Wednesday, November 3, 2010

မွန်နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ(တိုင်းပြုပြည်ပြုရွေးကောက်ပွဲနှင့်ရာမညအဖွဲ့ချုပ)


တိုင်းပြုပြည်ပြုရွေးကောက်ပွဲနှင့်ရာမညအဖွဲ့ချုပ

မွန်တိုင်းရင်းသားအစည်းအရုံးသည် တိုင်းပြုပြည်ပြုရွေးကောက်ပွဲကို သပိတ်မှောက်သောအခါ ဖဆပလ အဖွဲ့ချုပ်မှ မွန်များသပိတ်မှောက်သည်ကို တန်ပြန်တိုက်သည့်အနေဖြင့် ရာမညအဖွဲ့ချုပ်၏ အမူဆောင်တဦး ဖြစ်သူ မွန်ဦးငွေခိုင်မှတဆင့် ရာမညအဖွဲ့ချုပ်နှင့် ရွေးကောက်ပွဲဝင်ရန် စေ့စပ်ခဲ့သည်။
ဖဆပလက အကယ်၍ ဖဆပလအမတ် အနေနှင့် ရွေးကောက်ပွဲဝင်လျင် ရာမညအဖွဲ့ချုပ်မှပေးအပ်သောအမတ်လောင်း ၁၂ ယောက်အထိ ဖဆပလမှလက်ခံမည်ဟု ကမ်းလှမ်းခဲ့သည်၊ ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်သည် ၄င်းပြဿနာသည် နိုင်ငံရေး ပြဿနာဖြစ်၍ ဖဆပလမှ ကမ်းလှမ်း သော ဖဆပလအနေဖြင့် အထွေထွေမဲစာရင်းတွင် မွန်လူမျိုး ၁၂ ယောက်အား ဖဆပ လအမတ်ဖြင့် ပေးခြင်း ကို ဝမ်းမြောက်သော်လည်း လက်မခံနိုင်ကြောင်း ပြန်ကြားခဲ့သည်။
THIS POST WAS COPYING FROM THE BOOK OF MON BACKGROUND HISTORIES IN BURMA,, PAGE-2/9

No comments:

Post a Comment