Friday, November 5, 2010

မော်လမြိုင်မိုင်ဒါကွင်းအား ဆောက်သမ်းမြန်မာအက်ဖ်စီဘောလုံးအသင်းအိမ်ကွင်းသတ်မှတ်



(မော်လမြိုင်မိုင်ဒါကျောင်းသားအားကစားကွင်းကို google earth မှမြင်တွေ့ရပုံ)
မော်လမြိုင်မြို့မိုင်ဒါကွင်းရှိ မွန်ပြည်နယ်ကျောင်းသားအားကစားကွင်းအား ယုဇနဦးဌေးမြင့်၏ ဆောက်သမ်းမြန်မာအက်ဖ်စီ Southern Myanmar FC ဘောလုံးအသင်းအိမ်ကွင်းအဖြစ် သက်ဆိုင်ရာမှသတ်မှတ်ပေးလိုက်သည်ဟု မြို့ခံများပြောကြားပါသည်။
အဆိုပါသတင်းကို ပြည်တွင်းပေါ်ပြူလာသတင်းဝဘ်ဆိုက်တွင်လည်း သတင်းထောက်ထူးထူး(မော်လမြိုင်) ပေးပို့သောသတင်းကို အကျဉ်းချူံဖေါ်ပြထားသည်။
“မွန်ပြည်နယ်ကျောင်းသားပွဲတော်အားကစားကွင်းဆောက်မယ်ဆိုပြီး ရံပုံငွေအမျိုးမျိုးကောက်ခံခဲ့တာ မှတ်မိသေးတယ်၊ ဆယ်စုနှစ်တစ်ခုတောင်ကျော်သွားပါပြီး၊ လွယ်လွယ်နဲ့မပြီးနိုင်တော့ဘူး၊ ဆောက်လက်စသစ်တွေကိုအမိုးအကာမရှိပစ်ထားတာ သစ်တွေတောင်ဆွေးကုန်ပါပြီ”ဟု မိုင်ဒါကွင်းအနီးနေထိုင်သော မွန်ကုန်သည်တစ်ဦးက ပြောသည်။
အဆိုပါမိုင်ဒါကွင်းအား ၁၉၉၇ ခုနှစ်တွင် ကျောင်းသားအားကစားကွင်းအဖြစ်တည်ဆောက်ခဲ့သော်လည်း မွန်ပြည်နယ်တွင် ကျောင်းသားအားကစားပွဲကျင်းပခဲ့ခြင်းမရှိခဲ့ပေ။
အားကစားကွင်းပြုပြင်တည်ဆောက်မှုများကို ယခုလတွင်စတင်ပြုလုပ်တော့မည်ဟု သိရသည်။
ဘောလုံးကွင်းပရဝုဏ်အတွင်း၌ ဘောလုံးအသင်း ၆ သင်းခန့် တည်းခိုနိုင်သည့် အဆင့်မြင့်ဟိုတယ်နှင့် ဆိုင်ခန်းများ တည်ဆောက်သွားမည်ဖြစ်ကြောင်း ပေါ်ပြူလာသတင်း၌ ဖေါ်ပြပါရှိသည်။
“ပရိသတ်တစ်သောင်းခွဲလောက်ဝင်ဆန့်နိုင်မယ့် ခေတ်မီဘောလုံးကွင်းကြီးပေါ့၊ သုံးနှစ်အတွင်းအပြီး ဆောက်နိုင်မယ်လို့ တွက်ဆထားပါတယ်” ဟု မွန်ပြည်နယ်အားကစားဝန်ကြီးဌာနဝန်ထမ်းတစ်ဦးက ပြောသည်။
ယင်းကဲ့သို့အားကစားကွင်းတည်ဆောက်မှုအတွက် ငွေကြေးမည်မျှဖြင့် နိုင်ငံတော်ထံမှငှားရမ်းဝယ်ယူရသည်ကို အာဏာပိုင်များနှင့် ယုဇနဦးဌေးမြင့်တို့အကြား လှို့ဝှက်သဘောတူညီမှုပြုလုပ်ခဲ့သည်ဟုယူဆနိုင်ဖွယ်ပြီး ပြည်သူအများသိရှိစေရန် တရားဝင်သတင်းထုတ်ပြန်ခဲ့ခြင်းမရှိဟု မော်လမြိုင်မြို့ခံကုန်သည်အသိုင်းအဝိုင်း၌ သတင်းပြန့်လွင့်နေသည်။
“ရွေးကောက်ပွဲမတိုင်ခင်မှာ အရေးကြီးတဲ့နိုင်ငံပိုင်ပစ္စည်းတွေကို သူတို့လူလက်ထဲတနည်းတဖုံနဲ့ အမွေပေးလိုက်တာပဲ” ဟု ရွေးကောက်ပွဲဝင်မွန်ပါတီသစ်ကိုယ်စားလှယ်လောင်းတစ်ဦးက မှတ်ချက်ချပြောသည်။
မိုင်ဒါအားကစားကွင်းသည် တစ်ဆယ်ဧကနီးပါကျယ်ပြန့်ပြီး မော်လမြိုင်မြို့၏အချက်အချာကျသည့် နေရာတစ်ခုဖြစ်သည်
THIS POST WAS COPYING FROM KAOWAO NEWS GROUP,,,

No comments:

Post a Comment