယ်။ ဆက်မေးသင့် မမေးသင့်
ကျွန်မတစ်ချက်တွေဝေပြီး "တကယ်လို့ ရောဂါကူးခဲ့ရင် ဘယ်လိုလုပ်မလဲ" လို့မေးလိုက်မိတယ်။
နေကြာပန်းကို ပွတ်သပ်ကိုင်တွယ်ပြီး တစ်ဖက်လှည့်လိုက်ရင်း "တကယ်လို့ ကျွန်မတို့သာ
မစမ်းသပ်ခဲ့ရင် ကလေးအသက်ရှင်ဖို့ အခွင့်အရေးတောင် ရှိခဲ့မှာ မဟုတ်ဘူး" လို့
သူပြန်ဖြေတယ်။

ကျွန်မစိတ်တွေ ပိုလေးလံလာခဲ့တယ်။ အခန်းက အပ်ကျသံတောင်
မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက် သွားခဲ့တယ်။ အခန်းထဲကနေ လှည့်ထွက်ဖို့
ကျွန်မပြင်တော့ သူက တိုးညှင်းတဲ့ အသံနဲ့ "ကျွန်မတစ်ခုလောက် တောင်းဆိုချင်ပါတယ်။
တကယ်လို့ မွေးဖွားချိန်မှာ တစ်ခုခုဖြစ်ခဲ့ရင် ကျွန်မခင်ပွန်းက လူကြီးအသက်ကို လုပါလို့

ပြောလိမ့်မယ်။ ဒါပေမယ့် ကျွန်မရောဂါ အခြေအနေကို နပ်စ်လည်း သိပါတယ်။ ဒါကြောင့်
ဘာပဲဖြစ်ဖြစ် ကလေးကို ပထမဆုံးနေရမှာ ထားပေးပါနော်" ကျွန်မပါးပြင်ပေါ် မျက်ရည်တွေ
အတားအဆီးမဲ့ စီးဆင်းလာခဲ့တယ်။ အော် ဒါကပဲ မိခင်တဲ့လား ရောက်လာမယ့် နေ့ရက်က
ရှောင်လွဲလို့ မရအောင် အရောက်လာခဲ့ပါပြီ။ အဲဒီညက
ကျွန်မနိုက်ဂျူတီ ဝင်ရတယ်။ ကုတင် (၁၉)အတွက် ခွဲစိပ်ဖို့ အားလုံး ပြင်ဆင်ပြီးနေပြီ။

မိုးလင်းခါနီးမှာ ရုံးခန်းက အရေးပေါ် အချက်ပေး ခေါင်းလောင်းသံတွေ နားကွဲမတတ်
ဆူညံမြည်လာခဲ့တယ်။ ကျွန်မချက်ချင်းထရပ်ပြီး အချက်ပြနံပါတ်ကို ကြည့်လိုက်တယ်။"ကုတင်
(၁၉) တာဝန်ကျဆရာဝန်တွေကို တစ်ဖက်ကခေါ်ရင်း ကုတင် (၁၉)ဆီ
ကျွန်မအပြေးပြေးလာခဲ့မိတယ်။ မှိန်ဖျော့နေတဲ့ မီးရောင်အောက်မှာ ကုတင်(၁၉)ရဲ့ မျက်နှာက
ဖြူရော်လို့နေတယ်။ စောင်ကို ဆွဲခွာကြည့်လိုက်တော့ ရေမွှာက ပေါက်နေခဲ့ပါပြီ။
ပိုဆိုးတာက ရေက အနီရောင်ဖြစ်နေတဲ့အတွက် သားအိမ်အတွင်းမှာ သွေးထွက်နေပြီဆိုတာကို
သိလိုက်တယ်။

ကုတင်(၁၉)ရဲ့ မျက်နှာပေါ်မှာ စိုးရိမ်မှုတွေ လွှမ်းနေတယ်။ သွေးထွက်ပြီ
ဆိုကတည်းက ကလေးကို ရောဂါကူးစက်နိုင်နှုန်းက ဆတိုးသေချာနေပြီ။ တကယ်တော့အချင်းက
ရောဂါမကူးစက်အောင် ရင်သွေးကို ဖုံးအုပ်ထားနိုင်တယ်။ ဒါပေမယ့်မွေးဖွားချိန်
ထွက်တဲ့သွေးနဲ့ ဓာတ်တစ်မျိုး (Secretions) ကြောင့် ကလေးကို HIV ကူးစက်နိုင်ပါတယ်။
နာကျင်လွန်းလို့ သူ့နှာဖူးမှာ ချွေးသီးချွေးပေါက်တွေ တွဲခိုနေတယ်။ခံစားနေရတဲ့ ဝေဒနာကို
အံကြိတ်ပြီး ခွဲစိပ်ဖို့ပြင်ဆင်မှုတစ်ချို့ကို သူခံယူနေတယ်။ ညအချိန်မို့ ထမ်းစင်က
ချက်ချင်းရောက်မလာခဲ့ဘူး။ သူစကားတစ်ခွန်းမှ မပြောဘဲ ကုတင်ပေါ်က ဆင်းလိုက်တယ်။

သူ့ကိုဖေးမရင်း သွေးတွေရောနေနဲ့ ရေတစ်ချို့ ဂါဝန်ထဲကနေတစ်ဆင့် ရောင်အမ်းနေတဲ့
သူ့ခြေထောက်ပေါ် စီးကျလာတာကို ကျွန်မတွေ့လိုက်တယ်။သူဘာကိုမှ ဂရုမစိုက်ခဲ့ဘူး။
ခြေလှမ်းကို မြန်သထက် မြန်အောင်လှမ်းနေတယ်။သူ့ခြေလှမ်း တစ်စက္က္ကန့် မြန်ရင်
ကလေးအသက်ရှင်မယ်၊ ရောဂါကူးစက်ရာကလွတ်မယ်လို့ သူမှန်းထားပုံရတယ်။ ခွဲစိပ်ကုတင်ပေါ်
သူရောက်တဲ့အချိန် ရေမွှာ ရေက နောက်ကျိနေခဲ့ပါပြီ။ ဒါကရင်သွေးငယ်
အောက်စီဂျင်ပြတ်နေပြီဆိုတဲ့ လက္ခ္ခဏာဖြစ်တယ်။ ထုံဆေးဆရာက သူ့ကို ထုံဆေးထိုးပေးပြီး
ကျွန်မတို့က သူ့ရဲ့ သတိလည်နှုန်းကိုစတင်စမ်းသပ်ခဲ့ကြတယ်။ ခက်တာက အချိန် ၃ မိနစ်
ကျော်လွန်သွားပေမယ့် သူနိုးကြားနေတုန်းပဲ။"နာလိုက်တာ" လို့သူ ရေရွတ်နေတယ်။
ထုံဆေးဆရာ ချွေးပြန်စပြုလာပါပြီ။ သူ့ထုံဆေး အစွမ်းမပြတဲ့ လူနာဆိုလို့ ဒါပထမဆုံးအကြိမ်
ကြုံတာပါပဲ။

ဒါပေမယ့် ကလေးအခြေအနေက ထုံဆေးထပ်ပေးလို့မသင့်တဲ့အခြေအနေကို
ရောက်နေပါတယ်။ ကျွန်မရဲ့လက်ကို သူ့တင်းတင်းလေး ဆုပ်ကိုင်ထားတယ်။
တိုးလျှိုးတောင်းပန်တဲ့မျက်လုံးနဲ့ ဆရာဝန်တွေကို ကြည့်နေတယ်။ ပါးစပ်ကလည်း " ကျွန်မ
ကလေးကိုကယ်ပါ.... ကျွန်မကို
ဂရုမစိုက်ပါနဲ့... ကျွန်မ ကလေးကို ကယ်ပါ" လို့တိုးတိုးလေး တောင်းဆိုနေခဲ့တယ်။အချိန် ၁ မိနစ်
လွန်မြောက်သွားခဲ့ပါပြီ ကုတင်(၁၉)ရဲ့ ခြေလက်တွေကို ကုတင်နဲ့
ကပ်ချည်ထားလိုက်တယ်။ ထုံဆေးဆရာကလည်းဆေးထိုးအပ်ကို အသင့်ပြင်ထားပြီးပြီ။
ခွဲစိတ်မှူးဆရာဝန်ကလည်း အံကြိတ်လို့ခွဲစိပ်ဖို့ရာ လက်တွန့်နေခဲ့တယ်။ ဒါ ကျွန်မနပ်စ်လုပ်လာတဲ့
သက်တမ်းတစ်လျှောက် "သားဖွားမီးယပ်ပါရဂူ" အဖြစ် နာမည်ကြီးတဲ့ ဆရာဝန်ရဲ့ မျက်နှာပေါ်က
မျှော်လင့်ချက်မဲ့အရိပ်ကို ပထမဦးဆုံး
မြင်ဖူးခြင်းပါပဲ။ခွဲစိပ်ဓားတွေက ထုံဆေးမစွမ်းတဲ့ ကုတင်(၁၉)ရဲ့ ဗိုက်ပေါ်
ခွဲချလိုက်တယ်။ဗိုက်အရေခွံ အဲဒီနောက် အဆီထပ်၊ ကြွက်သား၊ အချွဲ (Mucosa)၊ သားအိမ်

ကုတင်(၁၉)
ကျွန်မလက်ကို တင်းတင်းဆုပ်ကိုင်ထားဆဲပါပဲ။ မပီမသ စကားသံတစ်ချို့နဲ့ ရင်ကွဲလုမတတ်
အော်မြည်သံတစ်ချို့ သူ့ပါးစပ်မှာ ကိုက်ထားတဲ့ ပုဝါကြားကနေ
ပလုံးပထွေးထွက်လာခဲ့တယ်။ ခန္ဓာတစ်ခုလုံးက ကုတင်ပေါ်မှာ တစ်ဆတ်ဆတ် တုန်လို့.....
အကြောတွေပါ လိမ်ဆွဲနေတယ်။ သူ့မျက်နှာဟာ နာကျင်လွန်းလို့ ပုံစံပြောင်းနေတယ်။
ကျွန်မ မကြည့်ရက်ဘဲ မျက်နှာလွဲလိုက်တယ်။ မျက်ရည်တွေ ပါးပြင်ပေါ် လှိမ့်ဆင်းလာခဲ့ပါတယ်။
ဒါဟာ ဘယ်လိုနာကျင်မှုမျိုးလဲ ! ဒါဟာ ဘယ်အရာနဲ့ နိုင်းပြလို့ရတဲ့ မိခင်မေတ္တ္တာမျိုးလဲ
နောက်ဆုံး ကလေးကို ဝမ်းထဲကနေ ဆွဲထုတ်ယူနိုင်ခဲ့တယ်။

ကလေးမျက်နှာက ပြာနှမ်းနေပါပြီ။
ချက်ကြိုးက လည်ပင်းကိုပတ်နေတာကြောင့် အောက်စီဂျင်ပြတ်ပြီး ပြာနှမ်းခဲ့ပုံရတယ်။
တအောင့်ကြာတော့ ချွေးတွေ ရွှဲနစ်နေတဲ့ သူ့ခန္ဓာကိုယ် တစ်ခုလုံးပျော့ခွေကျသွားတယ်။
ဆရာဝန်က ကလေးငယ်ကို ခြေထောက်ကကိုင်ပြီး ကျောကို တစ်ချက်နှစ်ချက်
ပုတ်ပေးလိုက်တယ်။ ပါးစပ်ထဲဝင်နေတဲ့ အညစ်အကြေးတစ်ချို့အန်ထွက်လာပြီးနောက် ကလေးရဲ့
ပထမဆုံးငိုသံ ထွက်ပေါ်လာခဲ့တယ်။ ငိုသံကတိုးညှင်းပေမယ့်
ကြည်လင်နေတယ်။သတိလက်လွတ် ဖြစ်ခါနီးဆဲဆဲ မိခင်က ကလေးငိုသံကို ကြားလိုက်မိလို့
ထင်ပါရဲ့ကလေးဖက်ကို အားယူပြီး မျက်လုံးတစ်ချက် ဖွင့်ကြည့်လိုက်တယ်။
အဲဒီနောက်မျက်ခွံတွေ လုံးဝပိတ်ကျသွားခဲ့တယ်။ သူ့ကိုယ်ပေါ် ပတ်ထားတဲ့ ခါးပတ်တွေကို
ကျွန်မဖြုတ်ပေးလိုက်တယ်။ သူ့လက်ကောက်ဝတ်တွေ၊ ခြေကျင်းဝတ်တွေ
ညိုမည်းပွန်းပဲ့ကုန်ပြီး သွေးတွေ ထွက်နေတာကို ကျွန်မတွေ့လိုက်တယ်။

အဆုပ်ကိုင်ခံထားရတဲ့
ကျွန်မရဲ့ လက်လည်း အရိုးတွေ ကျိုးကြေမတတ် နာကျင်လို့နေတယ်။ ကုတင်(၁၉)
အားယူပြီး ဖွင့်ကြည့်ခဲ့တဲ့ အကြည့်တစ်ချက်က ကိုယ့်ရင်သွေးငယ်ကို နောက်ဆုံးကြည့်ခြင်းမှန်း
ကျွန်မလုံးဝ တွေးမထားခဲ့မိဘူး။ အဲဒီ ဖော်ရွေမှု အပြုံးတွေပါတဲ့ သူ့မျက်လုံးဟာ
ပိတ်ကျသွားပြီးနောက် လုံးဝ ပြန်ဖွင့်မလာခဲ့တော့ပါဘူး။ ၃ရက်အကြာမှာ ခွဲစိပ်မှုကြောင့်
သွေးမသန့်ဖြစ်တာရယ်၊ ပေးထားတဲ့ antibiotics အကျိုးမပြုတာရယ်ကြောင့် လူ့လောကကို
သူရာသက်ပန် ခွဲသွားခဲ့တယ်။

ကံကောင်းတာက မွေးထွက်လာတဲ့ ကလေးလေးက HIV negative
ဖြစ်နေတယ်။ ကျွန်မတို့ ဆေးပညာမှာ အောင်မြင်တဲ့ ကုသမှုတစ်ခုအဖြင့် အသိအမှတ်ပြုမိပါတယ်။
အေအိုင်ဒီအက်စ်
ရောဂါရ မိခင်တစ်ဦးကနေ ကျန်းမာတဲ့ ကလေးငယ် မွေးထုတ်နိုင်ခဲ့တဲ့အတွက် သတင်းစာအချို့နဲ့
သတင်းဌာနက လူတွေ လာရောက် မေးမြန်းကြမယ်လို့ ကျွန်မတို့ ကြားမိပါတယ်။
လူနာနေခဲ့တဲ့ အခန်းကို ကျွန်မဝင်ရှင်းတော့ ကုတင်(၁၉)ရဲ့ ခေါင်းအုံးအောက်မှာ ကလေးအတွက်
ရေးခဲ့တဲ့ စာတွေကို ကျွန်မတွေ့လိုက်မိတယ်။ စာတွေအပြင်၊ ရုပ်ပုံတွေပါ
ဆွဲထားသေးတယ်။

ပထမဆုံးပုံက နေလုံးကြီးပုံကို ဆွဲထားတယ်။ နေရောင်အောက်မှာ
လက်ကလေးတစ်စုံ... အဲဒီအောက်မှာ ကလေးအတွက် စာတစ်ကြောင်းရေးထားပါတယ်။
"သားရေ..... ဘဝဆိုတာ နေမင်းကြီးနဲ့တူတယ်။ ဒီနေ့ နေဝင်ခဲ့ရင် မနက်ဖြန် ပြန်တက်လာစမြဲပဲ။
ဒါပေမယ့် နေမင်းကြီးက နေ့တိုင်းတော့ မတူနိုင်ဘူး" စာကြောင်းရဲ့ အောက်မှာ
သပ်ရပ်လှပတဲ့ နာမည်လေးတစ်ခု ထိုးထားတယ်။

သူ့ကို ကုတင်(၁၉)လို့ပဲ
ကျွန်မခေါ်ခဲ့မိတဲ့အတွက် ပထမဆုံးအကြိမ် ကျွန်မနောင်တရမိခဲ့တယ်။ ကလေးလေး
ဆေးရုံဆင်းတော့ ကလေးအဖေကို ရေးထားတဲ့ စာတွေအားလုံး ကျွန်မအပ်လိုက်တယ်။
သူ့မျက်လုံးမှာ မျက်ရည်တွေနဲ့ နီရဲနေခဲ့တယ်။ ကလေးငယ်ကလည်း သူ့မိခင်
မရှိတော့မှန်း သိတဲ့အလား တစ်ဝါးဝါးနဲ့ အော်ငိုနေခဲ့တယ်။

နေမင်းကြီးပုံ ဆွဲထားတဲ့ ပုံကို
ကလေးရှေ့မှာ ကျွန်မဝှေ့ယမ်းပြလိုက်မိတယ်။ ကလေးငယ်ဟာ ငိုရာက ချက်ချင်းတိတ်ပြီး
လက်ကလေးကို ဆန့်လို့ ကျွန်မလက်ထဲက စာရွက်ကို လှမ်းဆုတ်ကိုင်လိုက်တော့တယ်။

ဤဆောင်းပါးကို ဤနေရာမှ ခွင့်ပြုချက်ဖြင့် ကူးယူဖေါ်ပြပါသည်။

စာနာနားလည်စွာဖြင့် 
ခင်မင်လေးစားသော
ရွှေအိမ်စည်








လူနာ ကုတင်နံပါတ် (၁၉)

Exclusive: A Video Message from Aung San Suu Kyi | Foreign Policy

Exclusive: A Video Message from Aung San Suu Kyi | Foreign Policy

Check out Listen Myanmar Mp3 Album | Song | Music

Check out Listen Myanmar Mp3 Album | Song | Music

Saturday, November 20, 2010

အာရုံဦးမှာ လူးသည့်ကြာ.... မင်းသမီးကို သပိတ်မှောက်

အာရုံဦးမှာ လူးသည့်ကြာ.... မင်းသမီးကို သပိတ်မှောက်

လာမဲ့အပတ် သြဂုတ် ၂၁ ရက်နေ့ မှာ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်မှာ မြန်မာနိုင်ငံကလာတဲ့ အဆိုကျော်တွေပွဲရှိတယ်။ အစကတည်းက သွားကြည့်မယ် စိတ်ကူးရပြီး ကတည်းက အလုပ်က ခွင့်ယုပြီး ကြိုတင်ပြင်ဆင်ထားပြီးသားပါ။ အဆိုတော် ငါးယောက် ဆိုကြမယ်။ ရေဘက္ကာဝင်း၊ အယ်လ်ဆိုင်းဇီ၊ ၀ိုင်းစုခိုင်သိန်း၊ ရဲလေး နဲ့ မင်းမော်ကွန်းတို့  ဆိုကြမယ်တဲ့။

အဲဒီအထဲက အယ်လ်ဆိုင်းဇီအသံကို အတော်သဘောကျပါတယ်။ အေးအေးလေးနဲ့  အသံနေအသံထားကလည်း ကောင်းတော့ ဒီလိုပွဲမျိုးမလွတ်တမ်းကောင်းဘူးလို့  ကိုယ့်ဖါသာအားပေးပြီး ပြင်ဆင်ထားတာပါ။

ဟော ဗေထိဆို ဆန်ရှင် (Sanctions) ထိပြီ။ စစ်အစိုးရရဲ့ ၀ါဒဖြန့်ချီရေးကားမှာပါတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေကို သပိတ်မှောက်ကြပြီတဲ့။ အခါတိုင်းဆို ကိစ္စတစ်ခုဆို ကြိုသိတတ်တဲ့ ကျွန်တော်၊ ဘယ့်နှယ် ဒီတစ်ခါတော့ မသိရပါလား။ အခုဆိုမဲ့ အဆိုတော်တွေထဲက ၀ိုင်းစုခိုင်သိန်းက မင်းသမီး ၆၄ ယောက်ထဲမှာ တစ်ယောက်အပါအ၀င် "အာရုံဦးမှာ ဖူးသည့်ကြာ" ဇာတ်ကားမှာ သရုပ်ဆောင်သတဲ့။ ဒါနဲ့ ကျွန်တော်တို့ ရပ်ကွက်က သူငယ်ချင်းတွေအပါအ၀င် နိုင်ငံရေးသမားအားလုံးက အဲဒီဇာတ်ကားမှာပါတဲ့ မင်းသား မင်းသမီးတွေကို ဗီဇာမပေးဖို့ ရန်ကုန်က အမေရိကန် သံရုံးကို စာရေးကြတယ်။

ကျွန်တော့်မှာလည်း အဲဒီစာရေးတဲ့ ကိစ္စထောက်ခံရမှာလား ဘာလားပေါ့လေ။ ကန့်ကွက်လို့  တော့မရဘူးလေ။ အားလုံးက ပြီးစီးနေပြီးသားဆိုတော့။

ဆက်စပ်လို့ အာအက်ဖ်အေ က အဲဒီမင်းသမီးနဲ့ အင်တာဗျူးကို နားထောင်လိုက်ရတယ်။ ၀ိုင်းစုရေ "... အဲဒီလို အရေးတော်ပုံအားလုံး စော်ကားတဲ့ ဇာတ်ကားကို ဘာကြောင့်ရိုက်သလဲ" ပေါ့ သတင်းထောက်ကမေးတယ်။ အဲဒီတော့ မင်းသမီးကလည်း ဘယ်လိုမှထောက်ခံလို့ မဟုတ်ကြောင်း ပြန်ဖြေရှတယ်။ အဲဒီအကြောင်း မသိရပါဘူး။ အတင်းရိုက်ခိုင်းတော့ မငြင်းရဲပဲ ရိုက်ရတယ်ပေါ့။ အနုပညာသမားတွေဘ၀ဟာ ကြောက်နေရတယ်ပေါ့။ ဒါနဲ့ပဲထမင်းစားနေရတာဆိုတော့ မငြင်းရဲဘူးပေါ့။

ကျွန်တော်မြင်တာကလည်း ပိတ်ဆို့ အရေးယူမှုတွေလုပ်တဲ့အခါ အနုပညာသမားတွေကို ချန်ထားသင့်တယ်လို့ ထင်ပါတယ်။ အဲဒီလို ၀ါဒဖြန့်ချီရေးကားတွေကို တာဝန်ယူရိုက်တဲ့ ဒါရိုက်တာတွေ၊ ငွေထုတ်ပေးသူတွေ ကို ပိတ်ဆို့တာတော့ ထောက်ခံပါတယ်။ မင်းသား မင်းသမီးတွေကိုတော့ ချမ်းသာပေးသင့်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒါဟာ ကျွန်တော်တို့ ဘက်က အနုပညာသမားတွေကို နားလည်မှု နည်းနေသလို ဖြစ်မနေဘူးလားလို့ စဉ်းစားမိတာပါ။

ဘာဘဲဖြစ်ဖြစ်ပေါ့လေ။ ပြီးသွားပြီဆိုတော့လည်း ဘာမှအထွေအထူး မပြောလိုတော့ပါဘူး။ ဆိုတော့ ကျွန်တော် မြောက်ကာရိုလိုင်းနားကို သွားကြည့်မယ့် အစီအစဉ် မဖျက်တော့ပါဘူး။ လက်မှတ်လည်း ပြောထားပြီးပြီ။ နောက်တစ်ခုက ကွန်မြူနတီ လို့ အားလုံးပြောကြတဲ့အခါ နိုင်ငံရေးကြီးပဲပြောနေလို့ မပြီးသေးဘူး။ တခြားမတူတဲ့ သူတွေနဲ့ ပေါင်းစည်းပြီး ဟဲဗီးတွေမဟုတ်တဲ့ လူမှုရေး ယဉ်ကျေးမှု ဘာသာရေး သာရေးနာရေး အစရှိသဖြင့် တွေကိုလည်း ပေါင်းစပ်တတ်ဖို့ လိုတယ်။ အထူးသဖြင့် ကျွန်တော်တို့ ၄၀ တန်းတွေက မွေးထုတ်လိုက်တဲ့ မျိုးဆက်သစ်တွေဟာ အမေရိကန်ယဉ်ကျေးမှုကိုသာ အဓိကသိကြပြီး မြန်မာရုပ်ရှင် မြန်မာသီချင်း မြန်မာအစားအစာ တွေကိုလည်း ဟက်ဟက်ပက်ပက် ကြိုက်တာတွေ့ ရတော့ ၀မ်းသာပီတိ ဖြစ်ရတယ်။ ဒီလိုပွဲမျိုးဟာ ကလေးတွေအတွက် အထူးအခွင့်အရေးဖြစ်သလို ကျွန်တော်တို့ လိုလူကြီးတွေအတွက်လည်း အလွမ်းပြေ ပွဲလေးတွေကြောင့်ပါ။

ထားပါတော့ ကျွန်တော်လည်း ကာကွယ်နေသလို ဖြစ်နေသလား မသိဘူး။ တစ်ခုပဲပြောရမလိုဖြစ်တယ် အနုပညာရပ်ပိုင်း ယဉ်ကျေးမှုပိုင်းအရ ဆက်နွယ်လာရင် ပိတ်ဆို့ အရေးယူမှုတွေ လျော့ပေးပါလို့ 

အာရုံဦးမှာ ဖူးသည့်ကြာ ရုပ်ရှင်သရုပ်ဆောင်များအား ဗီဇာပိတ်ဖို့ တောင်းဆို

အာရုံဦးမှာ ဖူးသည့်ကြာ ရုပ်ရှင်သရုပ်ဆောင်များအား ဗီဇာပိတ်ဖို့ တောင်းဆို

မြန်မာစစ်အစိုးရရဲ့ ၀ါဒဖြန့်ချီရေး ရုပ်ရှင် အာရုံဦးမှာ ဖူးသည့်ကြာ ဇာတ်ကား မှာ ပါဝင်ကြတဲ့ ရုပ်ရှင် သရုပ်ဆောင်တွေကို အမေရိကန် ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ပေးဖို့ ရန်ကုန်အခြေစိုက် အမေရိကန် သံရုံးကို ၀ါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။



လောလောလတ်လတ် အမေရိကန် ပြည်ထောင်စုမှာ ဖျော်ဖြေရေးလာမဲ့အထဲက မ၀ိုင်းစုခိုင်သိန်းလည်း အဲဒီဇာတ်ကားမှာ ပါဝင်ခဲ့တဲ့အတွက် ဗီဇာပိတ်ပင်ပေးဖို့  တောင်းဆိုခံရတဲ့ အထဲမှာ ပါနေပါတယ်။ ၀ိုင်းစုခိုင်သိန်း ဆိုတာ အဆိုတော်လည်းဖြစ် ရုပ်ရှင်သရုပ်ဆောင်လည်း ဖြစ်ပါတယ်။

ထားပါတော့ ဒါကတော့ ဖြစ်တဲ့အခြေအနေကို အကြမ်းဖြင်းရှင်းပြတာပါ။ ကျွန်တော် ပြောချင်တာက ခုတ်ရာတခြား ခြရာတလွဲ ဖြစ်နေတဲ့ ကိစ္စပါ။ ပထမတစ်ချက်က ဒီရုပ်ရှင်သရုပ်ဆောင်အများစုဟာ အဲဒီအာရုံဦးမှာ ဖူးသည့်ကြာ ဇာတ်ကားကို ရိုက်ပေးဖို့ အတင်းအဓမ္မခိုင်းစေခံရတာ ဖြစ်တယ်။ အဲဒီအထဲမှာ ပါတဲ့ မင်းသား မင်းသမီး (အများစု) ဟာ ကျွန်တော်တို့ ၈၈ အရေးအခင်းဖြစ်နေချိန်တုန်းက လူဖြစ်စအရွယ်တွေသာ ဖြစ်တယ်။ အထင်ရှားဆုံးက နိုင်ငံရေးဆိုတာကို ဘာမှ သိကြတာ မဟုတ်ဘူး။ အာဏာစက်ကို ကြောက်လို့ သာသရုပ်ဆောင်ကြရတာပါ။

ဒုတိယအချက်က ပြည်ပမှာလည်း ကျွန်တော်တို့အရွယ်တွေက မွေးလိုက်တဲ့ ကလေးတွေ များလာနေပြီ။ တချို့ဆို မြန်မာပြည်ဆိုတာ ဘာမှန်းတောင် သိတာမဟုတ်ဘူး။ ပြည်တော်ပြန်ချိန်ဆိုတာလည်း ဘယ်တော့လည်းဆိုတာ ကျွန်တော်တို့ မိဘတွေတောင် မသိတဲ့အတွက် သူတို့ခမျာ လက်ရှိမြန်မာပြည်က သီချင်းတွေ နားထောင်ပြီး အဆိုတော်တွေကို ကြည့်ရမယ်ဆိုတော့ ၀မ်းသာရှာကြတာ။ ကျွန်တော်လည်း အပါအ၀င်ပါပဲ။ ဆိုတော့ ဒီအနုပညာရှင်တွေကို လုံးဝ သပိတ်မှောက်တဲ့ အထဲမှာ မထည့်သင့်ဘူး။

ဒါဟာ မှားယွင်းတဲ့ ဖေါက်ပြန်တဲ့ အတွေးအခေါ် လုပ်ဟန်ဖြစ်တယ်။ တခြားနိုင်ငံရေး အလုပ်တွေ အများကြီး လုပ်စရာရှိတယ်။ (လုပ်နိုင်တဲ့ အရည်အချင်းရှိရင် ပေါ့လေ)။ ရှိနေပြီးသား စီးပွားရေး ပိတ်ဆို့မှုတွေ ဗိုလ်ချုပ်အသိုင်းအ၀ိုင်းတွေကို ဗီဇာပိတ်ဆို့ မှုတွေ ငွေကြေးဆိုင်ရာတွေ ပိတ်ဆို့မှုတွေ အများကြီး အများကြီး လုပ်စရာတွေ။ ဘာကိစ္စ အနုပညာသည်တွေဘက်ကို အတင်းအဓမ္မ ရန်ရှာချင်နေရသလဲဆိုတာ ကျွန်တော် လုံးဝ စဉ်းစားလို့ကို မရဘူးဖြစ်နေတယ်ဗျာ။

သင်္ကန်းလှုရခြင်း အကျိုး (၇)ပါးကထိန်လှူရခြင်း အကျိုး (၅)ပါး

သင်္ကန်းလှုရခြင်း အကျိုး (၇)ပါးကထိန်လှူရခြင်း အကျိုး (၅)ပါး
သင်္ကန်းလှုရခြင်း အကျိုး (၇)ပါး



1။ စိုးရိမ်မှုကင်း

2။ ရွှေဆင်းရုပ်ထု

3။ ကိုယ်မူရောင်ထွက်

4။ ပျော့ညက်သားရေ

5။ မပေ ညစ်ကြေး

6။ ကြံတွေး တောင့်တ

7။ အ၀တ်ရရှိ

ဧဟိ ဘိက္ခု ခေါ်ပြုရဟန်း ကျွတ်တန်းဝင်ရကျိုး သတ္တမှတ်ကြ စီဝရန်။



ဦးပညာသိရီ

မဏိရတနာမိုးကုတ်ကျောင်း

သွေးဆေးကန်၊ ရန်ကုန်မြို့။



ကထိန်လှူရခြင်း အကျိုး (၅)ပါး



1။ တားဆီးကင်းကွာ လွတ်လပ်စွာ လိုရာသွားနိုင်သည်။

2။ တာဝန်ကိစ္စ မလေးရ ပေါ့လှလေတော့သည်။

3။ စားလိုရာများ စားသော်ငြား ဘေးက မသင့်ပြီ။

4။ အ၀တ်ထည်များ ပေါကြွယ်ပွား သုံးကာမကုန်ပြီ။

5။ ကိုယ့်ပစ္စည်းများ သူတစ်ပါး ယူသွားကင်းပသည်။

ကထိန်ဒါယကာ ကျိုးငါးဖြာ မှန်စွာရနိုင်သည်။



ဦးပညာသိရီ

မဏိရတနာမိုးကုတ်ကျောင်း

သွေးဆေးကန်၊ ရန်ကုန်မြို့။

ဒေသခံမြန်မာစစ်တပ်မှ မွန်လူငယ်များကိုဖမ်းဆီးငွေညှစ်



ဒေသခံမြန်မာစစ်တပ်မှ မွန်လူငယ်များကိုဖမ်းဆီးငွေညှစ်
မင်းထက်အောင်(နိုဝင်ဘာ-၁၈)။ ။ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်လမ်းဝအခြေစိုက် အမှတ် ၃၁၈ အမြှောက်တပ်ဖွဲ့မှ စစ်သည်အချို့သည် လူငယ် ၆ ဦးကို ဖမ်းဆီးချုပ်နှေုာင်ခဲ့ပြီး ငွေညှစ်မှုများပြုလုပ်ခဲ့ကြောင်း ကာယကံရှင်မွန်လူငယ်တစ်ဦးက ပြောသည်။
“သေနတ်ဖေါက်ပြီး ဆိုင်ကယ်ကို အတင်းရပ်ခိုင်းတာ၊ ကျနော်တို့အရမ်းကြောက်သွားတယ်၊ နောက်ပြီး ရယကရုံးကိုခေါ်သွားတော့ ဘယ်ရွာကဘယ်သူဆိုပြီး မေးမြန်းစစ်ဆေးပါတယ်၊ နောက်တစ်နေ့ မိဘတွေရောက်လာပြီး ငွေပေးလိုက်တော့ လွှတ်ပေးတယ်”
အဆိုပါဖြစ်ရပ်မှာလွန်ခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့ညနေပိုင်း၌ မုဒုံမြို့နယ်၊ ရောင်းဒေါင်းရွာလမ်းဝတွင် မြန်မာစစ်သားအချို့ အဆိုပါလူငယ်များကို သေနတ်ပစ်ဖေါက်ဖမ်းဆီးခဲ့ပြီး ရယကရုံး၌ တစ်ညတိတိ ချုပ်နှောင်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ရောင်းဒေါင်းရွာရယက၏ညှိနှိုင်းမှုဖြင့် လူငယ်တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းပေးဆောင်မှ ပြန်လည်လွတ်မြောက်လာရကြောင်း အဖမ်းဆီးခံကာယကံရှင်မွန်လူငယ်က ဆက်ပြောသည်။
အဆိုပါဖြစ်ရပ်ကို မိမိတို့သိရှိထားကြောင်း မွန်ပြည်သစ်ပါတီ၊ မော်လမြိုင်ခရိုင် အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။
အဖမ်းဆီးခံရသူများမှာ ရောင်းဒေါင်းရွာသား ၂ ဦး၊ ကွမ်လှာရွာသား ၂ ဦးနှင့် ဝါခရူရွာသား ၂ ဦးဖြစ်၍ စုစုပေါင်း လူငယ် ၆ ဦးဖမ်းဆီးငွေညှစ်ခံလိုက်ရခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ ရောင်းဒေါင်းရွာ ရယကဥက္ကဌအား ဆက်သွယ်မေးမြန်းခဲ့ရာတွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းဌာနများနှင့် မိမိမပြောကြားလိုကြောင်း ငြင်းဆိုပါသည်။
အဘစ်လမ်းဝအခြေစိုက် အမှတ် ၃၁၈ အမြှောက်တပ်ဖွဲ့အား အနီးပတ်ဝန်းကျင်ရှိ ကျေးရွာဥက္ကဌများမှ ပုံမှန်လစဉ်ကြေးများ ပေးဆက်နေရသည်ဟု သတင်းများပြန့်နေသော်လည်း အရေအတွက်မည်မျှ ပေးဆောင်နေရသည်ကို ကာယကံရှင်များက မပြောကြားလိုပေ။
ယင်းကဲ့သို့ သက်ဆိုင်ရာနယ်မြေခံစစ်တပ်အား လစဉ်ဆက်ကြေးများမပေးဆောင်ပါက ပွဲလမ်းသဘင်ပါမစ်များသာမက လောင်းကစားဝိုင်းများကိုလည်း ဖွင့်လှစ်ခွင့်မရှိဟု အမည်မဖေါ်လိုသော ကွမ်လှာရွာ ဥက္ကဌဟောင်းတစ်ဦးက ပြောသည်။
အဆိုပါဒေသခံတို့သည် ရာဘာခြံကို အဓိကထားစိုက်ပျိုးလုပ်ကိုင်ကြပြီး အမှတ် ၃၁၈ အမြှောက်တပ်လုံခြုံရေး ဧရိယာဟု အာဏာပိုင်များ သတ်မှတ်ထားရှိသည်။

လာမည့်နိုဝင်ဘာ(၇)ရက် ရွေးကောက်ပွဲအပေါ် မွန်ပြည်သစ်ပါတီ၏ သဘောထားထုတ်ပြန်ချက်

လာမည့်နိုဝင်ဘာ(၇)ရက် ရွေးကောက်ပွဲအပေါ် မွန်ပြည်သစ်ပါတီ၏ သဘောထားထုတ်ပြန်ချက်

NLD စောင့်ရှောက်ထားသည့် HIV/AIDS ဝေဒနာရှင် ၅၀ ပြောင်းရွှေ့ရမည်

NLD စောင့်ရှောက်ထားသည့် HIV/AIDS ဝေဒနာရှင် ၅၀ ပြောင်းရွှေ့ရမည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူမှု အထောက်အကူပြု အဖွဲ့မှ စောင့်ရှောက်ထားသည့် HIV/AIDS ဝေဒနာရှင်များကို ရန်ကုန်တိုင်း သာကေတ ဆေးရုံသို့ လွှဲပေးရန် သက်ဆိုင်ရာ ဆရာဝန်များက ယနေ့ထပ်မံ ခေါ်ယူပြောဆိုကြောင်း သတင်း ရရှိသည်။
ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်ရှိ ၎င်းဝေဒနာရှင်များကို ထားရှိသည့် ဂေဟာ၏ တာဝန်ခံ NLD အဖွဲ့ဝင် ကိုရာဇာက ဂေဟာ ရှိ လူနာများမှာ များလွန်းသောကြောင့် အခြားကူးစက် ရောဂါများ ထပ်မံဖြစ်ပွားပါက ကူးစက်ရန် အခွင့်အလမ်းများသဖြင့် သက်ဆိုင်ရာမှ စီစဉ်ထားသည့် သာကေတ ဆေးရုံသို့ ဝေဒနာရှင် ၅၀ ကို လွှဲပြောင်းပေးရန် ဆရာဝန်ကြီးများက ခေါ်ယူ ပြောဆိုကြောင်း ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ကတော့ ဒီအတိုင်းတော့ မလွှဲပေးနိုင်ဘူး၊ သူတို့ပြောတဲ့နေရာကို ကျနော်တို့ အရင်ဆုံးလေ့လာမယ်၊ ပြီးတော့မှ လွှဲသင့် လွှဲထိုက်တဲ့သူ၊ သူတို့ပြောသလိုမျိုး တီဘီရောဂါ ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့သူတွေကိုပဲ လွှဲပေးမယ်လို့တော့ သူတို့ ကို အကြောင်း ပြန်ထားတယ်”ဟု ကိုရာဇာက ပြောပြသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့က HIV/ AIDS ဝေဒနာရှင်များ ထားရှိရာဂေဟာသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်အားပေး ခဲ့ပြီးနောက် ရပ်ကွက်အာဏာပိုင်များက ဝေဒနာရှင်များကို နောက်ထပ် ဧည့်စာရင်း တိုင်ခွင့်ပေးတော့မည် မဟုတ်ကြောင်း၊ လက်ရှိတိုင်ထားသည့် ဧည့်စာရင်းသက်တမ်းပြည့်ပြီး ၂၅ ရက်နေ့နောက်ပိုင်း ဆက်လက်နေထိုင်သူများကို ဖမ်းဆီးမည် ဖြစ် ကြောင်း ပြီးခဲ့သည့် ကြာသပတေးနေ့က အကြောင်းကြားခဲ့သည်။
“ရယက လူကြီးကလည်း ဧည့်စာရင်း ထပ်ပေးဖို့၊ မပေးဖို့ကိုတော့ သူလည်း ဘာမှမတတ်နိုင်ဘူး၊ မယက လူကြီးပေါ်မှာပဲ မူတည်တယ်၊ ဒီနေ့ နေ့လယ် အထိတော့ ဧည့်စာရင်းထပ်ရဖို့ အခြေအနေမရှိဘူးလို့ ရယက လူကြီးက ကျနော်တို့ကို ပြော တယ်၊ ကျနော်တို့ကတော့ ဧည့်စာရင်း ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ဆက်နေဦးမှာပဲလို့တော့ ပြန်ပြောခဲ့တယ်”ဟု ကိုရာဇာက ဆိုသည်။
ယနေ့ ပြောဆိုသည့် ဆရာဝန်ကြီးများကမူ မယက လူကြီး ဦးကိုကိုလှိုင် နှင့်မတူဘဲ နွေးနွေးထွေးထွေး ပြောဆိုဆက်ဆံ သည်ဟုလည်း ၎င်းက ပြောသည်။
“ဒီနေရာက တခြား NGO တွေ လုပ်နေသလို သာမန်နေရာမဟုတ်ဘူး၊ ဒီနေရာက ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်နဲ့ လူမျိုး အပေါ်ရှိတဲ့ သူ့ရဲ့အမြော်အမြင်ကြီးမှုကို ဖော်ကျူးတဲ့နေရာ ဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာနဲ့ ကရုဏာ တရားတွေကို အကောင်အထည်ဖော်ပေးနေတဲ့နေရာ၊ ငိုညည်းသံတွေနဲ့ မျက်ရည်တွေကို သွေ့ခြောက်စေနိုင်တဲ့ ကွန်းခိုရာ၊ ကရုဏာ မေတ္တာတရားတွေကို ဆေးသားတင်ထားတဲ့နေရာ၊ အဲဒါကြောင့် မယက လူကြီးပြောတဲ့ တချက်ကြောင့် ဒီနေရာ ကို ကျနော်တို့ မဖျက်ဆီးနိုင်ဘူး”ဟုလည်း ကိုရာဇာက ဆက်လက် ပြောဆိုသည်။
HIV/AIDS ဝေဒနာရှင်များကို သာကေတ ဆေးရုံသို့ လွှဲပြောင်းပေးရန် ပြောဆိုကြသူများမှာ တိုင်း ကျန်းမာရေးဦးစီးမှူး ဒေါက်တာ လှမြင့်၊ ဒေါက်တာ မျိုးသန့်၊ ဝေဘာဂီ ဆေးရုံအုပ် ဒေါက်တာ ဦးခင်အောင်စော၊ တိုင်းကျန်းမာရေး ဒု ဦးစီးမှူး ဒေါက်တာ ဒေါ်စန္ဒာဝင်း၊ တီဘီအထူးကု ဒေါက်တာ မြမြဝင်းနှင့် မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာ တင်မိမိခိုင် တို့ ဖြစ်ကြောင်း သိရှိရသည်။

အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသားတချို့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်

အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသားတချို့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်

အင်းစိန် ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသား တချို့ ကျန်းမာရေး ချို့ယွင်းမှုများရှိနေပြီး ထိရောက်သော ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေသည်ဟု ထောင်ဝင်စာတွေ့သူ မိသားစုဝင်များက ပြောသည်။
တွံတေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင်၊ တက်ကြွလှုပ်ရှားသူလူငယ် ကိုညီညီထွန်းနှင့် ရခိုင်လူငယ် တဦးတို့သည် ခန္ဓာကိုယ် ချည့်နဲ့ဝေဒနာများခံစားနေရပြီး ပြင်ပဆေးရုံများသို့ ဆေးကုသခွင့် ရရန် လိုအပ်နေသည်ဟု မိသားစု ၀င်များက ပြောဆိုသည်။
“လေဖြန်းသလိုမျိုး ခြေထောက်တွေက ချည့်နေတယ်။ လူကလည်း တအားပိန်ပြီးတော့ မည်းခြောက်နေတယ်။ ဒီ ရက်ပိုင်း လေးအတွင်း ဖြစ်သွားတာ။ အရင် ၂ ပတ်လောက်က ဒီလို မဟုတ်ဘူး။ ဘာကြောင့်မှန်းဆိုတာ မသိဘူး။ ထောင်ဆေးရုံက အကြောဆေးပဲ ပေးထားတာ မသက်သာလို့ အပြင်ဆေးရုံ ပြဖို့ပြောထားတာ ခုထိခွင့်မရသေးဘူး”ဟု ကိုရဲထွဋ်ခေါင်၏ ဇနီး မမေမျိုးစု က ပြောသည်။
ကိုရဲထွဋ်ခေါင်သည် တွံတေးမြို့နယ်တွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေး ဆု တောင်းပွဲများတွင် ပါဝင်ခဲ့ခြင်းကြောင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၃ နှစ် ကျခံနေရခြင်းဖြစ်သည်။
ထို့အတူ နာဂစ်ဒုက္ခသည်များ ကူညီရေး စေတနာ့ဝန်ထမ်းလူငယ်တဦးဖြစ်သည့် တောင်ဥက္ကလာပမှ ကိုညီညီထွန်းနှင့် ရခိုင်လူငယ်တဦးသည်လည်း အလားတူ ကိုယ်ခန္ဓာချည့်နဲ့ ဝေဒနာများ ခံစားနေရ၍ ထောင်အာဏာပိုင်များထံသို့ ထိရောက်သော ကုသမှုများပေးရန် မိသားစုဝင်များက ထပ်မံ တောင်းဆိုမည်ဟု သိရသည်။
မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း နိုင်ငံရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးထောင်ချခံထားရသူပေါင်း ၂၂၀၃ ဦး ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)က ထုတ်ပြန်ထားသည်။

ခြေချောင်း၁၆ချောင်းပါတဲ့ကလေးငယ်



ခြေချောင်း၁၆ချောင်းပါတဲ့ကလေးငယ်
တရုတ်ပြည်တောင်ပိုင်း Leizhou မှာ သေးငယ်တဲ့ကလေးငယ်တစ်ဦးမွေးဖွားခဲ့ပါတယ် ။
အဲဒီကလေးငယ်လေးမှာသူ့ရဲ့ ခြေထောက်မှာခြေချောင်း ၁၆ ချောင်းပါဝင်ပြီးတစ်ဖက်စီမှာ ၈
ချောင်းစီပါရှိလာခဲ့ပါတယ် ။ လက်မှာတော့ လက်ချောင်း
ငါးချောင်းပါရှိခဲ့ပေမယ့် လက်နှစ်ဖက်စလုံးမှာ လက်မကတော့လုံးဝမပါရှိခဲ့ပါဘူး
။ Genetic defect ကြောင့်ဖြစ်ရတယ်လို့ ယူဆထားပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှ စီးပွားရေး ဦးမော့နိုင်မည်


ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှ စီးပွားရေး ဦးမော့နိုင်မည်

ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား အဖွဲ့များနှင့် စစ်အစိုးရတို့အကြား တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေး ပြဿနာများ အဖြေ ရှာမှသာ မြန်မာ့ စီးပွားရေး တိုးတက်နိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုလိုက်သည်။
ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည် ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ ပြန်လည် ထွက်ခွာလာစဉ် (ဓာတ်ပုံ - AP)
ဧရာဝတီက မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ငါး လုပ်ငန်း အဖွဲ့ချုပ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ် အသင်းများမှ စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ မေးမြန်းရာ လက်ရှိအခြေအနေတွင် မြန်မာ့စီးပွားရေးမှာ ထွက်ပေါက် မရှိ သော အခြေအနေမျိုးတွင် ဆိုက်ရောက်နေကြောင်း ပြောဆိုကြသည်။
“စီးပွားရေး၊ နိုင်ငံရေးက ထွက်ပေါက်မရှိသလို ဖြစ်နေတယ်။ စီးပွားရေးသမားတွေကလည်း အနာဂတ်မဲ့ ပုံစံဖြစ်နေတယ်။လက် ရှိ အခြေအနေ အတိုင်းဆက်သွားမယ်ဆိုရင် စီးပွားရေးပိုကျဖို့ ရှိတယ်”ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းဝင် တဦးက ပြောသည်။
ရွေးကောက်ပွဲအပြီး စစ်အစိုးရ၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)က မဲမသမာမှုများဖြင့် အနိုင်ရရှိပြီး ကြံ့ဖွံ့အရပ်သားအစိုးရ ပေါ်ပေါက်လာမည်ဖြစ်ရာ အမေရိကန် နှင့် အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှု များလည်း ဖယ်ရှားမည် မဟုတ်ကြောင်း၊ ထို့အပြင် စစ်ယူနီဖောင်းချွတ်အရပ်သားအစိုးရက ပုံစံပြောင်း အုပ်ချုပ်မည်ဖြစ်သော ကြောင့် ပွင့်လင်းမြင်သာသော ဈေးကွက်စီးပွားရေးစနစ် ဖြစ်ပေါ်လာဦးမည် မဟုတ်ဘဲ အစိုးရ နှင့်နီးစပ်သူ စီးပွားရေးသမားများ သာ လုပ်ပိုင်ခွင့်ရသော စီးပွားရေးစနစ်က နေရာယူထားဦးမည်ဖြစ်ကြောင်း ပြည်တွင်း စီးပွားရေး အသိုင်းအ၀ိုင်းတွင် ပြော ဆို နေကြသည်။
“မြန်မာ့စီးပွားရေးကို ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်းတို့လို စစ်အစိုးရ ကျောထောက် နောက်ခံ စီးပွားရေး သမားကြီး တွေ ကပဲ ဆက်ပြီး လက်ဝါးကြီး အုပ်ထားဦးမယ်။ အကြမ်းဖျင်း ပြောမယ်ဆိုရင် စီးပွားရေးလုပ်ချင်ရင် အစိုးရနဲ့ပေါင်းဆိုတဲ့ စီးပွားရေးစနစ်ပဲ ဆက်ဖြစ်သွားမယ်။ တကယ့် ဈေးကွက် စီးပွားရေးစနစ် ပေါ်လာစရာ အခွင့်အလမ်းနည်းပါတယ်”ဟု UMFCCI အသင်းဝင် စီးပွားရေးသမား တဦးက ဆိုသည်။
ပြည်တွင်း စီးပွားရေးသမား တချို့က လွှတ်တော်များ ပေါ်ပေါက်လာပြီး မြန်မာ့စီးပွားရေးအတွက် အကျိုးရှိသော မူဝါဒ ဥပေဒ များချမှတ်ပေါ်ပေါက်လာကာ မြန်မာ့စီးပွားရေး တရှိန်ထိုးဖွံ့ဖြိုးတိုးတက်မည်ဟု ယူဆကြကြောင်း၊ ထိုယူဆချက်မှာ ရာနှုန်းပြည့် မမှန်နိုင်ကြောင်း ဂဏန်းမွေးမြူ ရေးလုပ်ငန်းရှင်တဦးကလည်း ပြောသည်။
“ဥပဒေတွေ ဘယ်လောက်ပဲ ကောင်းကောင်း၊ မူဝါဒတွေ ဘယ်လောက်ပဲ ကောင်းကောင်း၊ စစ်တပ် အုပ်ချုပ်တဲ့ အစိုးရ လက်ထက် ကတည်းက အကျင့်ပါနေတဲ့ လာဘ်ပေးလာဘ်ယူမှုက ပပျောက်ဖို့ ခဲယာဉ်းတယ်။ နောင် တက်လာမယ့် အစိုးရ သစ် ကလည်း အခုစစ်အစိုးရမှာ ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေပဲ။ အရင်က ပြောခဲ့ကြတယ်။ မူပြောင်း လူမပြောင်းစနစ် ဖြစ်မယ် ပေါ့။ အခုတော့ မူလည်းမပြောင်းဘူး လူလည်း မပြောင်းဘူး။ မူမပြောင်း လူမပြောင်းတဲ့အတွက် စီးပွားရေးလည်း ပြောင်းဖို့ မမြင်ဘူး”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်းရှင် တဦးက ဆိုသည်။
မြန်မာ့စီးပွားရေးတိုးတက်ရန်မှာ အမေရိကန်၊ ဥရောပစသည့် အနောက်နိုင်ငံများနှင့် ချိတ်ဆက်ထားသော စီးပွားရေး စနစ် ဖြစ်ပေါ် လာမှသာဖြစ်နိုင်ကြောင်း၊ စီးပွားရေးပိတ်ဆို့မှုရှိနေသမျှ ပြည်တွင်းစီးပွားရေးမှာ အိမ်နီးချင်းနိုင်ငံများ၏ ဂုတ် သွေးစုပ် ရင်းနှီးမြုပ်နှံမှုကိုသာ ရရှိမည်ဖြစ်ပြီး အဆိုပါရင်းနှီးမြုပ်နှံမှုများသည် အစိုးရအတွက် ၀င်ငွေရရှိစေကာ အသက်ရှုချောင် စေမည် ဖြစ်သော်လည်း တိုင်းပြည်နှင့် လူမျိုးကိုဆင်းရဲတွင်းမှ ဆွဲမထုတ်နိုင်ကြောင်း ပြည်တွင်း စီးပွားရေး ပညာရှင် တဦးက သုံးသပ် သည်။
“စီးပွားရေးတိုးတက်လာတဲ့ တရုတ်နိုင်ငံကိုပဲကြည့်ကြည့်၊ ဗီယက်နမ်နိုင်ငံကိုပဲကြည့်ကြည့် အမေရိကန်၊ ဥရောပနဲ့ အနောက် နိုင်ငံကြီးတွေနဲ့ စီးပွားရေးဆက်ဆံမှုတွေလုပ်ရင်း ဖွံ့ဖြိုးတိုးတက်သွားတာ။ ဗီယက်နမ်ဆိုရင် အမေရိကန် စီးပွားရေးပိတ်ဆို့မှု ဖယ်လိုက်တော့မှ စီးပွားရေး ဖွံ့ဖြိုးလာတာ။ မြန်မာနိုင်ငံက သဘာဝသယံဇာတထွက်နေလို့ အိမ်နီးချင်းနိုင်ငံတွေက လာရင်းနှီး မြုပ်နှံရင်တောင် ဒီရင်းနှီးမြုပ်နှံမှုက အစိုးရကိုပဲ အသက်ရှုချောင်စေမှာ၊ တိုင်းပြည် စီးပွားရေးအရှိန်အဟုန်နဲ့ ဖွံ့ဖြိုးစေတဲ့ အထိ မဖြစ်နိုင်ပါဘူး”ဟု အထည်ချုပ် လုပ်ငန်းရှင်တဦးကလည်း ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားပေးရန် ပြည်သူက တောင်းဆိုလျှင် ဖယ်ရှားရေး ဆောင်ရွက်မည် ဖြစ် ကြောင်း၊ သို့သော်လည်းစီးပွားရေး ပိတ်ဆို့မှုများက ပြည်သူကို မည်သို့မည်ပုံ ထိခိုက်စေသည်ဆိုသော ခိုင်လုံတိကျသည့် အထောက် အထားများ ပြသရန် လိုအပ်ကြောင်း နိုဝင်ဘာလ ၁၄ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကမူ စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် တောင်းဆိုမည် မဟုတ်ဘဲ တောင်းဆို လျှင်လည်း အမေရိကန်နှင့် အနောက်နိုင်ငံများက ရုပ်သိမ်းပေး မည်မဟုတ်ကြောင်း၊ မြန်မာ့စီးပွားရေးကို အိမ်နီး ချင်း နိုင်ငံများနှင့် ကူးလူးဆက်ဆံ၍ ရှေ့ဆက်သွားမည်ဖြစ်ကြောင်း ပြည်တွင်းသတင်းထောက် များနှင့်တွေ့ဆုံသော သတင်းစာ ရှင်းလင်းပွဲ တခုတွင် ပြောဆိုထားသည်။
မြန်မာနိုင်ငံစက်မှုကုန်ထုတ်အသင်းမှ ကုမ္ပဏီပိုင်ရှင် တဦးက နိုင်ငံနှင့် ပြည်သူအကျိုး အတွက် တွေ့ဆုံဆွေးနွေးသည့် နည်းဖြင့် အဖြေရှာခြင်းမှာ အကောင်းဆုံးဖြစ်ကြောင်း ပြောဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်က ဘယ်သူနဲ့ပဲဖြစ်ဖြစ် စကားပြောနိုင်တယ် ပြောနေပြီ။ အစိုးရဘက်ကလည်း ဒီ အခွင့်အရေးကို အသုံးချပြီး စကားပြောကြရင်၊ တွေ့ဆုံနွေးကြရင် မြန်မာနိုင်ငံ ငါးနှစ်အတွင်း စီးပွားရေးတိုးတက်မှုတွေ သိသိသာသာ မြင်ရ မယ်၊ စကားပြောကြပါ၊ တွေ့ဆုံနွေးကြပါလို့ပဲ အကုန်လုံးကို တိုက်တွန်းချင်တယ်”ဟု ၎င်းက ဆိုသည်။
စစ်အစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှု၊ တိုင်းရင်းသူ အမျိုးသမီးများအပေါ် အဓမ္မကျင့်မှု၊ နေအိမ်များ အတင်းအကျပ် ရွှေ့ ပြောင်းမှု၊ နိုင်ငံရေး လှုပ်ရှားသူများကို ထောင်သွင်း အကျဉ်းချထားမှု အပါအ၀င် အာဏာ အလွဲသုံးစားပြု၍ ဖိနှိပ်မှုများ ကျူး လွန် နေခြင်းကြောင့် အမေရိကန်၊ ဥရောပ စသည့် အနောက်နိုင်ငံများက မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ မှုများ ချမှတ် ထား ခြင်း ဖြစ်သည်

First Eleven ဂျာနယ် နှစ်ပတ်ပိတ်ခံရ



First Eleven ဂျာနယ် နှစ်ပတ်ပိတ်ခံ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မဟာလောကရံသီအိမ်တော်ရာ ဘုရားဝင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း
မှ သတင်းရရှိသည်။မန္တလေးမြို့လယ်အချက်ကျသော
အိမ်တော်ရာဘုရားအတွင်း
ဗုံးပေါက်ကွဲမှုကြောင့် လူ ၄ဦးထိခိုက်ဒါဏ်ရာရရှိပြီး သေဆုံးမှုမရှိကြေင်း
မျက်မြင်ကြုံတွေ့သူတဦးက ပြောပြပါသည်။
”နံနက် ၈ နာရီ မထိုးခင်ကတည်းက အိမ်တော်ရာဘုရားထဲမှာ အလှူ လည်း ရှိနေတော့ လူစည်ကားနေပါတယ်။ ပေါက်ကွဲသံ စကြားကြားချင်းတုန်းက ထရန်စဖော်မာအိုး ပေါက်တယ်ပဲ ထင်ကြတာ။ တချို့က ပေါက်ကွဲတဲ့နေရာကို သွားကြည့်မိတော့
ဘုရား မှာ ဝေယျာ ၀စ္စ လုပ်တဲ့ အမျိုးသမီးကြီးက သန့်ရှင်းရေးလုပ်တဲ့နေရာမှာ
အင်္ကျီအသစ်တစ်ထည်တွေ့လို့ ဆွဲလိုက်တာ
ပေါက်ကွဲသွားပြီး သူ့မျက်နှာနဲ့ လက်တွေမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရတယ်။
အခုတော့ သက်ဆိုင်ရာက ရှာ
ဖွေစစ်ဆေးရေးတွေ ပြုလုပ်နေတာမို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာ
အနီးတစ်ဝိုက်ကိုတော့ ဘုရားဖူး
ဧည့်သည်တွေ ၀င်ခွင့်မရှိပါဘူး”ဟု ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက ပြောသည် ဟု
Eleven Media ၏ အင်တာနက် စာမျက်နှာ
တွင် ဖော်ပြထားသည်
၇၃ လမ်းနှင့် လမ်း ၈၀ ရ၀တရုံး အနီးရှိ ထရန်စဖေါ်မာနေရာ တွင် လည်း ဗုံး နှစ် လုံးကွဲ သည် ဟု သတင်းရရှိသည်။
ဗုံးပေါက်ကွဲမှု ကြောင့် လူလေးဦး ထိခိုက် ဒဏ်ရာရရှိသည် ဟု သိရသည်။အသေးစိတ်
ကို ထပ်မံ စုံစမ်း ဆဲ ဖြစ်သည်။
ဗုံးပေါက်ကွဲပြီးနောက် ဘုရားဝင်းအတွင်း ရှာဖွေမှုများ ပြုလုပ်နေစဉ် ဘုရားဖူးများ မ၀င်ရောက်စေရန် ကြိုးတားထားစဉ်
နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၈ နာရီခန့်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် သီရိဟေမာ အရှေ့မဟာလောကရံသီအိမ်တော်ရာ ဘုရားဝင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
''နံနက် ၈ နာရီ မထိုးခင်ကတည်းက အိမ်တော်ရာဘုရားထဲမှာ အလှူလည်း ရှိနေတော့ လူစည်ကားနေပါတယ်။ ပေါက်ကွဲသံ စကြားကြားချင်းတုန်းက ထရန်စဖော်မာအိုး ပေါက်တယ်ပဲ ထင်ကြတာ။ တချို့က ပေါက်ကွဲတဲ့နေရာကို သွားကြည့်မိတော့မှ ဘုရား
သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးကြီးက သန့်ရှင်းရေးလုပ်တဲ့နေရာမှာ
အင်္ကျီအသစ်တစ်ထည်တွေ့လို့ ဆွဲလိုက်တာ ပေါက်ကွဲသွားပြီး သူ့မျက်နှာနဲ့
လက်တွေမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရတယ်။ အခုတော့ သက်ဆိုင်ရာက
ရှာဖွေစစ်ဆေးရေးတွေ ပြုလုပ်နေတာမို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာ
အနီးတစ်ဝိုက်ကိုတော့ ဘုရားဖူး ဧည့်သည်တွေ ၀င်ခွင့်မရှိပါဘူး''ဟု
ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက ပြောပါသည်။
ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာသည် အိမ်တော်ရာဘုရားဝင်း အတွင်းရှိ တောင်ဘက်မုခ် နဂါးရုံဘုရား အနီးတွင် ဖြစ်ကြောင်း သိရသည်။
(မည်သည့် ပေါက်ကွဲမှုကြောင့် ဖြစ်ကြောင်း ဆက်လက် စုံစမ်းဆဲဖြစ်ပါသည်။)

ယနေ့ မန္တလေးမြိုတွင် ၄ နေရာဗုံးပေါက်ကွဲမှု့ ဖြစ် ( Braking News )



ယနေ့ မန္တလေးမြိုတွင် ၄ နေရာဗုံးပေါက်ကွဲမှု့ ဖြစ် ( Braking News )

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မဟာလောကရံသီအိမ်တော်ရာ ဘုရားဝင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း
မှ သတင်းရရှိသည်။မန္တလေးမြို့လယ်အချက်ကျသော
အိမ်တော်ရာဘုရားအတွင်း
ဗုံးပေါက်ကွဲမှုကြောင့် လူ ၄ဦးထိခိုက်ဒါဏ်ရာရရှိပြီး သေဆုံးမှုမရှိကြေင်း
မျက်မြင်ကြုံတွေ့သူတဦးက ပြောပြပါသည်။
”နံနက် ၈ နာရီ မထိုးခင်ကတည်းက အိမ်တော်ရာဘုရားထဲမှာ အလှူ လည်း ရှိနေတော့ လူစည်ကားနေပါတယ်။ ပေါက်ကွဲသံ စကြားကြားချင်းတုန်းက ထရန်စဖော်မာအိုး ပေါက်တယ်ပဲ ထင်ကြတာ။ တချို့က ပေါက်ကွဲတဲ့နေရာကို သွားကြည့်မိတော့
ဘုရား မှာ ဝေယျာ ၀စ္စ လုပ်တဲ့ အမျိုးသမီးကြီးက သန့်ရှင်းရေးလုပ်တဲ့နေရာမှာ
အင်္ကျီအသစ်တစ်ထည်တွေ့လို့ ဆွဲလိုက်တာ
ပေါက်ကွဲသွားပြီး သူ့မျက်နှာနဲ့ လက်တွေမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရတယ်။
အခုတော့ သက်ဆိုင်ရာက ရှာ
ဖွေစစ်ဆေးရေးတွေ ပြုလုပ်နေတာမို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာ
အနီးတစ်ဝိုက်ကိုတော့ ဘုရားဖူး
ဧည့်သည်တွေ ၀င်ခွင့်မရှိပါဘူး”ဟု ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက ပြောသည် ဟု
Eleven Media ၏ အင်တာနက် စာမျက်နှာ
တွင် ဖော်ပြထားသည်
၇၃ လမ်းနှင့် လမ်း ၈၀ ရ၀တရုံး အနီးရှိ ထရန်စဖေါ်မာနေရာ တွင် လည်း ဗုံး နှစ် လုံးကွဲ သည် ဟု သတင်းရရှိသည်။
ဗုံးပေါက်ကွဲမှု ကြောင့် လူလေးဦး ထိခိုက် ဒဏ်ရာရရှိသည် ဟု သိရသည်။အသေးစိတ်
ကို ထပ်မံ စုံစမ်း ဆဲ ဖြစ်သည်။
ဗုံးပေါက်ကွဲပြီးနောက် ဘုရားဝင်းအတွင်း ရှာဖွေမှုများ ပြုလုပ်နေစဉ် ဘုရားဖူးများ မ၀င်ရောက်စေရန် ကြိုးတားထားစဉ်
နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၈ နာရီခန့်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် သီရိဟေမာ အရှေ့မဟာလောကရံသီအိမ်တော်ရာ ဘုရားဝင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
''နံနက် ၈ နာရီ မထိုးခင်ကတည်းက အိမ်တော်ရာဘုရားထဲမှာ အလှူလည်း ရှိနေတော့ လူစည်ကားနေပါတယ်။ ပေါက်ကွဲသံ စကြားကြားချင်းတုန်းက ထရန်စဖော်မာအိုး ပေါက်တယ်ပဲ ထင်ကြတာ။ တချို့က ပေါက်ကွဲတဲ့နေရာကို သွားကြည့်မိတော့မှ ဘုရား
သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးကြီးက သန့်ရှင်းရေးလုပ်တဲ့နေရာမှာ
အင်္ကျီအသစ်တစ်ထည်တွေ့လို့ ဆွဲလိုက်တာ ပေါက်ကွဲသွားပြီး သူ့မျက်နှာနဲ့
လက်တွေမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရတယ်။ အခုတော့ သက်ဆိုင်ရာက
ရှာဖွေစစ်ဆေးရေးတွေ ပြုလုပ်နေတာမို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာ
အနီးတစ်ဝိုက်ကိုတော့ ဘုရားဖူး ဧည့်သည်တွေ ၀င်ခွင့်မရှိပါဘူး''ဟု
ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက ပြောပါသည်။
ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာသည် အိမ်တော်ရာဘုရားဝင်း အတွင်းရှိ တောင်ဘက်မုခ် နဂါးရုံဘုရား အနီးတွင် ဖြစ်ကြောင်း သိရသည်။
(မည်သည့် ပေါက်ကွဲမှုကြောင့် ဖြစ်ကြောင်း ဆက်လက် စုံစမ်းဆဲဖြစ်ပါသည်။)

နိုဝင်ဘာ ၁၄ ရွှေဂုံတိုင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း အပြည့်အစုံ အပိုင် (၁) (၂)


နိုဝင်ဘာ ၁၄ ရွှေဂုံတိုင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း အပြည့်အစုံ အပိုင် (၁) (၂)

ကြားလား

ဝလာလိုက်တာ။ ( ပရိသတ်တစ်ယောက်ကို လက်ညှိုးထိုး၍)
ဒီလို ကျွန်မတို့ကို လာထောက်ခံတဲ့အတွက် ကျေးဇူးတင်တဲ့စကားနဲ့ပဲ စ,ပါရစေ။ပထမဦးဆုံးအနေနဲ့ ပြောရမှာက အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။
တစ်ယောက် တစ်ယောက်ကို မတွေ့ရတာ တော်တော် ကြာပါပြီ ---- ဒါပေမယ့် ဘယ်လောက်ပဲ မတွေ့ရတာ ကြာကြာ ကျွန်မအပေါ်မှာ ပြည်သူတွေရဲ့ ထားတဲ့ မေတ္တာနဲ့ ယုံကြည်ချက် အရ ကျွန်မတို့ ခိုင်ခိုင်မာမာ ရှိတယ် ဆိုတာ တွေ့ရလို့ အင်မတန်မှ စိတ်ချမ်းသာ ပါတယ်၊ အင်မတန်မှ အားတက် ရပါတယ်။ ကျွန်မတို့ လုပ်ချင်တဲ့ အလုပ်ကို လုပ်ဖို့ဆိုရင် ပြည်သူတွေက ဘာလိုချင်လဲ ဆိုတာ ကျွန်မတို့ သိပါတယ်။ သိတယ်လို့ ထင်တယ်နော် ဘာလိုချင်လဲဆိုတာ
(သိပါတယ် ----ဒီမိုကရေစီ--------- ပြည်သူများ)
လိုချင်တာတော့ သိပြီ လိုချင်တဲ့ ဟာကို ရအောင် ဘယ်လို လုပ်မလဲ ဆိုတာ သိဖို့ ပိုပြီးတော့ အရေးကြီးတယ်။ ကျွန်မ အမြင်မှာတော့ နိုင်ငံရေး ဆိုတာ သင်ယူရေးပဲ *သင်ယူရမယ်* ကျွန်မ ခဏ၊ ခဏ ပြောဖူးပါတယ်။ ကျွန်မတို့ လူငယ်တွေနဲ့ စကား ပြောတဲ့အခါ ကျရင် လူကောင်းရယ်လို့၊ လူဆိုးရယ်လို့ အဲဒီလို မယုံဘူး၊ အယုံ အကြည် မရှိဘူး၊ လူတော် ရယ်လို့ လူညံ့ ရယ်လို့ အယုံ အကြည် မရှိဘူး။
သင်လို့ ရတဲ့သူနဲ့ သင်လို့ မရတဲ့သူလို့ ကျွန်မမြင်ပါတယ် ကျွန်မတို့ ပြည်သူတွေ သင်လို့ရတယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ လိုချင်ရုံနဲ့ မဖြစ်သေးဘူး၊ ကိုယ်လိုချင်တာရအောင် ဘယ်လိုလုပ်ရမလဲ။ လုပ်တဲ့အခါ မှန်ကန်တဲ့နည်းနဲ့ လုပ်စေလိုပါတယ်။ အဲလို ကျွန်မပြောတာဟာ မှန်ကန်တဲ့နည်းနဲ့ လုပ်ဖို့ ဘာဖြစ်လို့ လိုသလဲဆိုရင် သိပ်ပြီးတော့ ကိုယ့်ကိုယ်ကို သူတော်ကောင်းကြီး၊ ဘာကြီး ဒီလိုပုံစံ ထွက်ချင်လို့ မဟုတ်ဘူး။ ကျွန်မရဲ့အတွေ့အကြုံအရ မှန်ကန်တဲ့ နည်းလမ်းနဲ့ မလုပ်လို့ရှိရင် ကိုယ့်ပန်းတိုင်က ဘယ်လောက်ပဲ ကောင်းပါစေ ပန်းတိုင်ပါ နောက်ကျတော့ ကွေ့ကောက်ပြီးတော့ ပျက်စီးသွားရတယ်။
အဲဒါကြောင့် မို့လို့ မှန်ကန်တဲ့ နည်းလမ်းနဲ့ ကိုယ်လိုချင်တာ ရအောင်လို့ ကျွန်မတို့ လုပ်ရမယ်။ ဒီတော့ တစ်ချို့က ကျွန်မကို မေးချင်တဲ့ မေးခွန်းတွေ အများကြီး ရှိတယ်ဆိုတာ ကျွန်မသိပါတယ်။ ကျွန်မကလည်း ပြည်သူရဲ့ အသံကို နားထောင်ချင် ပါတယ်။ ခက်တာက အားလုံးဝိုင်းအော် နေတော့ ဘာတွေ ပြောကြမှန်း ကျွန်မမသိဘူး။ ပြည်သူတွေရဲ့ အသံတွေကို အခု နားထောင်ပိုင်ခွင့် ရမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ ဒီလို အထိန်းသိမ်းခံ နေရတဲ့ အချိန်တွေမှာလည်း ကျွန်မ အသံလွင့် ဌာနတွေကို သေချာ နားထောင်ပြီးတော့ ပြည်သူ တွေက ဘာပြောနေကြလည်း ဘာလိုချင်ကြလဲ၊ ဘာလိုချင်ကြလဲ ဆိုတာ နေ့တိုင်း၊ နေ့တိုင်း လေ့လာနေပါတယ်။ တစ်နေ့ ငါးနာရီ၊ ခြောက်နာရီလောက် နားထောင်နေရတော့ ဘယ်လောက် ငြီးငွေ့စရာကောင်းသလဲလို့။ ဒါပေမယ့် ပြည်သူ့မျက်နှာနဲ့ နားထောင်နေတာ။
အထိန်းသိမ်းခံ နေရတဲ့ အချိန်တွေမှာလည်း ကျွန်မ အသံလွင့် ဌာနတွေကို သေချာ နားထောင်ပြီးတော့ ပြည်သူ တွေက ဘာပြောနေကြလည်း ဘာလိုချင်ကြလဲ၊ ဘာလိုချင်ကြလဲ ဆိုတာ နေ့တိုင်း၊ နေ့တိုင်း လေ့လာနေပါတယ
ပြည်သူတွေ ဘာလိုချင်လဲ ဆိုတာ ကျွန်မ အတိုင်းအတာ တစ်ခုအထိတော့ သိတယ်လို့ ထင်ပါတယ်။ လုံးစေ့ပေါက်စေ့ သိတယ်လို့ ကျွန်မ မဆိုလိုပါဘူး အဲဒီလောက်ထိလည်း ကျွန်မ မသိနိုင်ပါဘူး။ ကျွန်မတို့ ပြည်သူတွေကလည်း ကိုယ်ရဲ့အသံတွေကို ကျွန်မတို့ ကြားလောက်အောင် ပြောကြပေါ့။ ဒါမှလည်း ကျွန်မတို့ ဘာလုပ်ပေးနိုင်မလဲ ပိုစဉ်းစားနိုင်မယ်။ အရေးကြီးဆုံးက ကျွန်မတို့ --- နောက်က မကြားရလို့ အော်နေကြတာလား-- အော်လေ မကြားလေဘဲ နည်းနည်းလေး ငြိမ်ငြိမ်နဲ့ နားထောင်ပေး။ ကိစ္စမရှိဘူး မကြားရရင် ဆိုင်းဘုတ်ထောင်ပြီး ပြမယ်။
(ဆိုင်းဘုတ်တွင် ရေးထားသည့်စာ - ကျွန်မကလဲ ပြည်သူတွေချစ်ပါတယ် (အမှန်ခြစ်ပုံ) အောင်ဆန်းစုကြည်)
ကျွန်မတို့ အခု ပြည်သူတွေမှာ ပြည်သူတွေ မပါဘဲနဲ့ ဘာကိစ္စမှ မပြီးမြောက်နိုင်၊ မပြီးပြတ်နိုင်ဘူး ဆိုတာ အခု နားလည်နိုင်ပြီလို့ ကျွန်မ ထင်ပါတယ်။ ပြည်သူတွေ ပါမှပဲ ဘယ်ကိစ္စမဆို ပြီးပျောက်နိုင်တာမို့လို့ ကျွန်မတို့ တစ်တွေ ကျွန်မ စိတ်ကူးထဲမှာ ပြည်သူတွေ ကနေပြီးတော့ ပြည်သူတွေအတွက် ပြည်သူတို့ရဲ့ ဒီမိုကရေစီ ဆိုတဲ့နည်းတစ်ခုကို မြန်မာနိုင်ငံတင်မက တကမ္ဘာလုံးမှာတောင် ထပ်ပြီး ကြိုးစားကြည့်မှာပါ။ အဲဒီလို စိတ်ဓာတ်နဲ့ ကျွန်မတို့ ကြိုးစားသွားမှာပါ။ ကျွန်မတို့ လိုချင်တဲ့ ပန်းတိုင်ကို အေးအေးဆေးဆေး မှန်မှန်ကန်ကန်နဲ့ ရောက်နိုင်မယ်လို့ ကျွန်မ ယုံကြည်တယ်။ အဲဒါ ခပ်တိုတိုပြောရရင် အလုပ်တွေ အများကြီး လုပ်ရမယ်။ အလုပ်မလုပ်ဘဲနဲ့ ဘာမှမရဘူး။ ကျွန်မတို့ ဗမာတွေက ကံပဲ ကံပဲလို့ ပြောလေ့ရှိတယ်။ အဲဒါကြောင့်ပဲ ကျွန်မတို့ လူငယ်တွေကို ထပ်တလဲလဲ ပြောရတယ်။ ကံဆိုတဲ့ အဓိပ္ပါယ်ကို သိရဲ့လား ကံဆိုတာ ပြုလုပ်ခြင်းပဲ။ အဲတော့ ကံပဲ၊ ကံပဲဆိုတာ ခပ်တိုတို ပြောရရင် ကိုယ်လုပ်သလိုဖြစ်မှာပဲ အဲဒီတော့ ကိုယ်လုပ်တဲ့ အတိုင်းပဲ ဖြစ်မှာပဲ။ လိုချင်တာရှိရင် လိုချင်တာကို ရအောင်လို့ လုပ်ယူရမယ်။ ကျွန်မတို့က မဖြစ်နိုင်တဲ့ ကိစ္စတွေကို လုပ်ပေးပါ့မယ်လို့ လွယ်လွယ်နဲ့တော့ အဲဒီလို လာဘ်ပေးပြီးတော့ ကျွန်မတို့ ပြည်သူတွေကို မစည်းရုံးနိုင်ပါဘူး။ ကျွန်မတို့ ကြိုးစားမယ်။ ပြည်သူတွေ လိုချင်တဲ့ လမ်းကို အားလုံး အတူတူခင်းပြီးတော့ အားလုံး အတူတူ လျှောက်သွားနိုင်ဖို့ ကြိုးစားမယ်။
အဲဒီလို ထောက်ပြခြင်းအားဖြင့် ကျွန်မတို့ကိုလည်း ပြည်သူတွေက ကိုယ်လိုချင်တဲ့ ကိစ္စတွေ ဖြစ်မြောက် အောင်လို့ ကူညီရာရောက်ပါတယ်။ ကျွန်မ ပြည်သူတွေကို မေတ္တာရပ်ခံ ပါရစေ။ ကျွန်မတို့နဲ့ ဆက်ဆံတဲ့ အခါမှာ ပွင့်ပွင့်လင်းလင်း သတ္တိရှိရှိ ပြောဆို ဆက်ဆံကြပါ။ ကျွန်မတို့ကို ဟိုဟာ ပြောရကောင်းလား၊ ဒီဟာ ပြောရ ကောင်းလားဆိုပြီး။ ကျွန်မတို့ ဘာမှမလုပ်ပါဘူး။ ပြောစရာရှိတာကို ပြောပါ။ သဘောမတူ လို့ရှိရင် သဘော မတူဘူး ဆိုတာကိုတော့ ပြန်ပြောမှာပါ။ ဒါကတော့ ဒီမိုကရေစီရဲ့ အခြေခံလေ။ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ဆိုတာ လွတ်လပ်စွာ ဆဲဆိုပိုင်ခွင့်နဲ့ မတူဘူးလေ။ တစ်ခါတစ်လေတော့ ကြိမ်းမောင်း တာလေးတော့ ပါချင်ပါမှာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် နားလည်အောင် ပြောဆိုဖို့ အင်မတန်မှ အရေးကြီး ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အမြင်ခြင်း ဖလှယ်ဖို့ အတွက်ကတော့ ကျွန်မတို့ လေ့ကျင့်ယူရ ပါမယ်။ လေ့ကျင့်ယူရင်းနဲ့ ကျွန်မတို့ ပိုပြီး တတ်လာမှာပါ။ အခု ကျွန်မထွက်လာတဲ့ အချိန်မှာ အဓိက ပြောင်းလဲချက် အဖြစ် ဘာတွေ့ရလဲ ဆိုတော့ တစ်ခြားဟာတွေ သိပ်မတွေ့သေးဘူး။ တွေ့မိတာကတော့ ဖုန်းလေးတွေ အများကြီးပဲ။ ဟိုနားကြည့်လဲ ကင်မရာဖုန်းလေး၊ ဒီနားကြည့်လဲ ကင်မရာဖုန်းလေး။ အဲဒါဘာကိုပြလဲဆိုတော့ ဆက်သွယ်ရေး ဘက်မှာတော့ ကျွန်မတို့ အများကြီး တိုးတက်လာပါတယ်။ ဒီတိုးတက်မှုကို အများကောင်းကျိုး အတွက် တတ်နိုင်တဲ့ နည်းနဲ့ သုံးကြပါ။ ဆက်သွယ်ရေးအားဖြင့် ကျွန်မတို့ အချင်းချင်းမှာ နားလည်မှုရအောင် ကျွန်မတို့အချင်းချင်း ညီညွတ်မှု ရအောင် သုံးကြပါလို့ ပြောချင်တယ်။ ဖုန်းတွေ ပါလာရင် ထောင်ပြပေးကြပါ။ ဘယ်လောက် အများကြီး ရှိလဲ သိရအောင်။
(ဖုန်းပါလာသူများက ဖုန်းများ မြှောက်ပြကြသည်။)တော်တော်များတာပဲ။ ကျွန်မ မနေ့ကမှ ပထမဦးဆုံးအကြိမ် အဲဒီလိုဖုန်းလေး သုံးဖူးတယ်။ အရင် ၉၆ ခုနှစ်တုန်းက ဒါတွေ ဒီမှာမရှိသေးဘူး။ သုံးတဲ့အခါကြတော့ ပါးစပ် ဘယ်မှာ ထားရမှန်းမသိဘူး။ မကြားရဘူးဆိုတဲ့သူတွေကို စာသားနဲ့ ထောင်ပြမယ်။
(ဆိုင်းဘုတ်တွင် ရေးထားသည့်စာ - ကျွန်မကလဲ ပြည်သူတွေချစ်ပါတယ် အမှန်ခြစ် အောင်ဆန်းစုကြည်)
ချစ်နေရုံနဲ့ မပြီးသေးဘူး။ အလုပ်လုပ်ရမှာ။ ကျွန်မစဉ်းစားတယ်။ ချစ်တယ်ဆိုတာ ဘာလဲ။ ချစ်တယ်ဆိုတာ တစ်ဦးပေါ် တစ်ဦး စိတ်ချမ်းသာအောင် လုပ်ပေးချင်တဲ့ ဆန္ဒရှိပြီး အဲဒီ ဆန္ဒအရလုပ်မှ တကယ်ချစ်ရာရောက် ပါတယ်။ ပါးစပ်နဲ့ ချစ်ပါတယ်၊ ချစ်ပါတယ်။ ချစ်ပါတယ် ပြောလို့ကတော့ အရေခွံသာ ချစ်လိုက်တာမျိုးကတော့ ကျွန်မတို့က ကြက်ခြေခတ်ပဲ။
(မှန်လိုက်တာကွ - ပရိတ်သတ်ထဲမှ အသံ)
ပန်းကပေးရင်လည်း ပေးလိုက်လေ ဘာလို့ကိုင်ထားတာလဲ။(ပရိသတ် တစ်ဉီးထံတွင် ကိုင်ထားသော ပန်းစည်းကို လက်ညှိုးထိုးရင်းပြောကာ ထိုပရိသတ်က လက်ဆင့်ကမ်း လှမ်းပေးလိုက်သော ပန်းစည်းကို ဒေါ်အောင်ဆန်းစုကြည်ဘေးတွင် ရှိနေသူတစ်ဦးက ယူလိုက်သည်)
ကျွန်မတို့ အခု ပြည်သူတွေကို မေတ္တာရပ်ခံချင်တာကတော့ စောစောက ကျွန်မ ပြောသလိုပဲပေါ့ ကိုယ်စိတ် ထဲမှာ ရှိတာတွေကို ကျွန်မတို့ကို အသိပေးပါ။ စာရေးပြီးတော့ ပို့လို့လည်း ရပါတယ်။ စာတိုက်ကို စိတ်မချရရင် ဒီမှာပဲ လာပေးပါ။(ပရိသတ်ထံမှ ရယ်သံများနှင့် လက်ခုပ်သံများ)
ပြည်သူတွေ ဘာတွေ စိတ်ထဲမှာ ရှိသလဲ ဆိုတာ ကျွန်မသိချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မတို့ ပြည်သူ တွေရဲ့ စိတ်ထဲမှာ လူတွေရဲ့ စိတ်ထဲမှာ ဘာတွေဖြစ်နေမလဲ။ ဘယ်လိုဖြစ်နေမလဲ။ စိတ်ထဲမှာ ဘယ်လိုပြောင်း သွားသလဲ ဆိုတာ ကျွန်မသေသေချာချာ မသိလို့မရဘူး ချက်ခြင်းသိဖို့ဆိုတာမရဘူး။ ပြန်ပြီးတော့ လေ့လာရ ဦးမယ်။ ကျွန်မတို့ ပြည်သူတွေ တစ်ယောက်ချင်းနဲ့ စကားပြောဖို့ ဆိုတာလည်း တကယ်တမ်း လက်တွေ့ကျကျ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်ရင်တော့ ပြောတာပေါ့။ ဖြစ်နိုင်ရင်တော့ကျွန်မ ထိုင်နားထောင်မယ်။ တစ်ယောက်ပြီး တစ်ယောက် မိုက်ပေးပြီးတော့ ပြောကြတော့။ အဲဒီလိုဆိုလည်း ပြီးမှာ မဟုတ်ဘူး။
ပြီးတော့ အဲဒီလိုပြောတာ တွေက ကျွန်မတော့ သဘောကျတယ်။ တစ်ယောက်ထဲ ထပြီး ပြောတာတွေက အင်မတန် ငြီးငွေ့စရာကောင်းတယ်။ ဟိုဘက် ပြန်ပြော။ ဒီဘက်က ပြန်ပြောဆိုတော့ ပိုပြီးတော့လည်း စုံတယ်။ပိုပြီးတော့လည်း အားလုံးအတွက် ပိုပြီးတော့လည်း အားလုံးအတွက် တန်ဖိုးရှိတယ်။တစ်ယောက်ထဲက ပြောတာကို ကျန်တဲ့သူတွေက နားထောင်နေရတာ တစ်ခါတစ်လေ ကျွန်မစိတ်ထဲမှာ နည်းနည်း ဒီမိုကရေစီ မကျလို့။(ရယ်သံနှင့် လက်ခုပ်သံများ) ကျွန်မတို့ သွားပြီးတော့ ဒီလူထဲက တစ်ယောက်ကို လက်ညှိုးထိုးပြပါမယ်။ ထပြီးတော့ စိတ်ထဲရှိတဲ့ ဆန္ဒကို ခပ်တိုတိုလေးပြောတော့။(ပရိသတ်ထဲမှ အများအပြား လက်ထောင်ကြသည်)
"အမေစုနဲ့ အတူ လွတ်လပ်တဲ့ ဒီမိုကရေစီကြီးကို ရယူပိုင်ဆိုင် ချင်ပါတယ် ခင်ဗျား" (ပရိသတ်ထဲမှ လူငယ်တစ်ဉီးက ထလာကာ အရှေ့ထွက်ပြီးပြော)
ကျွန်မတို့လေ တစ်နေ့ကျရင် ပြည်သူ့ဟစ်တိုင် တစ်ခုလုပ်ရမယ် အဲဒီတော့ အဲဒီမှာဆိုရင် ပြည်သူတွေက ပြောချင်တာ ပြောလို့ ရအောင်။ ကျွန်မတို့ကလည်း ပြည်သူတွေရဲ့ အသံတွေကို ကြား-- ဟိုဘက်က ဘာပြသနာရှိလဲ ကူညီလို့ရမလား။ အနောက်က တိုးနေလို့လား။(ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာချင်းဆိုင် ညာဘက်တွင်ရှိနေသော ပရိသတ်ဘက်ကို လှမ်းကြည့်ကာပြော)
"စည်းကမ်းရှိပါ။ စည်းကမ်းရှိပါ။ စည်းကမ်းရှိပါ။"(ပရိသတ်များက အချင်းချင်း ညီညာစွာ အော်ပြောသံ)
သိပ်ပြီးတော့ မလောကြပါနဲ့။ နောက်ဆိုရင် ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် အများကြီး စကားတွေ ပြောဖို့ အခွင့်အရေးတွေ ပေါ်လာမှာပါ။
ဒီတစ်ခါတည်း နဲ့ မဟုတ်ပါဘူး။ နောင် အကြိမ်ကြိမ် အခါခါ ရှိမှာပါ။ အဲဒီကျရင် စိတ်ရှည် လက်ရှည်နဲ့ သီးခံပေးကြပါ။ ဒီတစ်ခါ မကြားရမှ နောင်တစ်ခါ ပြန်လာမှာပေါ့။ တော်ကြာ ပြန်မလာဘဲ နေမယ်။ ကြာကြာ ပြောလို့ရှိရင် ပြည်သူတွေလည်း ပင်ပန်းမယ်လို့ ကျွန်မထင်ပါတယ်။ အနှစ်နှစ်ဆယ်ကျော်ပြီတဲ့ ပင်ပန်းတာ။ အဲဒီတော့ တော်တော်ကို ကျင့်သားရနေပြီပေါ့။
တော်တော် ပင်ပန်းနေကြပြီပေါ့ ပင်ပန်းတယ် ဆိုတာက ကိစ္စမရှိပါဘူး။ ပင်ပန်းရကျိုးနပ်ဖို့က အရေးကြီးတာ။ ပင်ပန်းရကျိုးနပ်တယ် ဆိုရင် ဘယ်လောက် ပင်ပန်းရ ပင်ပန်းရ ရတယ် ခံနိုင်တယ်။ အဲတော့ ကျွန်မတို့ရဲ့ အားတွေကို ပင်ပန်းရကျိုး နပ်အောင်လို့ အသုံးချရမယ်။ ကျွန်မအခု ပြောချင်တာက စိတ်ဓာတ်မကျပါနဲ့။ ကျွန်မတို့ရဲ့ တိုင်းပြည်ကို ကြည့်ပြီး စိတ်ဓာတ်ကျချင် ကြတာ ဖြစ်မှာပဲ။ ရှိမှာပဲ။ အခုထက်ထိ ဘယ်မှ မရောက်သေး ပါလား။ အခုထက်ထိ ဘာမှလည်း တိုးတက်မှုမရှိပါလားဆိုတဲ့ စိတ်တွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုစိတ်ပျက်စရာ အကြောင်းမရှိပါဘူး။ ကျွန်မတို့ ကြိုးစားရမယ်။ ဝီရိယဆိုတာဟာ အင်မတန်မှ အရေးကြီး ပါတယ်။ ခပ်ကြမ်းကြမ်းပဲ ဝီရိယထုတ်ရမယ်။
အလုပ်စလုပ်တဲ့ အခါမှာ ဝီရိယ ထုတ်ရမယ်။ အလုပ် အလယ်ပိုင်းရောက်တဲ့ အခါမှာ ဝီရိယ ထုတ်ရမယ်။ အလုပ် နောက်ဆုံးပိုင်း ရောက်ခါနီးမှာ ဝီရိယ ထုတ်ရမယ်။ အလုပ်ဆိုတာ ပြီးတယ်ရယ်လို့ မရှိဘူး။ အလုပ်တစ်ခု ပြီးရင်လည်း နောက်အလုပ်က ပေါ်လာမှာပဲ။ အဲတော့ နိုင်ငံတစ်နိုင်ငံကို တည်ဆောက်တယ် ဆိုတာလည်း အဲလိုပဲ အလုပ်တွေ တစ်ခုပြီး တစ်ခု လုပ်သွားရမှာ ဒီလောကကြီးမှာ ကျေနပ်စရာ၊ ကျေနပ်စရာ အချိန်တွေဆိုတာ ဘယ်တော့မှမရှိဘူး။ သို့သော်လည်း ကျွန်မတို့အတွက်တော့ ကျေနပ်စရာ အချိန်တွေ အတိုင်းအတာ တစ်ခုထိတော့ လိုကိုလိုတယ်။ အဲဒီလို ကျေနပ်နိုင်တဲ့ အတိုင်းအတာ တစ်ခုအထိရောက်ဖို့တော့ အားလုံး ဝိုင်းတွန်းကြရမယ်။ မကြိုးစားဘဲနဲ့ မရဘူး။ ကျွန်မအနေနဲ့တော့ ကျွန်မကတော့ လုပ်ပေးမယ်လို့ ကျွန်မ မပြောနိုင်ဘူး။ ပြည်သူရဲ့ ယုံကြည်မှုရှိရင်၊ ပြည်သူရဲ့ အားကိုးမှုရှိရင်၊ ပြည်သူရဲ့ ထောက်ခံမှုရှိလို့ ရှိရင် ကျွန်မမှာ လုပ်အားတွေ အများကြီးတက်လာမယ်။ အဲဒီလုပ်အားတွေနဲ့ ပြည်သူနဲ့ အတူလုပ်မယ်။ ကျွန်မတစ်ယောက်ထဲတော့ လုပ်လို့မရဘူး။ ကျွန်မတစ်ယောက်ထဲလဲ မလုပ်ချင်ဘူး။ တစ်ယောက်ထဲလုပ်တယ် ဆိုတာ ဒီမိုကရေစီ မဟုတ်ဘူးနော်။

(ဟေး၊ ဟေး-------------------------------)

ကျွန်မ တစ်ယောက်ထဲ လုပ်ဖို့ လုံးဝ ရည်ရွယ်ချက် မရှိဘူး။ အများနဲ့ အတူလုပ်မှာ။ ကျွန်မတို့ အပေါ်မှာ ကြင်နာမှု ရှိတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေနဲ့ အတူ လုပ်မယ်။ ကျွန်မတို့ အားလုံး အတူတူ လုပ်မယ်။ တစ်ချို့တွေ ထင်သလို လက်သီးလက်မောင်း တန်းပြီးတော့ ရှေ့ကနေ ပြီးတော့ ဟီးရိုးကြီး လုပ်တာ။ အဲဒါမျိုးက သတ္တိ မဟုတ်ဘူး။ သတ္တိ ဆိုတာဟာ စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စကို ဖြစ်မြောက်အောင်လို့ ပင်ပန်းခံပြီးတော့ လုပ်နိုင်တာ။ ဒါမှ အဲဒီလို သတ္တိမျိုးတွေ မွေးရမယ်။ တကယ်တော့ သတ္တိဆိုတာ နိစ္စဓူဝ လုပ်နေရမှာ။ ကျွန်မတို့ ပြည်သူတွေက မနက် မိုးလင်းတာနဲ့ ဒီကနေ့ တစ်နေ့ကို ရင်ဆိုင်ဖို့ သတ္တိတွေ ထုတ်နေကြရမယ် မဟုတ်လား။ ဒီသတ္တိတွေကို အကျိုးရှိအောင်လို့ သုံးကြမယ်။ တကယ့်ကို ထိထိရောက်ရောက်နဲ့ ကျွန်မတို့ ပြည်သူတွေနဲ့ ကျွန်မတို့ နိုင်ငံအတွက် အကျိုးရှိအောင် သုံးရမယ်။ ကိုယ်တစ်ယောက်ထဲအတွက် စဉ်းစားဖို့ မဖြစ်ဘူး။ ကိုယ့်မိသားစု တစ်ခုတည်းအတွက် စဉ်းစားလို့မဖြစ်ဘူး။ ကျွန်မ ထပ်တလဲလဲ ပြောချင်ပါတယ်။ နိုင်ငံရေးဟာ ဒို့နဲ့ မဆိုင်ဘူးဆိုတဲ့ စိတ်ဓာတ်ကို မထားပါနဲ့။ ဒါဖေဖေ အရင်ကတည်းက ပြောခဲ့ပါတယ်။ လွပ်လပ်ရေး မရခင်ကတည်းက ပြောခဲ့တဲ့ စကားပါ။ နိုင်ငံရေးဟာ ကိုယ်နဲ့ မဆိုင်ဘူးလို့ ပြောနေပေမယ့် နိုင်ငံရေးက လာပြီးတော့ ဆိုင်နေလိမ့်မယ်တဲ့ ရှောင်နေလို့မရဘူး။ အားလုံးဟာ နိုင်ငံရေးပဲ။ အခုဒီမှာ ကျွန်မတို့ လာပြီးတော့ ကျွန်မတို့ ကို ထောက်ခံနေတာတင် နိုင်ငံရေးမဟုတ်ဘူး။ အိမ်မှာနေပြီးတော့ ဟင်းချက်နေတဲ့ အမျိုးသမီးလဲ နိုင်ငံရေး လုပ်နေရတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ သူ့ရှိတဲ့ ပိုက်ဆံနဲ့ လောက်အောင် ချက်နေရလို့လေ။ အဲဒါလဲ နိုင်ငံရေးပဲ။ သားသမီးတွေ ကျောင်းနေနိုင်အောင် ရုန်းကန်ရတာလည်း နိုင်ငံရေးပဲ။ အားလုံး နိုင်ငံရေးပဲ။ အားလုံး နိုင်ငံရေးနဲ့ မလွတ်ဘူး။ အဲဒီတော့ နိုင်ငံရေးနဲ့ ဒို့နဲ့ မဆိုင်ဘူး။ ဒို့က နိုင်ငံရေးထဲ မပါချင်ဘူးလို့။ ပြောတာဟာ နိုင်ငံရေးကို နားမလည်လို့ ပြောတဲ့ ကိစ္စ။ ကျွန်မတို့ ပြည်သူတွေဟာ နိုင်ငံရေးကို နားလည်အောင် လုပ်ပါ။ ကျွန်မတို့လည်း သင်ပေးပါ။ တစ်ယောက်နဲ့ တစ်ယောက် သင်ယူရမှာ။ ပြည်သူကနေ ကျွန်မတို့ ဒီမိုကရေစီအတွက် လှုပ်ရှားနေတဲ့သူတွေကို သင်ပေးမှ ကျွန်မတို့လည်း မမှားမှာ။ ဒီမိုကရေစီမှာ အရေးကြီးတဲ့ တစ်ခုက ဘာလည်း ဆိုတော့ အရှေ့ကနေပြီးတော့ လုပ်နေတဲ့သူတွေကို အနောက်ကလူတွေက ထိန်းနိုင်ရမယ်။ ထိန်းပိုင်ခွင့် ရှိရမယ်။ အဲဒါဒီမိုကရေစီပဲ။
ပြည်သူတွေရဲ့၊ ပြည်သူတွေ ထိန်းတာကို ကျွန်မတို့တွေ ခံပါ့မယ်။ ပြည်သူမဟုတ်ဘဲ ထိန်းသိမ်းတာကို သိပ်မခံချင်ဘူး(ရယ်လျက်)။ ကျွန်မစိတ်ထဲမှာ ဘာမှ မရှိပါဘူး။
ကျွန်မထိန်းသိမ်းခံရတဲ့ နှစ်တွေအတွင်းမှာ ပေါ့နော် လုံခြုံရေး တာဝန်ယူရတဲ့သူတွေနဲ့ အများကြီး ဆက်ဆံရပါ တယ်။ သူတို့ ကျွန်မအပေါ်မှာ ကောင်းခဲ့ပါတယ်။ ကျွန်မပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ အဲတော့ ဒါကတော့ အမှန်ကို အမှန်အတိုင်း ကျွန်မပြောရမှာပါ။ ကျေးဇူးတင်ထိုက်တဲ့သူကို ကျေးဇူးတင်ရမှာပဲ။ အဲဒီလို သာမန် လုံခြုံရေး ဝန်ထမ်းတွေထဲက ကျွန်မအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တဲ့သူတွေကို ကျွန်မ ကျေးဇူးတင်ပါတယ်။ စိတ်ထဲမှာ တကယ့်ကို ကျွန်မစိတ်ရင်းနဲ့ ပြောတာပါ။ ကျွန်မတို့ဟာ ပြည်သူ အချင်းချင်းမှာ တစ်ယောက်ပေါ်မှာ တစ်ယောက် စေတနာထားနိုင်အောင်လို့ တစ်ယောက်ကို တစ်ယောက် ကျေးဇူးတင် နိုင်အောင်လို့။ မြင်နိုင်စေချင်တယ်။ ဆရာတော်ကြီးတစ်ပါးက ကျွန်မ ခပ်ငယ်ငယ်တုန်းက ဟောခဲ့ တယ်။ ကျေးဇူးပြုတဲ့သူ ဆိုတာ ရှားတယ်တဲ့။ ကျေးဇူးကို သိတတ်တဲ့သူဆိုတာ ရှားတယ်ပေါ့။ ကျွန်မ အဲဒီတုန်းက ငယ်တာကိုး အဲဒီစကားကို သိပ်သဘောမတူချင်ဘူး။ ဘာလဲဆိုတော့ ဟုတ်ပါပြီ ကျေးဇူး ပြုနိုင်တဲ့ သူဆိုတာ ရှားတယ်ဆိုတာ ကျွန်မ လက်ခံတာပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ကို ကျေးဇူး ပြုတယ်ဆိုတာ လူတိုင်းကလည်း ဒီလောက်ထိလုပ်ပေးတာမဟုတ်ဘူး။ ဒါပေမယ့် ကျေးဇူးသိတတ်တဲ့ သူဟာ ရှားတယ် ဆိုတာ ကျွန်မ သိပ်ပြီး လက်မခံပါဘူး။
လူပဲ၊ လူပဲပေါ့ လူဖြစ်မှ ကျေးဇူးသိရမှာပေါ့။ မဟုတ်ဘူးကွာ ငြင်းတဲ့သူက ရှိတယ်။ ကျေးဇူးသိတယ် ဆိုတဲ့ အဓိပ္ပါယ်က နောက်ကျတော့ ရိုးရိုးလေးပဲ။ အချင်းချင်းကို တန်ဖိုးထားတတ်တာပဲ။ အချင်းချင်းကို တန်ဖိုးထား တတ်လိုက်ရင် --- ဟာ နည်းနည်းတော့ သည်းခံပါဦးဟေ့ -- ခဏလေး နောက်ကထလိုက်လို့ ဘာဖြစ်သွား တာမှ မဟုတ်ဘဲ။ တစ်ယောက်နဲ့ တစ်ယောက်တော့ သည်းခံရမှာပဲ။ တစ်ယောက်က မတ်တပ်ထလိုက်လို့ စိတ်ဆိုးစရာ အကြောင်းမရှိဘူး။ ဒေါသ ကြီးပဲ။----- ရှေ့က ကျွန်မ မနေ့တုန်းက အိမ်ရှေ့မှာ ပြောသလိုပေါ့။ အရှေ့ကလူကလည်း အနောက်ကလူကို သိတတ်မှု၊ နားလည်မှုရှိရမယ်။ အနောက်ကလူကလည်း အရှေ့က လူကို နားလည်မှု သည်းခံမှုရှိရမယ်။ အဲဒါမှ ကျွန်မအတွက် အဆင်ပြေမှာ။ ဒီတော့ ပြည်သူတွေ အနေနဲ့ ကျွန်မ ဘယ်လိုဆက်ပြီးတော့ နိုင်ငံရေး ခရီးသွားမလဲ ဆိုတာ သိချင်လာမယ်။

(သိချင်ပါတယ်။---------- )

သိတန်သရွေ့လည်း သိမယ်။ ပြည်သူကို အားကိုးပြီး လုပ်တယ်ဆိုရင် ပြည်သူနဲ့ အမြင်ချင်း ဖလှယ်ထားရမယ်။ ကျွန်မကတော့ ဒီ--ဒီ ပြည်သူတွေကြားမှာ ကျွန်မတို့က အားလုံးကြားမှာပေါ့နော် အမျိုးသားရင်ကြားစေ့ရေး ကိစ္စကို ဆက်ပြီးတော့ လုပ်သွားမှာပါ။ ဒါဟာ အရေးကို ကြီးတယ်။

(ထောက်ခံပါတယ်။------------------)

ကျွန်မစိတ်ထဲမှာတော့ ဘယ်သူပဲ ဘာဖြစ်လို့။ ဘယ်သူနဲ့တော့ဖြင့် အဆင်ပြေအောင်လုပ်လို့မရဘူး။ ဘယ်သူနဲ့ တော့ဖြင့် စကားပြောလို့မရဘူး ဆိုတာ လုံးဝမရှိဘူး။ ဘယ်သူပဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်တဲ့စိတ်ရှိရင် လုပ်လို့ရရမယ်။ စကားပြောချင်တဲ့ စိတ်ရှိရင် စကားပြောလို့ ရရမယ်။ ကျွန်မကတော့ ဒီလမ်းအတိုင်း သွားမှာပဲ။ ဒီလမ်းအတိုင်း သွားတဲ့အခါမှာတော့ ကျွန်မတို့ဘက်က ပြည်သူ့အင်အားတွေ လိုပါတယ်ဆိုတာ အခု ဒီမှာ ပြောပြီးတော့ အသိပေး ကြေညာလိုက်ပြီ။

(ညီပါတယ်။--- ညီညွတ်ရေး၊ ညီညွတ်ရေး ------- )

ကျွန်မတို့ ဘာပဲလုပ်ဖို့ ဆုံးဖြတ်၊ ဆုံးဖြတ် ပြည်သူကို အသိပေးပါ့မယ်။ အခုဆိုလို့ရှိရင် ကျွန်မတို့ အဖွဲ့ချုပ်နဲ့ ဒါ--- အဖွဲ့ဝင်တွေနဲ့လည်း တွေ့ပြီးတော့ သေသေချာချာ ပြောပြီးတော့ ဆွေးနွေးတာ မရှိဘူး။ ပြောပြီး ဆွေးနွေးပြီး ကျွန်မက အဖွဲ့ချုပ်တစ်ခုထဲနဲ့ လုပ်မှာ မဟုတ်ဘူးနော်။ ကျွန်မကနေပြီးတော့ ကျွန်မတို့ ဒီမိုကရေစီ အတွက် လုပ်နေတဲ့ အစုအဖွဲ့တွေ အားလုံးနဲ့ ကျွန်မတွဲပြီး လုပ်ချင်တယ်။ နောက်ပြီးတော့ ပြည်သူကလဲ အဲဒီထဲမှာ ဝင်ပါ ပေးစေချင်တယ်။ တစ်ခုခု လုပ်ပြီလို့ ဆုံးဖြတ်လိုက်လို့ရှိရင် ကျွန်မတို့ ပြည်သူကို ပြောပြမယ်။ ရှင်းပြမယ်။ တစ်ခါ တစ်လေ ဆိုရင် ပြည်သူက ကျွန်မတို့ လုပ်တဲ့ကိစ္စတွေကို ပြည်သူက သဘောမတူတာလည်း ရှိမယ်။ ဒါကတော့ ဒီလိုပဲ။ လူတိုင်းတော့ တစ်သဘောတည်း မဖြစ်နိုင်ဘူး။ အဲဒီသဘောမတူတာကို လက်ခံနိုင်တာ လည်း ဒီမိုကရေစီရဲ့ သဘောတရားတစ်ခုပဲ။ ဒါပေမယ့်လည်း ကျွန်မတို့ ရှင်းပြမယ်။ ဘာဖြစ်လို့ ကျွန်မတို့ ဒီလိုလုပ်ရသလဲ။
ပြည်သူ သဘောမတူပေမယ့်လည်း ဘာဖြစ်လို့ လုပ်ရတာလည်း ဆိုတော့ ပြည်သူကို စည်းရုံး ယူရမှာပေါ့။ စည်းရုံးတယ် ဆိုတာ ဒါပဲလေ။ ပြည်သူရဲ့ ယုံကြည်မှု၊ နားလည်မှု အဲဒါကို ရအောင် လုပ်မယ်။ မဲရအောင် လုပ်တာ မဟုတ်ဘူး။ အဲဒီတော့ ကျွန်မတို့ ပြည်သူတွေရဲ့ နားလည်မှု ပြည်သူတွေရဲ့ ထောက်ခံမှု အဲဒါတွေကို ရယူပြီး တော့ ဆက်လုပ်သွားမယ်။ အခုချိန်မှာ တိတိကျကျ မပြောနိုင်တာကို ကျွန်မ တောင်းပန်ပါတယ်။ ဒီအချိန်မှာ အခုပဲ ထွက်လာပြီးတော့ ဒါလုပ်မယ်၊ ဒါလုပ်မယ်၊ ဒါလုပ်မယ် ပြောတာလည်း ဒါ မစဉ်းစား၊ မဆင်ခြင်ဘဲနဲ့ ပြောတဲ့စကားလည်း ဖြစ်နိုင်တယ်။ ကျွန်မတို့ ဒီအချိုးအကွေ့မှာ ပြည်သူတွေရဲ့ အသံတွေကို အများကြီး ကြားချင်ပါတယ်။ အဲဒီအသံတွေကို နားထောင်ပြီးတော့ ရှေ့ခရီးကို ဘယ်လို ဆက်ပြီးတော့ သွားမလဲ ဆိုတာ။ သွားသင့်လဲ ဆိုတာ ကျွန်မတို့ ဆုံးဖြတ်မယ်။ ဒါပေမယ့် စောစောက ကျွန်မတို့ ပြောသလိုပဲ အရေးကြီးဆုံးဟာ ပြည်သူရဲ့ အင်အားနဲ့ ကျွန်မတို့ လုပ်မယ်။ ဒီမိုကရေစီလိုချင်တဲ့ အစုအဖွဲ့တွေ အားလုံးနဲ့ ကျွန်မတို့ လက်တွဲပြီး တော့ လုပ်မယ်။ နောက်ပြီးတော့ ကျွန်မတို့ဟာ ဒီကျွန်မတို့ နိုင်ငံမှာ ရင်ကြားစေ့ရေး အတွက် ကျွန်မတို့ လုပ် သွားမယ်။ ရင်ကြားစေ့ရေးအတွက် လုပ်သွားပြီးတော့ ပြည်သူတွေ အနည်းဆုံး နာမယ့်နည်းနဲ့၊ လုံးလုံး မနာဘူးလို့ လည်း ကျွန်မမပြောနိုင်ဘူး။ ဒါက ဒီလို ကျွန်မ အာမခံလိုက်လို့ရှိရင် ဒါလည်း လာဘ်ပေးတာတစ်မျိုးပဲ။ ကျွန်မတို့နဲ့ လိုက်လို့ မနာစေရဘူး ဆိုတာ အဲဒီလိုလည်း ကျွန်မပြောလို့ မရဘူး။ နာချင်လည်း နာတာပဲ။ ကျွန်မတို့လည်း ခံရတာပဲ။ ကျွန်မတို့ လုပ်ဖော်ကိုင်ဖက်တွေလည်း ခံရတာပဲ။ ဒါပေမယ့်လည်း ပြည်သူလူထု အနည်းဆုံး နာမယ့်နည်းတွေကို ကျွန်မတို့ ရှာပြီးတော့ လုပ်ပါ့မယ်။ ပြည်သူကလည်း တစ်ခါတစ်လေ နည်းနည်း အနာခံရမယ် ဆိုရင်တော့ သည်းခံပြီး အနာခံပါလို့။ ကျွန်မ အခုကတည်းက ပြောထားချင်ပါတယ်။ လိုတော့ လိုချင်ပါတယ်။ အနာတော့ မခံချင်ပါဘူး။ အဲဒီလိုတော့ မလုပ်နဲ့။
သည်းခံနေတာ ကြာပြီဆိုတော့ မဟုတ်တဲ့ဟာတွေကို သည်းခံနေတာလား။ သည်းခံသင့်တာတွေကို သည်းခံနေ တာလား။ ကျွန်မ ပြောချင်တယ်နော်။ ဟို အမှားနဲ့ အမှန်ကို ခွဲခြားပြီးတော့ သိရမယ်။ အမှန်ဘက်ကနေ ရပ်တည်ရဲတဲ့ သတ္တိရှိရမယ်။ အမှားနဲ့ အမှန်ဆိုတာ တစ်ချိန်နဲ့ တစ်ချိန်နဲ့ တူတာမဟုတ်ဘူး။ အချိန်တွေ ပြောင်း သလို အခြေအနေတွေ ပြောင်းသလို အဖြေတွေကလည်း ပြောင်းနေတယ်။ ဒါပေမယ့် အဲဒီဟာကို လုပ်သင့်တာ မလုပ်သင့်တာကတော့ ဆင်ခြင်ပြီးတော့ ကိုယ့်ရဲ့ ကိုယ့်ရဲ့ လိပ်ပြာ၊ ဒါဘယ်လိုပြောသလဲ ဖေဖေပြောခဲ့တဲ့ စကား တစ်ခွန်းရှိပါတယ်။ သူ့လိပ်ပြာရဲ့ ခုံရုံးရှေ့မှာ သူ မားမားမတ်မတ် ရပ်ပြီးတော့ အစစ်ခံရဲတယ်တဲ့။

(ကြိုက်တယ်၊ ကြိုက်တယ်----------)

ကျွန်မရဲ့ လိပ်ပြာခုံရုံး ရှေ့မှာလည်း နေ့တိုင်း မတ်တပ်ရပ်ပြီးတော့၊ ကျွန်မတို့ ပြည်သူတွေလဲ ဒီလိုပဲ ကိုယ့်ရဲ့လိပ်ပြာခုံရုံးရှေ့မှာ နေ့တိုင်း မတ်တပ်ရပ်ပြီးတော့ မားမားမတ်မတ် အစစ်ခံကြည့်ကြပါ။ အဲဒီလို အစစ်ခံ ကြည့်တဲ့အခါ ကိုယ်ဟာ လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်နေသလား ဆိုတဲ့ အဖြေက ပေါ်လာပါလိမ့်မယ်။ အဲဒီလိုပေါ်လာလို့ရှိရင် ကျွန်မတို့ရဲ့ အင်အားတွေက အရမ်းတန်ဖိုးတက်မှာ။ အင်အားဆိုတာ မှန်မှန်ကန်ကန် သုံးမှတကယ့်ကို အဖိုးတန်တာ ၊ မှန်မှန်ကန်ကန် သုံးတဲ့ အင်အားရဲ့ အာနိသင်ကို ဘယ်သူမှ ဖြိုလို့မရဘူး။ အဲဒါကိုတော့ မှတ်ထားကြမှ။ ကျွန်မတို့ ပြည်သူတွေကိုလေ ကိုယ်ချင်းစာတဲ့စိတ်၊ တစ်ယောက်နဲ့ တစ်ယောက် နားလည်တဲ့စိတ်၊ တစ်ယောက်ကို တစ်ယောက်သည်းခံတဲ့စိတ်ကလေး၊ အခုနည်းနည်း စမ်းကြည့်ရအောင်၊ နည်းနည်းစမ်းကြည့်မယ်နော်။ နည်းနည်းစမ်းကြည့်မယ် ဆိုတော့။ စမ်းကြည့်မယ်။ ဟိုဘက်ကလူတွေက မကြားရလို့ဆိုပြီးတော့ အော်နေကြတယ်။ အဲဒီတော့ ကျွန်မလည်း ပြောတာပြီးတော့မယ်။ အဲဒီတော့ ဒီရှေ့က လူတွေက ဟိုဘက်ကို နည်းနည်း ထွက်သွားပြီတော့ ဟိုဘက်ကလူတွေကို နေရာပေးပါလား။

(ပေးမယ်ဟေ့--- ပေးမယ်--------------)

------------ အကြိမ်ကြိမ်အခါခါ ပြောခဲ့ပါတယ်။ အင်အားတွေ မရှိရင် ကျွန်မတို့ လုပ်တဲ့ အလုပ်တွေဟာ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ အင်အားတွေကို စနစ်တကျလုပ်မှပဲ စနစ်တကျသုံးမှပဲ ထိရောက်မှာ ဒီတော့ နည်းနည်းလေး စနစ်တကျဖြစ်အောင်ဘယ်လိုလုပ်မလဲ။ ကျွန်မပြောပြမယ်။ အရှေ့ကလူတွေက မတ်တပ်ထတဲ့ အခါ နောက်ကလူတွေက စိတ်တိုကြတယ်။ အဲဒီတော့ ကျွန်မပြောချင်တာ အရှေ့ကလူတွေကလည်း အကြာကြီး မထပါနဲ့။ နောက်ကလူတွေက ခဏလောက်ထတာကို သည်းညည်း ခံကြပါ။။ ခဏထတာပဲ ဘာဖြစ်လဲ။ တစ်ချိန်လုံး ထရင်တော့ တစ်မျိုးပေါ့။
နောက်ပြီးတော့ မှာပါရစေ။ မျှော်လင့်နေရုံနဲ့ ရမှာမဟုတ်ဘူး။ လိုချင်နေရုံနဲ့ ရမှာ မဟုတ်ဘူး။ လိုချင်တာ ရအောင်ကို လုပ်တတ်မှ၊ လုပ်ရဲမှ၊ လုပ်နိုင်မှ ------------------ ကျွန်မတို့ အကောင်းဆုံး နည်းလမ်းတွေ ရှာပြီး တော့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် သွားရမယ်။ ကျွန်မက အမျိုးသား ရင်ကြားစေ့ရေးကို အမြဲတမ်း ယုံကြည်တယ်။ ဒီနည်းကို သွားကို သွားရမယ် ဆိုတာ ကျွန်မယုံကြည်တယ်။ ထောက်ခံနေတဲ့ သူတွေရှေ့မှာ

(လက်ခုပ်သံများ ဆူညံပွက်လောရိုက်လျက်)

ကျွန်မယုံကြည်တာ လူ့အခွင့်အရေးကို ယုံကြည်တယ်။ တရားဥပဒေ စိုးမိုးရေးကို ယုံကြည်တယ်။ အဲဒါတွေ အတွက်တော့ကျွန်မ အမြဲတမ်း လုပ်ဆောင်သွားမှာပါ။ ပုဂ္ဂိုလ်ရေးအရ ဘယ်သူ့ကို မုန်းလို့၊ ဘယ်ဝါ့ကို မုန်းလို့ ဆိုပြီးတော့ လုပ်နေတာမဟုတ်ဘူး။ အဲဒီစိတ်တွေ ကျွန်မမရှိဘူး။ အချိန်လည်း မရှိဘူး။ ဒီလောကကြီးမှာ အလုပ် အများဆုံး (လက်ခုပ်သံများ-----)

အခု ကျွန်မ ထိန်းသိမ်းခံနေရတဲ့ ကာလတစ်လျှောက် ကျွန်မရဲ့ လုံခြုံရေးအတွက် တာဝန်ယူတဲ့ တာဝန်ယူရတဲ့ ပုဂ္ဂိုလ်တွေကပေါ့နော် ကျွန်မအပေါ်မှာ ကောင်းခဲ့ပါတယ်။ ကျွန်မအပေါ်မှာ တော်တော် ကောင်းခဲ့ပါတယ်။ ဒါ ကျွန်မ အမှန်အတိုင်း ပြောတာ။ အဲဒါကိုလည်း ကျွန်မ တန်ဖိုးထားပါတယ်။ ကျေးဇူးတင်ပါတယ်။ ထပ်ပြီးတော့ ဒီလိုပဲ နေရာအမျိုးမျိုးမှာ ကဏ္ဍအမျိုးမျိုးမှာ ကောင်းကောင်းမွန်မွန် တစ်ယောက်ကို တစ်ယောက် ကောင်း ကောင်း မွန်မွန် ဆက်ဆံပြီး လုပ်ဆောင်သွားစေချင်တယ်။ အဲဒီလိုကျွန်မအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံ သလို ပြည်သူတွေအားလုံးအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်တယ်။

(လက်ခုပ်သံများ ဆူညံပွက်လောရိုက်လျက်)

ကျွန်မလိုပဲ ပြည်သူတွေအပေါ်မှာ အကျယ်ချုပ်ချပြီးတော့ မဆက်ဆံစေချင်ဘူး

(လက်ခုပ်သံများ ဆူညံပွက်လောရိုက်လျက်)

ကျွန်မအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံသလို ပြည်သူတွေ အပေါ်မှာလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပါလို့ ကျွန်မက မေတ္တာရပ်ခံပါတယ်။ ကောင်းမွန်တဲ့ ကိစ္စကို တန်ဖိုးထားရမယ်။ ကျေးဇူးတင်ထိုက်သူ ကို ကျေးဇူးတင်ရမယ်။ ကိုယ် မကြိုက်လို့ အားလုံး မကောင်းဘူးလို့ ပြောလို့ မဖြစ်ဘူး။ ကောင်းတာလည်း ရှိတယ်။ မကောင်းတာလည်း ရှိတယ်။ မကောင်းတာ မကောင်းဘူး ပြောရင်လည်း စိတ်ဆိုးနေလို့ မဖြစ်ဘူး။ မလုပ်နဲ့ ။

(လက်ခုပ်သံများ မစဲ---)

လူတစ်ယောက်ရဲ့ ကျေးဇူးကို ပွဲထုတ်ရတာလောက် အင်မတန်မှ အားရစရာ ကောင်းတာ မရှိဘူး။ အင်မတန်မှ အားရစရာ ကောင်းတယ်။ အင်မတန်မှ ကျေနပ်စရာကောင်းတယ်။ ကျွန်မက လုပ်ချင်ပါတယ်။ ကျေးဇူးတင်စရာ တွေသာ လုပ်ကြစမ်းပါ ကျွန်မက တစ်ချိန်လုံးခေါ်ပြီး ကျေးဇူးတင်နေပါ့မယ်။ အခုလည်း ပြည်သူတွေကို ကျေးဇူးတင်ရမှာပဲ။ ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ ဗမာတွေရဲ့ သတ္တိက ကောက်ရိုးမီးလိုပဲလို့ ခဏခဏ ပြောတာ ကျွန်မ လုံးဝ မကြိုက်ဘူး။ အဲဒါဟာ ကျွန်မတို့ ဖြစ်သင့်တဲ့ ကိစ္စမဟုတ်ဘူး။ အဲဒီလို မဖြစ်ရဘူး။ လူဆိုတာ လူဖြစ်ကာမှ လူပီပီနေရတယ်။ လူ့သိက္ခာ ဆိုတာရှိတယ်။ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ဘာနဲ့ စလဲဆိုတော့ လူတိုင်း၊ လူတိုင်းဟာ မွေးရာပါ ဂုဏ်သိက္ခာရှိတယ်။ အဲဒီ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမယ်။

(လက်ခုပ်သံများ ဆူညံလျက်)

သိက္ခာကို ထိန်းသိမ်းရမယ်။ အဲဒါကို ပြောတာ။ ပြည်သူတွေအတွက်ပဲ လုပ်ပေး၊ ပြည်သူတွေ အတွက်ပဲ လုပ်ပေးလို့။ လူတိုင်း၊ လူတိုင်းဟာ ကိုယ့်တာဝန်ကို ကျေပွန်ရမယ်။ အဲဒီလိုလုပ်နိုင်မှ ကျွန်မတို့ နိုင်ငံတိုးတက်မှာ။ ကျွန်မတို့ နိုင်ငံ မတိုးတက်လား။ တိုးတက်လားဆိုတာ။ ကျွန်မထက် ပြည်သူတွေ ပိုပြီးတော့ သိတယ်။ မတိုးတက်လို့ ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်လို့ ပြောမယ့်အစား ကျွန်မတို့ အားလုံး လက်ညီတက်ညီ နဲ့ လက်တွဲပြီးတော့ တိုးတက်အောင်လို့ လုပ်နိုင်ဖို့ အခွင့်အရေးတွေ ပေးပါလို့ပဲ။ အဲဒီလိုပဲ ကျွန်မပြောချင်တယ်။

လက်ဖြန့်ပြီး တောင်းတာလဲ မကြိုက်ဘူး။ ကိုယ်ကိုယ်တိုင်လည်း လက်ဖြန့် မတောင်းချင်ဘူး။ ကျွန်မတို့ ပြည်သူကလည်း လက်ဖြန့်ပြီးတော့ တောင်းချင်တဲ့ စိတ်မရှိဘူးလို့ ယုံကြည်တယ်။

(ဟုတ်ပါတယ်။ ဟုတ်ပါတယ် -------------------)

ကျွန်မတို့ တိုးတက်ရေးအတွက်၊ ကိုယ့်ရပိုင်ခွင့်တွေကို လိုချင်တယ်လို့ ကျွန်မတို့ ယုံကြည်တယ်။ ကိုယ့်တိုးတက်ရေးအတွက် လုပ်ပိုင်ခွင့်တွေ ရအောင်လို့ ကျွန်မတို့ လုပ်ပေးရမယ်။ နောက်ပြီးတော့ အားလုံးကို လိုက်ပြီးတော့ ထမင်းဝေဖို့ မဟုတ်ဘူး။ ကိုယ့်ထမင်းကိုယ် ဝအောင် ရှာနိုင်တဲ့ အရည်အချင်းတွေ၊ အခွင့် အလမ်းတွေ ရှိဖို့။

(လက်ခုပ်သြဘာသံများ ဆူညံလျက်)

ကျွန်မတို့ ဆက်လုပ်သွားမယ့် အလုပ်တွေဟာ ကျွန်မတို့ ဒီမိုကရေစီကို ယုံကြည်တဲ့ အစုအဖွဲ့တွေနဲ့ တိုင်တိုင်ပင်ပင် လုပ်သွားမယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုပြီး အဲဒီလို ကျွန်မတို့ ထီးထီးကြီး လုပ်သွားမှာ မဟုတ်ဘူး။ အများနဲ့ တူတူ လက်တွဲပြီးတော့ လုပ်သွားမယ်။ အဲဒီအများကို ဝန်းရံရမှာ ပြည်သူပဲ။ ပြည်သူတွေ မဝန်းရံဘဲ ကျွန်မတို့ ဘာမှ လုပ်လို့မရဘူး။ ပြည်သူတို့ အကူအညီကိုလိုလို့ ကျွန်မတို့ တောင်းတယ်။ တောင်းတဲ့ အခါကြရင် ကျွန်မတို့ အပေါ်မှာ ယုံယုံကြည်ကြည် လိုလိုလားလားနဲ့ ဒီအင်အားတွေနဲ့ ပံ့ပိုးပေးပါလို့။ အခုကတည်းကနေ မေတ္တာရပ်ခံထားပါတယ်။ အဲဒီတော့ အားတွေမွေးထား။ ထမင်းများများစားထားလို့ ပြောရမှာလည်း အားနာတယ်။ ထမင်းသိပ်မရှိဘူးဆိုရင် ဘယ်လို ပြန်ဖြေရမလဲလို့။ အားတွေ မွေးထားကြ။ ကိုယ်ကိုကိုယ် --- စိတ်အားရော၊ ခန္ဓာကိုယ်အားရော မွေးထားကြ။ အဲဒီအားတွေနဲ့ ကျွန်မတို့ အတူတူ လက်တွဲပြီးလုပ်မယ်။ ကျွန်မတို့ အတူလက်တွဲပြီး လုပ်ကြပြီဆိုလို့ရှိရင် ပန်းတိုင်ကို ရောက်အောင် ကျွန်မ ပွင့်ပွင့်လင်းလင်းပဲပြောမယ်နော်။ ကျွန်မတို့ လူတွေထဲမှာ ပန်းတိုင်ရောက်တဲ့ဟာကို မမြင်လိုက်ရတဲ့သူတွေ အများကြီးပဲ။ ဒါပေမယ့် ဒီမှန်ကန်တဲ့ ပန်းတိုင်ကို ရည်မှန်းပြီး လျှောက်သွားရတယ်ဆိုတဲ့ ဘဝတစ်ခုရဲ့ တန်ဖိုးက ဘယ်လိုမှ ဖြတ်လို့ မရဘူး။ လူတိုင်းက အနိစ္စသဘော မကင်းပါဘူး။ တစ်နေ့ကျ ကိစ္စပြီးသွားမှာပဲ။ ဒါပေမယ့် မပြီးခင် အချိန် အတွင်းမှာ အနည်းဆုံး ကိုယ်ဘယ်လို နေခဲ့တယ်။ ထိုင်ခဲ့တယ်ဆိုတာ သိကြဖို့။ ကျွန်မတို့ တွေ့တုန်းမှာ ကျွန်မတို့ရဲ့ ကွယ်လွန်သွားတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ဒီမိုကရေစီရဲဘော်ရဲဘက်တွေ ကို ကျွန်မ ဂုဏ်ပြုချင်တယ်။ အခု အထိပြင်းပြနေကြတဲ့ ကျွန်မတို့ရဲ့ ဒီမိုကရေစီ လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက်တွေကို ဂုဏ်ပြုချင်တယ်။ အားလုံး အမြန်ဆုံး လုပ်နိုင်ပါစေလို့ ကျွန်မတို့ ပြည်သူတွေက ဝိုင်းပြီး ---------
(လက်ခုပ်သံ သြဘာသံများ အမေစု ကျန်းမာပါစေ၊ ချမ်းသာပါစေဆိုသော အသံများ မစဲတော့ပေ။)

ပြီးပါပြီ။ ။

(မှတ်ချက်။ ။ ပရိသတ်များ၏ သြဘာသံများ၊ လက်ခုပ်သံများ၊ အသံကူးယူမှု ချို့ယွင်းချက်များကြောင့် စာသားအဖြစ် ပြောင်းလဲရေးသားရာတွင် အကျအပေါက်အချို့ ကျန်ရှိနိုင်ပါကြောင်း ကြိုတင်မေတ္တာရပ်ခံအပ်ပါသည်။

Wednesday, November 10, 2010

(2010-July) သူတို့အရေး

(2010-July) သူတို့အရေး

(Aug-2010) သူတို့အရေး

(Aug-2010) သူတို့အရေး

(Sept-2010)သူတို့အရေး

(Sept-2010)သူတို့အရေး

(Oct-2010)သူတို့အရေး

(Oct-2010)သူတို့အရေး

(Nov-2010)သူတို့အရေး

(Nov-2010)သူတို့အရေး

အချစ်ကန့်လန့်ကာ ခြားလေသော်

အချစ်ကန့်လန့်ကာ ခြားလေသော်

(Nov-2010)တိမ်တောင်ပျော်ပိုက်

(Nov-2010)တိမ်တောင်ပျော်ပိုက်

တစ်ဆင့်ချင်း တက်ခဲ့ရတဲ့ အောင်မြင်မှုများ

တစ်ဆင့်ချင်း တက်ခဲ့ရတဲ့ အောင်မြင်မှုများ

အခါတော်ပေးတာက

အခါတော်ပေးတာက

အလင်းတန်း ဂျာနယ် အမှတ်စဉ် ၆၂၈

အလင်းတန်း ဂျာနယ် အမှတ်စဉ် ၆၂၈

Graphic Card Part 3

Graphic Card Part 3

Memory Stick နဲ့ ကွန်ပျူတာရဲ့ speed ကိုမြှင့်တင်နိုင်ရန်

Memory Stick နဲ့ ကွန်ပျူတာရဲ့ speed ကိုမြှင့်တင်နိုင်ရန်

ဂျီမေးကို အလန်းဖြစ်အောင်လုပ်မယ်

ဂျီမေးကို အလန်းဖြစ်အောင်လုပ်မယ်

ဂျီမေးကို အလန်းဖြစ်အောင်လုပ်မယ်

ဂျီမေးကို အလန်းဖြစ်အောင်လုပ်မယ်

Intel Core i Family

Intel Core i Family

Graphic card part 4

Graphic card part 4: "About Graphic Card"

Configuring Windows 7

Configuring Windows 7: "MCTS Exam 70-680- Configuring Windows 7,"

To Send SMS to Mobile from Linux Box..

To Send SMS to Mobile from Linux Box..

Facebook တည်ထောင်သူ (သို့မဟုတ်) Mark Zuckerberg

Facebook တည်ထောင်သူ (သို့မဟုတ်) Mark Zuckerberg: "About Mark Zuckerberg"

To Send SMS to Mobile from Linux Box..

To Send SMS to Mobile from Linux Box..

Jailbreaking iPod/iPhone/iPad

Jailbreaking iPod/iPhone/iPad

Jailbreaking iPod/iPhone/iPad

Jailbreaking iPod/iPhone/iPad

Using J Downloader (14.41)Mb To Download Like Premium

Using J Downloader (14.41)Mb To Download Like Premium

Download Zawgyi 64bit

Download Zawgyi 64bit: "Zawgyi 64bit"

Nvidia ရဲ့ PhysX

Nvidia ရဲ့ PhysX

Windows 7: Automated Installation Kit

Windows 7: Automated Installation Kit: "Windows 7 Automated Installation Kit"

Windows 7 Password Recovery

Windows 7 Password Recovery: "Windows 7 Password Recovery"

List Controls များ ထဲသို့ Data ထည့်နည်း ( ၃ ) နည်း

List Controls များ ထဲသို့ Data ထည့်နည်း ( ၃ ) နည်း

Myanmar Calendar for 2011

Myanmar Calendar for 2011

Myanmar Calendar for 2011

Myanmar Calendar for 2011

အပြောနဲ့အလုပ်မညီတဲ့ Graphic Card

အပြောနဲ့အလုပ်မညီတဲ့ Graphic Card

How to install ipa files into iPhone, iPod without iTunes

How to install ipa files into iPhone, iPod without iTunes

4Shared သုံးသူများအတွက်

4Shared သုံးသူများအတွက်

Download Manager မရှိလို့စိတ်ညစ်နေလား?

Download Manager မရှိလို့စိတ်ညစ်နေလား?

Photoshop CS4 Portable

Photoshop CS4 Portable

NSIS Error Messages

NSIS Error Messages

pdf virus နော်

pdf virus နော်

Squid's Caching with Ramdisk on Freebsd!

Squid's Caching with Ramdisk on Freebsd!

iPhone 4 တောင်ကိုရီးယားတွင် စတင်ရောင်းချခြင်း

iPhone 4 တောင်ကိုရီးယားတွင် စတင်ရောင်းချခြင်း

အမေရိကန်ဒေါ်လာ၊ အက်ဖ်အီးစီနှင့် ပြည်ပပို့ကုန်မှရငွေ ဈေးကွက် ငြိမ်သက်နေ

အမေရိကန်ဒေါ်လာ၊ အက်ဖ်အီးစီနှင့် ပြည်ပပို့ကုန်မှရငွေ ဈေးကွက် ငြိမ်သက်နေ

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံတကာသို့ တင်ပို့မည့် လေကြောင်းကုန်စည်များ သိုလှောင်နိုင်ရန် အအေးခန်း ကုန်လှောင်ရုံ တည်ဆောက်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံတကာသို့ တင်ပို့မည့် လေကြောင်းကုန်စည်များ သိုလှောင်နိုင်ရန် အအေးခန်း ကုန်လှောင်ရုံ တည်ဆောက်

မုန်တိုင်းဝင်ရောက်ပါက ရေကြောင်းသွားလာမှု၌ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ကို အသေးစိတ်လေ့လာ စောင့်ကြည့်ပြီးမှသာ ခရီးစဉ်ရပ်နားခြင်းကို ပြုလုပ်သွားမည်

မုန်တိုင်းဝင်ရောက်ပါက ရေကြောင်းသွားလာမှု၌ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ကို အသေးစိတ်လေ့လာ စောင့်ကြည့်ပြီးမှသာ ခရီးစဉ်ရပ်နားခြင်းကို ပြုလုပ်သွားမည်

မုန်တိုင်းဝင်ရောက်ပါက ရေကြောင်းသွားလာမှု၌ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ကို အသေးစိတ်လေ့လာ စောင့်ကြည့်ပြီးမှသာ ခရီးစဉ်ရပ်နားခြင်းကို ပြုလုပ်သွားမည်

မုန်တိုင်းဝင်ရောက်ပါက ရေကြောင်းသွားလာမှု၌ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ကို အသေးစိတ်လေ့လာ စောင့်ကြည့်ပြီးမှသာ ခရီးစဉ်ရပ်နားခြင်းကို ပြုလုပ်သွားမည်

မုန်တိုင်းဝင်ရောက်ပါက ရေကြောင်းသွားလာမှု၌ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ကို အသေးစိတ်လေ့လာ စောင့်ကြည့်ပြီးမှသာ ခရီးစဉ်ရပ်နားခြင်းကို ပြုလုပ်သွားမည်

မုန်တိုင်းဝင်ရောက်ပါက ရေကြောင်းသွားလာမှု၌ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ကို အသေးစိတ်လေ့လာ စောင့်ကြည့်ပြီးမှသာ ခရီးစဉ်ရပ်နားခြင်းကို ပြုလုပ်သွားမည်

ကုန်တင် မော်တော်ယာဉ်များအားလုံး နိုဝင်ဘာ ပထမပတ်မှစတင်ပြီး အာဆီယံစံနှုန်းအတိုင်း တင်ဆောင်ကြရတော့မည် ဖြစ်ကြောင်း သိရ

ကုန်တင် မော်တော်ယာဉ်များအားလုံး နိုဝင်ဘာ ပထမပတ်မှစတင်ပြီး အာဆီယံစံနှုန်းအတိုင်း တင်ဆောင်ကြရတော့မည် ဖြစ်ကြောင်း သိရ

ဗိုလ်မှူးကြီး စောလားပွယ် ဌာနချုပ်ကျ

ဗိုလ်မှူးကြီး စောလားပွယ် ဌာနချုပ်ကျ

မဲ မသမာမှုသည် ဗိုလ်ချုပ်မှူးကြီးကို စော်ကားခြင်းဟု ဦးကောင်းမြင့်ထွဋ် ပြော


နိုင်ငံရေး အကျဉ်းသားဟောင်း ကိုကောင်းမြင့်ထွဋ်
ရွေးကောက်ပွဲ ကော်မရှင်၏ မဲမသမာ မှုများသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို စော်ကားခြင်း ဖြစ်သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ဝင်ရောက် ယှဉ်ပြိုင်သည့် မြို့တော်ဝန် ဦးအောင်သိန်းလင်းကို ရှုံးနိမ့်သွားသော တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးကောင်းမြင့်ထွဋ်က ပြောဆို လိုက်သည်။
“မဲလိမ်၊ မဲခိုးတဲ့ လုပ်ရပ်တွေ အကုန်လုံးက ဒီရွေးကောက်ပွဲကို ဦးဆောင်ကျင်းပတဲ့ ဗိုလ်ချုပ်မှူးကြီးကို စော်ကားတာပဲ။ အာဏာပိုင်နဲ့ ပတ်သက်တဲ့ လူတွေ ဒီလိုလုပ်တာကလည်း ဗိုလ်ချုပ်မှူးကြီးကို စော်ကားတာဖြစ်လို့ ချက်ခြင်း ဖော်ထုတ် ပြီး အရေးယူသင့်တယ်” ဟု တောင်ဥက္ကလာပ မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကောင်းမြင့်ထွဋ် က ဆိုသည်။
ဦးကောင်းမြင့်ထွဋ် အနေနှင့် မဲရေတွက်စဉ် ၀င်ရောက်ကြည့်ရှုခွင့် မရခဲ့ကြောင်း၊ မဲမသမာ မှုများကြောင့် ရှုံးနိမ့် သွားရခြင်း ဖြစ်ရာ ရွေးကောက်ပွဲ ရလဒ်အပေါ် လက်ခံမည် မဟုတ်ကြောင်း ပြောသည်။
“မဲရုံတံခါး ပိတ်ပြီး မဲရေတယ်။ ကျနော့်ကို ၀င်ခွင့်မပေးဘူး။ မဲရေပြီးချိန်၊ နိုင်မယ်ဆိုတာ သိချိန်မှာပဲ ဦးအောင်သိန်းလင်းရဲ့ ကြိုတင်မဲတွေ ဆိုပြီး အထုပ်လိုက် ရောက်လာတယ်။ ဒီအတွက်လည်း မဲစာရင်း အတည်ပြု ပုံစံ ၁၉ မှာ လက်ခံပြီး အသိအ မှတ်ပြု လက်မှတ်ထိုးပေးမှာ မဟုတ်ဘူး” ဟု သူက ဆိုသည်။
တနိုင်ငံလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်သည့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈၂ ဦး အနက် အသက် ၃၅ နှစ်အရွယ် ဦးကောင်းမြင့်ထွဋ်သည် နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သည်။
ပြည်သူလူထု ထောက်ခံမှု အများအပြား ရရှိခဲ့သော်လည်း စစ်အစိုးရ ကျောထောက် နောက်ခံပြုထားသည့် ကြံ့ဖွံ့ပါတီ၏ အမတ်လောင်း ရန်ကုန်မြို့တော်ဝန်နှင့် ယှဉ်ပြိုင်ရာတွင်မူ ရှုံးနိမ့်ခဲ့ရသည်ဟု ဦးကောင်းမြင့်ထွဋ်က ပြောသည်။
မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် ပြည်သူက ထောက်ခံသည့် မဲ များဖြင့် အနိုင်ရခဲ့ခြင်း မဟုတ်ဘဲ လမ်းခင်း၊ ဓမ္မာရုံ ဆောက်ပေး၍ အတင်းအကျပ် မဲ ထည့်ခိုင်းခြင်း၊ ကြိုတင်မဲ ရယူခြင်းတို့မှ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်ဟု လေ့လာသူများက ဝေဖန်နေကြသည်။
ပြည်သူ့အတွက်၊ ဒီမိုကရေစီ အရေးအတွက် ဆောင်ရွက်ပေးမည့် အတိုက်အခံများ လွှတ်တော်တွင် နေရာ လုံးဝ မရ တော့ကြောင်း၊ အနိုင်ရရှိသည့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ အနေနှင့် လွှတ်တော်တွင် နေရာ ရလာပါက ပြည်သူ့အရေး လုပ်ဆောင်မည်ကို ယုံကြည်မှု မရှိကြောင်း ဦးကောင်းမြင့်ထွဋ်က ပြောသည်။
၁၉၉၀ ရွေးကောက်ပွဲသည် တရားမျှတမှုနှင့် လွတ်လပ်မှု ပိုရှိကြောင်း၊ ယခု ကျင်းပသွားသည့် ရွေးကောက်ပွဲသည် မြန်မာ့ နိုင်ငံရေး သမိုင်းစာမျက်နှာတွင် အကျည်းတန် အရုပ်အဆိုးဆုံး ရွေးကောက်ပွဲတခုဖြစ်ကြောင်းလည်း သူက ဆိုသည်။
“လူထု ထောက်ခံမှုနဲ့ တက်လာတဲ့ အစိုးရသစ်က အခက်အခဲတွေ အများကြီး ရင်ဆိုင်ရနိုင်တယ်။ မဲကို ကြောက်လို့သာ ထည့် လိုက်ရတာ။ အကြောက်တရားကြောင့် ရလာတဲ့ အာဏာရှင် အစိုးရကြောင့် တိုင်းပြည်က အကြောက်တရား တွေနဲ့ ဆက် ချီတက်ကြရဦးမယ် ဆိုရင် ကမ္ဘာနဲ့ ရင်ပေါင်တန်းဖို့ မပြောနဲ့ နောက်ပြန်ဆွဲပြီး နစ်သထက် နစ်အောင်လုပ်နေ သလိုပဲ ဖြစ်ဦးမှာ” ဟု ၎င်းက ပြောသည်။
လာမည့် စနေနေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါက လက်တွဲ၍ ပြည်သူလူထု ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိ လာစေရန် လုပ်ဆောင်သွားမည်ဟု ဦးကောင်းမြင့်ထွဋ်က ဆိုသည်,
THIS POST WAS COPYING FROM IRRAWADDY BURMESE NEWS,,,

အညံ့ခံဖို့ အကြောင်းမရှိ


ဗိုလ်မှူးကြီး စောလားပွယ်

ရွေးကောက်ပွဲ ကျင်းပသည့်နေ့ ဖြစ်သော နိုဝင်ဘာလ ၇ ရက်နေ့တွင် ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က မြ၀တီမြို့၌ အစိုးရတပ်ဖွဲ့များကို အလစ်အငိုက် ညတိုက်ပွဲတခုဖြင့် တိုက်ခိုက်ခဲ့ပြီး အစိုးရအဆောက်အအုံ များစွာကို ယာယီထိန်းချုပ်နိုင်ခဲ့သည်။ နောက်တရက်တွင် မြ၀တီမြို့တွင်းနှင့် မြို့တ၀ိုက်တွင် DKBA နှင့် စစ်အစိုးရတပ်ဖွဲ့များအကြား တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ထိုနေ့တွင်ပင် DKBA တပ်ဖွဲ့များသည် ဘုရားသုံးဆူဒေသတွင် တပ်စွဲထားသော စစ်အစိုးရတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ပြီး အစိုးရအဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့သည်။ တိုက်ခိုက်မှုများကြောင့် ဒုက္ခသည်ပေါင်း ထောင်သောင်းချီ၍ ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် စံခရဘူရီမြို့များသို့ ထွက်ပြေးခဲ့ကြသည်။
ဗိုလ်မှူးကြီး စောလားပွယ်သည် DKBA တပ်မဟာ (၅) ၏ တပ်မှူးဖြစ်သည်။ DKBA ခေါင်းဆောင်ပိုင်းက စစ်အစိုးရ ဖိအားပေးသည့်အတိုင်း နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်ခံလိုက်ခြင်းကို သဘောမတူသဖြင့် DKBA မှ ခွဲထွက်ခဲ့သော တပ်မဟာ တခုလည်း ဖြစ်သည်။ DKBA တပ်မဟာ (၅) သည် မြ၀တီနှင့် ဘုရားသုံးဆူ ဒေသတ၀ိုက် ထိုင်း-မြန်မာ နယ်စပ်အနီးတွင် အခြေစိုက်သည်။
လက်ရှိစစ်ရေး အခြေအနေများနှင့်ပတ်သက်၍ ဧရာဝတီသတင်းထောက် စောရန်နိုင်က ဗိုလ်မှူးကြီး စောလားပွယ်အား ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ နိုဝင်ဘာ ၇ ရက်နေ့တုန်းက ဗိုလ်မှူးကြီးတို့အဖွဲ့ မြ၀တီမြို့ကိုဝင်တိုက်ပြီး အစိုးရအဆောက်အဦတွေကို သိမ်းယူခဲ့တယ်။ ဘာကြောင့် အဲဒီလို တိုက်ခိုက်ခဲ့ရတယ်ဆိုတာနဲ့ပတ်သက်ပြီး သိပါရစေခင်ဗျား။
ဖြေ ။ ။ စစ်အစိုးရက မြ၀တီမြို့ခံတွေကို အတင်းအကျပ် မဲပေးခိုင်းတယ်လို့ ကျနော်တို့ကြားရတယ်။ လူထုက မဲမပေးချင်ဘူး။ ဒါပေမယ့် စစ်အစိုးရက လူထုကို လက်နက်အားကိုးနဲ့ အကျပ်ကိုင်ခြိမ်းခြောက်တယ်။ အဲဒါကြောင့်မို့ လုံခြုံရေးအတွက် မြ၀တီမှာ ကျနော်တို့တပ်တွေ နေရာစယူခဲ့တာပါ။
မေး ။ ။ မြန်မာအစိုးရက ဗိုလ်မှူးကြီးအပေါ် ဘယ်လိုမျိုး ဖိအားတွေပေးနေပါသလဲ။
ဖြေ ။ ။ ကျနော်သာ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ သဘောတူမယ်ဆိုရင် ကျနော့်ကို ကားအစီး ၅၀၀ နဲ့ စီးပွားရေးလုပ်ခွင့်တွေ ပေးမယ်လို့ အစိုးရအာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ကျနော့်ကို ဖျောင်းဖျပြောဆိုဖို့ဆိုပြီး အစိုးရက ဆရာတော် ဦးသုဇနကိုတောင် ခိုင်းခဲ့သေးတယ်။ ဘယ်သူမှ ကျနော်တို့ကို မစည်းရုံးနိုင်တဲ့အခါကျတော့ အစိုးရက ကျနော်တို့ကို မြ၀တီကနေ ထွက်သွားခိုင်းပါတယ်။ ကျနော်တို့ကို မတွေ့ချင်တော့ဘူးလို့ သူတို့က ပြောပါတယ်။ ဒါပေမယ့် ကျနော်တို့ ထွက်မပေးနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနေရာဟာ ကရင့်နယ်မြေဖြစ်တယ်။ ဒါ့ကြောင့် ကရင်တိုင်းရင်းသားတွေ နေထိုင်နိုင်ရမယ်။ ဘယ်လိုအကြောင်းနဲ့မှ ကျနော်တို့ ထွက်မပေးနိုင်ပါဘူး။ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ကိုသာ ကျနော်က လက်ခံမယ်ဆိုရင် ကျနော်လိုတာပေးမယ်လို့ စစ်အစိုးရက ပြောပါတယ်။ ပြည်သူလူထုအတွက်ပဲ အလုပ်အကျွေးပြုမယ်လို့ ပြန်ပြောလိုက်တယ်။ လူထုကို အကာအကွယ်ပေးဖို့ဆိုတာ ကျနော်တို့တပ်ဖွဲ့တွေရဲ့ တာဝန်ပဲဖြစ်တယ်။
မေး ။ ။ အခုပြီးသွားတဲ့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီးရဲ့အမြင်ကို သိပါရစေ။
ဖြေ ။ ။ ဒီရွေးကောက်ပွဲက မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီ မဆောင်ကျဉ်းပေးနိုင်သလို တိုင်းရင်းသား ပြည်သူလူထုအတွက်လည်း တန်းတူညီမျှမှု ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီမိုကရေစီအစစ်အမှန် မဟုတ်ဘူး။ စစ်ဗိုလ်ချုပ်ကြီးတွေ အရေခွံလဲတဲ့သဘောပါပဲ။ ပြည်သူလူထုကလည်း ရွေးကောက်ပွဲကို မထောက်ခံဘူး။ စစ်မှန်တဲ့ ရွေးကောက်ပွဲလည်း မဟုတ်ဘူး။ တိုင်းရင်းသားဒေသတွေမှာ ဘာတွေဖြစ်နေသလဲဆိုတာကို နိုင်ငံတကာအသိုင်းအ၀န်းက လာရောက် ကြည့်ရှုလေ့လာဖို့လိုပါတယ်။ ပြဿနာတွေကို သူတို့လာပြီး ဖြေရှင်းပေးသင့်ပါတယ်။
မေး ။ ။ တခြား DKBA တပ်မဟာတွေက နယ်ခြားစောင့်တပ် ဖွဲ့ဖို့ လက်ခံခဲ့ကြတယ်။ ဗိုလ်မှူးကြီးတို့ တပ်မဟာတခုပဲ နယ်ခြားစောင့်တပ်အစီအစဉ်ကို လက်မခံဘဲငြင်းပယ်ခဲ့ပါတယ်။ နယ်ခြားစောင့် တပ်ဖွဲ့နဲ့ပတ်သက်လို့ ဗိုလ်မှူးကြီးရဲ့ အမြင်ကို သိပါရစေ။
ဖြေ ။ ။ နယ်ခြားစောင့်တပ်ဖွဲ့ဆိုတာ စစ်အစိုးရက ကျနော်တို့ ကရင်ပြည်သူတွေကို ဖိနှိပ်ချေမှုန်းပစ်မယ့် နည်းလမ်းပါ။ ကျနော်တို့ကတော့ အောင်ပွဲမရမချင်း ကရင့်တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီးရဲ့ မူလေးချက်ကို ဆုပ်ကိုင်သွားမှာဖြစ်ပါတယ်။ အဲဒါတွေက ဘာလဲဆိုတော့ (၁) လက်နက်ချစကား အလျဉ်းမပြောရ (၂) ကရင့်လက်နက် ကရင့်လက်ထဲမှာရှိရမည် (၃) ကရင့်ကြမ္မာ ကရင်ဖန်တီးရမည် (၄) ကရင်ပြည် အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည် ဆိုတာပါပဲ။
မေး ။ ။ ဗိုလ်မှူးကြီးတို့က မြန်မာအစိုးရနဲ့ နှစ်ပေါင်း ၁၅ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီး ရည်တည်လှုပ်ရှားခဲ့ပါတယ်။ ဒီတော့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်နဲ့ပတ်သက်ပြီး စစ်အစိုးရရဲ့ သဘောထားက ဘာဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီးထင်ပါသလဲ။ အပစ်အခတ်ရပ်စဲရေးအပေါ်မှာကော သူတို့အနေနဲ့ အလေးအနက်ရှိပါရဲ့လား။
ဖြေ ။ ။ စစ်အစိုးရက သူတို့နဲ့လာရောက်ပူးပေါင်းဖို့ ကျနော်တို့ကို ဖိတ်ခေါ်ခဲ့တယ်။ ပြည်သူလူထုရဲ့ အကျိုးစီးပွား၊ ငြိမ်းချမ်းရေးရရှိဖို့ ရည်မှန်းချက်နဲ့ နှစ်ပေါင်းများစွာကြာအောင် ကျနော်တို့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့က ငြိမ်းချမ်းရေးကို တကယ်မလိုလားပါဘူး။ စစ်အစိုးရက သဘောတူချက်အပေါ်မှာ အလေးထားခြင်းမရှိသလို အပစ်ရပ်စာချုပ်နဲ့ပတ်သက်လို့လည်း မရိုးသားပါဘူး။ ပြည်သူလူထုအပေါ်မှာရော တိုင်းရင်းသားလူထုအပေါ်မှာပါ သူတို့တွေ မရိုးသားကြပါဘူး။ ဒီလူတွေအုပ်ချုပ်မှုအောက်မှာတော့ ကျနော်တို့ အသက်ပဲရှုနိုင်တယ်၊ အသက်တော့ မရှင်နိုင်ပါဘူး။
မေး ။ ။ မြန်မာအစိုးရနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ဗိုလ်မှူးကြီးတို့ဘက်မှာက ရဲဘော်အင်အား နည်းနည်းပဲရှိတယ်။ ဆိုတော့ ဗိုလ်မှူးကြီးတို့က အစိုးရတပ်တွေကို ဘယ်လိုတန်ပြန် တိုက်မလဲ။
ဖြေ ။ ။ ကျနော်တို့တပ်တွေကို မြ၀တီကနေ ပြန်ဆုတ်ခိုင်းပြီး မြို့အပြင်မှာ နေရာချထားပါတယ်။ ကျနော်တို့ရဲ့ စစ်ဗျူဟာကို ပြောင်းပါမယ်။ ပြောက်ကျားစစ်နည်းဗျူဟာနဲ့ ကျနော်တို့ ပြန်တိုက်ပါမယ်။ ကျနော်တို့ကို စစ်ရေးအကူအညီပေးမယ့် အကူတပ်ဖွဲ့တွေလည်း ရှိပါသေးတယ်။
မေး ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ကရော ဗိုလ်မှူးကြီးတို့အဖွဲ့ကို ကူညီမှာလား။
ဖြေ ။ ။ ကျနော်တို့ KNU နဲ့ ပုံမှန်အဆက်အသွယ်ရှိပါတယ်။
မေး ။ ။ စစ်အစိုးရက ဗိုလ်မှူးကြီးတို့အဖွဲ့ကို နယ်ခြားစောင့် တပ်ဖွဲ့ထဲပါဖို့ နောက်ထပ် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်လာဦးမယ်လို့ ယူဆပါသလား။
ဖြေ ။ ။ မထင်ပါဘူး။ သူတို့သဘောထားက သိပ်မဟုတ်ဘူး။ အခုအထိ အင်အား ထပ်တိုးနေတုန်းရှိသေးတယ်။
THIS POST WAS COPYING FROM IRRAWADDY BURMESE NEWS,,,

မင်းသမီး ၃ ပါးနှင့် NDF အရှုံးနှင့်ကြုံ


ဝန်ကြီးချုပ်ဟောင်းများ၏ သမီးများဖြစ်သော “ မင်းသမီး ၃ ပါး” ဟု မီဒီယာများက ဖော်ပြကြသူများ ပါဝင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ခွဲထွက်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီတို့သည် မဲမသမာမှုများကြောင့် ရွေးကောက်ပွဲတွင် ဆိုးဆိုးဝါးဝါးဆုံးရှုံးမှုများ ရင်ဆိုင်ရကြောင်း သိရသည်။
ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေနှင့် ဒေါ်သန်းသန်းနု။ ရွေးကောက်ပွဲသည် မြန်မာပြည်အတွက် အပြောင်းအလဲ ဖြစ်မည်ဟု ထင်ခဲ့ကြသော်လည်း မျှော်လင့်သလို ဖြစ်မလာဟု ၎င်းတို့က ပြောသည် (ဓာတ်ပုံ - ဧရာဝတီ)
မြန်မာနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဦးနု၏ သမီးဖြစ်သူ ဒေါ်သန်းသန်းနုက “နယ်မြေ ၄ ခုမှာ ၃ ခုက ကိုယ့်ကို ထောက်ခံတဲ့မဲ ရခဲ့တယ်။ ဒါပေမယ့် စာရင်းလည်း ပိတ်လိုက်ရော အမှတ်တွေက အရမ်းကို ကွာသွားတယ်။ ကိုယ့်ကိုဘယ်လို ထောက်ခံခဲ့တယ်ဆိုတာ သိပေမယ့် ရှုံးတယ်ဆိုတာက မဲရုံမှာ ကိုယ်စားလှယ်တွေ မထားနိုင်တာ၊ မဲ ရေတဲ့အချိန်မှာ ကိုယ့်ကို မခေါ်တာ။ ဒီလိုဆိုတော့ သူတို့ လုပ်ချင်တိုင်းလုပ်လို့ ရသွားတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ဒေါ်သန်းသန်းနုသည် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုယ်စားပြု အမျိုးသားလွှတ်တော်အတွက် မန္တလေးမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကို မဲ အပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
“အခု ကျင်းပသွားတဲ့ ရွေးကောက်ပွဲက မတရားဆုံး ရွေးကောက်ပွဲတခုပဲ။ နိုင်သွားတဲ့ပါတီအနေနဲ့ သိက္ခာရှိရှိ ဖြစ်ချင်တယ်ဆိုရင်တော့ အရပ်သားအစိုးရ ပီပီပြင်ပြင်လုပ်ပေးခဲ့မယ်ဆိုရင်တော့ ကောင်းမယ်။ ဒီရွေးကောက်ပွဲကို အဖေသာ ရှိနေရင် မတရားဆုံး ရွေးကောက်ပွဲလို့ ပြောမှာပဲ” ဟု ဒေါ်သန်းသန်းနုက ပြောသည်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကို ကိုယ်စားပြု၍ ပဲခူးတိုင်း၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်သည့် ဒေါ်ချိုချိုကျော်ငြိမ်းက “နယ်ကလူတွေက ပေးလိုက်တာ ဒေါင်း၊ ထွက်လာတာ ခြင်္သေ့၊ ဘယ်လိုဖြစ်တာလဲတဲ့။ ကြိုတင်မဲတွေ အန်တီ မကြောက်ဘူး။ ဘာလို့လဲဆို ကိုယ့်ကိုယ် ထောက်ခံတဲ့လူ ဘယ်လောက်ရှိနေလဲကို သိနေတယ်လေ။ ဒါပေမယ့် မဲရုံမှူးက မဲပုံးကို အိမ်သယ်သွားပြီး ပက်ပက်စက်စက် မဲခိုးတယ်။ တချို့မဲရုံတွေမှာ ဖွင့်တောင် မဖွင့်ရသေးဘူး မဲပုံးထဲ မဲကရောက်နေပြီ။ ဒီအတွက် မနက်ဖြန် နေပြည်တော်အထိတက်ပြီး တိုင်ဖို့လုပ်မယ်” ဟု ပြောသည်။
ဒေါ်ချိုချိုကျော်ငြိမ်းသည် ဒု ၀န်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီးဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၏ သမီး ဒေါ်နေရီဗဆွေဖြစ်ပြီး စမ်းချောင်းမြို့နယ်တွင် ဒီမိုကရက်တစ်ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နရီဗဆွေက “တပါတီက ဒေါ်အောင်ဆန်းစုကြည် နာမည်ကို အသုံးချသွားတယ်။ တပါတီက ကြိုတင်မဲကို အသုံးချသွားတယ်။ ပြည်သူလူထုကတော့ မီးပျက်ပြီး အမှောင်ထဲမှာ နေနေရတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲမတိုင်မီ ပါတီကိုယ်စားပြု သတင်းစာရှင်းလင်းပွဲတခုတွင် ၎င်းတို့ ၃ ဦးသည် မြန်မာပြည်၏ မင်းသမီး ၃ ပါးဟု တင်စားပြောဆိုခဲ့ပြီး စစ်အစိုးရမှာမူ စုန်းမ ၃ ယောက်အဖြစ် မြင်မည်ဟု ပြောခဲ့သည်။
မြန်မာပြည် ပြောင်းလဲမှုအတွက် ရွေးကောက်ပွဲသည် ပထမဆုံးခြေလှမ်းဟု ယုံကြည်ကာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဟု ၎င်းတို့က ပြောကြသည်။
မြန်မာတနိုင်ငံလုံးတွင် NDF ပါတီမှ ကိုယ်စားလှယ်လောင်း ၁၆၁ ယောက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ရန်ကုန်မြို့တွင် ၁၆ နေရာ၌သာ အနိုင်ရခဲ့သည်ဟု NDF ပါတီဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက ဆိုသည်။
“ပြည်သူပေးတဲ့မဲမှာ ကျနော်တို့ နိုင်တယ်၊ သက်ဆိုင်ရာက ပေးတဲ့မဲမှာတော့ ကျနော်တို့ ရှုံးတာပေါ့။ မဲရေတော့မှ ကြိုတင်မဲထုပ်တွေ ရောက်လာတယ်။ တချို့နေရာတွေမှာဆို အထုပ်တောင် မမြင်ရဘူး။ ဒါ ကြိုတင်မဲ ပေးထားတဲ့ လူစာရင်းဆိုပြီး ပြတယ်။ မဲတွေ ပြခိုင်းတော့ ပြခွင့်မရှိဘူးပြောတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူးဆိုတာ အစကတည်းက သိပေမယ့် ဒီလောက်အထိ လက်လွတ်စပယ် လုပ်မယ်မထင်ဘူး။ မျှော်လင့်ထားတာထက် ပိုသွားတာပေါ့” ဟု ၎င်းက ပြောသည်။
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေက ရွေးကောက်ပွဲရလဒ်နှင့် မဲသမာမှုများအရ ရွေးကောက်ပွဲသည် မသင့်တင့်သောရွေးကောက်ပွဲ ဖြစ်သော်လည်း ပြည်သူများ နိုင်ငံရေးနိုးကြားမှု အားကောင်းလာစေရန် ပြုနိုင်ခဲ့ခြင်းသည် ဒီမိုကရေစီ အင်အားစုများ ရရှိလိုက်သည့် အမြတ်ဖြစ်သည်ဟု ဆိုသည်။
“တခြားပါတီက မဲမသမာမှုတွေကို တိုင်ဖို့လုပ်ရင်တော့ ၀င်ပါဝင်သွားဖို့ရှိတယ်။ တိုင်တယ်ဆိုတာ လေးစားတဲ့လူကို တိုင်တာလေ။ ကော်မရှင်က လေးစားစရာမရှိတော့ ကိုယ့်ပါတီအနေနဲ့ကတော့ တိုင်လည်းမတိုင်တော့ဘူး၊ ဘာမှလည်း ဒီပေါ်မှာ မမျှော်လင့်ထားဘူး” ဟု ၎င်းက ပြောသည်။
ရွေးကောက်ပွဲရလဒ်သည် ဒီမိုကရေစီအင်အားစုများကို တယောက်နှင့်တယောက် ကျောချင်းကပ်ပေးလိုက် ခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါက ပြောင်းလဲမှု တစုံတရာအတွက် စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။
မြန်မာတနိုင်ငံလုံးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း နေရာ ၁၁၅၇ နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်သည့် ကြံ့ဖွံ့ပါတီက ၈၀ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိနေသည်ဟု ဆိုကြောင်း ယင်းပါတီမှ တာဝန်ရှိသူတဦးကို ကိုးကား၍ AFP သတင်းဌာနက ဖော်ပြထားသည်။
THIS POST WAS COPYING FROM IRRAWADDY BURMESE NEWS,,,,