Thursday, October 28, 2010

ဘာသာစကား

ဘာသာစကား
ဘာသာစကား တစ်ခုရယ်လို့ ဖြစ်လာပြီ ဆိုရင် ဝေါဟာရ ပြည့်စုံဖို့အတွက် စကားလုံး အသစ်တွေတီ ထွင်ရသလို နီးစပ်ရာအင်အားကြီး ဘာသာစကား တစ်ခုခုကနေ ရှိနှင့်ပြီးသား သူတို့ရဲ့ စကားလုံးက ကောက်ယူမွေးစား ကြတာလည်း ရှိပါတယ်။မြန်မာစာပေရယ်လို့ ဖြစ်လာတာ တကယ်တမ်းပြန်တွက်ကြည့်ရင် နှစ်ပေါင်း (၁၀၀၀) တစ်ထောင် မပြည့်သေးပါဘူး။ ဒါမြန်မာစာဟဲ့ ဆိုပြီး လက်ညိုးထိုးပြနိုင်တဲ့ ကျောက်စာက အေဒီ ၁၁၁၃ မှာ ရေးထိုးတဲ့ မြစေတီကျောက်စာမှာ အစောဆုံးတွေ့ရတာပါ။ပြန်တွက်ကြည့်ပါ။ နှစ်ပေါင်း (၈၉၅) နှစ်ပဲ ရှိပါသေးတယ်။ ပညာရှင်တွေရဲ့ယူဆချက်ကတော့ကျန်စစ်မင်းလက်ထက်မှာမှ မြန်မာစာ ဆိုတာကို စံနှုန်းတစ်ခုနဲ့ ဖြစ်လာဖို့ ကြိုးပမ်းခဲ့တယ်လို့ဆိုပါတယ်။ဒါပေမယ့် မွန်ပညာရှင်တွေဟာ အေဒီ ၅ ရာစုကတည်းက အိန္ဒိယတောင်ပိုင်းအက္ခရာတစ်ခုဖြစ်တဲ့ပလ္လ၀အက္ခရာကို အခြေခံပြီး မွန်အက္ခရာတွေကို တီထွင်ခဲ့ကြပါတယ်။ ဒါကြောင့်ကျန်စစ်မင်းလက်ထက်မြန်မာအက္ခရာတွေ ပြုစုကြတဲ့ အချိန်မှာ အဲဒီခေတ်အခါက သြဇာအရှိဆုံးဘာသာစကားဖြစ်တဲ့မွန်ဘာသာရဲ့ အက္ခရာအတော်များများကို မူရင်းအတိုင်း မွေးစားယူခဲ့ကြတယ်။ အက္ခရာတင်လားဆိုတော့မဟုတ်ပါဘူး။ စကားလုံး အတော်များများကိုလည်း ယဉ်ကျေးမှု မြင့်မားပြီး ဖြစ်တဲ့မွန်တွေဆီကနေမွေးစားယူခဲ့ကြတယ်။ ကျနော်တို့ တွင်တွင်ကြီး သုံးနေတဲ့ စကားလုံးအတော်များများဟာမွန်စကားလုံးတွေပါလား ဆိုတာကို ဒေါက်တာမင်းတင်မွန် ရဲ့ မွန်-မြန်မာစာပေပေါင်းကူးဆိုတဲ့စာအုပ် ဖတ်လိုက်ရမှ အသိပညာ တိုးပွားလာတာကြောင့် ချစ်သူငယ်ချင်း တွေလည်း သိစေချင်တဲ့ ဆန္ဒနဲ့ထပ်ဆင့်ကူးယူ တင်ပြလိုက်ပါတယ်။ စကားလုံးတွေ အများကြီး ရှိပေ မယ့် ထင်သာမြင်သာရုံလောက်ပဲတင်ပြနိုင်တာမို့အနည်းအကျဉ်းပဲ ဖော်ပြလိုက်ပါတယ်။ အသိပညာ တိုးပွားနိုင်ပါစေလို့ ........
ဓါးပြ - ဓါးပြကာ ဆိုးသွမ်းသောကြောင့် “ဓါးပြ” ဟုလည်းကောင်း၊ ချွန် “မြ” သော “ဓါး” ကို ကိုင်ဆောင်၍ ဆိုးသွမ်းသောကြောင့် “ဓါးမြ” ဟုလည်းကောင်း၊ အကြောင်းပြကြသည်။ ထိုအကြောင်းပြချက်များထက် မွန်စကား “ဒမ္လ” မှ ဆင်းသက်လာသည်ဟု ယူဆလျှင် ပို၍ သင့်လျော်ပါသည်။ “ဒမ္လ” ကို မွေးစားခဲ့သည့်အတွက် “ဒမြ” ဟု အသံထွက်၍ ရွတ်ဆိုနေခြင်း ဖြစ်ပေသည်။

တလား - မွန်ဘာသာ၌ “တလာ” (အသံထွက် - တလား) သည် “သေတ္တာ” ဟု အဓိပ္ပာယ်ရပါသည်။ သေတ္တာပုံရှိသော ဗုံတူရိယာကို “ဗာတ်တလာ” ဟုခေါ်သည်။ ယင်းတူရိယာကို မြန်မာတို့က “ပတ္တလား” ဟု ခေါ်ပါသည်။ မွန်စကားလုံး “တ္လာ” နှင့် မြန်မာ “သစ်” ကို ပေါင်းလိုက်သောအခါ “သစ်တ္လာ”၊ ထိုမှတစ်ဖန် “သေတ္တာ” ဟု ဖြစ်လာဖွယ်ရှိပါသည်။

သင်းပိုင် - “သင်း” တစ်လုံး “ပိုင်” တစ်လုံး အဓိပ္ပာယ် ကြံယူလျှင် သင်းပိုင်၏ အဓိပ္ပာယ်ကို မရပါ။ သင်းပိုင်သည် ပါဠိမှ ဆင်းသက်သည်လည်း မဟုတ်ပါ။ နံငယ်ပိုင်းကဲ့သို့သော ခါးဝတ်ပုဆိုးကို “သပိုင်” ဟု မွန်တို့က သမားရိုးကျ ခေါ်ဆိုခဲ့ကြသည်။ သင်းပိုင်ကိုလည်း “သပိုင်” ဟုပင် ယခုတိုင် ခေါ်ဆိုနေပါသည်။ ထို “သပိုင်” မှ “သင်းပိုင်” ဖြစ်လာသည်ဟု ယူဆသင့်ပါသည်။

ကနုသင်း၊ ခရုသင်း - ခရုကို မွန်တို့က “ကနု” ဟု ခေါ်သည်။ ကနုသင်း (၀ါ) ခရုသင်းဟူသော ဝေါဟာရသည် မွန်တို့အခေါ် “ကနုသင်” မှ ဆင်းသက်လာသည်ဟု ယူဆရပါသည်။ “သင်” သည် ကမ်းခြေဟု အဓိပ္ပာယ်ရပါသည်။ ပင်လယ်ကမ်းစပ်၌ တွေ့ရသော ခရုတစ်မျိုးဟု အဓိပ္ပာယ် ရပါသည်။

ခရုကမာ - မွန်ဘာသာ၌ ရေကန်ကို “ကမာ” ဟုခေါ်သည်။ ရေကန်ခရုကို “ကနုကမာ” ဟု ခေါ်သည်။ ယင်းအခေါ်မှ “ခရုကမာ” ဆင်းသက်လာသည်မှာ ထင်ရှားပါသည်။

အိတ်ထောင် - ရှပ်အင်္ကျီတွင် ထောင်နေသော အိတ်ဖြစ်၍ “အိတ်ထောင်” ခေါ်သည်ဟု မယူဆစေလိုပါ။ အိတ်ကို မွန်တို့က “ထိုင်” (အသံထွက် ထောင်း) ဟု ခေါ်ပါသည်။ ထို့ကြောင့် “အိတ်ထောင်” သည် မြန်မာ “အိတ်” နှင့် မွန် “ထိုင်” တို့ ပေါင်းစပ်ရာမှ ဖြစ်လာသည်ဟု ယူဆစေလိုပါသည်။ အိတ်ကို မွန်တို့က “ထိုင်” (အသံထွက် ထောင်း) ဟုခေါ်ပါသည်။ ထို့ကြောင့် “အိတ်ထောင်” သည် မြန်မာ “အိတ်” နှင့် မွန် “ထိုင်” တို့ ပေါင်းစပ်ရာမှ ဖြစ်လာသည်ဟု ယူဆစေလိုပါသည်။

လက်ကောက် - လက်၌ ၀တ်သောတန်ဆာကို “လက်ကောက်” ဟုခေါ်ပြီး ခြေ၌ ၀တ်သောတန်ဆာကို “ခြေကောက်” ဟု မခေါ်ဘဲ “ခြေကျင်း” ဟု ခေါ်သည်မှာ ဆန်းနေပါသည်။ အမှန်မှာ “ကောက်” သည် မွန်ဝေါဟာရ “လကံက်” (အသံထွက် - လကောက်) ကို မွေးစားထားခြင်း သာဖြစ်သည်။ လက်ကောက်ကို မွန်တို့က “လကံက်တဲ” ဟု ခေါ်ပါသည်။ “တဲ” မှာ “လက်” ဖြစ်ပါသည်။

အကောက်အခွန် - မြန်မာ “အကောက်” သည် မွန် “အကံက်” နှင့် အသံတူ အဓိပ္ပာယ်တူ၍ မြန်မာ “အခွန်” သည် မွန် “အခေါန်” နှင့် အသံတူ အဓိပ္ပာယ်တူပါသည်။ နိုင်ငံအုပ်ချုပ်ခြင်း၊ အခွန်အကောက် စည်းကြပ်ခြင်းတို့ကို မွန်တို့က ဦးစွာ ဆောင်ရွက်သူများဖြစ်၍ “အကောက်အခွန်” သည် မွန်တို့၏ “အကံက်အခေါန်” ကို မွေးစားထားသည်ဟု ယူဆသင့်ပါသည်။

ဘုဘမသိ - ဘုနှင့်ဘကို မခွဲခြားတတ်ခြင်းကို အခြေခံ၍ ဘုမသိဘမသိ ဖြစ်ပေါ်လာသည်ဟု ယူဆလျှင် အလွန်တိမ်သော ယူဆချက်ဖြစ်ပေမည်။ အမှန်မှာ “ဘုမသိ ဘမသိ” ကို “ဗုမသိ ဗမသိ” ဟု ရေးသင့်ပါသည်။ မွန်ဘာသာတွင် အဖြူကို “ဗု” ဟုခေါ်၍ အမဲကို “ဗစံက်” ဟုခေါ်သည်။ အဖြူမသိ အမဲမသိသည့် သဘောကို “ဗုဗဟွံတီ” (ဗုဗမသိ) ဟု ဆိုကြပါသည်။ ဗ မှာ ဗစံက်၏ ရှေ့စကားလုံးဖြစ်သည်။

ဗုန်းဗောလအော - အလွန်များပြားခြင်း၊ အဖိတ်အစင်ဖြစ်အောင် ပေါများခြင်းတို့ကို “ဗုန်းဗောလအော” ဖြစ်သည်ဟု ဆိုကြပါသည်။ မွန်ဘာသာတွင် ဤအဓိပ္ပာယ်နှင့် အသုံးပြုသော စကားလုံးနှစ်လုံး ရှိပါသည်။ “ဗုန်ဗ၀်” (ဗုံးဗော) နှင့် “ဗ၀်အ၀်” (ဗောအော) တို့ ဖြစ်ကြသည်။ ယင်းဝေါဟာရ နှစ်လုံးကို ပေါင်းစပ်၍ “ဗုန်းဗောလအော” ကို တီထွင်ခဲ့သည်ဟု ယူဆလျှင် သင့်မြတ်ပါသည်။

ပြတင်း - ခေါင်းပြူထွက်ကာ ကြည့်သောအပေါက် ဖြစ်၍ “ပြူတင်းပေါက်” ဟု အချို့က ဆိုကြသည်။ မဖြစ်တန်ရာပါ။ ပြတင်းပေါက်ဟု အဓိပ္ပာယ်ရသော မွန်ဝေါဟာရ “ဗတင်” မှ “ပြတင်း” ဖြစ်လာသည်ဟု ယူဆလျှင် သင့်မြတ်ပါသည်။

စစ်ကဲ၊ သူရဲ - ဤဝေါဟာရများသည် မွန်ဘာသာ “စက်ကဲာ” နှင့် “သရဲာ” အသီးသီးတို့မှ ဆင်းသက်လာသည်ဟု ယူဆရပါသည်။ နိုင်ငံ အုပ်ချုပ်မှုဆိုင်ရာတွင် မွန်က မြန်မာထက် စောသည်ကို မမေ့သင့်ပါ။
ဤတွင် “စာပေတန်ဆောင်” စာမျက်နှာ ၄၆၀ ၌ ပါမောက္ခ ဦးချမ်းမြ ရေးသားထားသည့် စာပိုဒ်တစ်ခုဖြင့်
နိဂုံးချုပ်လိုပါသည်။
အထက်ပါ မွန်စကားလုံးများကို မြန်မာတို့က ကောက်ယူမွေးစား သုံးထားကြောင်းကို သာဓကပြရာ၌ အရေးကြီးသော ထင်ရှားသော စကားလုံး အချို့ကိုသာ တင်ပြထားခြင်း ဖြစ်ပါသည်။ စင်စစ်ဆိုသော် မြန်မာစကားရင်းများတွင် များပြားလှစွာသော မွန်စကားတို့သည် မြန်မာစကားအသွင်ဖြင့် ရပ်တည်လျက် ရှိနေပါသည်။ အချို့မှာ မွေးစားထားသည်ဟု ဆိုရစေကာမူ မွေးစားထားသည် ဟူ၍မျှပင် မရိပ်မိ မသိရှိရလောက်အောင် မြန်မာစကားဖြစ်၍ နေကြပါသည်။ ဤသို့ မြန်မာစကား၌ မွန်စကားတို့ ရောယှက် ပါဝင်နေသည်ကို ထောက်သည်ရှိသော် ရှေးအခါက မွန်နှင့်ဗမာတို့သည် မည်မျှ ရင်းရင်းနှီးနှီး နေထိုင်ဆက်ဆံလာကြသည်ကို တွေးတောကြည့်နိုင်ပါသည်။ နှစ်ပေါင်းများစွာ အုပ်စည်းမပျက် ပေါင်းသင်းနေထိုင်လာကြပြီး တစ်ဦး၏ပစ္စည်းကို တစ်ဦးက မည်သို့ပင် သုံးစွဲယူငင်စေကာမူကျေကျေနပ်နပ် ချစ်ချစ်ခင်ခင်နှင့် ပေးကမ်းသုံးစွဲ လာကြကြောင်းမှာ ထင်ရှားပါသည်။ မွန်နှင့်ဗမာတို့သည် တစ်ဦးနှင့်တစ်ဦး သားချင်းသမီးချင်း ဖလှယ်၍ ကောက်ယူမွေးစားလာသကဲ့သို့ သွေးချင်းနှော၍ ဆွေးမျိုးတော်စပ်လာကြသည်ကို ထောက်ထားလျက် မည်သည့်အခါမျှ စိတ် မပျက်ဘဲ “မွန်ဗန်မာ” ဟူသော စကားသည် ဆက်လက်၍ အဓွန့်ရှည်စွာ တည်နေပါစေသတည်းဟု ဆုတောင်းရပါကြောင်း ..... ။

ဟံသာဝတီ မကျဆုံးမီ နေ့ရက်များ



ဟံသာဝတီ မကျဆုံးမီ နေ့ရက်များ
အထက်မြန်မာပြည်တွင် မွန်တို့ အရေးနိမ့်ပြီးနောက် အလောင်းဘုရားသည် မြန်မာပြည်တောင်ပိုင်းသို့
တိုင်အောင် ဆက်လက်ချီတက် တိုက်ခိုက်ကာ ၁၇၅၅ ခုနှစ် ဖေဖေါ်ဝါရီလတွင် ပြည်မြို့သို့ ရောက်ရှိခဲ့သည်။ ထိုနှစ် မေလတွင် မွန် တံငါရွာငယ် တစ်ခုဖြစ်သော ဒဂုံသို့ ဝင်ရောက်ခဲ့သည်။ မွန်တို့သည် ဒဂုံကို ကာကွယ်ရန် မကြိုးပမ်းသောကြောင့် တိုက်ပွဲတစ်စုံတရာ ဖြစ်ပွားခဲ့ခြင်း မရှိ၍ ဒဂုံသည် စစ်ဘေးဒါဏ်မှ ကင်းလွတ်ခဲ့သည်။ သို့သော် မွန်တို့ အနေဖြင့် မြစ်ဝကျွန်းပေါ် ဒေသတွင် အရေးပါသော ရှုံးနိမ့်မှု တစ်ခုမဟုတ်ခဲ့ပေ။ ထိုနောက်ပိုင်းတွင် ဒဂုံသည် စစ်ဆင်ရေးအတွက် အကောင်းဆုံးသော ဒေသ ဖြစ်လာခဲ့သည်။ ပဲခူးနှင့် သန်လျင်တို့တွင် မွန်တို့ အခြေတကျ နေရာယူထားသည့်အတွက် အလောင်းဘုရားသည် ဒဂုံကို စစ်ဌာနချုပ်အဖြစ်
ပြုလုပ်ကာ တစ်ဘက်ကမ်းမှ သန်လျင်ကို တိုက်ခိုက်နိုင်ရန် အတွက် စီစဉ်လေသည်။
သို့သော် ထိုအချိန်တွင် သန်လျင်သည် ဒဂုံကို တိုက်ခိုက်ရန် ပိုမိုလိုလားသည်။ မွန်တို့သည် မြန်မာတို့ထက် လက်နက်ခဲယမ်းအင်အား ပိုမိုကောင်းမွန်သည့် အပြင် Sieur de Bruno ဦးဆောင်သော ပြင်သစ်အဖွဲ့အခြေစိုက်ထားသည့်အတွက် စစ်ရေးအရ တပန်းသာသည်။ အလောင်းဘုရား၏ သိသာသော နည်းလမ်းမှာ ပြင်သစ်တို့၏ ပြိုင်ဘက်ဖြစ်သော ပုသိမ်မြစ်ဝ၌ အခြေစိုက်လျက်ရှိသည့် အင်္ဂလိပ်တို့၏ အကူအညီကို ရယူရန် ဖြစ်၏။ ထို့နောက် မတ်လ အစတွင် အလောင်းဘုရားသည် Negrais မှခေါင်းဆောင်ပိုင်းကို ချဉ်းကပ်ခဲ့လေသည်။ သို့သော် အရှေ့အိန္ဒိယ ကုမ္ပဏီ၏ ကြားနေရေး မူဝါဒကြောင့် ၄င်း၏ အဆိုပြုချက်မှာ အရာမထင်ခဲ့ပေ။
ဒဂုံတွင် အလောင်းဘုရား နေထိုင်သော အချိန်တွင် Sieur de Bruno သည် အလောင်းဘုရား၏ အောင်မြင်မှုကို ဂုဏ်ပြုလိုသော သဘောဖြင့် အလည် လာရောက်ခဲ့သည်။ သို့သော် အလောင်းဘုရား အနေနှင့် ၄င်းတို့ထံမှ စစ်မှန်သော အကူအညီ ကိုမရရှိနိုင်ဟု သိမြင်ခဲ့သည်။ ဂျွန်လတွင် လက်ဆောင်ပစ္စည်းများဖြင့် အဖွဲ့တစ်ဖွဲ့ကို Negrais သို့ ပို့လွှတ်ခဲ့သည်။ အင်္ဂလိပ်တို့သည် မြန်မာတို့၏ နိုင်ခြေကို သိမြင်သည့် အလျောက် ၁၂ ပေါင်ဒါ အမြောက်တစ်လက်၊ ၉ ပေါင်ဒါ အမြောက် ၃ လက်၊ သေနတ် ၈ လက်နှင့် ယမ်းမှုန့်သေတ္တာ ၄ လုံးတို့ကို အရာရှိ ၂ ဦးနှင့်အတူ လက်ဆောင် ပေးပို့ခဲ့သည်။
ထိုအချိန်တွင် အလောင်းဘုရားသည် သန်လျင်တွင် အခြေစိုက်သည့် အင်္ဂလိပ်များ၏ သင်္ဘောပြုပြင်ရေးအဖွဲ့ကို ဒဂုံသို့ လာရောက်ရန် စည်းရုံးကာ ထိုအဖွဲ့နှင့်အတူ အင်္ဂလိပ် သင်္ဘော ၄ စင်းကို ဆိပ်ကမ်းသို့ ရောက်ရှိလာစေသည်။ အင်္ဂလိပ်တို့သည် သန်လျင်တွင် ရှိနေသော မွန်တို့၏ ပြင်သစ်တို့ကို လိုလားသော ဆက်ဆံရေး ကိုခံစားမိသည့် အလျောက် မြန်မာတို့၏ အကာအကွယ်ကို သံသယ ကင်းစွာ ခံယူသည်။ အလောင်းဘုရား ဒဂုံသို့ ရောက်ရှိပြီး တစ်ပတ်၊ နှစ်ပတ်ခန့်အကြာ မေလတွင် မွန်တို့သည် ပဲခူးမြစ်ကို ဖြတ်ကျော်ကာ တာမွေအရပ်တွင် တပ်စွဲသည့်အခါ အလောင်းဘုရားသည် သင်္ဘော ၄ စင်းပေါ်မှ အိန္ဒိယစစ်သားတို့၏ အကူအညီဖြင့် ရင်ဆိုင် ဖြေရှင်းခဲ့သည့် အတွက် အလောင်းဘုရား အနေဖြင့် သူတို့၏ အကူအညီကို ပိုမို လိုလားကြောင်း ထင်ရှားသည်။ ဂျွန်လတွင် အခြား အင်္ဂလိပ်သင်္ဘော တစ်စီး ဖြစ်သည့် Arcot သည် ပြုပြင်ရန်အတွက် မြစ်အတွင်းသို့ ရောက်ရှိလာသည်။ Stringfellow သည် ကပ္ပတိန် Robert Jackson ထံသို့ ဒဂုံသို့ လာရောက်ရန်နှင့် ဘုရင်သည် တတ်နိုင်သမျှ အကူအညီများ ပေးနိုင်ကြောင်း အကြောင်းကြားခဲ့သည်။ ဂျွန်လ ၆ ရက်နေ့တွင် Arcot သည် ဒဂုံတွင် ဆိုက်ကပ်ခဲ့သည်။ သင်္ဘောမှ ကုမ္ပဏီအရာရှိ John Whitehill သည် လေသေနတ် တစ်လက်၊ ရေမွှေး ၂ ပုလင်းတို့နှင့် အတူ ဘုရင်ထံသို့ လာရောက် လည်ပတ်ခဲ့သည်။ ဘုရင်သည် ၄င်း၏ တွေ့ဆုံမှုကို လက်ခံကာ လိုအပ်သော လက်သမားများ၊ လှေပြင်သမားများ အကူအညီပေးရန်နှင့် Negrais သို့ စာများပို့ပေးရန် သဘောတူခဲ့သည်။
သို့သော် အလောင်းဘုရား အကူအညီမှာ အပေးအယူ သဘောသာ ဖြစ်သည်။ သန်လျင်တွင် ဆိုက်ကပ်ထားသော ပြင်သစ် သင်္ဘောတို့၏ အကာအကွယ်ဖြင့် မွန်တို့သည် မြစ်ကိုဖြတ်ကာ ဒဂုံကို လာရောက် တိုက်ခိုက်နိုင်သည့်အတွက် အလောင်းဘုရား အနေဖြင့် သေနတ်များ လိုအပ်နေသည်။ ထို့ကြောင့် နောက်တစ်နေ့တွင် အင်္ဂလိပ်တို့ကို ကမ်းခြေသို့ ဖိတ်ခေါ်ကာ Arcot သင်္ဘောမှ သယ်ဆောင်လာသော သေနတ်များ၊ လက်နက်ငယ်များ နှင့် ခဲယမ်းမီးကျောက်တို့ကို တောင်းခံခဲ့လေသည်။ Jackson မှာ ကမ်းခြေသို့ မသွားပဲ ၄င်းတောင်းဆိုမှုကို မလိုက်လျော၍ မဖြစ်ပါက သူ့အနေနှင့် သန်လျင်သို့ သွားမည်ဖြစ်ကြောင်း
အကြောင်းပြန်လေသည်။ နောက်တစ်နေ့တွင် မြန်မာတို့က လက်နက်များကို အင်အားသုံး ရယူမည်ဟု ခြိမ်းခြောက်သော်လည်း Jackson က ခုခံနိုင်ရန် ကြိုတင်ပြင်ဆင်ထားကာ သင်္ဘောကို ထွက်ခွာနိုင်ရန် အဆင်သင့် ပြုလုပ်ထားလေသည်။ အလောင်းဘုရားမှာ ၄င်း၏ ရန်သူတော်များ ပိုမိုအင်အားကောင်းသွားမည့်
အဖြစ်ကို အလိုမရှိသည့်အလျောက် သားတော်ကို စေလွှတ်ကာ လက်နက်များ သန်လျင်သို့ ရောက်ရှိသွားမည်ကို စိုးရိမ်၍ ဖြစ်ကြောင်း၊ ထိုသို့ မဟုတ်ပါက ဆက်လက်၍ အတင်းအကြပ် တောင်းဆိုမှု မပြုလိုကြောင်းဖြင့် ဖြေရှင်းစေသည်။ သို့သော် Arcot သင်္ဘော မရောက်မီ သံလျင်မှလာသည့် Elizabeth သင်္ဘောမှ လက်နက်ခဲယမ်းများကို မြန်မာတို့ သိမ်းယူခဲ့ဖူးလေသည်။
အလောင်းဘုရား၏ စိတ်ပျက်မှုမှာ သံသယဖြစ်ဖွယ် မရှိသော်လည်း Negrais မှ သေနတ် တစ်ဒါဇင်နှင့် လက်နက်ကြီးများအတွက် ယမ်းမှုန့် များ နောက်ပိုင်းတွင် ရရှိမည် ဖြစ်သည့်အတွက် အင်္ဂလိပ်တို့အား အခင်မင် ပျက်လောက်အောင် မလုပ်နိုင်ချေ။ ထို့အပြင် အလောင်းဘုရားအနေဖြင့် မြန်မာပြည် အထက်ပိုင်းတွင်
မဟာရာဇာဓိပတိ၏ သားတစ်ဦး ပုန်ကန်ထကြွနေသည့် အတွက် ဒဂုံတွင် ကြာရှည် နေရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် အလောင်းဘုရားသည် မြန်မာပြည် တောင်ဘက်ပိုင်းကို လုံခြုံအောင် စီမံကာ ဇွန်လကုန်ပိုင်းတွင် ဒဂုံမှ ခွာလေသည်။ မိုးရာသီ ကျရောက်လာပြီ ဖြစ်သဖြင့် ရာသီဥတုအရ လုံခြုံမှုကို အကာအကွယ် ရနိုင်သော အချိန်လည်းဖြစ်သည်။ အလောင်းဘုရားသည် ဒဂုံ၏ လုံခြုံမှုအတွက် ဇေယျနန္ဒအား ဘုရင်ခံ အဖြစ် ခန့်အပ်ပြီး ကြီးမားသော တပ်ကြီးတစ်တပ်ကို ထားရှိခဲ့ကာ ကျုံးနှင့် ခိုင်ခံ့သည့် မြို့တံခါးများ တည်ဆောက်ရန် စီမံခဲ့လေသည်။ လူပေါင်း ၁၅၀၀၀ ခန့်ကို ဒဂုံတွင် တာဝန်ထမ်းဆောင်ရန် ခန့်အပ် ထားရှိခဲ့သည်။
သူဖြတ်သန်းသွားသော နေရာများတွင် အကြောင်းထူးပါက ဆက်သွယ်ရန်နှင့် လူဦးရေ အချိုးကျ စစ်တိုက်လှေများ တည်ဆောက်ရန် မှာကြားခဲ့သည်။
အလောင်းဘုရားသည် ဒဂုံတွင် အေးချမ်းစွာ ရှိနေမည်ဟု မျှော်လင့်ခဲ့သော်လည်း မွန်တို့သည် သူမရှိသည့် အချိန်တွင် အခွင့်ကောင်းယူကာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့လေသည်။ အလောင်းဘုရား ကဲ့သို့ပင် မွန်တို့သည်လည်း အနာဂတ်အတွက် အင်္ဂလိပ် သင်္ဘောတို့၏ အရေးပါမှုကို သိမြင်ကာ အလောင်းဘုရား ဒဂုံမှ
မထွက်ခွာမီပင် ဒဂုံကို တိုက်ခိုက်တော့မည် ဖြစ်ကြောင်း၊ အင်္ဂလိပ်တို့ အနေဖြင့် ၄င်းတို့လှေများကို မပစ်ခတ်စေလိုကြောင်း Jackson ထံသို့ စာဖြင့် အသိပေးကာ တစ်ချိန်တည်းမှာပင် Jackson အား သန်လျင်မှ ခင်မင်စွာဖြင့် ကြိုဆိုလျက် ရှိကြောင်းဖြင့် အသိပေးခဲ့သည်။ Jackson အနေဖြင့် မြန်မာတို့နှင့် ဆက်ဆံရာတွင်
တွေ့ရသည့် အခက်အခဲများ၊ အလောင်းဘုရားနှင့် သဘောတူညီထားသော သင်္ဘောပြုပြင်ရေးကိစ္စမှာ အကောင်အထည် မပေါ်လာခြင်း စသည်တို့ကြောင့် မွန်တို့၏ ကမ်းလှမ်းမှုကို လက်ခံခဲ့လေသည်။ သို့ဖြင့် သူ့အနေနှင့် မွန်တို့နှင့် မဆန့်ကျင်လိုကြောင်းနှင့် ၄င်းအနေဖြင့် ပထမဆုံး အခွင့်အလမ်းအဖြစ် သန်လျင်သို့
လာရောက်လိုကြောင်း အကြောင်းပြန်ခဲ့လေသည်။
ရက်အနည်းငယ် ကြာသောအခါတွင် မွန်တို့သည် ညဘက် ဒီရေတက်ချိန်တွင် မြစ်ကြောင်းအတိုင်း လှေများဖြင့်၎င်း၊ အခြားစစ်ကြောင်းမှာ ပဲခူးမြစ်ကိုဖြတ်ကာ ကုန်းလမ်းခရီးဖြင့်၎င်း ချီတက်ကာ အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့လေသည်။ သို့သော် လှေများမှာ မြစ်ကမ်းတလျှောက်ရှိ မြန်မာတပ်တို့၏ ပစ်ခတ်မှုကို ခံရလေသည်။ ကုန်းလမ်းမှ ချီတက်သော အဖွဲ့မှာလည်း ဘုရားတောင်တွင် တပ်စွဲထားသော မြန်မာတပ်ကို မထိုးဖောက်နိုင်သည့် အပြင် မြစ်ကြောင်းမှ တပ်များ၏ အရေးနိမ့်မှုကိုလည်း မသိနိုင်ဖြစ်ကာ အားနည်းသော ကြိုးပမ်းမှု ဖြစ်ခဲ့ရသည်။ ထို့နောက် ကြိုကြား ပစ်ခတ်သော သေနတ်သံများဖြင့် မနက်ပိုင်းသို့ ရောက်သောအခါ မွန်များလည်း ပြန်လည် ဆုတ်ခွာသွားကြပြီး နေ့လည်ခန့်တွင် တိုက်ပွဲ ပြီးဆုံးခဲ့သည်။ ထိုအရေးအခင်းတွင် အင်္ဂလိပ်တို့အနေဖြင့် ဘက်မလိုက်ပဲ ကြားနေခဲ့သော်လည်း မြန်မာတို့ အနေနှင့်မူ အလောင်းဘုရား၏ ကတိပျက်မှု အတွက် ၄င်းတို့အနေဖြင့် ရန်သူများကို ကူညီခဲ့လိမ့်မည်ဟု သံသယ ဖြစ်ကြသည်။
မြန်မာတို့၏ အထင် မမှားပေ။ တစ်ပတ်ကြာသောအခါ မွန်တို့ ဘက်မှ နောက်တစ်ကြိမ် တိုက်ခိုက်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ Jackson နှင့် အခြား အင်္ဂလိပ် အရာရှိများမှလည်း မွန်တို့ အနေဖြင့် ၄င်းတို့အား ဒဂုန်မှ လွတ်မြောက်ရန် ကူညီမည်ဆိုပါက တိုက်ပွဲတွင် တက်ကြွစွာ ပါဝင်မည် ဖြစ်ကြောင်း ပြန်ကြားလိုက်လေသည်။ မြန်မာတို့တွင် မြစ်တွင်းသွားလှေ အစီး ၈၀ ရှိကြောင်း၊ ထိုအထဲမှ ၉ စင်းမှာ လက်နက် တပ်ဆင်ထားကြောင်း၊ ဒက်ရှ် သင်္ဘော တစ်စီးမှာလည်း သူတို့နှင့်အတူ ပူးပေါင်းထားကြောင်း၊ ကမ်းခြေတွင် သေနတ် နှစ်လက် တပ်ဆင်ထားကြောင်း စသဖြင့် မြန်မာတပ်များ၏ အင်အား အခြေအနေကို အသိပေးခဲ့လေသည်။ မြန်မာတို့ဘက်မှလည်း အထက်ပါ သတင်းစကားများကို ဂရုပြုမိသည့်အတွက် မွန်တို့ ဘက်မှ တိုက်ခိုက်လာပါက အင်္ဂလိပ်တို့ အနေဖြင့် ခုခံကာကွယ်ပါမည်ဆိုသော တိကျသည့် အာမခံမှုကို တောင်းဆိုသည်။ အင်္ဂလိပ်တို့က ကုမ္ပဏီမှပေးထားသော အမိန့်ကို အသိမပေးပဲ သူတို့အနေဖြင့် ကြားနေဝါဒကိုသာ ကျင့်သုံးမည် ဖြစ်ကြောင်းနှင့် အကယ်၍ မွန်တို့က မိမိတို့အား တိုက်ခိုက်လာပါက မြန်မာတို့ဘက်မှ ကူညီမည် ဖြစ်ကြောင်း ပြန်လည် အကြောင်းပြန်လေသည်။
မြန်မာတို့မှာ အဆိုပါ အကြောင်းပြန်ချက်ကို အပြည့်အဝ ကျေနပ်ခြင်း မရှိသည့်အတွက် Arcot သင်္ဘော အနီးတဝိုက်တွင် လက်နက် အပြည့်အစုံနှင့် လှေများကို ရက်ပေါင်းများစွာ အစောင့်ချထားခဲ့သည်။ ထိုအချိန်တွင် မွန်တို့ဘက်မှလည်း အင်္ဂလိပ်သင်္ဘောများ၏ အကူအညီကြောင့် အောင်မြင်မှုရရှိရန် မျှော်လင့်ချက်ဖြင့် တိုက်ပွဲအတွက် ကြိုတင် ပြင်ဆင်လေသည်။ တစ်နေ့ နံနက်စောစော အချိန်တွင် ပြင်သစ် ရေယာဉ် နှစ်စင်း ဦးဆောင်သော လှေအစင်း ၂၀၀ ခန့်ပါရှိသည့် မွန်စစ်ကြောင်းသည် မြစ်အတွင်းမှ ချီတက် လာကြလေသည်။ သူတို့သည် ညဘက် ဒီရေတက်ချိန်တွင် ချီတက်ကာ လှိုင်မြစ်နှင့် ပဲခူးမြစ်တို့ ဆုံရာ၌ နားပြီး
ဒီရေတက်ချိန်ကို စောင့်၍ ဒဂုံသို့ ဆက်လက်ချီတက် ကြလေသည်။ နံနက် အာရုဏ်တက်ချိန်တွင် ရန်သူတပ်ကို မြင်တွေ့ရသောအခါ မြန်မာတပ်မှုးသည် တပ်ကူရရန်အတွက် Jackson ကို ချက်ခြင်း အကြောင်းကြား တောင်းဆိုခဲ့သော်လည်း အနည်းငယ်သာ အသိအမှတ် ပြုခဲ့လေသည်။ အချိန်မှာ နေ့လည် ၂ နာရီခန့်
မွန်ရေကြောင်းချီတပ် မရောက်လာမီ ဖြစ်သည်။
ပြင်သစ်သင်္ဘောများ ရပ်တန့်ကာ အမြောက်များဖြင့် ပစ်ခတ်ကြသော အချိန်တွင် မွန်တို့ကလည်း မြန်မာလှေများကို သေနတ်များဖြင့် ပစ်ခတ်လေတော့သည်။ မြန်မာလှေငယ်များကား ဆူးလေဘုရား အနီးသို့တိုင် ပောက်ရောက်သော ချောင်းငယ်လေး တစ်ခု အတွင်းသို့ ဆုတ်ခွာကြရလေသည်။ ကမ်းခြေတွင် ချတားသော သေနတ်နှစ်လက် ရှိသဖြင့် ထိုနေရာတွင် အကာအကွယ် ရနိုင်မည်ဟု မျှော်လင့်ကြခြင်းကြောင့် ဖြစ်သည်။ အင်္ဂလိပ် သင်္ဘောများမှလည်း မြန်မာတို့ဘက်သို့ အမြောက်များဖြင့် စတင် ပစ်ခတ်ကြသောကြောင့် မြန်မာတို့ဘက်မှ လှေများကို စွန့်ခွာကာ သရက်ပင်များနောက် အကာအကွယ် ရှိရာသို့ ဆုတ်ခွာ ကြရလေသည်။ မြန်မာတို့သည် အမြောက်များကို ကောင်းစွာ အသုံးမချနိုင်သော်လည်း ထိုနေရာတွင် အခိုင်အမာ နေရာယူကာ ဆက်လက်တိုက်ခိုက်ရာတွင် Arcot သင်္ဘောပေါ်မှ မွန် ၂ ဦးကို ပစ်ခတ်နိုင်ခဲ့သည်။ မွန်တို့ကသာ ကမ်းခြေကိုတက်၍ တိုက်ခိုက်ပါက မြန်မာ လှေများကို သိမ်းပိုက်နိုင်မည် ဖြစ်ကြောင်း ပြင်သစ်နှင့် အင်္ဂလိပ်တို့ပါ သိမြင်သော်လည်း မွန်တို့ အနေဖြင့် မြန်မာ သေနတ်ကိုင်တပ်တို့ကို အနီးကပ် ရင်မဆိုင်ဝံ့ကြချေ။
ပစ်ခတ်မှုများသည် ညဘက်အထိ ဆက်လက်ဖြစ်ပွားနေပြီး မှောင်လာသောအခါ အင်္ဂလိပ်သင်္ဘောများသည် မြန်မာ သေနတ်စက်ကွင်းနှင့် လွတ်ရာသို့ ရွှေ့ပြောင်းသွားကြသည်။ ၇ ရက်ကြာသည် အထိ တစ်စုံတရာ မထူးခြားပဲ လက်နက်ခဲယမ်းများ ဖြုန်းတီးကာ ပစ်ခတ်နေခဲ့ကြသည်။ စီမံခန့်ခွဲမှုညံ့ဖျင်းသော တိုက်ခိုက်မှုဖြစ်ပြီး နှစ်ဘက်စလုံး ထူးခြားသည့် ပြုပြင်ပြောင်းလဲမှု မရှိသည့်အပြင် မွန်တို့ဘက်မှလည်း လက်ရုံးချင်းယှဉ်၍ အနီးကပ် တိုက်ခိုက်ရန် ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် ၇ ရက်ကြာတိုက်ပွဲ အပြီးတွင် မြန်မာတို့ဘက်မှ မူလအင်အား အတိုင်းပင် ရှိနေခဲ့လေသည်။ မွန်တပ်များ သန်လျင်သို့ ပြန်သောအခါ အင်္ဂလိပ်
သင်္ဘောများလည်း သူတို့နှင့်အတူ လိုက်ပါသွားကြသည်။ Jackson မှာ တိုက်ပွဲ ပထမနေ့ ကပင် သန်လျင်သို့ ထွက်ခွာသွားခဲ့လေသည်။ သူသည် ဝမ်းကိုက်ရောဂါဖြင့် နေမကောင်းဖြစ်နေကာ ပြင်သစ် စက်ရုံမှ ရောက်လာသော ဆရာဝန်၏ စောင့်ရှောက်မှု လိုအပ်နေကြောင်း၊ ဒဂုန်တွင် ရှိနေစဉ်၌လည်း စားစရာ ပြတ်လပ်နေကြောင်း၊ ထို့ပြင် သောက်သုံးရေ ပြတ်လပ်သည့်အတွက် သူ့အနေဖြင့် ပြင်းထန်သော အဖျားဝေဒနာကို ခံစားခဲ့ရကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထိုအရေးအခင်း ဖြစ်ပွားပြီးနောက် ဒဂုံသည် လုံခြုံမှု ရှိနေခဲ့သော်လည်း ယခုအချိန်တွင် မွန်တို့ သည် ပြင်သစ်သင်္ဘောများသာမက အင်္ဂလိပ် သင်္ဘောများ၏ အားဖြည့်မှုကြောင့် ၄င်းအနေအထားမှာ မသေချာလှပေ။
အလောင်းဘုရား ဘုရင်မှာမူ အင်္ဂလိပ်တို့အား မိမိ၏ ရန်သူများနှင့် ပူးပေါင်းမှုအတွက် အလွန် ဒေါသဖြစ်လေသည်။ စက်တင်ဘာလတွင် Negrais မှ အမြောက် သယ်ဆောင်လာသော အဖွဲ့ ရွှေဘိုသို့ ရောက်လာသည့်အခါတွင် သူ၏ ဒေါသကို ဖော်ပြခဲ့လေသည်။ ဘုရင်ကြီးက Mr. Whitehill နှင့်အတူ ဒဂုံတွင် ရှိနေကြသော သင်တို့၏ သင်္ဘောများကို ကျွန်ုပ်အနေဖြင့် ကောင်းစွာ ဆက်ဆံပါမည်။ ထို့ပြင် သူတို့ အလိုရှိရာကို စီမံပေးပါမည်။ ကျွန်ုပ်တို့၏ ဆက်ဆံရေး ခိုင်မြဲမှုကို ဆက်လက်ထိန်းသည့် အနေဖြင့် ကျွန်ုပ် မရှိသည့်အခါတွင် သူ့အား အလိုရှိသည့် အချိန်တွင် ရောက်လာနိုင်စေရန်၊ အရေးပေါ်ကာလတွင် ကျွန်ုပ်၏ လူများအား ကူညီနိုင်ရန်၊ သို့မဟုတ် အနည်းဆုံး မွန်များနှင့် မပူးပေါင်းပဲ ဆန့်ကျင်ရန်၊ အကယ်၍ ကတိပျက်ကွက် ခဲ့ပါက ၄င်းတို့ကို ဦးစွာ ပစ်ခတ်မည် ဖြစ်ကြောင်း ထိုအဖွဲ့အား ပြောကြားခဲ့သည်။ ထိုဖြစ်ရပ်သည် ၄င်း၏စိတ်ထဲတွင် အင်္ဂလိပ်တို့ အပေါ်ထားသော သဘောထား ဖြစ်ပြီး မည်သည့်အခါမှ ပြောင်းလဲ၍ မရနိုင်ပဲ နောင် ၄ နှစ်ခန့် အကြာတွင် Negrais မှ အင်္ဂလိပ်တို့ကို ရက်စက်စွာ သတ်ဖြတ်မှုဆီသို့ ဦးတည်ခဲ့လေသည်။
အလောင်းဘုရားသည် ဒဂုံ ကာကွယ်ရေးအတွက် အင်အားဖြည့်တင်းမည့် တပ်များနှင့်အတူ တပ်မှုးသစ် အဖြစ် မင်းလှမင်းခေါင်ကျော်ကို စေလွှတ်ခဲ့သည်။ သန်လျင်တွင်လည်း ထိုအချိန်၌ ဒဂုံကို နောက်ထပ် တိုက်ခိုက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး အင်္ဂလိပ်တို့ကိုလည်း တိုက်ပွဲတွင် ပါဝင်ကူညီခြင်း
မရှိပါက ထွက်ခွာခွင့် မပြုနိုင်ကြောင်း သိစေပြီး ဖြစ်သည်။ အင်္ဂလိပ်တို့ အနေနှင့် မွန်တို့သည် မြန်မာတို့ထက် ပိုမို၍ ဆက်ဆံရ လွယ်ကူသည်ဟု မြင်ကြသည်။ မွန်တို့သည် သူတို့၏ ယုံကြည်မှုကို သံသယ ဖြစ်နေကြသည်။ Negrais စက်ရုံမှ အကြီးအကဲသည် အင်္ဂလိပ်တို့ ပိုင်သော သေနတ် ၄ လက်ကို ပြန်လည် တောင်းခံခဲ့ရာ
သံလျင်မှ မွန်တပ်မှုးမှ Mr. Brooke သည် ထိုသေနတ်များကို ဒဂုန်ဘုရားမှ မြန်မာတို့ ရရှိထားသော ပတ္တမြားများနှင့် လဲလှယ်လိုသောကြောင့် ဖြစ်သည်ကို သူသိကြောင်းဖြင့် ပြန်ပေးရန် ငြင်းဆိုခဲ့သည်။
ဒီဇင်ဘာလတွင် ဒဂုံသည် ယခင်အခါများထက် ပိုမို ပြင်းထန်သော တိုက်ပွဲဖြင့် ရင်ဆိုင်ရသည်။ အင်္ဂလိပ်သင်္ဘော ၃ စင်း၊ ပြင်သစ် သင်္ဘော တစ်စင်း၊ မွန်ဘုရင်ပိုင် ရေယာဉ်တစ်စင်း၊ လှေအစင်း ၃၀၀ နှင့် စစ်သည် တစ်သောင်းခန့် ပါဝင်သော မွန်တပ်သည် ဘုရားတောင်နှင့် သရက်တော ခံတပ်တို့သို့ ချီတက်ကြသည်။ မြန်မာတို့သည် မြို့ကို ဆက်လက်ထိန်းချုပ်ထားရန် မဖြစ်နိုင်မှန်း သိရှိသည်နှင့် ဘုရားတောင်တွင် စုစည်းနေကြသည်။ ၄င်းနေရာတွင် တပ်ကို ကောင်းစွာ ထိန်းသိမ်းထားနိုင်သဖြင့် မွန်တို့ဘက်မှ ဖယ်ရှားရန် မတတ်နိုင်ခဲ့ချေ။ မြန်မာဘက်မှ မီးရှို့ထားသော လှေများကို ဒီရေနှင့်အတူ မျှောချရာ မွန်ရေတပ်နှင့် အင်္ဂလိပ်၊ ပြင်သစ် သင်္ဘောတို့မှာလည်း ပြန်လည် ဆုတ်ခွာခဲ့ရသည်။ မြေပြင်တိုက်ပွဲတွင် ရေကြောင်းမှ အထောက်အကူ မရသောကြောင့် ပြင်းထန်စွာ တိုက်ခိုက်သော်လည်း မြန်မာတို့ဘက်မှ ပြန်လည် တွန်းလှန်နိုင်ခဲ့သည်။ ထို့ကြောင့် တိုက်ခိုက်မှုသည် ပြီးဆုံးခြင်းသို့ ရောက်ခဲ့လေသည်။ ထိုမအောင်မြင်သော တိုက်ပွဲ အပြီးတွင် အင်္ဂလိပ်တို့အနေနှင့် သင်္ဘောများကို ပြန်လည်ထွက်ခွာခွင့် ရခဲ့သော်လည်း Arcot သင်္ဘောမှ လက်နက်များကို မွန်တို့က ရယူထားခဲ့သည်။
အလောင်းဘုရား သန်လျင်သို့ ချီတက်သောအခါ တပ်မှာ ထိုးဖောက်မရနိုင်အောင် တောင့်တင်း ခိုင်မာလေသည်။ Bruno သည် ဈေးအနီးတွင် သင်္ဘောကို ဆိုက်ကပ်ကာ မြန်မာတို့ရန်မှ ကာကွယ်ရန် ပြင်ဆင်ခဲ့သည်။ သို့သော် Bruno သည် အလောင်းဘုရား အနေနှင့် မျှော်လင့်မထားသော ကြေအေးခွင့်ကို တောင်းဆိုခဲ့ကာ ညှိနှိုင်းမှု ပြုခဲ့သည်။ သို့သော် မွန်တို့ဘက်မှ ၄င်းသတင်းကို ရရှိပြီး Bruno အား သံလျင်တွင် ဖမ်းဆီးလိုက်သည်။ အလောင်းဘုရားကလည်း ထိုအချက်ကို အခွင့်ကောင်းယူကာ ပြင်သစ် သင်္ဘောကို ထိန်းသိမ်းထားလိုက်လေသည်။ ထို့နောက် ၁၇၅၆ ခု၊ ဇူလိုင်လတွင် Pondicherry မှ အုပ်ချုပ်ရေးအဖွဲ့သည်
Diligent နှင့် Galathee အမည်ရှိ သင်္ဘောနှစ်စင်းကို တပ်သားများ၊ စစ်လက်နက် ခဲယမ်းများနှင့် အတူ ပဲခူးသို့ ပို့ရန် ဆုံးဖြတ်လိုက်လေသည်။
ဇူလိုင်လတွင် သန်လျင်မြို့နှင့် ခံတပ်အား ဝိုင်းရံထားလိုက်သည်။ Galathee သင်္ဘောမှာ မြန်မာ့ ကမ်းရိုးတမ်းသို့ ရောက်ရှိလာသော်လည်း ရန်ကုန်မြစ်အစား စစ်တောင်းမြစ် အတွင်းသို့ မှားယွင်း ရောက်ရှိသွားသည်။ လမ်းကြောင်းမှားမှန်း သိရှိ၍ ပြန်လှည့်လာသော အခါတွင် အလွန်နောက်ကျသွားပြီး သန်လျင်မြို့ ကျဆုံးပြီး ၂ ရက်ခန့် ကြာမှ ရောက်ရှိခဲ့လေသည်။ အလောင်းဘုရားသည် ပြင်သစ်သင်္ဘော၏ ကပ္ပတိန်ကို ရန်ကုန်သို့ ဆက်လက် မောင်းနှင်ရန် Bruno မှတဆင့် အမိန့်ပေးလေသည်။ ကပ္ပတိန်၏ စာရွက်စာတမ်းများ အရ သင်္ဘောမှ ကုန်ပစ္စည်းများသည် မွန်ဘုရင် ဗညားဒလ အတွက် ရည်ရွယ်ကြောင်း ထင်ရှားသည်။ ထို့ကြောင့်
မြန်မာဘုရင်သည် Bruno နှင့် Galathee သင်္ဘော ကပ္ပတိန်တို့အား သေဒါဏ်ပေးကာ ရေတပ်သားများအား လက်နက်များနှင့်တကွ ပဲခူးမြို့တော်ကို တိုက်ခိုက်ရာ၌ အသုံးချရန် ဖမ်းဆီးခဲ့လေသည်။ Diligent သင်္ဘောမှာမူ ဆန့်ကျင်ဘက် လေကြောင်း တိုက်ခတ်မှုကြောင့် ၆ လခန့် ကြာမှ ရောက်ရှိခဲ့သည်။
ထိုအချိန်တွင် မြန်မာ တပ်သားများသည် သန်လျင်နှင့် အနီးတဝိုက် မြေအနေအထားများကို မှတ်သားပြီး မြန်မာပိုင် နယ်နိမိတ်အဖြစ် သတ်မှတ်လိုက်လေသည်။ ကျေးရွာများမှာ မီးတင်ရှို့ခြင်းခံရသည်။ မွန်လူမျိုးများမှာ ၄င်းတို့၏ ဆံပင်ပုံစံကြောင့် အလွယ်တကူ ခွဲခြား သိရှိနိုင်သဖြင့် သတ်ဖြတ်ခြင်း၊ ပြည်နှင်ဒါဏ်ပေးခြင်း
များပြုလုပ်ခဲ့သည်။ နောက်ဆုံးတွင် အပျက်အစီးများမှ မီးခိုးများ၊ လူသေအလောင်းများ၊ အလဟသ ဖြစ်သွားသော ကောက်ပဲသီးနှံများဖြင့် ပြန့်ကျဲနေတော့သည်။ ထိုချေမှုန်းမှုတွင် မြန်မာတပ်များ မရောက်လာမီ လက်နက်ချ အညံ့ခံသော သူများသာ အလောင်းဘုရားနှင့် သူ၏လူများလက်မှ လွတ်မြောက်ခွင့် ရခဲ့ကြသည်။
နှစ်ဘက်တပ်များ စစ်ပြေငြိမ်းရေးအတွက် စေ့စပ်ကြသောအခါ အလောင်းဘုရားက မိမိသည် ဗုဒ္ဓဘုရားလောင်း ဖြစ်ကြောင်း ကြေညာပြီး မွန်တို့ထံမှ ကြင်နာမှုရရန် ကမ်းလှမ်းခဲ့လေသည်။ ပြန်လည် သင့်မြတ်ခွင့် ရရန် နောက်ဆုံး မျှော်လင့်ချက်ဖြင့် မွန်ဘုရင်သည် သမီးတော်အား ဆက်သခဲ့လေသည်။ သို့သော် ၄င်းမှာ မြန်မာတို့၏ ပရိယာယ် တစ်ခုသာ ဖြစ်လေသည်။
ပဲခူးမြို့ကို ဝိုင်းရံခြင်းသည် သွေးထွက်သံယိုမှု အထူးများပြားခဲ့သည်။ ကျုံးရေမှာ သွေးတို့ဖြင့် နီရဲနေခဲ့သည်။ ၁၅၃၈ ခုနှစ်မှ အဖြစ်အပျက်ကို အမှတ်ရသော မွန်တို့အတွက် အတိတ်နမိတ်ဆိုး တစ်ခုဖြစ်သည်။ မွန်တို့သည် စည်းလုံးစွာ တိုက်ခိုက်ခဲ့ကြသော်လည်း ပြင်သစ်တို့ထံမှ လက်နက်များ ကုန်ခန်းသွားပြီးနောက်
၁၇၅၇ ခုနှစ်၊ မေလ၊ ၈ ရက် နေ့တွင် မြို့တော် ကျဆုံးခဲ့လေသည်။ ထုံးစံအတိုင်းပင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများနှင့် လုယက်မှုများ ဖြစ်ပွားခဲ့သည်။ သို့သော် မွန်ဘုရင် မိသားစုအား အလောင်းဘုရားက သက်ညှာသည့် အနေနှင့် အကျဉ်းသားအဖြစ်သာ ဖမ်းဆီးခဲ့သည်။ အလောင်းဘုရားသည် မွန်ရဟန်းတော်
အပါး ၃၀၀၀ ခန့်အား ဆင်များဖြင့် နင်းသတ်စေကာ ဘုန်းကြီးကျောင်းများကိုလည်း ဖျက်ဆီးပစ်ခြင်းဖြင့် သူ၏ မွန်ရဟန်းများအပေါ် ထားသော ဒေါသကို ထုတ်ဖော်ခဲ့သည်။ မွန်ရဟန်းများသည် မြို့တော်အား ခုခံကာကွယ်ရာတွင် အကူအညီပေးခဲ့သည် ဟုသူက ပြောခဲ့လေသည်။ မှတ်တမ်းများတွင် ထိုအဖြစ်ဆိုးနှင့်
ပတ်သက်၍ ချဲ့ကားပြောဆိုမှုများ ရှိခဲ့သော်လည်း ထိုအချိန်မှ စတင်၍ မွန်ဘာသာစကားသည် မြန်မာပြည်တွင် မှေးမှိန်ခဲ့ခြင်းကြောင့် အလောင်းဘုရား၏ လုပ်ရပ်မှာ မွန်တို့၏ ယဉ်ကျေးမှုကို ဖျက်ဆီးလိုခြင်း ဖြစ်ကြောင်း ထင်ရှားသည်။ ။
ကျမ်းကိုး စာရင်း
A. Dalrymple: Oriental Repertory
D.G.E. Hall: The Tragedy of Negrais (Journal of the Burma Research Society XXII)
R. Halliday: History of Kings (Journal of the Burma Research Society XIII)
Sonnerat: Voyage aux Indes Orientales (1782)
M. Symes: Embassy to Ava (1800)
H.H. Wilson: Documents Illustrative of the Burmese War (1827)
Emmanuel Guillon: The Mons, a Civilization of Southeast Asia (1999)
ကုန်းဘောင်ဆက် ရာဇဝင်
By Sunthorn Sripanngern

Monday, October 25, 2010

Check out Listen Myanmar Mp3 Album | Song | Music

Check out Listen Myanmar Mp3 Album | Song | Music

Sunday, October 24, 2010

သောကြာစကားဝိုင်း (အောက်တိုဘာ ၂၂၊ ၂၀၁၀)

သောကြာစကားဝိုင်း (အောက်တိုဘာ ၂၂၊ ၂၀၁၀)

ပည်သူအများ ဘာမှ မသိဘဲ မဲပေးကြရမည်



ပည်သူအများ ဘာမှ မသိဘဲ မဲပေးကြရမည်
လင်းနိုင်ဦး / ၂၂ အောက်တိုဘာ ၂၀၁၀

လာမည့် နိုဝင်ဘာ (၇) ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူအများစုသည် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဘာမျှမသိဘဲ မဲပေးကြရမည့်အခြေအနေ ရှိကြောင်း ပြည်တွင်းမှ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများက သုံးသပ်ကြသည်။

ရန်ကုန်မြို့မှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ တဦးက “အဓိက ကတော့ ပြည်သူတွေအနေနဲ့ သတင်းအချက်အလက်တွေကို ဘယ်ကမှ လွယ်လွယ်ကူကူ မရကြဘူး။ ပြည်တွင်းထုတ် ဂျာနယ်တွေ ဝယ်ဖတ်ဖို့ဆိုတာ တစောင် ကျပ် (၅ဝဝ) ဆိုတော့ မတတ်နိုင်တဲ့သူများတယ်။ အဲဒီ ဂျာနယ်တွေထဲမှာလည်း သူတို့နဲ့ တိုက်ရိုက်ဆိုင်တဲ့ သတင်းအချက်အလက်တွေက သိပ်မပါဘူး။ နယ်က ပြည်သူတွေ ဆိုရင်တော့ ပိုဆိုးတယ်။ ဘာမှ မသိကြဘူး။ ဒီလိုနည်းနဲ့ ဘာမှမသိဘဲ မဲပေးတဲ့နေ့ရောက်ပြီး အစိုးရက ဖိအားပေးရင် မဲသွားပေးကြရတော့မယ်” ဟု ရှင်းပြသည်။

ဥပမာအားဖြင့် လှိုင်သာယာတွင် နေထိုင်သူတဦးဖြစ်သည်ဆိုပါက ပြည်သူ့လွှတ်တော်အတွက် လူ (၈) ယောက်ထဲမှ (၁) ဦး၊ အမျိုးသားလွှတ်တော်အတွက် လူ (၄) ယောက်ထဲမှ (၁) ဦး၊ ရန်ကုန်တိုင်း လွှတ်တော်အတွက် လူ (၄) ယောက်ထဲမှ (၁) ဦး စသဖြင့် လူ (၁၆) ယောက်ထဲမှ (၃) ဦးကို ရွေးချယ်မဲပေးရမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ ရွေးချယ်ရာတွင် အဆိုပါသူများသည် မည်ကဲ့သို့လူများဖြစ်ကြောင်း သတင်းအချက်အလက်များကို မည်သည့်နေရာကမှ မရနိုင်သည့်အတွက် ဘာမျှမသိဖြစ်နေကြောင်း အဆိုပါ ရွေးကောက်ပွဲ လေ့လာသူတဦးက ပြောသည်။

“ဒါတင်မက မဲစာရင်းတွေကို သွားမကြည့်ထားကြလို့ မဲပေးခွင့် ရှိမရှိ ဆိုတာလည်း မသိကြဘူး။ မဲရုံက များပြီး ဘယ်မဲရုံကို မဲသွားပေးရမယ် ဆိုတာကိုလည်း မသိကြဘူး” ဟု၎င်းက ဆက်လက်ရှင်းပြသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ တာဝန်ရှိသူတဦးကလည်း ၎င်းတို့ပါတီမှ ကျေးရွာများသို့ ဆင်းသည့်အခါ မဲစာရွက်ပုံ ကပ်ပြားအကြီးကြီး လုပ်ပြီး မည်ကဲ့သို့ မဲပေးရမည်ကို အဓိက ပညာပေးနေရကြောင်း ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “တကယ့်တကယ် ပြည်သူတွေ မဲရုံထဲရောက်သွားရင် မဲကဒ်ပြား အနည်းဆုံး (၃) ခု တွေ့ရမှာဖြစ်ပြီး အလွဲလွဲအမှားမှား ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် မဲရုံတာဝန်ရှိသူတွေက ဒီ နေရာမှာ ဖြည့်ဆိုပြီး လမ်းညွှန်လိုက်တာကို လိုက်လုပ်မှာကိုလည်း စိုးရိမ်ရတယ်” ဟု ပြောသည်။

နအဖ စစ်အစိုးရအနေဖြင့် ပြည်သူများ မည်သို့မဲပေးရမည်ဆိုသည်ကို ရုပ်မြင်သံကြားမှ အချိန်အနည်းငယ် လွှင့်ပြရုံနှင့် မလုံလောက်ဘဲ အစိုးရ နေ့စဉ်သတင်းစာမှ နေ့စဉ်ရက်ဆက် ဖော်ပြပေးရမည်ဖြစ်ကြောင်း ပြည်တွင်း သတင်းအယ်ဒီတာ တဦးက ပြောသည်။

၎င်းက “ဒါတင်မက နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာမရှိတဲ့ ဒီတိုင်းပြည်မှာ တတိုင်းပြည်လုံးက ကိုယ်စားလှယ်တွေရဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ သိရှိနားလည်ဖို့ ဆောင်ရွက်ပေးဖို့က ကော်မရှင်ရဲ့ တာဝန်ဖြစ်တယ်၊ ကော်မရှင်က ဘာသတင်းထုတ်ပြန်မှုမှ မလုပ်တဲ့အတွက် ရွေးကောက်ပွဲ ဖြစ်စဉ်တလျှောက်လုံး ပြည်သူတွေ သတင်းအချက်အလက် မှန်မှန်ကန်ကန် မရကြဘူး” ဟုပြောသည်။

တပြည်လုံး မဲဆန္ဒနယ် စုစုပေါင်း (၁၁၅၉) နေရာ ကျင်းပမည် ဆိုသည်ကိုပင်လျှင် ပြီးခဲ့သည့် (၁၈) ရက်၊ နေပြည်တော် သတင်းစာရှင်းလင်းပွဲနေ့ကျမှ သတင်းထောက်များ၊ နိုင်ငံရေးပါတီများ၊ ပြည်သူများနှင့် နိုင်ငံတကာက သိရခြင်းဖြစ်ကြောင်း၊ ပြည်သူများ မည်သည့်သတင်းအချက်အလက်မှ မရဘဲ မဲပေးကြရမည့်အတွက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဟု မပြောနိုင်ကြောင်း အဆိုပါ သတင်းအယ်ဒီတာက ဆက်လက်ရှင်းပြသည်။

မန္တလေး၊ မြစ်ကြီးနား၊ မော်လမြိုင်၊ ပုသိမ် အစရှိသည့် မြို့ကြီးအချို့မှ ပြည်သူအချို့ထံ ခေတ်ပြိုင်မှ လက်လှမ်းမီသမျှ ဆက်သွယ်မေးမြန်းရာတွင် အများစုက ရွေးကောက်ပွဲမဲစာရင်းတွင် မိမိတို့အမည် ပါမပါ သွားမကြည့်ကြကြောင်း၊ မည်သူပါဝင်အရွေးခံ၍ မည်သူ့ကို မဲပေးရန် မသိရှိသူက များနေပြီး မဲသွားပေး မပေးဆိုသည်မှာ အခြေအနေအရဟုသာ ဖြေကြားကြသည်။

နှစ်ပေါင်း (၂ဝ) ကြာ ရွေးကောက်ပွဲ မရှိခဲ့သည့် မြန်မာနိုင်ငံအနေနှင့် ယခု စစ်အစိုးရက ကျင်းပပေးမည့် ရွေးကောက်ပွဲ ပုံစံသည် ယခင် အချိန်များကနှင့်မတူ ပိုမိုရှုပ်ထွေးပြီး ပြည်သူများသည် လွှတ်တော် (၃) ရပ်အတွက် လူ (၃) ဦးကို တပြိုင်တည်း ရွေးချယ်မဲ ပေးရမည့်အပြင် တိုင်းရင်းသားလူမျိုးဖြစ်ပြီး မဲစာရင်းထဲ ကိုယ့်နာမည်ပါပါက တိုင်းရင်းသားမဲ တမဲကိုပါ ထပ်ပေးရဦးမည် ဖြစ်သည်။

ယခုကဲ့သို့ မဲပေးပုံ ရှုပ်ထွေးခြင်းကြောင့် သက်ဆိုင်ရာမြို့နယ် ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲများကိုယ်တိုင် ယနေ့ထိ မဲရုံသင်တန်းများ ပေးနေရဆဲဖြစ်ကြောင်း သိရသည်။
THIS POST WAS COPYING FROM KHITPYINE NEWS ,

AMRDP-မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မဲဆွယ်သီချင်း

AMRDP-မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မဲဆွယ်သီချင်း

မွန်ရွာတစ်ရွာ၌ မြန်မာစစ်တပ်ဓါးပြတိုက်သည့်အပြင်လူသတ်မှုပါပြုလုပ်ခဲ့

မွန်ရွာတစ်ရွာ၌ မြန်မာစစ်တပ်ဓါးပြတိုက်သည့်အပြင်လူသတ်မှုပါပြုလုပ်ခဲ့

မင်းချမ်း(အောက်တိုဘာ)။ ။ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ မွန်ကျေးရွာတစ်ရွာဖြစ်သည့် ကျောက်ကုတင်ရွာ၌ ယခုရက်ပိုင်းအတွင်း မြန်မာစစ်တပ်မှ ဓါးပြတိုက်ခဲ့သည့်အပြင် လူသတ်မှုတစ်ခုကိုလည်း ပြုလုပ်ခဲ့ကြောင်း နယ်စပ်ကိုရောက်ရှိလာသော ရွာသားအချို့ပြောပြချက်အရ သိရသည်။

အဆိုပါကျေးရွာ၌ စခန်းချလျှက်ရှိသော ခလရ(၁၀၃) မှ ဗိုလ်ကျော်ညွန်နှင့် တပည့်(၃)ဦးတို့က ယခုလ(၁) ရက်နေ့ ည(၁၁) နာရီအချိန်ခန့်တွင် ကျေးရွာရှိအိမ်တစ်အိမ်အား ဓါးပြတိုက်ခဲ့စဉ် အိမ်ရှင်ဖြစ်သူ ဒေါ်ကြည် ဆိုသူ သေဆုံးသွားခဲ့သည်ဟု ဆိုပါသည်။

သေဆုံးသူ ဒေါ်ကြည်ထံမှ နားကပ်တစ်ရန်၊ လက်စွပ်(၂) ကွင်း၊ ငွေသား (၈၅၀၀) ကျပ်ကို ဓါးပြတိုက်သူ မြန်မာစစ်တပ်က ယူဆောင်သွားခဲ့သည်။

သို့ရာတွင် အိမ်ရှင်ဒေါ်ကြည် မည်သို့မည်ပုံသေဆုံးသွားသည်ကို ရွာသားများ မသိကြရဟုဆိုကြသည်။

အဆိုပါဒေါ်ကြည် သေဆုံးမှုကို လေဖြတ်သေသည်ဟုသာ သတင်းဖြန့်ရန် ဗိုလ်ကျော်ညွန့်က ကျေးရွာအာဏာပိုင်များအား အမိန့်ပေးထားသည်။

“ရွာဥက္ကဌကလည်း စစ်တပ်ကိုအသေကြောက်နေရတော့ အမှန်တရားကို မပြောရဲဘူး” ဟု နယ်စပ်သို့ရောက်ရှိလာသော ကျောက်ကုတင် ရွာသားတစ်ဦး ပြောသည်။တဖန် ယခုလ(၉) ရက်နေ့ညပိုင်း၌ သေဆုံးသူဒေါ်ကြည်အတွက်သပိတ်သွပ် ဆွမ်းကျွေးရန်ရွာသားများ ချက်ပြုတ်နေစဉ် ည(၁၁) နာရီခန့်အချိန်တွင် မြန်မာစစ်တပ်မှ အချိန်အခါမဟုတ် အိမ်ထဲဝင်ရောက်လာသဖြင့် မုဆိုးမမိမြင့် အနီးအနားသို့အော်ဟစ်အကူ အညီတောင်းခံရာ နိုင်မွန်ထောဆိုသူရွာသားတစ်ဦး အကူအညီးပေးရန်သွားရောက်သည့်အခါ ခလရ(၁၀၃)စစ်တပ်မှရိုက်နှက်သည့်အပြင် ထွက်ပြေးစဉ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြန်သည်။

အဆိုပါ နိုင်မွန်ထောဆိုသူမှာ သေနတ်ဒဏ်ရာမရရှိခဲ့သော်လည်း အရိုက်နှက်ခံဒဏ်ရာများကြောင့် မွန်ပြည်သစ်ပါတီလက်အောက်ခံ ဆေးရုံတစ်ရုံတွင် ကုသခံနေရဆဲဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်မှ ပေးပို့သောကြေးနန်းစာအရ သိရသည်။

အဆိုပါသတင်းများ မှန်ကန်သည်ဟု မွန်ပြည်သစ်ပါတီ၊ နိုင်ငံခြားဆက်ဆံရေးဌာနတာဝန်ခံက မွန်သတင်းဌာနများကို အတည်ပြုပြောကြားခဲ့သည်။

ထို့အပြင် ယခုလ(၉) ရက်နေ့ညပိုင်း၌တွင်လည်း ခလရ(၁၀၃) မြန်မာစစ်တပ်မှ မိအင်း ဆိုသူနေအိမ်သို့ အချိန်အခါမဟုတ်ဝင်ရောက်ခဲ့ရာတွင် အိမ်ရှင်လှမ်းအော်သဖြင့် ရွာသားများရောက်ရှိလာပြီး မြန်မာစစ်တပ်မှ ထွက်ပြေးခဲ့ရသည့်ဖြစ်ရပ်လည်း ဖြစ်ပေါ်ခဲ့သည်။

အထူးသဖြင့် လင်ယောက်ျားများ မရှိသည့်နေအိမ်များကို ပစ်မှတ်ထားကား ဓါးပြတိုက်သည်းအပြင် လူသတ်မှုလည်း ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်ရပ်များသည် ယခုလပိုင်း၌ ကျောက်ကုတင်ရွာတစ်ရွာအတွင်း ဖြစ်ပေါ်ခဲ့ခြင်းသာ ဖြစ်သည်။

ကျောက်ကုတင်ရွာသည် ရေး-ထားဝယ်ကားလမ်းမနံဘေးတွင်တည်ရှိပြီး မွန်ပြည်သစ်ပါတီတပ်ဖွဲ့များ လာရောက်အခြေချခွင့်မရှိသည့်နောက်ပိုင်း၌ မွန်လက်နက်ကိုင်ခွဲထွက်အဖွဲ့ငယ်များ လှုပ်ရှားရာဒေသတစ်ခုလည်း ဖြစ်နေသည်။
THIS POST WAS COPYING FROM KAOWAO NEWS GROUP,

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မဲဆွယ်သီချင်းအခမဲ့ဖြန့်ဝေတော့မည်


မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မဲဆွယ်သီချင်းအခမဲ့ဖြန့်ဝေတော့မည်
မင်းထက်အောင်(အောက်တိုဘာ-၁၉)။ ။ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မဲဆွယ်သီချင်း စီဒီအချပ်များ ယခုရက်ပိုင်းအတွင်း အခမဲ့ဖြန့်ဝေတော့မည်ဟု မွန်အဆိုတော် စမိုင်းချမ်းကပြောသည်။

“စီဒီချပ်တွေရန်ကုန်ကနေကူးပြီးလို့ မနေ့ကပဲမွန်ပြည်နယ်ကိုပို့လိုက်ပြီ၊ အမြန်ဖြန့်မှာဆိုတော့ နက်ဖြန်လောက်မှာ ပရိသတ်လက်ထဲရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု စမိုင်းချမ်းက ပြောသည်။

မွန်အဆိုတော်များ ဖြစ်ကြသည့် နိုင်ကျန်ရစ်၊ စမိုင်းချမ်း၊ အဂ္ဂ၊ မင်းသက္က၊ အီကိုတာရာ၊ အမျိုးသမီးအဆိုတော် စန္ဒာအောင်၊ ပိုန်ဒေဝီ တို့ပါဝင်သီဆိုကြသည်ဟု သိရသည်။

ထို့အတူ ကျိုက်မရောသူ မြန်မာအဆိုတော် “လိမ္မော်သီး” လည်းပါဝင်သီဆိုခဲ့သည်ဟု စမိုင်းချမ်းပြောသည်။
မူလကရည်ရွယ်ထားသော အဆိုတော် “လဝီ” သီချင်းအား “သူရိယျမာန်” အစားထိုးသီဆိုသည်ဟု လဝီက ပြောသည်။

“ကျနော့်အတွက်စပ်ဆိုထားတဲ့သီချင်းက ကျနော်အဆိုနဲ့မလိုက်ဖက်ဘူး၊ အနုပညာကို အနုပညာပေတံနဲ့ပဲ တိုင်းတာစေချင်တယ်” ဟု လဝီက ပြောသည်။
စမိုင်းချမ်းက “ကျနော့်အနေနဲ့ ဒီမွန်ပါတီသစ်မှာ ကျနော်တို့ဂီတဆရာတွေကခေါင်းဆောင်ဖြစ်နေတာမို့ ပုဂ္ဂိုလ်ရေးအရတကြောင်း၊ သီချင်းစာသားကလည်း ကျနော်နဲ့ကိုက်ညီလို့ ဆိုဖြစ်တာပါ” ဟုပြောသည်။

စမိုင်းချမ်း သီဆိုသည့် မွန်သီချင်းအမည်မှာ “မွန်ကိုမဲပေးကြပါ” ဟုသိရသည်။

ထို့အပြင် ဂီတမွန်အဖွဲ့သားများ တစ်ဦးတစ်ယောက်မှ မွန်ဒေသလုံးဆိုင်ရာပါတီအတွက် မဲဆွယ်သီချင်း လုံးဝမဆိုဖြစ်ဟု စမိုင်းချမ်းကပြောသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြသည့် ဥက္ကဌနိုင်ငွေသိန်းနှင့် နိုင်ကျန်ရစ်တို့မှာ မွန်ဂီတအစည်းအရုံးနာယကဝင်များ ဖြစ်ကြသည်ဟု မှတ်တမ်းများအရ သိရသည်။

မွန်ဒေသလုံးဆိုင်ရာပါတီသည် မွန်အမျိုးသားကိုယ်စားပြုပါတီတစ်ရပ်အဖြစ် လာမည့်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်သည်ဟု သိရသည်။

သို့ရာတွင် ၂၀၁၀ ရွေးကောက်ပွဲအား မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့တို့လက်မခံကြသလို MAU ခေါ် မွန်အမျိုးသားရေးရာအဖွဲ့ချုပ်ကလည်း ဆန္ဒမဲပေးမှုကို မွန်ပြည်သူများဆန့်ကျင်သွားရန် ပြီးခဲ့သည့်လအတွင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်
THIS POST WAS COPYING KAOWAO NEWS GROUP,

ဒုက္ခသည်များအား မြန်မာနိုင်ငံ ပြန်ပို့မည်မဟုတ်


မန်မာဒုက္ခသည်များအား လုံခြုံစိတ်ချရမှုမရှိဘဲ မြန်မာနိုင်ငံသို့ ပြန်ပို့မည်မဟုတ်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုင်ကဆစ်ဖိရုန်းက ပြောကြားသည်။

နိုင်ကဆစ်ဖိရုန်းက “ထိုင်းနိုင်ငံကနေ မြန်မာဒုက္ခသည်တွေကို ပြန်ပို့မယ်လို့ သတင်းတွေထွက်နေတာက ကောလာဟလတွေပါ၊ တည်ငြိမ်အေးချမ်းမှု လုံခြုံစိတ်ချရမှုမရှိဘဲ ထိုင်းအစိုးရက ပြန်ပို့မှာမဟုတ်ဘူး” ဟု မယ်လဒုက္ခသည်စခန်းတွင် ယနေ့ ပြောကြားခြင်းဖြစ်သည်။

ယခုလ (၃) ရက်နေ့က အမေရိကန်နိုင်ငံ နယူးယော့ခ်တွင်ပြုလုပ်သည့် အေရှားဆိုဆိုင်တီ ဖိုရမ်တွင် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး နိုင်ကဆစ်ဖိရုန်းက မြန်မာနိုင်ငံတွင် လာမည့်ရွေးကောက်ပွဲပြီးလျှင် မြန်မာဒုက္ခသည်များအား နေရပ်ရင်းပြန်ပို့မည်ဟု ပြောကြားခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ မြန်မာဒုက္ခစခန်းသို့ လာရောက် လေ့လာကာ ပြောဆိုခြင်းဖြစ်သည်ဟု သိရသည်။

မယ်လစခန်း ဥက္ကဌ မန်းထွန်းထွန်းက “ထိုင်းဝန်ကြီးနဲ့ ကျနော်တို့ စခန်းတာဝန်ရှိသူတွေ ဒီနေ့ မယ်လစခန်းမှာ ဆွေးနွေးကြတယ်။ ၀န်ကြီးက လုံခြုံစိတ်ချရမှုမရှိတဲ့အပြင် ဒုက္ခသည်တွေရဲ့ ဆန္ဒမပါဘဲ ပြန်ပို့မှာ မဟုတ်ဘူးလို့ပြောတယ်၊ ၀န်ကြီးက ကျနော်တို့အမြင်နဲ့
ဒုက္ခသည်များအား မြန်မာနိုင်ငံ ပြန်ပို့မည်မဟုတ်

သူ့တို့အမြင်တူတယ်လို့လည်း ပြောပါတယ်”ဟုဆိုသည်။

နအဖ၏ ရွေးကောက်ပွဲသည် တရားမျှတမှု မရှိသကဲ့သို့ လက်ခံနိုင်သည့် အခြေအနေမရှိကြောင်း၊ ဒုက္ခသည်များသည် အိမ်ပြန်ချင်ကြသော်လည်း လက်ရှိအနေအထားအရ ပြန်၍မရနိုင်သေးသည့်အကြောင်းကိုလည်း ဒုက္ခသည်များ၏ကိုယ်စား ၀န်ကြီးကို တင်ပြခဲ့သည်ဟု မန်းထွန်းထွန်းက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာက တရားမျှတသည့်ပွဲဟု မမြင်ကြောင်း၊ ဒီမိုကရေစီစနစ်အတွက် ပဏာမခြေလှမ်းမျှသာ ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ၀န်ကြီးက ပြန်လည် ပြောကြားသွားသည်ဟု သိရသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့သည် ယနေ့မွန်းလွဲ (၂) နာရီခွဲ၌ မယ်လစခန်းသို့ ရောက်ရှိလာပြီး ဒုက္ခသည်စခန်း တာဝန်ရှိသူများ၊ အစိုးရမဟုတ်သည့်အဖွဲ့များနှင့် လာရောက်တွေ့ဆုံပြီး စခန်းရှိကျောင်းများအတွက် အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။
THIS POST WAS COPYING FROM ခေတ်ပြိုင်သတင်းဂျာနယ်,

၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရန် မွန်လူငယ်များသို့တိုက်တွန်းချက်အိပ်ဖွင့်ပေးစာရေးသားဖြန့်ဝေ


၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရန် မွန်လူငယ်များသို့တိုက်တွန်းချက်အိပ်ဖွင့်ပေးစာရေးသားဖြန့်ဝေ

မင်းချမ်း(အောက်တိုဘာ-၂၁)။ ။ လာမည့်နိုဝင်ဘာလ(၇) ရက်နေ့တွင်ကျင်းပမည့် (၂၀၁၀) ရွေးကောက်ပွဲအား ဆန့်ကျင်ကြရန် မွန်မြန်မာနှစ်ဘာသာဖြင့် မွန်လူငယ်များသို့တိုက်တွန်းသည့် အိပ်ဖွင့်ပေးစာတစ်စောင်ကို လက်ခံရရှိခဲ့သည်။

Mon Youth Progressive Organization (MYPO) ခေါ် တိုးတက်သောမွန်လူငယ်များအစည်းအရုံးမှ အဆိုပါရွေးကောက်ပွဲဆန့်ကျင်သည့်အိပ်ဖွင့်ပေးစာကို ယမန်နေ့ရက်စွဲဖြင့် ပေးပို့ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

“ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ ကျမတို့မွန်လူငယ်တွေကိုလည်း အဲဒီအိပ်ဖွင့်ပေးစာရွက်တွေကို ဖြန့်ဝေနေပါတယ်၊ ပြည်တွင်းကိုဆက်သွယ်တဲ့အခါ ဒီရွေးကောက်ပွဲကိုလက်မခံဖို့နဲ့ မဲသွားမပေးကြဖို့ သူတို့မိသားစုတွေကို တိုက်တွန်းပြောဆိုနိုင်မှာပါ” ဟု လက်ရှိ MYPO ဥက္ကဌမိအိုင်စွန်းကယုံကြည်ကြောင်း ဆက်သွယ်မေးမြန်းချက်တွင် ပြောသည်။

ထို့နောက် “ပြည်တွင်းမှာ အင်တာနက်သုံးစွဲတဲ့မွန်လူငယ်တွေကတဆင့် လူငယ်အချင်းချင်းတွေအကြား ဒီအိပ်ဖွင့်ပေးစာကို ဆက်ပြီးဖြန့်ဝေသွားကြမယ်” ဟုလည်း မိအိုင်စွန်းက ပြောသည်။
“သင်၏မဲတစ်မဲကြောင့် နအဖအသက်မရှည်ပါစေနှင့်”၊ “မဲမပေးခြင်းသည် ကျန်ုပ်တို့၏အခွင့်အရေးဖြစ်သည်” ဟု အဆိုပါပေးစာ၌ အဓိကအသားပေး ဖေါ်ပြခဲ့သည်။

(၂၀၁၀) ရွေးကောက်ပွဲကို လက်နက်ကိုင်မွန်ပြည်သစ်ပါတီ NMSPနှင့် (၁၉၉၀) ရွေးကောက်ပွဲဝင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF တို့က လက်မခံဟု အကြိမ်ကြိမ်အတိအလင်းထုတ်ဖေါ်ပြောကြားခဲ့သည်။
ထို့အတူ ပြီးခဲ့သည့်လတွင်လည်း Mon Affair Union (MAU) ခေါ် မွန်အမျိုးသားရေးရာအဖွဲ့ချုပ်ကလည်း (၂၀၁၀)ရွေးကောက်ပွဲ ဆန့်ကျင်ရေးကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ပြည်ပအခြေစိုက် မွန်အမျိုးသားကောင်စီမှလည်း (၂၀၁၀) ရွေးကောက်ပွဲတွင်ပါဝင်မည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMRDP အား ကန့်ကွက်သည့် အိပ်ဖွင့်ပေးစာများ Monnet အွန်လိုင်းကွန်ယက်မှတဆင့် ပေးပို့ခဲ့သည်။

သို့ရာတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဌနိုင်ငွေသိန်းက ယခုရွေးကောက်ပွဲတွင် ၄င်းတို့၏ပါတီ (၈၀) ရာနှုန်းခန့် အနိုင်ရလိမ့်မည်ဟုမျှော်လင့်ထားကြောင်း သတင်းဌာနများသို့ ပြောဆိုခဲ့သည်။
AMRDP သည် ပြည်တွင်းရှိမွန်အမျိုးသားများကိုယ်စားပြုသည့် တစ်ခုတည်းသောပါတီဖြစ်သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ရည်မှန်းချက်မှာ စစ်မှန်သောဒီမိုကရေစီစနစ်ထွန်းကားရေး၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအပြည့်အဝရရှိရေး၊ လောကပါလတရားသုံးပါးနှင့်ပြည့်စုံသောလူနေမှုဘဝရှိသည့် တန်းတူညီမျှမှုရှိသော ပြည်ထောင်စုကြီး တည်ဆောက်ရေးဟု မကြာမီရက်ပိုင်းကထုတ်ဝေသော ၄င်းပါတီစာစောင်တွင် ရေးသားဖေါ်ပြထားသည်။“ ၂၀၀၈ ဖွဲ့စည်းပုံအရ ပါလီမန်လွှတ်တော်အတွင်း ဒီမိုကရေစီရေး၊ အမျိုးသားရေးအတွက် တိုက်ပွဲဝင်မယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူးလို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကိုပြောချင်တယ်” ဟု မိအိုင်စွန်းက ပြောသည်။

MYPO ခေါ် တိုးတက်သောမွန်လူငယ်များအစည်းအရုံးကို ၂၀၀၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။
THIS POST WAS COPYING FROM KAOWAO NEWS GROUP,

ဗေဒင်ကိန်းခန်းအရယတြာချေပြီး အလံသစ်တင်ပွဲကျင်းပ


ဗေဒင်ကိန်းခန်းအရယတြာချေပြီး အလံသစ်တင်ပွဲကျင်းပ
ဆူးပန်း(အောက်တိုဘာ-၂၃)။ ။ ရွေးကောက်ပွဲကျင်းပပြုလုပ်ပြီးစီးခြင်း မရှိသေးသော်လည်း စစ်အစိုးရကနေ နိုင်ငံတော်အလံဟောင်းကိုဖြုတ်ချ ကာ ဗေဒင်ကိန်းခန်းအရ အလံသစ်တင်ပွဲအခန်းအနားကို အောက်တိုဘာ(၂၁)ရက် မွန်းလွှဲ(၃)နာရီအချိန် နိုင်ငံတစ်ဝှမ်းတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အလားတူ ထိုင်းမြန်မာနယ်စပ်ဘုရားသုံးဆူမြို့မှာလဲ အလံသစ်တင်ပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါနိုင်ငံတော်အလံသစ်တင်ပွဲအခန်းအနားကိုတက်ရောက်ခဲ့သူ မြို့ခံတစ်ဦးကိုဆက်သွယ် မေးမြန်းရာတွင်အခုလိုပြောပါသည်။

"သူတို့သတ်မှတ်ထားတဲ့အချိန်အတိုင်းဘဲ။ ဗမာ(၃)နာရီထိုင်း(၃)နာရီခွဲတိတိဘဲ။ သူတို့လုပ်တာကအခန်းအနား ကြီးကမြို့နယ်ရုံးမှာလုပ်တယ်လေ။ စစ်တပ်ကရယ် မြို့နယ်အာဏာပိုင်တွေရယ် ဝန်ထမ်းတွေစုစုပေါင်း(၁ဝဝ) လောက်တက်တယ်။ အဲဒီအလံဟောင်းကိုအင်္ဂါသား ဒုရဲအုပ်ဇော်ဦးချပြီးတော့ ဗုဒ္ဓွဟူးသား ဒုရဲအုပ်ဝင်းနိုင်ဦးက တင်တယ်လေ။ သူ့တို့ကိုညွှန်ကြားထားတဲ့အစီအစဉ်မှာကိုကပါတယ်လေ။ အဟောင်းကိုမီးရှူံ့ပြီး မြေမြုပ်ရမယ် ဆိုတာက လူရှေ့တွေမှာလုပ်တာမတွေ့ရဘူး။ နောက်ကွယ်မှာလုပ်မယ်လို့ ယူဆတယ်ခင်ဗျာ့။"

နိုင်ငံတော်အလံသစ်တင်ပွဲအခန်းအနား အစီအရင်များသည် ဗေဒင်ကိန်းခန်းကိုမှီပြီး လုပ်ဆောင်ခဲ့သည် ဟုလည်းပြည်သူများအကြား ပြောဆိုမှုတွေရှိခဲ့ပါသည်။ ဤဖြစ်စဉ်နဲ့ပက်သက်ပြီး နိုင်ငံကျော်နက္ခတ်ဗေဒင် ပညာရှင် တစ်ဦးဖြစ်သည့် ဆရာစံဇာဏီဗိုလ်ကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် အခုလိုသုံးသပ်ပြောဆိုခဲ့သည်။

"ဗေဒင်ကိန်းခန်းအရကတော့ ဒီနေ့ရက်ရာဇာကျတဲ့နေ့ဘဲလေ။ ဒီနေ့က(၂၁)ရက်နေ့ဒီအောက်တိုဘာမှာ တနင်္ဂနွေဂြိုဟ်ရယ် ဗုဒ္ဓွဟူးဂြိုဟ်ရယ် သောကြာဂြိုဟ်ရယ်(၃)ခုပေါင်းထားတယ်လေ။ (၃)ခုပေါင်းထားပြီးတော့ ဒီ တူရာသီမှာတည်ရှိနေတဲ့အနေအထားရှိတယ်လေ။ ဒီနေ့ကိုတော့ သူတို့ကတော့ အပြောင်းအလဲတစ်ခုခုအတွက် ဒီ နေ့ရဲ့ဇာတာမှာ အင်္ဂါကအောက်ရတယ်။ ကြာသာပတေးအောက်ရတယ်။ သောကြာအောက်ရတယ်။ ဒါကတော့ အပြောင်းအလဲတစ်ခုခုအတွက် သူတို့စီစဉ်တဲ့သဘောပါဘဲ။ ဒီနိုင်ငံမှာတော့ နိုင်ငံအတွက်တော့ ကျွန်တော်တို့ မပြောတတ်ဘူးဗျ။ ဒီနေ့ကတော့ရက်ရာဇာဆိုတော့ ဒီနေ့လုပ်တဲ့ကိစ္စဟာ ကောင်းရင်လည်း အရမ်းကောင်း သွားနိုင်တယ်။ ဆိုးရင်လည်းအရမ်းဆိုးသွားနိုင်တဲ့ တုန့်ပြန်မှုတွေရှိတယ်လေ။ ဒါပေမဲ့ ပညာရှင်တစ်ယောက်က ဒီအချိန်ကိုသူတို့ပေးထားတာကတော့ ဘယ်သဘောနဲ့သူတို့ကိုဆောင်ပြီး ပေးထားတာလဲဆိုတာ ကျွန်တော်တို့ နားမလည်ပါဘူး။"

နိုင်ငံတော်အလံသစ်ကိုတင်ရာ၌ ယတြာကိန်းခန်းအရလုပ်ဆောင်နေသည်ဟု နက္ခဗေဒပညာရှင် အသိုင်း အဝိုင်းကနေ သုံးသပ်ပြောဆိုမှုတွေလည်းရှိနေပါသည်။ နိုင်ငံတော်အလံသစ်တွင် အဝါရောင်၊ အစိမ်းရင့်ရောင်၊ အနီရောင်ခြယ်ထားပြီး အလယ်ဗဟိုတွင် အဖြူရောင်ကြယ်ကြီးတလုံးပါရှိသည်။

အခုအသုံးပြုမည့်အလံသစ်သည် အင်္ဂလိပ်ခေတ်နှောင်းပိုင်း(၁၉၄၃-၁၉၄၅)ခုနှစ်တွေမှာအသုံးပြုခဲ့သည့် ဒို့ဗမာအစည်းအရုံး၏ သုံးရောင်ချယ်အလံ ကို အခြေခံပြီး ကဒေါင်းနေရာ၌ ကြယ်ဖြူကိုအစားထိုးကာ နိုင်ငံတော်အလံအသစ်အဖြစ် အသုံးပြုခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရသည်။

(၂ဝဝ၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ်အစည်းအဝေး စတင်ကျင်းပမည့်နေ့မှစ၍ အာဏာတည်မည်ဟုဆိုထားသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အလံသစ်ကိုလည်း ၄င်းနေ့မှစ၍စတင်ပြောင်းလဲ အသုံးပြုရမည်ဟု ပြဌာန်းချက်ရှိသော်လည်း ယခုလို ရွေးကောက်ပွဲမကျင်းပခင်မှာ နိုင်ငံတော်အလံဟောင်းကိုဖြုတ်ချပြီး အလံအသစ်ကိုပြောင်းလဲ အသုံးပြုနေခြင်း သည် မိမိစိတ်ကြိုက်ရေးဆွဲထားသောအခြေခံဥပဒေကို မိမိပြန်လည်ချိုးဖေါက်နေခြင်းဖြစ်သည်ဟု နိုင်ငံရေးပါတီ ခေါင်းဆောင်များမှ သုံးသပ်မှုတွေလဲရှိနေပါသည်။
THIS POST WAS COPYING FROM KAOWAO NEWS GROUP,

မွန်ပြည်သစ် ရွေးကောက်ပွဲကို အသိအမှတ် မပြု၊ မဲပေးသူများကို မဟန့်တား

မွန်ပြည်သစ်ပါတီက ယခုနှစ် (၂ဝ၁ဝ)၊ နိုဝင်ဘာလ (ရ) ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို မထောက်ခံ၊ အသိအမှတ် ပြုမည် မဟုတ်သော်လည်း၊ မိမိဆန္ဒအလျောက် မဲပေးသူများကို ဟန့်တားခြင်း ပြုမည် မဟုတ်ကြောင်း ယမန်နေ့တွင် တရားဝင် ပြောကြားသည်။

“ပြည်သူလူထုက မလွှဲမရှောင်သာ မဲရုံကို သွားရမယ်၊ ဒါမှမဟုတ် မဲပေးတာကို ကိုယ့်ရဲ့အခွင့်အရေးလို့ ယူဆပြီး မဲပေးမယ် ဆိုရင်လည်း ကျနော်တို့ ပါတီက မဟန့်တားပါဘူး” ဟု နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာဗွန်ခိုင်က ပြောသည်။

အောက်တိုဘာလ (၁၈) ရက်နေ့တွင် ပါတီ၏ သဘောထားကို ထုတ်ပြန်ခဲ့ပြီး ယမန်နေ့ အောက်တိုဘာလ (၂၁) နေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

(၂ဝဝ၈) ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ဒီမိုကရေစီ အခွင့်အရေး၊ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး အနည်းအကျဉ်းမျှသာ ရှိပြီး၊ စစ်မှန်သော ပြည်ထောင်စုစနစ် မဟုတ်ခြင်းကြောင့် ထိုဥပဒေကို အခြေခံသည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို ဆက်လက်ထိန်းသိမ်းနိုင်ရေး၊ သက်ဆိုးရှည်စေနိုင်ရေးသာ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဒီရွေးကောက်ပွဲက ၁၉၉ဝ ရွေးကောက်ပွဲရလာဒ်ကို ချေဖျက်ဖို့နဲ့ စစ်အာဏာရှင်စနစ် တရားဝင် ဖြစ်လာအောင် လုပ်တာဖြစ်တဲ့အတွက် ကျနော်တို့ သဘောထား ထုတ်ပြန်ရခြင်း ဖြစ်တယ်” ဟု နိုင်ဟံသာဗွန်ခိုင်က ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများသည် လွတ်လပ်တရားမျှတမှု မရှိသည့်ပြင် လက်တွေ့တွင်လည်း ကြံ့ဖွံ့ပါတီအား အခွင့်ထူးများ ပေးနေသည်မှာ တရားမျှတသည့် ရွေးကောက်ပွဲ မဟုတ်ကြောင်းကို ပေါ်လွင်စေသည် ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။

၎င်းပြင် ကုလသမဂ္ဂ နှင့် နိုင်ငံတကာ တောင်းဆိုချက်ကို လျစ်လျူရှုခြင်း၊ နိုင်ငံတကာ စောင့်ကြည့်လေ့လာမှုကို ငြင်းပယ်ခြင်းကြောင့် ပွင့်လင်းရိုးသားမှု မရှိသော ရွေးကောက်ပွဲ ဖြစ်ကြောင်း ဝေဖန်ထားသည်။

ရွေးကောက်ပွဲကို အသိအမှတ် မပြုခြင်းကြောင့် ရွေးကောက်ပွဲရလာဒ်မှ ပေါ်ထွက်လာမည့် အစိုးရကို အသိအမှတ်ပြုမည် မပြုမည် မေးမြန်းချက်ကိုမူ မွန်ပြည်သစ်ပါတီက ဖြေကြားရန် ငြင်းဆန်ခဲ့သည်။
မွန်ပြည်သစ် ရွေးကောက်ပွဲကို အသိအမှတ် မပြု၊ မဲပေးသူများကို မဟန့်တား
မွန်အမျိုးသားနေ့၊ မွန်အမျိုးသား တော်လှန်ရေးနေ့၊ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နေ့များ၏ ထုတ်ပြန်ချက်များတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီက အနည်းအကျဉ်း ပြောဆိုမှုများ ရှိသော်လည်း ယခုကဲ့သို့ ရွေးကောက်ပွဲကို ဦးတည်ပြီး ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

စက်တင်ဘာလ (၃ဝ) ရက်နေ့တွင်လည်း မွန်ပြည်သစ်ပါတီ အပါအဝင် ဖြစ်သည့် မွန်အမျိုးသား ရေးရာ အဖွဲ့ချုပ်က စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်ရန် လှုပ်ဆော်ခဲ့သည်။

မွန်ပြည်သစ်ပါတီသည် (၁၉၉၅) ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ ယခုနှစ် သြဂုတ်လ (၂၃) ရက်နေ့တွင် စစ်အစိုးရ နောက်ဆုံးဖိအားပေး တောင်းဆိုထားသည့် လက်နက်အပ်ရေး အစီအစဉ်ကို လက်မခံနိုင်ကြောင်း စက်တင်ဘာလ ( ၁) ရက်နေ့တွင် အကြောင်းပြန်ခဲ့ပြီး မြို့ပေါ်ရှိ ပါတီရုံးများမှ ဝန်ထမ်းများကိုလည်း ပါတီနယ်မြေသို့ ပြန်လည်ခေါ်ယူထားခဲ့ပြီ ဖြစ်သည်။
THIS POST WAS COPYING FROM BURMESE NEWS INTERNATIONAL,

ဂီရီမုန်တိုင်း ရခိုင်ကမ်းရိုးတန်းကို ဝင်


ဂီရီမုန်တိုင်း ရခိုင်ကမ်းရိုးတန်းကို ဝင်
နယူးဒေလီ (မဇ္ဈိမ)။ ။ ဂီရီ ဆိုင်ကလုန်း မုန်တိုင်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီး ဝင်ရောက်ခဲ့ပြီး မုန်တိုင်း ဗဟိုချက်အနီးတွင် ရေပြင်မြေပြင်လေသည် တနာရီလျှင် မိုင် ၁ဝဝ မှ ၁၂ဝ အတွင်း တိုက်ခဲ့ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ဌာနက ယနေ့ ညနေ ၅ နာရီတွင် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂီရီ၏ လက်ရှိအဆင့်ကို အနီရောင်အဖြစ် သတ်မှတ်ထားပြီး ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ စစ်တွေ၊ ပေါက်တော၊ မြေပုံနှင့် ပုဏ္ဏားကျွန်းမြို့နယ်တွင် ပင်လယ်ဒီရေသည် ၁၂ ပေထိ တက်မည်ဟု ဆိုသည်။

ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်ပြီးနောက် ကုန်းတွင်းပိုင်း မုန်တိုင်းအဖြစ် အရှေ့မြောက်ပိုင်းသို့ ရွေ့လျားနိုင်ကာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်သဖြင့် မြေပြိုမှုများ ဖြစ်လာနိုင်သောကြောင့် ရှောင်ရှားရန်လည်း သတိပေးထားသည်။

မုန်တိုင်းအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးကာ လေတိုက်နှုန်းသည် ရခိုင်ကမ်းရိုးတန်းတွင် တနာရီ မိုင် ၈ဝ မှ ၁ဝဝ အတွင်း တိုက်ခတ်ကာ၊ မြစ်ဝကျွန်းပေါ်ဒေသတွင် တနာရီလျှင် ၄၅ မိုင်နှုန်း တိုက်ခတ်မည်ဟု ဆိုသည်။

ကမ်းနီးကမ်းဝေး ငါဖမ်းလှေများ၊ သင်္ဘောများ မုန်တိုင်း အန္တရာယ်ရှောင်းရှားရန် လိုအပ်သည်ဟုလည်း ဆိုထားသည်။

ရခိုင်ပြည်နယ် မြို့နယ်များသို့ ယနေ့ ညပိုင်းတွင် ဆက်သွယ်ကြည့်ရာ အများစုမှာ ဖုန်းခေါ်၍ မရခဲ့ပါ။

ရန်ကုန်ရှိ ကြံ့ဖွံ့ပါတီမှ ရခိုင်တိုင်းရင်းသား လူမျိုးစုလွှတ်တော် အမတ်လောင်း ဒေါက်တာ ထွန်းဇံအောင်က မန်အောင်ကျွန်းသို့ ညနေပိုင်းတွင် ဆက်သွယ်နိုင်ခဲ့သော်လည်း နောက်ပိုင်း အဆက်ပြတ်သွားသည်ဟု ဆိုသည်။

“မန်အောင်ကျွန်းနဲ့ နေ့လည် ၁၂ လောက်ထိ အဆက်အသွယ် ရှိခဲ့တယ်။ ညနေပိုင်းမှာ ဖုန်းအဆက်သွယ် ပြတ်နေတယ်။ အဲဒီမှာ အမျိုးရှိတယ်လေ။ အဲဒီချိန်မှာတော့ မုန်တိုင်းက ကမ်းကို မဝင်သေးဘူး။ လေတော့ တိုက်နေတယ်၊ မိုးရွာတယ်ပေါ့။ ဖုန်းတွေတော့ ဆက်သွယ်နေကြတယ်။ မရသေးဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

’’မာန်အောင်နဲ့ ကျောက်ဖြူမှာ တော်တော် တိုက်သွားတယ်လို့ ပြောတယ်။ ကျနော် ညနေအထိ အဆက်အသွယ် ရှိခဲ့တယ်။ ဒီရေတွေလည်း တော်တော်တက်တယ်လို့ ပြောတယ်။ ၁၂ နာရီလောက် စတိုက်တိုက်တာလို့ ပြောတယ်။ ကျနော်တို့ တောင်ကုတ်မှာ မိုးကြီးတယ်။ အခုထိ ရွာနေတုန်းပဲ’’ ဟု တောင်ကုတ်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။
THIS POST COPYING FROM BURMESE NEWS INTERNATIONAL,

မွန်၊ မြန်မာ၊ ပါဠိသုံးဘာသာ ဓမ္မစေတီကျောက်စာအား အင်္ဂလိက်မြန်မာ နှစ်ဘာသာဖြင့် အစားထိုးရေးထွင်းရန်ရှိ

မွန်၊ မြန်မာ၊ ပါဠိသုံးဘာသာ ဓမ္မစေတီကျောက်စာအား အင်္ဂလိက်မြန်မာ နှစ်ဘာသာဖြင့် အစားထိုးရေးထွင်းရန်ရှိ

မွန်၊ မြန်မာ၊ ပါဠိသုံးဘာသာဖြင့် ရေးထွင်းထားသည့် ဓမ္မစေတီကျောက်စာကို လာမည့်ဧပြီလအတွင်း အင်္ဂလိက်၊ မြန်မာနှစ်ဘာသာဖြင့် ကျောက်စရစ်စတီးကျောက်စာတိုင်အဖြစ် အပြီးသတ် အစားထိုးရေးထွင်းသွားမည်ဖြစ်သည်။

၂ဝဝ၈ ခုနှစ် မေလမှာ တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ပြိုကျပျက်စီးသွားသည့် ထိုဓမ္မစေတီကျောက်စာတိုင်အား ယခုကဲ့သို့ အင်္ဂလိက်၊ မြန်မာနှစ်ဘာဖြင့် ပြန်ရေးထွင်းရခြင်းဖြစ်ကြောင်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့နှင့် နီးစပ်သူတို့က ပြောသည်။

ရွှေတိဂုံဘုရား တနင်္ဂနွေထောင့်ရှိ အဆိုပါ ကျောက်စာတိုင်ကို မွန်၊ မြန်မာ၊ ပါဠိသုံးဘာသာဖြင့် ပြန်ဆိုရေးသားထားလာသည်မှာ နှစ်ပေါင်းငါးရာကျော် ရှိနေပြီးဖြစ်သည်။

နှစ်ပေါင်းသက်တမ်းရလာသည့် မူယင်းဓမ္မစေတီကျောက်စာတိုင်သည် ရှိနေခဲ့သည့်အရေးအသားတွေလည်း ထင်ထင်ရှားရှားမတွေ့ရတော့သည့်အတွက် မြန်မာဘာသာအဖြစ်သို့ ပြန်လည်ရေးသားမည် ဆိုရင်တောင် တက်ကျွမ်းသည့်သုတေသီတွေရဲ့ အကူအညီတွေ ရယူကြရမယ်လို့လည်းဆိုသည်။ ပညာရှင်တွေရှားပါးသည့် မွန်နှင့် ပါဠိဘာသာ ပြန်ဆိုဖို့တော့ အခက်အခဲတွေ ပိုရှိမှာ ဖြစ်ပြီး၊ အချိန်ပိုယူကြရမှာဖြစ်လို့ ယခုလို မြန်မာနှင့် အင်္ဂလိက်စာ နှစ်ဘာသာဖြင့်သာ ရေးသားရတာဖြစ်ကြောင်းကို ဘုရားဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆရာလေးတစ်ပါးက ပြောသည်။

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များထဲမှာ အဖိုးတန်ဆုံးနှင့် တန်ဖိုးမဖြတ်နိုင်သည့် အရာတခုလည်းဖြစ်သည့် ရှေးခေတ်ဘုရင်တို့၏ ကျောက်စာတိုင်ကိုတောင် အစားထိုးရေးသားလာတာဟာ လက်မခံနိုင်သည့် အချက်ပါပဲလို့ ရန်ကုန်မှ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်တစ်ဦးက ထောက်ပြထားသည်။

“ကျနော်တို့ မွန်ကျောက်စာကို ဖျောက်ဖျတ်ပြစ်မယ့်အနေအထားမို့လို့ အခုလိုပြောတာမဟုတ်ဘူး၊ မွန်စာနဲ့ပဲ ရေးထားရေးထား၊ ရှမ်းစာနဲ့ပဲ ရေးထားရေးထား၊ ရှေးဟောင်းစာပေအရေးအသားကိုတော့ အတက်နိုင်ဆုံး ထိန်းသိမ်းသွားသင့်တယ်၊ အခုလို အစားထိုးရေးသွားတာက လက်ရှိမျိုးဆက်သစ်လူငယ်တွေအနေနဲ့ မွန်သမိုင်၊ မွန်ကျောက်စာ၊ မွန်မင်းစတဲ့ အထောက်အထားအရိပ်အယောင်တွေ သိရှိနိုင်သေးပေမယ့် နောက်ဆယ်စုနှစ်အနည်းငယ်အတွင်းမှာတော့ အဲဒီသမိုင်းအကြောင်းတွေ ပျောက်ပျက်တော့မယ့် အနေအထားရှိလာနေပါပြီး” ဟု ၄င်းက ပြောသည်။

မော်လမြိုင်မှ ဘုရားဖူးလာသည့် အသက်ခြောက်ဆယ်အရွယ် မွန်အမျိုးသားတစ်ဦးလည်း ဒီလုပ်ရပ်အတွက် သူ့အနေနှင့် မခံချိ မခံသာဖြစ်မိကြောင်း ရင်ဖွင့်သွားသည်။

“ခေတ်အဆက်ဆက် မင်းအဆက်ဆက်က ကျနော်တို့ စာပေ၊ ယဉ်ကျေးမှုတွေကို ဖျောက်နိုင်အောင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သူတို့တွေ ရက်ရက်စက်စက် ကြိုးပမ်းလာခဲ့တယ်၊ ယခုနှစ်နောက်ပိုင်း ကျနော်တို့စာပေ၊ ယဉ်ကျေးမှုတွေ ကွယ်ပျောက်လာနိုင်အောင်လုပ်လာရာမှာ ဘုရားကျောက်စာတွေပါ ပါလာနေပြီ၊ သူတို့တွေအလိုကျ နာဂစ်မုန်တိုင်းက တရားခံဖြစ်နေသလိုပါပဲ၊ သူတို့တွေသာ လိုလားမယ်ဆိုရင် ငါတို့မှာလည်း တက်ကျွမ်းသူတွေရှိပါတယ်” ဟု ၄င်းက ပြောသည်။

မူလကျောက်စာတိုင်ကို ကိုးကားပြီး ပြန်ဆိုရေးသားထားသည့် ဓမ္မစေတီကျောက်စာတိုင်အသစ်ကို အရှေ့ဘက်မုခ်အထက်ပစယံမှာလည်း ဖတ်ရှုနိုင်ပြီး၊ အဆိုပါကျောက်စာတိုင်မှ မွန်လူမျိုးတို့၏ ဘာသာတရားကိုင်းရှိုင်းမှုနှင့် ကိုးကွယ်ယုံကြည်မှုကို ပိုမိုသိသာမြင်သာစေသည်။

ထိုကျောက်စာအရ ရွှေတီဂုံစေတီတော်အား မွန်ဘုရင် ဥက္ကလာပမင်း တည်ထားကိုးကွယ်ခဲ့သည်ကို အထောက်အထားသဖွယ်ဖြစ်နေသည်။ ထိုသမိုင်းအကြောင်းကို မေ့ပြစ်နိုင်ရန် ယခုလို မွန်အရေးအသားကို ပထမအဆင့်အနေနှင့် ထိန်ချန်သွားမှာ ဖြစ်နိုင်တယ်လို့ မွန်ပညာရှင်အသိုင်းအဝိုင်းမှ ဝေဖန်သုံးသပ်နေကြသည်။
THIS POST WAS COPYING FROM BURMESE NEWS INTERNATIONAL,

Friday, October 22, 2010

မွန်နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ (ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်နှင့် မွန်တိုင်းရင်းသားအစည်းအရုံး )


ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်နှင့် မွန်တိုင်းရင်းသားအစည်းအရုံး
မွန်တိုင်းရင်းသားအစည်းအရုံးကို ရာမညအဖွဲ့ချုပ်မှ အမှုဆောင်ဖြစ်သော မွန်ဖိုးချို၊ မွန်သန်းနှင့် မွန်ထွန်းရင်တို့သည် သီးခြားအဖွဲ့တခု တည်ထောင်ခြင်းနှင့် ပတ်သက်၍ ကျန်ရှိသော အမှုဆောင်အမှုဆောင်အဖွဲ့နှင့် သဘောကွဲလွဲကြသည်၊ ရာမညအဖွဲ့ချုပ်မှ တင်ပြသည်မှာ မွန်အမျိုးသားများ မကွဲပြားစေရန် အကယ်၍ မွန်ဖိုးချိုတို့ လူသိုက်သည် မွန်နိုင်ငံရေး အဖွဲ့အစည်းတခု လိုအပ်လျှင် ရာမညအဖွဲ့ အမှုဆောင်အနေဖြင့် အမှုဆောင်အစည်းအဝေးတွင် တင်ပြရန် တာဝန်ရှိသည်၊ သို့သော် မတင်ပြ၊ မညှိနှိုင်းဘဲ လုပ်သဖြင့် အသင်းကို ကွဲအောင် လုပ်သည်ဟု သဘောရသည်၊ မွန်တိုင်းရင်းသားအစည်းအရုံးသည် ဖဆပလနှင့် ဆယ်သွယ်ရာ မွန်ဦးဖိုးချိုတို့ပြောသလို မွန်အမျိုးသားနိုင်ငံရေး အဖွဲ့အစည်းအနေအဖြင့် ဖဆပလ အသိအမှတ်ပြု လက်ခံထားခြင်းမဟုတ်ဘဲ လူထုအဖွဲ့အနေနှင့် လက်ခံထားသည်ကို တွေ့ရှိရ၍ မွန်တိုင်းရင်းသား အစည်းအရုံးသည် မွန်အမျိုးသားတို့၏ နိုင်ငံရေးအဖွဲ့အစည်း မဟုတ်ဘဲ ရာမညအဖွဲ့ ကဲ့သို့ ယဉ်ကျေးမှုအသင်းသာ ဖြစ်၍ အဖွဲ့အစည်းသစ် မတည်ထောင်ဘဲ ရာမညအဖွဲ့ချုပ်အနေဖြင့် ဖဆပလအဖွဲ့ချုပ်နှင့် ဆက်သွယ်ရန် ရာမညအမှုဆောင်တွင် တင်ပြပါက ပိုမိုအဆင်ပြေနိုင်စရာ ရှိသည်၊ သို့သော် မွန်ဖိုးချိုတို့က လက်သိပ်ထိုး ဆောင်ရွက်သဖြင့် အဖွဲ့၏ပျက်စီးရာ ပျက်စီးကြောင်း ဆောင်ရွက်သည်ဟု ရာမညအဖွဲ့ချုပ်မှ လက်ခံယုံကြည်သဖြင့် မွန်ဖိုးချို၊ မွန်သန်း၊ မွန်ထွန်းရင်တို့အား ရာမညအဖွဲ့ချုပ်မှ ထုတ်ပစ်ကြောင်း ကြေငြာသည်၊ ၎င်းကိစ္စနှင့် ပတ်သက်၍ မွန်ဖိုးချိုတို့က မကျေနပ်၍ ကန့်ကွက်သဖြင့် ရာမညအဖွဲ့ချုပ်၏ မွန်ဒေသလုံးဆိုင်ရာ ညီလာခံတွင် တင်ပြဆုံးဖြတ်ရန် ဆုံးဖြတ်ကြသည်။
မွန်ဒေသလုံးဆိုင်ရာ ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်ညီလာခံကို ၁၉၄၇ ခု နှစ်ဦးတွင် ကျင်းပရာ သထုံခရိုင်၊ မော်လမြိုင်မြို့နယ်၊ မုဒုံ၊ ကျိုက်မရောမြို့နယ်၊ ချောင်းဆုံ၊ ရေး၊ ကျိုက်ခမီမြို့နယ်မှ ကိုယ်စားလှယ်ပေါင်း ၃၀၀ ကျော် တက်ရောက်ပြီး သွေးဆေးကန်မွန်ကျောင်း တိုက်ကျောင်းသစ်တွင် ကျင်းပသည်။ အစည်းအဝေး သဘာပတိအဖြစ် ဦးဘသိန်းက ဆောင်ရွက်ပြီး အတွင်းရေးမှူးအဖြစ် နိုင်ငွေသိမ်းက ဆောင်ရွက်သည်။
၎င်းညီလာခံတွင် ပထမနေ့တွင် မွန်ဦးဖိုးချိုတို့ကို ထုတ်ပစ်ခြင်းနှင့် ပတ်သက်၍ မွန်ဦးဖိုးချိုက အယူခံတင်သွင်းခဲ့ရာ ၎င်းအယူခံကို ကြွရောက်လာသော ကိုယ်စားလှယ်များက အကျေအလည် ဆွေးနွေးသော်လည်း မပြေလည်၍ မဲပေးဆုံးဖြတ်ရာ မွန်ဦးဖိုးချိုတို့က ရှုံးနိမ့်သွားရာ ညီလာခံမှ ထွက်သွားကြသည်။
ညီလာခံ ဒုတိယနေ့တွင် အမှုဆောင်သစ် ရွေးကောက်ရာ ဥက္ကဋ္ဌ အဖြစ် ဦးဘသိန်း၊ အကျိုးဆောင် အတွင်းရေးမှူး နိုင်ငွေသိမ်း၊ တွဲဘက် နိုင်ပန်းလှ၊ အမှုဆောင်အဖြစ် ဆရာဦး၊ ဦးထွန်းမင်း၊ နိုင်ငွေခိုင်၊ ဦးမြတ်ထွန်း (သမဝါယမ) ၊ ဦးမောင်ကလေး စသောပုဂ္ဂိုလ်များ ပါဝင်သည်၊ တနင်္သာရီတိုင်းကို နိုင်လှမောင် (ကော့နှိပ်) နှင့် နိုင်ဘလွင် တို့က တာဝန်ယူဦးဆောင်ပြီး သထုံခရိုင်ကို ဦးယျ၊ နိုင်ထွန်းရင်၊ နိုင်ဘကြို၊ နိုင်သာဟန် တို့က တာဝန်ယူရန်နှင့် မော်လမြိုင်ခရိုင်ကို နိုင်သာနှင်း၊ မိဟံသာ၊ ဦးအုန်းဖေ၊ နိုင်စိန်ထွန်း (ဖဲကတာ) တို့က တာဝန်ယူရန် ညီလာခံကြီးက တာဝန်လွှဲအပ်ကြောင်း ဆုံးဖြတ်သည်။
အဆိုများမှာ -
(၁) မွန်ပါဠိပထမပြန် စာမေးပွဲတွင် မွန်သံဃာတော်အတွက် မွန်ဘာသာဖြင့် မေးခွန်းထုတ်ပေးရန်၊ (၂) မွန်ဒေသရှိ မူလတန်းကျောင်းများတွင် မွန်ဘာသာကို တစ်ဘာသာအဖြစ် သင်ခွင့်ပြုရန်၊ (၃) မွန်ဘူလက်တင်အပြင် မွန်မူလတန်းအတွက် ဖတ်စာများ ထုတ်ရန် ၎င်းကိစ္စကို အရှင်ဝါယမအား တာဝန်လွှဲအပ်ရန် တို့ ဖြစ်သည်။
ထိုကာလတွင် ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်သည် မွန်အမျိုးသားလှုပ်ရှားမှုတွင် အင်အားအကြီးမားဆုံး သော အမျိုးသားအဖွဲ့အစည်း ဖြစ်သည်။
ရာမညအဖွဲ့ချုပ်သည် ညီလာခံပြီးနောက် အားသစ်လောင်းကာ မွန်ဒေသတွင် စာသင်ကျောင်းများ ဖွင့်လှစ်ရေး၊ မွန်ကလေးများအတွက် သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း ဖတ်စာအုပ်များ ရိုက်နှိပ်ထုတ်ဝေရေးတို့ကို အပူတပြင်း ဆောင်ရွက်သည်။ ဆင်းရဲသော မွန်ကျောင်းသားများကိုလည်း ထောက်ပံ့သည်။ ဤလုပ်ငန်းကို ၁၉၆၂ ခုနှစ်အထိ မွန်ကျောင်းများအတွက် ဆောင်ရွက်သည်။
ယခင် ဒုတိယကမ္ဘာစစ်မဖြစ်မီက ထုတ်ဝေခဲ့သော မွန်ဘူလက်တင်လည်း ကမ္ဘာ့သတင်း၊ မြန်မာ့သတင်းနှင့် မွန်အမျိုးသားတို့၏ လှုပ်ရှားမှုသတင်းကိုပါ ထည့်သွင်းပုံနှိပ်ထုတ်ဝေခဲ့သည်။ စစ်ကြောင့် ရှားပါးနေသော ဆေးဝါးများကိုလည်း ဥက္ကဋ္ဌ ဦးချစ်သောင်း က မိမိစရိတ်ဖြင့် ရှာဖွေဝယ်ယူပြီး မွန်ဆရာတော်များမှတဆင့် မွန်အမျိုးသားတို့ကို အခမဲ့ ဝေငှပေးခဲ့သည်။
မော်လမြိုင်၊ သထုံဘက်တွင် လူဦးရေ များပြားလာပြီး လယ်ယာလုပ်ငန်းအတွက် လယ်မြေ ရှားပါးလာသည်။ ပဲခူးဘက်တွင် ဒုတိယ ကမ္ဘာစစ် မတိုင်မီက အိန္ဒိယသားများ လုပ်သော လယ်ယာများသည် ဒုတိယကမ္ဘာစစ် ပြီးသော်လည်း အိန္ဒိယသားများ ပြန်လည်မလုပ်ကိုင်တော့သဖြင့် လယ်ယာများ ပေါများနေသည်။ ၎င်းလယ်ယာများကို လုပ်ကိုင်ရန် သထုံ - မော်လမြိုင်မှ မွန်များ ပြောင်းရွေ့နေထိုင်ရန် ရာမညအဖွဲ့မှ ပဲခူးအနီး ပဲခူး - သနပ္ပင် ကားလမ်းဘေးရှိ မြေယာပေါ်တွင် သက်ဆိုင်ရာများနှင့် ညှိနှိုင်းပြီး မွန်စံပြရွာတစ်ရွာ တည်ထောင်ပေးခဲ့သည်။ ၎င်းကျေးရွာ တည်ဆောက်ရာတွင် ရွာပန္နက်ရိုက်ခြင်း၊ ကျေးရွာဆေးပေးခန်း၊ စာသင်ကျောင်း၊ လူမှုရေးအရ လိုအပ်သောကိစ္စများကို ဆောင်ရွက်ပေးသဖြင့် ယခုအခါ မွန်စံပြံရွာသည် အတော်ကြီးပွားတိုးတက်နေလေပြီ။ ထိုရွာရှိခြင်းကြောင့် မွန်မြို့တော်ဟောင်း ဟံသာဝတီ (ပဲခူး)မြို့သို့ မွန်တို့ ပြန်လည်ရောက်ရှိလာကြသည်။ ထိုမြို့၌ ရှိသော မွန်သေးရှိသူများလည်း နောက်ထပ် ဝင်ရောက်လာသူများအား ကြိုဆိုသည့်အပြင် ပျောက်ကွယ်နေသော မွန်အမျိုးသား စိတ်ဓါတ်များ ပြန်လည်ပေါ်ပေါက်လာသည်။
ရာမညအဖွဲ့ချုပ်၏ ညီလာခံမှ ဆုံးဖြတ်ချက် (၁) ဖြစ်သော ပါဠိပထမပြန် စာမေးပွဲတွင် မွန်သံဃာတော်များအား မွန်မေးခွန်းများ ထုတ်ပေးရန်ကိစ္စနှင့် ပတ်သက်၍ ဘုရင်ခံ အတိုင်ပင်ခံအစိုးရလက်ထက်တွင် ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်မှ ဆရာတော် ဦးဝါယမ၊ ဥက္ကဋ္ဌ ဦးချစ်သောင်း၊ အကျိုးဆောင်အတွင်းရေးမှူး နိုင်ငွေသိမ်း တို့သည် ပညာရေးဝန်ကြီး စောဘဦးကြီး နှင့် သွားရောက်တွေ့ဆုံ အရေးဆိုတင်ပြခဲ့သည်။ ဝန်ကြီး စောဘဦးကြီးက ပါဠိပထမပြန်ကော်မတီသည် မိမိဝန်ကြီးဌာနနှင့် သက်ဆိုင်သော်လည်း ၎င်းအဖွဲ့သည် ကင်းလွတ်ခွင့်ရရှိထားသောအဖွဲ့ ဖြစ်၍ မိမိမှ တိုက်ရိုက်အမိန့်ပေးခိုင်းနိုင်ခွင့် မရှိပါ။ သို့သော် ၎င်းအဖွဲ့၏ ဥက္ကဋ္ဌအား မိမိဖိတ်ခေါ်ပြီး မေတ္တာရပ်ခံပေးမည်ဟု ပြောပါသည်။ ကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းမောင် ရောက်သောအခါ မွန်ဆရာတော် ဦးဝါယမ နှင့် ဥက္ကဋ္ဌ ဦးချစ်သောင်း တို့က ပါဠိပထမပြန် စာမေးပွဲတွင် မွန်သံဃာတော်များသည် မွန်ဘာသာဖြင့် ဖြေဆိုခွင့် ရထားသော်လည်း မေးသောအမေးပုစ္ဆာမှာ မြန်မာဘာသာ ဖြစ်နေ၍ စာမေးပွဲ ဖြေဆိုသော မွန်သံဃာတော်များသည် အမေးပုစ္ဆာကို သဘောမပေါက်၍ မှားယွင်းဖြေဆိုခဲ့ခြင်းများ ရှိခဲ့ပါသည်။ ထို့ကြောင့် မြန်မာဘာသာ မကျွမ်းကျင်၊ သဘောမပေါက်သော မွန်သံဃာတော်များအတွက် မေးခွန်းများကို မွန်ဘာသာဖြင့် မေးရန် မေတ္တာရပ်ခံကြောင်း ဦးသိမ်းမောင် အား တင်ပြကြပါသည်။ ဦးသိမ်းမောင် က ယခုအခါ မွန်ဘာသာဖြင့် မေးခွန်း ထုတ်ရန် အစိုးရပုံနှိပ်တိုက်တွင် မွန်ခဲစာလုံးများ မရှိ၍ မထုတ်နိုင်ကြောင်း ပြန်ကြားပါသည်။
ဝန်ကြီး စောဘဦးကြီးက ကြားဖြတ်၍ ဦးသိမ်းမောင် အား မေတ္တာရပ်ခံသည်။ အကယ်၍ ခဲစာလုံး မရှိလျှင် ဖယောင်းစက္ကူပေါ်တွင် ရေးပြီး စာကူးစက်ဖြင့် ထုတ်ပေးရန်ပြောသည်ကို ၎င်းကိစ္စနှင့်ပတ်သက်၍ ထပ်မံ မဖြေရှင်းတော့ဘဲ မွန်သံဃာတော်များတွင် မေးခွန်းထုတ်နိုင်သောပုဂ္ဂိုလ် ရှိပါသလား၊ ရှိလျှင် ၎င်းသံဃာတော်များသည် မေးခွန်း မပေါက်ကြားရန် တာဝန်ယူနိုင်မလား မေးရာ မွန်သံဃာတော်များသည် မြန်မာသံဃာတော်များနည်းတူ ရဟန်းသိက္ခာပိုမည် မထင်ကြောင်း တင်ပြရာ ဝန်ကြီး စောဘဦးကြီးက ကြားဖြတ်၍ မွန်သံဃာတော်များအတွက် မွန်ဘာသာဖြင့် မေးခွန်းထုတ်ပေးရန် ကြိုးစားပါမည့်အကြောင်း ဦးသိမ်းမောင်း အား ထပ်မံမေတ္တာရပ်ခံ၍ ဆွေးနွေးညှိနှိုင်းမှုကို ရုပ်သိမ်းလိုက်သည်။
post-2.3

မွန်နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ ( မွန်တိုင်းရင်းသား အစည်းအရုံး )


မွန်တိုင်းရင်းသား အစည်းအရုံး
၁၉၄၅ ခုနှစ် နိုင်ဝင်ဘာလ ၉ ရက်နေ့တွင် မွန်ဦးဖိုးချို ခေါင်းဆောင်သော မွန်လူကြီးများသည် ဗဟန်း ရေတာရှည် မွန်ကျောင်းတွင် စုစည်းပြီး မွန်အမျိုးသားတို့အတွက် နိုင်ငံရေးအဖွဲ့အစည်း အမြန်လိုအပ်နေပြီ၊ မွန်နိုင်ငံရေးအဖွဲ့ ဖွဲ့စည်းပြီး ဖဆပလနှင့် ပူးပေါင်း၍ မြန်မာ့လွတ်လပ်ရေးအတွက် တိုက်မှသာလျှင် မြန်မာ့လွတ်လပ်ရေးရလျှင် မွန်အမျိုးသားအတွက် အခွင့်အရေးရမည်၊ ပုဂ္ဂိုလ်အရေးထက် အဖွဲ့အစည်းအားဖြင့် ဖွဲ့စည်းပြီးရေး အချိန်တန်ပြီဟု တင်ပြကြ၍ မွန်တိုင်းရင်းသားအစည်းအရုံး ဖွဲ့စည်းသည်၊ အစည်းအရုံး၏ ရည်ရွယ်ချက်မှာ မွန်တမျိုးသားလုံးနှင့်ပတ်သက်သော နိုင်ငံရေး၊ သာသနာရေး၊ နေရေးထိုင်ရေး၊ ပြုပြင်ရေးကိစ္စများ၊ ပြဿနာရပ်ရပ်တို့ကို တပ်ဦးအနေနှင့် ဆောင်ရွက်ရန် ဖြစ်သည်၊ အမှုဆောင်အဖွဲ့မှာ ဥက္ကဌ မွန်ဖိုးချို၊ အတွင်းရေးမှူး မွန်ဦးသန်း၊ ဘဏ္ဍာရေးမှူး နိုင်ကျော်လှ (မွန်သမားတော်)၊ စာရင်းစစ် ဦးအုံးဖေ (မိကလုံ) ဝါဒဖြန့်ချီရေးနှင့် စည်းရုံးရေး မွန်ထွန်းရင်နှင့် နိုင်ချမ်းမွန် ဖြစ်ပြီး အမှုဆောင်များမှာ ဦးမောင်ကြီး၊ ဦးစံညွန့်၊ ဦးရွှေကြိုင်၊ ဦးဘချစ် (မော်လမြိုင်)၊ ဦးဘသွင် (ကော့နှပ်)၊ မွန်ချစ်ဖေ၊ ဦးကျော်ဝင်း၊ ဦးထွန်းအောင်တို့ ဖြစ်ကြသည်။
မွန်တိုင်းရင်းသားအစည်းအရုံးသည် ဖဆပလအဖွဲ့ချုပ်နှင့် ဆက်သွယ်ပြီး မွန်ဦးဖိုးချို၊ မွန်သန်းတို့ ဖဆပလအမှုဆောင်များ ဖြစ်လာကြသည်၊ မွန်တိုင်းရင်းသားအစည်းအရုံးကို ဖဆပလ က အမျိုးသားနိုင်ငံရေးပါတီအဖွဲ့အစည်း မဟုတ်ဘဲ လူထုအဖွဲ့အစည်းနှင့် လက်ခံသည်။
post-2.2

မွန်နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ ( ဒုတိယ ကမ္ဘာစစ်ပြီးကာလမှ လွတ်လပ်ရေးခေတ် မွန်အမျိုးသားလှုပ်ရှားမှု ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ် )


ဒုတိယ ကမ္ဘာစစ်ပြီးကာလမှ လွတ်လပ်ရေးခေတ် မွန်အမျိုးသားလှုပ်ရှားမှု
ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်
ဒုတိယကမ္ဘာစစ်ကြီးသည် ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့တွင် ဂျပန်လက်နက်ချပြီး ပြီးဆုံးသွားသည်။ ဗြိတိသျှ အစိုးရ၏ မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် စက္ကူဖြူစာတမ်းကို ပိုက်၍ မြန်မာနိုင်ငံသို့ ၁၉၄၅ ခု ဇွန်လ ၂၀ ရက်နေ့တွင် ပြန်လာသည်။ ဗမာ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းသည ဖဆပလ အဖွဲ့ချုပ်ကို ဦးစီးဦးဆောင်ပြု၍ ဆောင်ရွက်သည်။ ဖဆပလ အဖွဲ့ချုပ်တွင် မြန်မာပြည် ကွန်မြူနစ်ပါတီ (ဗကပ)၊ အရေးတော်ပုံပါတီ (ဆိုရှယ်လဝ်ပါတီ)၊ ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို ကျောရိုးမဏ္ဍိုင်ပြုထားသည်။ ရခိုင်၊ ကရင်၊ ကချင်၊ ချင်း စသော တိုင်းရင်းသားများလည်း ပူးပေါင်းဆောင်ရွက်သည်။ မွန်တို့သည်လည်း အသင်းအဖွဲ့အနေနှင့် မဟုတ်သော်လည်း ပုဂ္ဂိုလ်အရ အဖွဲ့အသီးသီးတွင်လည်းကောင်း၊ ဖဆပလတွင်လည်းကောင်း၊ ဝင်ရောက်ဆောင်ရွက်သည်။
ဗြိတိသျှ အုပ်ချုပ်ရေး ရောက်ပြီးနောက် ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်၏ ရန်ကုန်ရှိ အမှုဆောင်ဟောင်းများ ပြန်လည်လှုပ်ရှားလာသည်။ ဥက္ကဋ္ဌ ဦးဘသော် ကျန်းမာရေး မကောင်၍လည်းကောင်း၊ ဒု ဥက္ကဋ္ဌ ဦးဘသိန်းသည် ကိုယ်ရေးကိုယ်တာကိစ္စကြောင့်လည်းကောင်း ရန်ကုန်သို့ ပြန်မရောက်နိုင်သေးသဖြင့် ဦးချစ်သောင်း ပင် ယာယီ ဥက္ကဋ္ဌ လုပ်ပြီး အကျိုးဆောင်အတွင်းရေးမှူးအဖြစ် ယာယီအားဖြင့် ဦးလွန်းဖေ က တာဝန်ယူဆောင်ရွက်သည်။ ယာယီထိန်းသိမ်းရေး အမှုဆောင်မှာ မွန်ဖိုးချို၊ မွန်သန်း၊ မွန်ထွန်းရင်၊ နိုင်ထွန်းသိန်း နှင့် နိုင်ငွေသိမ်း တို့ဖြစ်သည်။ ဦးလွန်းဖေသည် အလုပ်တာဝန်အရ နယ်ပြောင်းရသဖြင့် အကျိုးဆောင်အတွင်းရေးမှူး နေရာမှ နှုတ်ထွက်သွားသည်။ ၎င်းနေရာကို နိုင်ထွန်းသိန်းက တာဝန်ယူသည်။ နိုင်ထွန်းသိန်း လည်း မွန်ဒေသရှိ စာသင်ကျောင်းများ စောလျင်စွာ ဖွင့်နိုင်ရေးအတွက် အဖွဲ့ချုပ်မှ တာဝန်ပေးချက်အရ ကျိုက္ခမီ ပညာအုပ် ရာထူး လက်ခံပြီး မော်လမြိုင်သို့ ပြောင်းရွေ့သွားသဖြင့် လစ်လပ်သွားသော အကျိုးဆောင်အတွင်းရေးမှူး နေရာကို နိုင်ငွေသိမ်းက ဆက်လက်ဆောင်ရွက်သည်။ စစ်မဖြစ်မီက ထုတ်ဝေခဲ့သော မွန်ဘူလက်တင်ကို ပြန်လည်ထုတ်ဝေသည်။ ဦးဘသိန်းမှာ ၁၉၄၇ ခု နှစ်ဆန်းတွင်မှ ပြန်ရောက်ပြီး ဥက္ကဋ္ဌ တာဝန်ကို ဆက်လက်ထမ်းဆောင်သည်။
post-2.1

မွန်နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ ( ဂျပန်ခေတ် မွန်အမျိုးသား၏ ဖက်ဆစ် ဆန့်ကျင်ရေး လုပ်ငန်း )



ဂျပန်ခေတ် မွန်အမျိုးသား၏ ဖက်ဆစ် ဆန့်ကျင်ရေး လုပ်ငန်း
ဒုတိယကမ္ဘာစစ်ကြီး (၁၉၄၂-၄၅) ဖြစ်ပွားချိန်တွင် ဂျပန်သည် အရှေ့တောင်အာရှ သာတူညီမျှရေး ကြွေးကြော်သံနှင့်အတူ မြန်မာပြည်သို့ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ရဲဘော်သုံးကျိပ်နှင့်အတူ ၁၉၄၂ ခုနှစ်တွင် ဝင်ရောက်လာသည့် ရဲဘော်သုံးကျိပ်သည် မြန်မာလွတ်လပ်ရေးအတွက် ဗြိတိသျှ နယ်ချဲ့သမားကို တိုက်ခိုက်၍ မြန်မာပြည်မှ မောင်းထုတ်ရန် ဂျပန်ထံမှ စစ်ပညာသင်ပြီး ဂျပန်မှ လက်နက် ရယူခဲ့သည်၊ ယိုးဒယားတွင် လူစုပြီး ဘီအိုင်အေ ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော် ကို တည်ထောင်ခဲ့သည်၊ ထိုင်းလင်း (ယိုးဒယား) ရောက် မြန်မာများနှင့် မွန်များ ပါဝင်ခဲ့သည်၊ (မြန်မာ့လွတ်လပ်ရေး တပ်မတော်တွင် မြန်မာ ငါးထောင်၊ မွန် သုံးထောင် ပါဝင်ခဲ့ကြောင်း ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့သည်။ ဤကား စကာချပ်)။
ဗြိတိသျှနယ်ချဲ့ကို မောင်းထုတ်ပြီး ဂျပန်များ၏ညွန်ကြားချက်အရ မြန်မာနိုင်ငံကို ၁၉၄၃ ခု၊ သြဂုတ်လ ၁ ရက်နေ့တွင် လွတ်လပ်ရေးကြေငြာသည့် အစိုးရအဖွဲ့၏ အကြီးအကဲ အဓိပတိမှာ ဒေါက်တာ ဗမော် ဖြစ်သည်။
မြန်မာနိုင်ငံသည် ဖွဲ့စည်းပုံရေးဆွဲပြီး လွတ်လပ်ရေးကြေငြာသော်လည်း နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးမှာ ဂျပန်၏ သဘောဆန္ဒအရသာလုပ်ရသည့် နာမည်ခံလွတ်လပ်ရေး ဖြစ်သည်။
ဂျပန်လက်ထက်တွင် ဂျပန်ခွင့်ပြုချက်အရဖွင့်လှစ်သော နိုင်ငံအစည်းအရုံးမှာ - တို့ဗမာဆင်းရဲသား အစည်းအရုံး ကရင်၊ ကချင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသောလူမျိုးများ ဖြစ်သည်ကို ခံယူစရာမလိုဘဲ မြန်မာနိုင်ငံသားမှန်သမျှသည် ဗမာလူမျိုးသာဖြစ်ကြောင်း မှတ်ယူရမည်၊ လွတ်လပ်သော မြန်မာနိုင်ငံ၏စာမှာလည်း မြန်မာစာသာ ဖြစ်ရမည်ဖြစ်သည်ဟု ကြေငြာသည်။
အစိုးရ၏ ဝါဒကြောင့် မွန်စာပေသင်ကြားနေသော မွန်ဒေသရှိ ဘုန်းတော်ကြီးကျောင်းများကို မွန်စာပေသင်ကြားရန် ပိတ်ခဲ့သည်၊ သို့သော် မွန်ဘုန်းကြီးကျောင်းများ လျှို့ဝှက်သင်ကြား ကြသည်။
ဂျပန်ခေတ်တွင် လူငယ်များကို အသုံးချရန်အတွက် အာရှလူငယ်အဖွဲ့ကို ဂျပန်ကဖွင့်လှစ်ခဲ့သည်၊ သို့သော် အာရှလူငယ်သည် ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် တက်တက်ကြွကြွ ပါဝင်ခဲ့သည်၊ ထိုအာရှလူငယ်တွင် မွန်ကျောင်းသူ ကျောင်းသားများနှင့် ပညာတတ်မွန်လူငယ်များသည် မြန်မာပြည်လွတ်လပ်ရေးအတွက် သွေးမြေကျတိုက်ပွဲများ ဆင်ခဲ့ကြသည်၊ အချို့မှာ ကွန်မြူနစ်ပါတီအရေးတော်ပုံထဲတွင် ဝင်ရောက်ဆောင်ရွက်ခဲ့သည်။
ဖက်ဆစ်ဆန့်ကျင်ရေးတိုက်ပွဲတွင် ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော်၊ မျိုးချစ် ဗမာ့တပ်မတော်စသော မြန်မာနိုင်ငံလွတ်လပ်ရေးတိုက်ပွဲတွင် မွန်အမျိုးသားတို့သည် အမျိုးသားရေးအရ သွေးမကွဲဘဲ ဝင်ရောက်တိုက်ခိုက်ခဲ့သည်၊ ယခု တပ်မတော်တွင်းရှိ မွန်အမျိုးသားတပ်မှူး၊ အကြပ်တပ်သားများနှင့် ကျဆုံးသွားသော အနားယူသွား မွန်အမျိုးသား စစ်မှုထမ်းဆောင်ဟောင်းများက သက်သေထူလျှက် ရှိပါသည်။
post-1.10

မွန်နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ ( ဗြိတိသျှ နယ်ချဲ့သမားခေတ် မွန်အမျိုးသားတို့၏ စီးပွားရေး၊ စာပေ၊ ယဉ်ကျေးမှု )


ဗြိတိသျှ နယ်ချဲ့သမားခေတ် မွန်အမျိုးသားတို့၏ စီးပွားရေး၊ စာပေ၊ ယဉ်ကျေးမှု
ဗြိတိသျှ အစိုးရအောက်တွင် မွန်အများစုဖြစ်သော လယ်သမားတို့မှာ ဆန်စပါး ရောင်းဝယ်ရေး ကုမ္ပဏီကြီးများ၊ ၎င်းတို့၏လက်ဝေခံချစ်တီးနှင့် မြေပိုင်ရှင်ကြီးများ၏ ဖိနှိပ်မှုကို မြန်မာတိုင်းရင်းသားများ နည်းတူ ခံရသည်။ လယ်ပိုင်ရှင်သားများ၊ ကုန်သည်ပွဲစားသားများ၊ အမှုထမ်း၊ အရာထမ်းသားများသည် အင်္ဂလိပ်စာ သင်ကြားပြီး ဗြိတိသျှ အစိုးရ၏ အမှုထမ်း၊ အရာထမ်းများ ဖြစ်လာကြသည်။ ထိုသို့ ခေတ်ပညာတတ်သော လူငယ်များသည် ကျယ်ပြန့်သော ဗဟုသုတကို အင်္ဂလိပ်စာမှတဆင့် ရရှိလာကြသဖြင့် မိမိတို့ အမျိုးသားရေးလုပ်ငန်းများကို စတင်လုပ်လာကြသည်။ အထူးသဖြင့် စီးပွားရေး ကပ်ဆိုက်ရောက်သော ၁၉၃၀ ခုနှစ် နောက်ပိုင်းတွင် တခြားတိုင်းရင်းသားများ နည်းတူ မိမိတို့ အမျိုးသားရေးကို ပညာတတ် လူတန်းစားများက လှုပ်ရှားလာသည့်အတွက် ၁၉၃၉ ခုနှစ်တွင် ရာမညတိုင်းလုံးဆိုင်ရာ အဖွဲ့ချုပ် ပေါ်လာသည်။
ဗြိတိသျှခေတ်တွင် မွန်စာပေ သင်ကြားရေးနှင့် ပတ်သက်၍ (Culture Rights) ယဉ်ကျေးမှု အခွင့်အရေးကို ခွင့်ပြုသယောင်ယောင် ပြုခဲ့သည်။ ၎င်းမှာ မွန်ဒေသရှိ မူလတန်းကျောင်းများတွင် မွန်စာသင်လိုပါက မွန်စာကို သင်ခွင့်ပြုသည်။ ထိုကျောင်းကို မွန်စာရင်းဝင်ကျောင်း ဟု အသိအမှတ်ပြုသည်။ သို့သော် မွန်စာသင်ရန် သင်ရိုးညွှန်းတမ်း၊ မွန်ဆရာ၊ မွန်စာတတ်သူများကို မိမိတို့ဘာသာ ရေးဆွဲပြုစု ရေးသားရမည် ဖြစ်ပြီး စာသင်ချိန်မှာလည်း ကျောင်း၏ စာသင်ချိန်မှအပ ဖြစ်ရမည်။ ဆရာမှာလည်း မွန်စာတတ်သော ဆရာတစ်ဦးဦးက တာဝန်ယူ သင်ကြားပေးရန် ဖြစ်သည်။ မွန်စာသည် စာမေးပွဲ ဖြေဆိုရမည် မဟုတ်ဘဲ မိမိတို့လူမျိုးအတွက် မိမိတို့ဆန္ဒအရပင် ယူရသည့် အပိုဘာသာ ဖြစ်သည်။ မွန်စာရင်းဝင်ကျောင်းများကို ကြည့်ရှုကြပ်မတ်ရန် မွန်ပညာအုပ်တစ်ယောက် ခန့်ထားသော်လည်း မွန်ပညာအုပ်မှာ မွန်စာပေ သင်ကြာရေးကို ထိရောက်စွာ မဆောင်ရွက်နိုင်၊ မဆောင်ရွက်ခဲ့ချေ။ ထို့ကြောင့် ၎င်းမွန်စာရင်းဝင် ကျောင်းများ လျော့နည်းလာသည်။
သို့သော် မွန်လယ်သမား သားသမီးများသည် လယ်ယာလုပ်ငန်းများတွင် မိမိတို့အမျိုးသားအချင်းချင်း စုစည်းနေထိုင်ကြသဖြင့် မွန်စာပေ ပရိယတ္တိ သင်သော မွန်ဘုန်းကြီးကျောင်းများတွင် စာပေ ပရိယတ္တိကို သင်ကြားကြသဖြင့် မွန်စာပေသည် အသက်ရှင်လျှက် ရှိသည်။ မွန်ရဟန်းတော်များသည်လည်း မွန်စာပေဖြင့် ပရိယတ္တိ စာမေးပွဲများကို ဖြေဆိုရသဖြင့် မွန်စာပေမှာ စုံးစုံး မမြုပ်ခဲ့ပေ။ မွန်ရဟန်းတော်တို့၏ စွမ်းဆောင်ချက်ကြောင့် ဖြစ်သည်ဟု လက်ခံရမည်ဖြစ်သည်။
post-1/9

မွန်နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ ( ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ် )


ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်
ရာမညတိုင်းလုံးဆိုင်ရာအဖွဲ့ချုပ်ကို ဖွဲ့စည်းပြီး၊ ဥက္ကဌအဖြစ် ဦးကျန် (ပဲခူး) ရိက္ခာတော်ရ၊ ဒု-ဥက္ကဌများအဖြစ် ဦးဘသော် ရိက္ခာတော်ရ (ပဲခူး)၊ ဦးဘသိန်း (ရေး) ပါလီမန်အမတ်၊ ပါလီမန်အတွင်းဝန်၊ ဘဏ္ဍာရေးနှင့်အခွန်ဌာန ဖြစ်ပြီး၊ အကျိုးဆောင် အတွင်းရေးမှူးအဖြစ် ဦးဒွေး (ပဲခူး) (ကျောင်းဆရာ)၊ ဆရာ ဦးချစ်သောင်း၊ ငွေထိန်း (ဓါတုဗေဒမင်းကြီး)၊ ဦးမောင်ကလေး (မွန်ခရစ်ယာန်အသင်း)၊ မွန်ဦးဘိုးချို စသောပုဂ္ဂိုလ်များ ပါဝင်ကြပြီး၊ မွန်သံဃာတော်များမှာ အဖွဲ့ချုပ်၏ နာယကဆရာတော်များအဖြစ် ပါဝင်ကြသည်၊ ဦးကျန်သည် နာမကျန်းတော့၍ တနှစ်သာ တာဝန်ယူနိုင်ပြီး ၁၉၄၀ -ခုနှစ်တွင် အနားယူသည်၊ ၎င်းနေရာကို ဒု-ဥက္ကဌ ဦးဘဘော် ဆက်၍ တာဝန်ယူသည်။
ရာမညအဖွဲ့သည် မိမိတို့၏အမျိုးဘာသာစာပေ၊ ယဉ်ကျေးမှုထိန်းသိမ်းရေးလုပ်ငန်း လုပ်ရာတွင် တခြားတိုင်းရင်းသားများနှင့် အထူးသဖြင့် မြန်မာများက သံသယ ကင်းစေရန် ရာမညအဖွဲ့ချုပ်သည် မည်သည့် ပါတီ နိုင်ငံရေးကိုမျှ မလုပ်ကြောင်း ကြေညာထားသည်၊ ထိုသို့ ကြေညာသည်မှာ အချို့မြန်မာများသည် မွန်တို့သည် နယ်ချဲ့သမားသဘောကျ လူမျိုးသွေးကွဲစေရန် မြှောက်ပင့်ပေးသည်ဟု စွပ်စွဲသောကြောင့် ဖြစ်သည်။
ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ် ၏ ဖွဲ့စည်းအုပ်ပုံ ဥပဒေတွင် ၎င်းကိစ္စနှင့်ပတ်သက်၍ ပုဒ်မ ၁၇ တွင် “ဤရာမညအသင်းအမည်ဖြင့် မည်သူမျှ နိုင်ငံရေး မလုပ်ရ” ဟု ပြဌာန်းထားသည်။
ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ် ၏ မွန်လူမျိုး ဟူသော ရှင်းလင်းချက်မှာ -
မွန်လူမျိုး ဆိုသည်မှာ မွန်လူမျိုးတို့မှ ဆင်းသက်သည်ဖြစ်စေ (သို့မဟုတ်) မွန်လူမျိုး၊ ဇာတိသွေး၊ အမိမှဖြစ်စေ၊ အဘမှဖြစ်စေ ပါ၍၊ မွန်စကားမပြောတတ်သော်လည်း မွန်လူမျိုးတို့အကျိုးကို သယ်ပိုးဆောင်ရွက်သော လူများကို ဆိုသည်။
ရည်ရွယ်ချက်။ ။ မွန်လူမျိုး၊ မွန်စကား၊ မွန်စာပေ၊ မွန်ယဉ်ကျေးမှု၊ မွန်ဘာသာ၊ သာသနာတို့ကို မတိမ်ကော၊ မပပျောက်စေဘဲ တိုးတက်ကြီးပွားရေးအတွက် ဆောင်ရွက်ရန် အဓိက ဖြစ်သည်။
ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်သည် စကား၊ စာပေ ပျောက်လျှင် လူမျိုးပျောက်မည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် ရှေးက ပျူလူမျိုး ရှိခဲ့သော်လည်း ပျူစာပေ၊ စကား ပျောက်သွားသဖြင့် ပျူလူမျိုးလည်း ပျောက်သွားခဲ့သည်၊ ထို့ကြောင့် အဖွဲချုပ်၏ကြွေးကြော်သံကို တို့ဗမာအစည်းအရုံးအား တုယူကာ -
မွန်လူမျိုးသည် - တို့လူမျိုး မွန်စာသည် - တို့စာ မွန်စကားသည် - တို့စကား
တို့လူမျိုးကို ချစ်ပါ၊ တို့စာကို လေးစာပါ၊ တို့စကားကို ပြောကြပါ၊ မွန်အမျိုးသားရှေ့တွင် တလိုင်း မဟုတ်ကြောင်း သိရန်နှင့် မွန်အမျိုးသားမှန်း သိအောင် မွန် တပ်ခေါ်ရန် လှုံ့ဆော်ခဲ့သည်။
မွန်လူမျိုး ရှေ့တွင် မွန်ထည့်ရခြင်း အကြောင်းအရင်းမှာ -
“မွန်အမျိုးသားများသည် မိမိတို့သည် ရာမညဒေသတွင် နေထိုင်သူများ ဖြစ်ပြီး မွန်လူမျိုး ဖြစ်သည်၊ သမိုင်းဆရာများ ရေးသားသော တလိုင်း မဟုတ်ပါ၊ တလိုင်း ဟူသော ဝေါဟာရမှာ မွန်ဘာသာအားဖြင့် မွန်တို့နားလည် သဘောပေါက်ခံယူထားသည်မှာ အမိမဲ့သား - မျိုးမစစ် ဖြစ်သသည်”။
၎င်းကိစ္စနှင့်ပတ်သက်၍ ၁၉၃၀ -ခုတွင် မြန်မာနိုင်ငံ၏ ခေတ္တဘုရင်ဖြစ်ခဲ့သူ မွန်အမျိုးသား ဆာ - ဂျေ အေမောင်ကြီးသည် တလိုင်းအစား မွန်ကို သုံးရန် ပြည်ထဲရေးဌာန ၂၉၊ ၇၊ ၃၀ နေ့စွဲပါ ဆာကြုလာအမှတ် ၁၄၇ / ဒီ - ၃၁ အရ အစိုးရဌာနများသို့ ညွန်းကြားစာ ထုတ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း အစိုးရလက်ထက်တွင်၎င်း၊ ဆာကြုလာကိုပင် ၁၅-၇-၄၇ နေ့စွဲဖြင့် အမှတ် ၅၉၊ အိတ်(ဖ်) -၄၇ (၁၇၁၃) အရ၊ ပြည်ထဲရေးဝန်ကြီးဌာနက ထပ်မံညွန်ကြားခဲ့သည်။
ပဒေသရာဇ်ခေတ်တွင် စစ်ရှုံးခဲ့ပြီး ခေါင်းဆောင်မဲ့သောဘဝ ရောက်ရှိနေသော မွန်လူမျိုးတို့သည် မိမိတို့မျိုးရိုး ဇာတိကိုပင် မဖော်ပြောရဲသောကာလတွင် ရှိနေသည်။ အစိုးရအမှုထမ်းသော မွန်သည် မိမိကိုယ်ကို မွန် ဟု ပြောလျှင် ရာထူးတိုးတက်ရေးအတွက်၎င်း၊ တခြားလူမျိုးကိစ္စတွင်၎င်း၊ အနှိမ်ခံရမည်ကို ကြောက်၍ မွန် ဟု အမည်ခံလိုကြ၊ မခံရဲကြ၊ နာမည်ခံရဲလာအောင် သွေးသစ်လောင်းပေးခြင်း ဖြစ်သည်။
၁၉၃၀ -ခုနှစ် သန်းခေါင်စာရင်းတွင် မွန်သည် မြန်မာနိုင်ငံတနိုင်ငံလုံးတွင် မွန် (၃၃၆၇၂၈) ယောက်သာ ပါရှိသည်။ စင်စစ် ထိုလူဦးရေးသည် များစွာ လျှော့နည်းလျှက် ရှိသည်၊ သန်းခေါင်စရင်း ကောက်ယူရာတွင်၊ သန်းခေါင်စာရင်း ကောက်သူများသည်၊ မွန်ကို မြန်မာ ဟု ရေးသားခြင်း တခါတရံ မွန်- မြန်မာ အတူတူဘဲ၊ မြန်မာ ရေးလျှင်လည်း ပြီးတာဘဲ ဟု ယူဆကြသည်၊ မွန်အမျိုးသားများလည်း သန်းခေါင်စာရင်း ကောက်ရာတွင် မွန်လူမျိုးနေရာတွင် မိမိတို့ လူမျိုး၊ မွန် ထည့်သွင်းရမှန်း မသိခြင်း၊ သိသော်လည်း ပြောရန် ကြောက်ရွံ့နေခြင်းတို့ကြောင့် လျှော့နည်းနေသည်ဟု ယုံကြည်သည်။
ထို့ကြောင့် ရာမညတိုင်းလုံးဆိုင်ရာမွန်အဖွဲ့ချုပ်က အထက်ပါကြွေးကြော်သံအရ အကောင်အထည် ဖော်ရန် လုပ်ဆောင်ကြသည်။ မွန်စာပေပြန့်ပွားရေးအတွက် မွန်ဘူလက်တင် (Mon Bulletin) ကို၊ မွန်-မြန်မာနှစ်ဘာသာဖြင့် လစဉ်မှန်မှန် ထုတ်ဝေဖြန့်ချီခဲ့သည်။
post-1.8

မွန်နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ ( မွန်အမျိုးသား လှုပ်ရှားမှုအစ )


မွန်အမျိုးသား လှုပ်ရှားမှုအစ
မြန်မာနိုင်ငံသည် ဗြိတိသျှ နယ်ချဲ့သမား လက်အောက်ရှိပြီးနောက် အင်္ဂလိပ်စာသည် အရေးပါသောစာပေ၊ မသင်မနေရသောစာပေ၊ အင်္ဂလိပ်စာ တတ်မှ အုပ်ချုပ်ရေးတွင် အရာထမ်း၊ အမှုထမ်းများ၊ ကူးသန်း ရောင်းဝယ်ရေးနှင့် အင်္ဂလိပ်ကုမ္ပဏီနှင့် ဆက်ဆံရာတွင် အင်္ဂလိပ်စာသည် မတတ်မဖြစ်သည့်စာပေ ဖြစ်လာသည်။ မြန်မာစာပေသည် မြန်မာပြည်တွင် အင်္ဂလိပ်စာပေလောက် အရေးပါသော စာပေ မဟုတ်တော့ပေ၊ မြန်မာစာတတ်လျှင် အမြင့်ဆုံး တိုင်းရင်းသား ဘာသာ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းများတွင် ကျောင်းဆရာနှင့် မြေတိုင်းစာရေးလောက်သာ ဖြစ်နိုင်သော အခြေအနေ ရှိသည်။ ထိုကြောင့် မြန်မာစာသင်ကြားလိုသူများ လျော့နည်းလာပြီး၊ မိမိတို့အသက်ရှင်ရေးအတွက် ကျွန်ပညာ ဟု ခေါ်သော ရာထူး၊ ရာခံရရှိရေးအတွက် အင်္ဂလိပ်စာကို သင်ကြားရသဖြင့် မျက်နှာငယ်လျှက် ရှိသည်၊ ပျောက်ပျက်သွားမည်ကို မျိုးချစ်ပညာတတ်များ၊ မြန်မာများက စိုးရိမ်လာကြသည်၊ စာပျောက်လျှင် လူမျိုးပျောက်မည်ကို သမိုင်းအရ သိကြရ၍၊ မြန်မာစာ၊ စကားကို ထိန်းသိမ်းရန်အတွက် ဒို့ဗမာအစည်းအရုံးက အမျိုးဘာသာစာပေ ရှင်သန်တိုးတက်ရန်အတွက် -
(၁) မြန်မာလူမျိုးသည် - တို့လူမျိုး (၂) မြန်မာစာသည် - တို့စာ (၃) မြန်မာစကားသည် - တို့စကား
တို့လူမျိုးကို ချစ်ပါ၊ တို့စာကို လေးစားပါ၊ တို့စကားကို ပြောကြပါ ဟု ကြွေးကြော်လှုံ့ဆော်ခဲ့သည်။ ဒို့ဗမာအစည်းအရုံးဝင်များ ရှေ့တွင် မိမိတို့သည် ကျွန်မဟုတ်၊ သခင်လူမျိုးဖြစ်ကြောင်း သိကြရန်၊ မိမိတို့နာမည်ရှေ့တွင် သခင်တပ် ခေါ်ကြသည်၊ တပ်ခေါ်ရန်လည်း လှုံ့ဆော်ခဲ့သည်။
ဒို့ဗမာအစည်းအရုံး၏ အမျိုးသားကြွေးကြော်သံဂယက်သည် မွန်အမျိုးသားတို့ထံသို့ ရိုက်ခတ်လာပြီး မွန်အများအတွက် အမျိုးဘာသာ၊ သာသနာကို ထိန်းသိမ်းရန် အဖွဲ့အစည်းတရပ် လိုလာသည်ဟု ယုံကြည်ခဲ့သည်။ ထိုသို့ ယုံကြည်သည့်အလျောက် မွန်ရဟန်းတော်များနှင့် ပညာတတ် မွန်အမျိုးသား၊ မျိုးချစ်များ စုပေါင်းပြီး ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်ကို ၁၉၃၉ -ခုနှစ် သြဂုတ်လ ၆ ရက်တွင် ရန်ကုန်မြို့ပေါ်ရှိ မွန်သံဃာတော်များ၊ မွန်ပုဂ္ဂိုလ်များအား ပင့်ဖိတ်၍ ဖွဲ့စည်းသည်။
post-1.7

မွန်နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ ( ဗြိတိသျှဆန့်ကျင်ရေး မွန်အမျိုးသားတို့၏အခန်း )


ဗြိတိသျှဆန့်ကျင်ရေး မွန်အမျိုးသားတို့၏အခန်း
ဗြိတိသျှနယ်ချဲ့သမားသည် ဧကရာဇ် မြန်မာနိုင်ငံအားလုံးကို၊ ၁၈၈၅ ခုနှစ်တွင် တိုက်ရိုက်သိမ်းပိုက်လိုက်သည်၊ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံး ဗြိတိသျှ နယ်ချဲ့သမားလက်အောက်သို့ ရောက်ရှိသွားသည်၊ မွန်အမျိုးသားတို့သည် ပထမတွင် ပဒေရာဇ် ဖိနှိပ်ရေးအသွင်ထက် သာသော အရင်းရှင်နယ်ချဲ့ ဖိနှိပ်ရေးအသွင်အောက်တွင် သက်သာသလို ရှိသည်၊ ပဒေသရာဇ်ခေတ်၏ ဒဏ်ရာ ဒဏ်ချက်ကြောင့် မိမိလူမျိုးသည် မွန်လူမျိုးဟု ပြောရန်ပင် အများစုက ကြောက်ရွံ့နေကြသည်၊ မိမိမွန်စကားကို မိမိတို့ရပ်ရွာ မိသားစုများကြားတွင်သာ ပြောကြသည်။ မြို့ရွာများတွင်၎င်း၊ လူစုလူဝေးနေရာ များတွင်၎င်း ပြောဆိုရန် ဝန်လေးကြသည်၊ ကြောက်ရွံ့ကြသည်၊ စီးပွားရေးအရလည်း မွန်များသည် လယ်သမားများပီပီ၊ လယ်ယာလုပ်ငန်းကိုသာ လုပ်ကြသည်၊ အရင်းရှင်စနစ်အရ ပထမတွင် လွတ်လပ်စွာ ရောင်ဝယ်ရခြင်းကြောင့်၎င်း၊ အကျိုးရရှိခဲ့သော်လည်း နောက်ပိုင်းတွင် အရင်းရှင်စနစ်၏ ကျင့်သုံးချက်အတိုင်း ကုန်ကြမ်းကို ဈေးပေါပေါ ရရှိရန်၊ မြန်မာနိုင်ငံ ထွက်ကုန်ကြမ်းများ ဖြစ်သော ဆန်၊ စပါး၊ ရေနံ၊ သစ်၊ သတ္တုများကို ကုမ္မဏီကြီးများဖွင့်ကာ ဈေးနှိမ်ဝယ်ယူခဲ့သည်၊ အရင်းရှင်နိုင်ငံ ထွက်ပစ္စည်းများ၊ အင်္ဂလိပ် လုပ်ပစ္စည်း ကုန်ချောများကို အမြတ်များများ ရရန် ဈေးကြီးကြီးနှင့် ရောင်းသည်၊ မြန်မာနိုင်ငံအတွင်းသို့ အိန္ဒိယမှ မိမိတို့၏ လက်ဝေခံ ချစ်တီးများကို ခေါ်သွင်းလာပြီး လယ်သမားပေါ်တွင် သွေးစုတ်စေသည်၊ လယ်သမားများသည် ၎င်းစီးပွားရေးဒဏ်ကို ခံရသည်၊ မွန်တို့အများစုမှာ လယ်သမားဖြစ်၍ ၎င်းဒဏ်ကို ခံရသည်။
ဗြိတိသျှ နယ်ချဲ့အောက်သို့ မွန်ဒေသသည် ပထမဆုံးရောက်ရှိခဲ့သဖြင့် မွန်အချို့မှာ အရင်းရှင်ကိုယ်စားလှယ် အဖြစ် ကူးသန်းရောင်းဝယ်ရေးများ လုပ်လာကြသည်၊ ချမ်းသာသော လယ်သမားစုများမှ လယ်သမား သားသမီးများသည် ဗြိတိသျှဖွင့်လှစ်သော အင်္ဂလိပ်ကျောင်းများတွင် နေကြ၍ အင်္ဂလိပ်စာသည် အဓိက ဘာသာ ဖြစ်လာ၍ ၎င်းဘာသာကို တတ်ကြသည်၊ အများစုမှာ ဗြိတိသျှအစိုးထံတွင် အမှုထမ်းကြသည်၊ အင်္ဂလိပ်စာကို သင်ယူရ၍ ဗဟုသုတကြွယ်ဝလာပြီး နယ်ချဲ့ဗြိတိသျှဖိနှိပ်မှုကို သိသထက်သိလာ၍ နယ်ချဲ့သမားအား ဆန့်ကျင်ရန် တိုင်းရင်းသားများနှင့် ပူးတွဲ လုပ်ဆောင်လာကြသည်၊ ထိုသို့ လုပ်ဆောင်ရန် တာစူလှုပ်ရှားနေစဉ် ပထမကမ္ဘာစစ်ကြီးအတွင်း ၁၉၁၇ ခုနှစ် နိုဝင်ဘာလ ၇ ရက်တွင် ပေါ်ပေါက်ခဲ့သော ရုရှားတော်လှန်ရေးသည် ကမ္ဘာကြီးကို ကိုင်လှုပ်လိုက်သည်၊ အရင်းရှင်စနစ်၊ ပဒေသရာဇ်စနစ်ကို ဖျက်သိမ်းပြီး၊ လူလူချင်း ခေါင်းပုံဖြတ်ခြင်း၊ လူမျိုးတမျိုးနှင့်တမျိုး ဖိနှိပ်မူ ကင်းသော ဆိုရှယ်လစ်စနစ်ကို တည်ဆောက်ခြင်း ဖြစ်သည်၊ ၎င်းဂယက်သည် မြန်မာနိုင်ငံသို့လည်း ရိုက်ခတ်ခဲ့သဖြင့် လူမျိုးချင်း ဖိနှိပ်မှုကင်းသော လွတ်လပ်သော မြန်မာနိုင်ငံကို ပြန်လည်တည်ဆောက်ရန် အားဖြည့်ပေးခဲ့သည်။
မြန်မာနိုင်ငံသည် အမျိုးသားလှုပ်ရှားမှုအဖြစ် ၁၉၀၆ ခုနှစ်လောက်တွင် အမျိုးဘာသာ၊ သာသနာကို အရင်းခံသော ဝိုင်-အမ်-စီ-အေ (ခရစ်ယာန်ကလျာဏယုဝအသင်း) ကဲ့သို့သော ဝိုင်-အမ်-စီ-အေ (ဗုဒ္ဓကလျာဏယုဝအသင်း) ကို တည်ထောင်သည်၊ များမကြာမီ ဝိုင်-အမ်-စီ-အေ မျိုးချစ်ပုဂ္ဂိုလ်များသည် စုစည်း၍ ဂျီ-စီ-ဘီ-အေ ခေါ် မြန်မာအသင်းချုပ်ကို တည်ထောင်ပြီး အမျိုးသားလွတ်မြောက်ရေးတာဝန်ကို စတင်ထမ်းဆောင်လာသည်။
ထို ဂျီ-စီ-ဘီ-အေ အဖွဲ့ချုပ်တွင် ခေါင်းဆောင်အဖြစ် မွန်အမျိုးသားဖြစ်သော ဦးချစ်လှိုင်မှာ ထင်ရှားသော မျိုးချစ်ခေါင်းဆောင်တဦး ဖြစ်သည်၊ မွန်အမျိုးသားများသည်လည်း ဂျီ-စီ-ဘီ-အေ တွင် မြို့နယ်၊ တိုက်နယ် ကျေးရွာအလိုက် တာဝန်ယူခဲ့ကြသည်။
၁၉၂၀ ခုနှစ်တွင် သမိုင်းဝင် အမျိုးသားနေ့အဖြစ် တည်ရှိနေသော တက္ကသိုလ်ကျောင်းသားသပိတ်တွင်လည်း မွန်အမျိုးသားများသည် တိုင်းရင်းသားများနှင့်အတူ ရှေ့တန်းမှ ပါဝင်ခဲ့သည်၊ ၎င်းတို့မှာ ဆရာကြီး ဦးသာဒင် (ပဲခူး)၊ ဦးလူဖေဝင်း၊ ဦးချစ်သောင်းတို့ ဖြစ်သည်။ မထင်ရှားသော မွန်အမျိုးသားသည် တက်ကြွစွာ ပါဝင် ခဲ့ကြသည်။
၁၉၃၀ ပြည့်နှစ်တွင် လယ်သမား သူပုန်ဆရာစံနှင့်အတူ မွန်လယ်သမားများလည်း နယ်ချဲ့ဗြိတိသျှတို့အား တိုက်ရိုက်ခဲ့သည်။ ၁၉၃၆ -၃၈ ခုနှစ်၌ ကျောင်းသားသပိတ်များတွင် မွန်များလည်း ပါဝင်ခဲ့ကြသည်၊ ၁၉၃၂ ခုနှစ်လောက်တွင် တည်ထောင်ခဲ့သော ဒို့ဗမာအစည်းအရုံးတွင် မွန်အမျိုးသားများသည် တက်ကြွစွာ ပါဝင်ခဲ့ကြသည်။ ဆိုရှယ်လစ်ဇင်ကို ပထမဆုံး မြန်မာသို့ သမစိတ္တ အမည်ဖြင့် ဘာသာပြန်သော မွန်သခင်ကြီး (သခင်ကြီး)သည် ထင်ရှားသောခေါင်းဆောင်တယောက် ဖြစ်သည်၊ သခင်ကြီးသည် မွန်လူမျိုးရေးရာ အဖွဲ့ချုပ်တွင် ဒုတိယ ဥက္ကဌ တာဝန်ထမ်းဆောင်ရင်း ၁၉၄၆ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ထို့ပြင် သခင်ဖေသန်း၊ သခင်ဘစော ကဲ့သို့သော မွန်များနှင့် မထင်မရှားသော မွန်များလည်း အများအပြား ရှိသည်။
post-1/6

မွန်နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ ( စည်းလုံးညီညွတ်မှုခြင်း၏ အကျိုးကျေးဇူး )


စည်းလုံးညီညွတ်မှုခြင်း၏ အကျိုးကျေးဇူး
ပဒေသရာဇ်ခေတ်တွင်ပင် သမိုင်းအကြောင်းအရ ပြန်လည်လေ့လာလျှင် မွန်နှင့်မြန်မာတို့သည်၊ တဦးနှင့်တဦး အကျိုးကျေးဇူး တူညီ၍၊ တူညီသောသဘော မျှော်လင့်ချက်အရ ရှိလျှင် ပူးတွဲဆောင်ရွက်ကြသည်၊ ၎င်းနှင့်ပတ်သက်၍ - “ရှေ့တွင် တောက်ပမျှော်လင့်ချက်ရှိလျှင် လူမျိုးကွဲပြားခြင်း စိတ်မရှိဘဲ၊ အတူပူးပေါင်းတိုက်ပွဲဝင်ကြသည်၊ သို့သော် တဦးအပေါ်တဦး သံသယ ဝင်လာလျှင်၊ မိမိတို့၏ အမျိုးသားဆီသို့ ပြန်သွားကြသည်။
အထက်ပါသဘောတရား မှန်ကန်ကြောင်းကို အောက်ပါသမိုင်းကြောင်းက အထောက်အကူပြုနေကြောင်း တွေ့ရသည်၊ ၎င်းမှာ- မွန်တို့ဌာနီ ဥဿာ(ပဲခူး) ကို ရှမ်းစစ်သည်တို့ ဝင်ရောက်နှောက်ယှက်သောအခါ၊ ဘုရင်အနော်ရထာသည် မွန်ဘုရင် မနူဟာထံ ကျန်စစ်သား၊ ညောင်းဦးဖီး၊ ငလုံးလက်ဖယ်၊ ငထွေးရူး စသော မြန်မာသူရဲကောင်းများနှင့် စစ်သည်များ ပေးပို့ကူညီခဲ့သည်၊ အကယ်၍ ရှမ်းစစ်သည်များ သုဝဏ္ဏဘူမိကို အောင်နိုင်လျှင်၊ အထက်မြန်မာပြည်ရှိ ပဒေသရာဇ်နိုင်ငံလည်း အတိုက်အခိုက်ခံရမည် ဖြစ်သောကြောင့် အကျိုးတူဆောင်ရွက်ရခြင်း ဖြစ်သည်။
မြန်မာဘုရင်၏ပိုင်နက်ကို ကျူးကျော်တိုက်ခိုက်လာသော တရုတ်စစ်သည်တို့ကို မြန်မာဘုရင် မင်းခေါင်၏ အကျဉ်းသားအဖြစ် အဖမ်းခံနေရသော မွန်သူရဲကောင်း သမိန်ဗရမ်းသည် မြန်မာစစ်သည်တို့တွင် ထိုးသတ်မည့်သူ မရှိသဖြင့် တရုတ်စစ်သူကြီး ဂါမဏိအား စီးချင်းထိုးသတ် အနိုင်ယူခဲ့သည်၊ ဂါမဏိ ကျ၍ တရားစစ်သည်တို့ ဆုတ်ခွာသွားသဖြင့် မြန်မာပဒေသရာဇ်နိုင်ငံသည် တရုတ်များ၏ ကျူးကျော်ခြင်း ဘေးမှ လွတ်ကင်းခဲ့သည်။
ဟံသာဝတီ၊ ဓမ္မစေတီမင်း (၁၄၇၈-၉၂) လက်ထက်၊ လက်ဖျံတလုံးတည်းဖြစ်သော မွန်သူရဲကောင်း မင်းညီတုံးသည် (၁၄၇၈) ခုတွင် ဟံသာဝတီမှ တရုတ်ပြည်ကျေးစပ်ဖြစ်သော ခန္တီးမြို့တိုင်အောင် ချီတက်သွားရောက်၍ မြေခြား မှတ်တိုင်စိုက်သည်၊ အပြန်တွင် အင်းဝမင်း မဟာသီဟသူရ၏ သားတော်များ ဦးစီးသောတပ်တို့က ဖမ်းမိသည်၊ ထိုအချိန်ကာလတွင် တရုတ်တပ်များ အင်းဝသို့ ကျူးကျော်လွန်လာပြီး စစ်ပြိုင်စီးချင်းထိုးရန် မဟာသီဟသူရထံ တောင်းဆိုသောအခါ ဖမ်းဆီးထားသော မွန်သူရဲကောင်း မင်းညီတုံးအား ယခင်ဘုရင်မင်းခေါင်းလက်ထက်၊ သမိန်ဗရမ်းအား တိုက်ခိုက်စေခဲ့၏၊ တရုတ်တို့ဘက်မှ စလုံကျော်ခေါင် ကျ၍ ခေါင်းဖြတ်ပြီး အနိုင်ယူခဲ့၏၊ စလုံကျော်ခေါင် ကျ၍ တရုတ်စစ်သည်များ ဆုတ်ခွာသွားကြ၏။
တပင်ရွှေထီးလက်ထက်တွင် မုတ္တမစား မွန်ပဒေသရာဇ်ကို တိုက်ခိုက်ရာ စောဗညားသည် ပေါ်တူဂီ ကြေးစား ပါအူလိုဆေအီဆက် (ခ) ခေါင်းဆောင်သော တပ်သားတရာကျော်နှင့် သင်္ဘောခုနှစ်စင်းအားကိုးဖြင့် ခုခံ၏၊ တပင်ရွှေထီး၏ လက်အောက်တွင်လည်း ဂျိုနိုဝါကာယေရိုးခေါ် ပေါ်တူဂီအကြီးအကဲနှင့် တပ်သားခုနှစ်ရာကျော် အမှုထမ်းနေကြသည်။
မုတ္တမစား စောဗညားသည် တပင်ရွှေထီးအား တိုက်ခိုက်ရာတွင် တပင်ရွှေထီးထံ ရှိသော ဂျိုနိုဝါကာယေးရိုးအား ဆွဲဆောင်ရန် စာတစ်စောင် ပေးပို့သည်ကို တပင်ရွှေထီးနှင့် တပင်ရွှေထီးထံ အမှုထမ်းနေသော မိဖရူးတို့ ကြားသိသည်၊ ယင်းကိစ္စနှင့်ပတ်သက်၍ မော်လမြိုင်မြို့စား၊ မွန်မြို့စား ဗညားဦးကလည်း ကုလားပန်းသေးတို့ စကားကို နာနေသည်” ဟု တပင်ရွှေထီးအား အကြောင်းကြားသည်၊ စောဗညား၏ အကူအညီ တောင်းသည်ကိုလည်း မွန်မြို့စားချင်းဖြစ်သော်လည်း မပေးဘဲ နေသည်၊ ပေါ်တူဂီတို့ သစ္စာကို ခံလိုသော စောဗညားကို မွန်စစ်ခေါင်းဆောင် သမိန်ဖရူးက တိုက်ခိုက်နှိမ်နှင်းခဲ့သည်။
အထက်ပါ သမိုင်းကြောင်းများ တချို့သည် မွန်သဒေသရာဇ်နိုင်ငံသည်၎င်း၊ မြန်မာပဒေသရာဇ်နိုင်ငံ သည်ကို၎င်း၊ ပြည်ပကျူးကျော်သူများက လာရောက်တိုက်ခိုက်ပါက နှစ်ဦးနှစ်ဝ အကျိုးအတွက် ပူးတွဲ ကာကွယ်ခြင်း ပြုခဲ့သည်၊ မိမိတို့အမျိုးသားပင်ဖြစ်စေ၊ မိမိတို့၏ပဒေသရာဇ်နိုင်ငံ တည်ဆောက်ရေးထက် ပြည်ပနယ်ချဲ့သမားများကို အဓိက ရန်သူသတ်မှတ်၍ တိုက်ခိုက်တွန်းလှန်သည်ကို မြန်မာရာဇာဝင်သမိုင်းတွင် ပုဂံခေတ်၊ တောင်ငူခေတ်တွင် တွေ့ရသည်၊ ၎င်းကာလတွင် ဖြစ်ပွားသော ပဒေသရာဇ်အချင်းချင်း စစ်ဆင်တိုက်ခိုက်မှုကြောင့် အမျိုးသားများ တဦးနှင့်တဦး ဖိနှိပ်မှု သဏ္ဍာန်မှာ နည်းနေ၍ ဖြစ်သည်၊ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝမရှိသော်လည်း ပဏ္ဏာဆက်နိုင်ငံအဖြစ် ထားသည်၊ စာပေယဉ်ကျေးမှုကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်တည်း ဟူသော (Culture Rights) ယဉ်ကျေးမှု လုပ်ဆောင်ခွင့်များကို ပေးခဲ့သည်။
ကုန်ဘောင်ခေတ် ပဒေသရာဇ်စစ်ပွဲများတွင်၊ ယခင်ပုဂံခေတ်၊ တောင်ငူခေတ်ကဲ့သို့ မဟုတ်တော့ဘဲ၊ အမျိုးသားဖိနှိပ်ရေးအသွင်သို့ ပြောင်းလဲလာသဖြင့် မွန်တို့သည် မြန်မာနိုင်ငံတစ်ခုလုံး၏ အကျိုးစီးပွားထက်၊ မိမိအမျိုးသားစီးပွားရေးကိုသာ အာရုံစိုက်ဆောင်ရွက်နေသောဆန္ဒ ရှိလာသည်၊ ဤကဲ့သို့ ကွဲပြားလာမှုကို ဗြိတိသျှနယ်ချဲ့သမားသည် မြန်မာနှင့်မွန်တို့အား မြှောက်ထိုးပင့်ကော် လက်နက်ခဲယမ်းမီးကျောက် ရောင်းချစီးပွားရှာရန် တိုက်ပေးခဲ့သည်၊ ၎င်းမသင့်မတင့်အပေါ် အခါအခွင့် ယူ၍ မြန်မာပြည်ကို စစ် ၃ ကြိမ်ပြု သိမ်းပိုက်ခဲ့သည်၊ ၎င်းစစ်ပွဲများတွင် မွန်တို့သည် ယခင်ကဲ့သို့ ဗြိတိသျှနယ်ချဲ့သမားများကို မြန်မာတို့နှင့် ပူးတွဲတိုက်ခိုက်ခြင်းများ အလွန်နည်းပါးခဲ့သည်၊ ထိုကြောင့် ဗြိတိသျှနယ်ချဲ့ သမားများသည် မြန်မာပြည်ကို လွယ်လင့်တကူ သိမ်းပိုက်နိုင်ခဲ့သည်ကို တွေ့ရသည်၊။
မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီ ဘဝရောက်သွားသောအခါ၊ မြန်မာပြည်ရှိ တိုင်းရင်းသားအားလုံး နယ်ချဲ့ ဗြိတိသျှကျွန်ဖြစ်လာကြသောအခါ မိမိတို့၏နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ယဉ်ကျေးမှုများကို မိမိတို့ သဘောကျ မလုပ်နိုင်တော့သဖြင့် မိမိတို့ဆုံးရှုံးသွားသော လွတ်လပ်ခွင့်ကို ပြန်လိုကြသည်၊ ထိုကြောင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများသည် တဦးနှင့်တဦး ပူးပေါင်း၍ လွတ်လပ်ရေးအတွက် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲကို ဝင်ခဲ့ကြသည်။
ဤသို့ ရှေ့တွင် လွတ်လပ်ရေး ဟူသော တောက်ပကြည်လင်သော မျှော်လင့်ချက်ကြောင့် မွန်အမျိုးသား တို့သည် မိမိတို့၏ အမျိုးသားတံခွန်ကို မလွှင့်ထူတော့ဘဲ ကျရာတာဝန်ကို ယူ၍ တိုက်ပွဲဝင်ခဲ့ကြသည်၊ မြန်မာနိုင်ငံရေးလှုပ်ရှားမှု သမိုင်းတွင်၊ ဂျီ-စီ-ဘီ-အေ ခေတ်တွင် ဦးချစ်လှိုင် ကဲ့သို့ ပုဂ္ဂိုလ်မျိုးနှင့် မြောက်မြားစွာ မွန်အမျိုးသားတို့ ပါဝင်တိုက်ခိုက်ခဲ့ကြသည်၊ ကျောင်းသားသပိတ်၊ ဒို့ဗမာအစည်းအရုံး စသော အဖွဲ့အစည်းများတွင်၎င်း၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ကြသည်။
post-1/5

မွန်နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ ( ပဒေသရာဇ်ခေတ် အမျိုးသားစည်းလုံးညီညွတ်ရေး )



ပဒေသရာဇ်ခေတ် အမျိုးသားစည်းလုံးညီညွတ်ရေး
မြန်မာနိုင်ငံသမိုင်းကို ပြုစုသူများသည် အများအားဖြင့် မြန်မာနိုင်ငံတွင် အမျိုးသားညီညွတ်ရေးကို ပဒေသရာဇ်ခေတ်တွင် ၃ ကြိမ် ရရှိခဲ့သည်ဟု ယေဘူယျအားဖြင့် ရေးသားကြသည်၊၎င်းတို့မှာ (၁) အနော်ရထာမင်းစော ၊ (၂) တပင်ရွှေထီး - ဘုရင့်နောင်နှင့် (၃) အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ လက်ထက်များတွင် ဖြစ်သည်ဟု ဆိုကြသည်၊ သို့သော် နိုင်ငံရေးပါရဂူ အဆိုအရမူ - "တိုက်ခိုက်သိမ်းပိုက်၍ စုစည်းခြင်းသည် တိုက်ခိုက်သိမ်းပိုက်ခံရသောအမျိုးသာ၏၊ အမျိုးသားကိုယ်ပိုင်ပြဌာန်း ခွင့်ကို ဖျက်ဆီးလိုက်ပြီး ၎င်းအမျိုးသားတို့၏ ဆန္ဒနှင့်ဆန့်ကျင်၍ တိုက်ခိုက်သိမ်းပိုက်ခံရသော အမျိုးသား နိုင်ငံတော်ကို ဖျက်သိမ်းပြီး၊ ၎င်းနိုင်ငံတော် နယ်နိမိတ်ကို စစ်နိုင်ငံသော အမျိုးသားနိုင်ငံတော်နှင့် ပူးပေါင်းခြင်း ဖြစ်သည်။" အဆိုပါသဘောတရားသည် မှန်ကန်ကြောင်း မြန်မာ့သမိုင်းကို လေ့လာလျှင် ပဒေသရာဇ်ခေတ်တွင် မြန်မာပဒေသရာဇ်သည် မြန်မာနိုင်ငံ စုစည်းရာတွင် တိုက်ခိုက်သိမ်းပိုက်ပြီး နယ်နိမိတ်ခြင်း၊ ပူးပေါင်းခြင်း ဖြစ်သည်၊ စုစည်းညီညွတ်မှု အစစ်အမှန်မှာ ဆန္ဒအရသာ ပူးပေါင်းပြီး လူမျိုးတမျိုး၏ ကိုယ်ပိုင်ပြဌာန်းခွင့် ဖြစ်သော မိမိတို့လူမျိုးအတွက် နိုင်ငံရေး၊ စည်းရုံးရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများကို မိမိတို့လူမျိုး၏ ဆန္ဒအရ တခြားအမျိုးသားတို့ လွတ်လပ်ခွင့် မထိခိုက်စေဘဲ လုပ်ဆောင်ခွင့်ရှိရမည်၊ မြန်မာနိုင်ငံ ပဒေခေတ်သရာဇ်တွင် ထိုသို့ စုစည်းခြင်းမဟုတ်သဖြင့် မြန်မာနိုင်ငံရှိ အမျိုးသားများသည် အချင်းချင်း စိတ်ဝမ်းကွဲပြားကာ တော်လှန်ပုန်ကန်မှုများ ဖြစ်ပေါ်လာပြီး၊ ပြည်ပကျူးကျော်မှုကို တွန်းလှန်ရန် အင်အားချိနဲ့သဖြင့်၊ ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံရသည်။ နယ်ချဲ့သမားအောက် ရောက်ရှိသူတို့က သာဓကပြလျှက် ရှိသည်။ အေဒီ - ၁၀၄၇ - ခုနှစ် အနော်ရထာမင်းလက်ထက်တွင် မွန်ပဒေရာဇ်နိုင်ငံကို မြန်မာပဒေသရာဇ်က တိုက်ခိုက်၍ နယ်နိမိတ်ချင်း ပူးပေါင်းခဲ့သည်။ ယင်းကာလတွင် မွန်စာဖြင့် ရေးသား ထားသော ထေရဝါဒဗုဒ္ဓဘာသာ ကို မြန်မာဘာသာသို့ ပြန်ဆိုရာတွင် မွန်စာပေကို အသုံးပြုရသည်။ မွန်စာပေအရေးသားကို ဖိနှိပ်ချုပ်ချယ်မှုမရှိခဲ့ နိုင်ငံရေးသဘောဆိုလျှင် ယဉ်ကျေးမှု ပြဌာန်းခွင့်ရသည် ဆိုရပေမည်၊ သို့သော် နိုင်ငံရေး အုပ်ချုပ်ရေးကို ပြုလုပ်ခွင့် မရဖြင့်၎င်း၊ မွန်အမျိုးသားတို့၏ ခေါင်းဆောင် မွန်ပဒေသရာဇ် မရှိသည့်အတွက်၎င်း၊ မွန်အမျိုးသားများသည် မြန်မာပဒေသရာဇ်၏ ပဏ္ဏာဆက်နိုင်ငံသား သို့မဟုတ် ကျေးကျွန်အဖြစ် တည်ရှိခဲ့သည်။ အေဒီ - ၁၅၃၉ - လက်ထက်တွင် တပင်ရွှေထီးက မွန်ပဒေသရာဇ်နိုင်ငံတော်ကို တိုက်ခိုက်သိမ်းပိုက်ပြီး၊ မွန်ပဒေသရာဇ်နိုင်ငံ (အောက်မြန်မာနိုင်ငံ) နှင့် မြန်မာပဒေသရာဇ်နိုင်ငံကို မွန်တို့ဆန္ဒမတူညီဘဲ စုစည်းခဲ့သည်၊ တပင်ရွှေထီး လွန်ပြီး ဘုရင့်နောင်သည် ဟံသာဝတီ (ပဲခူး) တွင် ထီးနန်းစိုက်ထူပြီး စုစည်းသည်။ ၎င်းခေတ်တွင် မွန်များအား မွန်ဒေသတွင် မြို့စား၊ ရွာစား ခန့်ထားခြင်း၊ စစ်မှုထမ်းစေခြင်း၊ မှူးမတ်အဖြစ် ခန့်ထားခြင်း၊ မွန်စာပေ ယဉ်ကျေးမှုတွင် မွန်တို့ဆန္ဒအရ ပြုလုပ်ခွင့်ပေးခြင်း စသော ယဉ်ကျေးမှု ကိုယ်ပိုင်ပြဌာန်းခွင့် (Culture autonomy ) ကို ပေးခဲ့သည်ဟု မှတ်တမ်းတင်ရမည် ဖြစ်သည်၊ သို့သော် မွန်အမျိုးသားကိုယ်ပိုင် ပြဌာန်းခွင့် (Right of National Self-Determination) ကို မပေးခဲ့သဖြင့် မွန်အမျိုးသားများသည် မြန်မာပဒေသရာဇ်၏ လက်အောက်ခံလူမျိုး ဖြစ်ပြီး မြန်မာပဒေသရာဇ်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး စီမံချက်များကို မွန်တို့လက်ခံ ဆောင်ရွက်ရန်သာ ရှိသည်၊ ယင်းကိစ္စနှင့်ပက်သက်၍ မွန်တို့မှာ ဘာမှလုပ်ဆောင်ချက်မရှိ ဖြစ်သည်။ အေဒီ-၁၇၅၇-ခုနှစ်တွင် အလောင်းဘုရားသည် မွန်ပဒေသရာဇ်နိုင်ငံကို တိုက်ခိုက်ပြီး မွန်တို့ဆန္ဒမပါဘဲ၊ မွန်ပဒေသရာဇ်နိုင်ငံကို မြန်မာပဒေသရာဇ်နိုင်ငံနှင့်စုစည်းပြီး အမျိုးသားစည်းရုံးရေးကို တည်ဆောက်သည်ဟု မြန်မာပဒေသရာဇ် အလောင်းဘုရားက ဆိုသည်၊ သမိုင်းအရဆိုလျှင်အလောင်းဘုရားသည် လူမျိုးရေးအရ ဖိနှိပ်မှုများကို ယခင်ပဒေသရာဇ်များထက် ပြင်းထန်သည်ကို တွေ့ရသည်။
ယခင်ပုဂံခေတ် မြန်မာပဒေသရာဇ်များ တောင်ငူခေတ် တပင်ရွှေထီး နှင့် ဘုရင့်နောင်တို့လက်ထက်တွင် မွန်တို့အား ပေးထားသော ယဉ်ကျေးမှု ကိုယ်ပိုင်ပြဌာန်းခွင့် (Culture autonomy) ကိုပင် မပေးတော့ဘဲ၊ မွန်ပဒေသရာဇ်နိုင်ငံသည် မြန်မာပဒေသရာဇ် နိုင်ငံ၏ ကိုလိုနီကျွန်နိုင်ငံ လုံးလုံးလျားလျားအဖြစ် ရောက်သွားသည်၊ ထိုသို့သော ဖိနှိပ်မှုကြောင့် မြန်မာပြည်တွင် အဓိကတိုင်းရင်းသားများဖြစ်သော မွန်နှင့်မြန်မာသည် စိတ်ဝမ်းကွဲပြားကာ စည်းလုံးညီညွတ်မှု ရှိသည် ဆိုသည်ဟု သမိုင်းသုတေသီတို့ ထင်သလို မဟုတ်ဘဲ၊ စိတ်ဝမ်းကွဲပြားလာခဲ့သည်၊ ၎င်းကို အချက်ယူပြီး နယ်ချဲ့သမား ဗြိသိသျှသည် မြန်မာပြည်ကို သိမ်းပိုက်နိုင်သည့် သာဓကမှာ အမည်သူမှ ငြင်းနိုင်မည်မဟုတ်ပေ။
post-1/4

မွန်နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ ( ပဒေသရာဇ်ခေတ် မွန်ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု အခြေအနေ )


ပဒေသရာဇ်ခေတ် မွန်ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု အခြေအနေ
မွန်တို့၏ အမျိုးသားစာပေ၊ ယဉ်ကျေးမှုကို လေ့လာလျှင် စာပေစတင်ပေါ်ပေါက်သောပဒေသရာဇ်ခေတ်မှ စတင်ရပါမည်။ ထိုခေတ် မွန်အမျိုးသားတို့ ခေါင်းဆောင်မှာ မွန်ပဒေသရာဇ်များ ဖြစ်ကြသည်။ မွန်အမျိုးသားတို့၏ဘဝရပ်တည်ရေးနှင့် ဂုဏ်ရှိန် အနိမ့်အမြင့်သည် မွန်အမျိုးသားတို့၏အာဏာကို စိုးပိုင်ထားသော မွန်ပဒေသရာဇ်တို့၏အပေါ်တွင်သာတည်သည်။ ယခုခေတ်သုံးစကားနှင့်ဆိုလျှင် မွန်လူမျိုးတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများသည် မွန်ပဒေသရာဇ် လက်ဝယ် တည်မှီနေသည်။
လူမျိုးတမျိုးသည် မိမိတို့၏အမျိုး၊ စာပေ၊ စကား၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ပြုစုပျိုးထောင်ထိန်းသိမ်း ရန်မှာ ၎င်းလူမျိုး တို့၏အမျိုးသားလုပ်ပိုင်ခွင့်အာဏာ သို့မဟုတ် နိုင်ငံရေးအာဏာပေါ်တွင် တည်နေသည်။ ပဒေသရာဇ်ခေတ်တွင် မွန်ပဒေ သရာဇ်များအာဏာရှိမှု၊ မရှိမှုပေါ်တွင် တည်နေသည်ကို တွေ့ရသည်။
အေဒီ ၁၀၄၇ မွန်ဘုရင် မနူဟာမင်းလက်ထက်တွင် မြန်မာဘုရင် အနော်ရထာမင်းလက်ထက် မနူဟာဘုရင် အား သုဝဏ္ဏဘူမိမှ ဖမ်းဆီး၍ ပုဂံသို့ ယူဆောင်အကျဉ်းချထားသည်။ ၎င်းနှင့်အတူ မွန်ရဟန်းတော်များ၊ မွန်ဗိသုကာများ၊ မွန်စာပေပုရပိုဒ်များကို ယူဆောင်သွားသည်။ ကျေးကျွန်အဖြစ် မွန်အမျိုးသားများစွာ တို့ကိုလည်း ဖမ်းဆီးသွားသည်။ အထူးသဖြင့် မွန်ဘာသာဖြင့် ရေးသားထားသော ထေရဝါဒ ဗုဒ္ဓဘာသာ စာပေများကို ပင့်ဆောင်သွားသည်။ မွန်တို့ဌာနီ သုဝဏ္ဏဘူမိ (သထုံ)သည် မြန်မာ ဘုရင်လက်အောက်သို့ ကျရောက်သွားသည်။ မွန်ပဒေသရာဇ် နိုင်ငံသည် မြန်မာပဒေသရာဇ်နိုင်ငံနှင့် ပူးပေါင်းလိုက်သဖြင့် မွန်ပဒေသရာဇ် နိုင်ငံ ကွယ်ပျောက်သွားသည်။ မွန်ပဒေသရာဇ် မရှိသည့်နောက် မွန်စာပေ၊ ယဉ်ကျေးမှု အရှိန်မှေးမှိန်လာသည်။ သို့သော် မွန်စာပေသည် မြန်မာစာပေ တိုးချဲ့ရေးအတွက် နေရာရခဲ့သည်။ မြန်မာစာပေအရေးအသားကိုလည်း မွန်စာ ပေအရေးသားမှ အတုယူပြီး ပြုစုပျိုးထောင်ခဲ့သည်။ မွန်စာပေဖြင့် ရေးသားထားသော ဗုဒ္ဓစာပေကိုလည်း မွန်တို့ထံမှတဆင့် ကူးယူပြန်ဆိုသည့် ပုဂံတွင် ရှိသော မဟာယန အယူဝါဒမှ ထေရဝါဒသို့ ပြောင်းလဲလာသည်။ အုတ်ဖြင့် တည်ဆောက်ခဲ့သော သာသနိက အဆောက်အဦး များကိုလည်း မွန်ဗိသုကာများက ဆောက်လုပ်ပေးရသည်မှာ ယခုထက်တိုင်ရှိသောပုဂံရှေးဟောင်း ဘုရားများက သက်သေထူလျှက် ရှိသည်။
အေဒီ - ၁၂၈၇ ခုနှစ်တွင် မွန်ဘုရင်ဝါရီရူ အောက်မြန်မာနိုင်ငံရှိ မွန်အမျိုးသားတို့ကို စုစည်းပြီး မုတ္တမတွင် မွန်ပဒေသရာဇ် နိုင်ငံကို တည်ထောင်ပြန်သည်။ မွန်တို့သည် နှစ်ပေါင်း ၂၄၀ မျှ မွန်အမျိုးသားခေါင်းဆောင် မွန်ပဒေသရာဇ် မဲ့ရာမှ ခေါင်း ဆောင်သစ် ဝါရီရူကို ရရှိခဲ့သည်။ ဝါရီရူမင်းဆက် ဆင်ဖြူရှင် ဗညားဦးလက်ထက်၊ အေဒီ - ၁၃၇၀ တွင် (သမလ၊ ဝိမလ ညီနောင်တို့၏ အေဒီ - ၅၇၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အေဒီ - ၁၀၄၃ - ခုနှစ်လောက်တွင် အနော်ရထာဘုရင်အောက် ရောက်သွားသော) ဟံသာဝတီ (ပဲခူး) မွန်နေပြည်တော်ကို ပြန်လည်တည်ထောင်ပြီး မင်းနေပြည်တော်အဖြစ် စိုးစံသည်။ ထိုအချိန်တွင် မွန်စာပေအရေးအသားများ ဖြစ်သော၊ ကဗျာ၊ လကာင်္၊ ဝတ္ထု အရေးအသားများသည် ဗုဒ္ဓစာပေနှင့်မှီး၍ ပေါ် ပေါက်လာသည်၊ သို့သော် ဆင်ဖြူရှင် ဗညားဦး လွန်လျှင် သားတော် ရာဇာဓိရာဇ် (အေဒီ - ၁၃၈၅ -၁၄၂၃) သည် ဟံသာဝတီ (ပဲခူး)တွင် ထီးနန်းစိုက်ပြီး မွန်ပဒေသရာဇ် နိုင်ငံတော်ကို ဦးဆောင်ခဲ့သည်။ ရာဇာဓိရာဇ်သည် လက်ရုံးရည်၊ နှလုံးရည်ရှိ သော မွန်အမျိုးသား ပဒေသရာဇ် သူရဲကောင်း ဖြစ်သည်။ အစဉ်လှုပ်ရှားတိုက်ခိုက်မှု၊ မြန်မာပဒေသရာဇ်များနှင့်အစဉ်လက်ရုံး ရည်ပြိုင်ခဲ့သည့်အတွက် မြန်မာဘုရင်များနှင့် နှစ်ပေါင်း ၄၀ နီးပါး (၁၃၈၆ - ၁၄၂၅) ပြည်သူ့တို့အကျိုးစီးပွားမပါသော စစ်ပွဲ များကို ခင်းကျင်းခဲ့သည်။ စစ်ကြောင့် လယ်ယာစီးပွားရေး၊ စာပေများ မတိုးတက်ဘဲ ဆုတ်ယုတ်သွားသည်။ မွန်ပဒေသရာဇ် အောက်ရှိ ပြည်သူများမှာလည်း စစ်တိုက်နေရ၍ ပင်ပန်းနေကြသည်။ အနှစ် - ၄၀ မျှ၊ စာပေ၊ ယဉ်ကျေးမူကို ပြန်လည်ပြုစုတိုးချဲ့ရန် အချိန်မရ ဖြစ်ခဲ့ရသည်။
အနှစ် - ၄၀ စစ်ပွဲကြီးပြီးနောက် မွန်ပဒေသရာဇ်နိုင်ငံတော်သည် နိုင်ငံရေး၊ စီးပွားရေးအရ ကြပ်တည်းနေသည်။ မြန်မာပဒေ သရာဇ်များနှင့် စစ်ပွဲ မကြာခဏ ဖြစ်ပွားနေသည့် ရာဇာဓိရာဇ်ကို ဆက်ခံသော သားတော် ဗညားဓမ္မရာဇာလက်ထက်တွင် ညီတော်များနှင့် မသင့်မတင့်၍ အင်းဝမှ ဆင်ဖြူရှင် သီဟသူရမင်း ဝင်ရောက်တိုက်ခိုက်ခြင်းကို ခံရ၏။ ထိုအခါ ဒဂုန်မင်း ဗညားရံက နှမတော် ရှင်စောပု(ရာဇာဓိရာဇ်၏သမီး)ကို ဆက်၍ စစ်ငြိမ်းစေသည်။ (ပေမူများတွင်မူ ဒဂုန်တိုက်စဉ် ရှင်စောပုကို ဖမ်းမိပြီး အင်းဝသို့သီဟသူရ ပြန်သည်ဟု ဆိုသည်။ စကားချပ်)ဟံသာဝတီတွင် ရာဇာဓိရာဇ်မရှိသည့်နောက် ထီးမွေနန်းမွေး ကိစ္စများ ရှုပ်ထွေးလာသည်၊ သို့သော် မွန်ပဒေသရာဇ်နိုင်ငံနှင့် မြန်မာပဒေသရာဇ် စစ်ပွဲမဖြစ်သည်မှာ ဗညားဓမ္မရာဇာ (၁၄၂၃ - ၁၄၂၆)၊ ဗညားရံ (၁၄၂၆ - ၁၄၄၆)၊ ဗညာဖရူး (၁၄၄၆ - ၁၄၅၀)၊ ၁၄၅၀- ခုနှစ်တွင် ဗညားဖရူး အနိစ္စရောက်ပြီး အင်းဝဘုရင် နရပတိထံသို့ သွားရောက်ခိုလှုံနေသော ဟံသာဝတီ ဗညားဓမ္မရာဇာ၏ သားတော် ဗညားကျန်းအား နရပတိက ဆင်နှစ်ရာ၊ မြင်းလေးထောင်၊ စစ်သူရဲ လေးသောင်းနှင့် ကြပ်မတ် နန်းတင်သည်။ ဟံသာဝတီ (ပဲခူး)ကို ဆက်လက်စိုးစံသော လိတ်မွတ်ထောမင်း (အေဒီ - ၁၄၅၃)၊ ဘုရင်မ ရှင်စောပု (၁၄၅၃ - ၁၄၇၂)၊ ဓမ္မစေတီမင်း (၁၄၇၂ - ၁၄၉၂) တို့လက်ထက်တွင် ငြိမ်းချမ်းသာယာမှု ရှိသည်။ သို့သော် အနှစ် - ၄၀ စစ်ပွဲကြောင့် ယိုယွင်းနေသော မွန်နိုင်ငံတော်ကို အဖက်ဖက်မှ ပြန်လည်ပြုစုပျိုးထောင်ရ မည့်အစား ထေရဗုဒ္ဓဘာသာ ကိုင်းရိုင်းသော မင်းဆက်များဖြစ်၍ သာသနာရေးကိစ္စများကို အလေး ပေးဆောင်ရွက်ကြသည်။ အထူးသဖြင့် မြတ်စွာဘုရားသည် ရာဇယတနလင်းလွန်းပင်ရင်း ၄၃ ရက်ပတ်လုံး သမာပတ်ဝင်စား၍ နေတော်မူပြီး ရှစ်ရက်မြောက်သောနေ့၌ ရာမညတိုင်းမှ မွန်ကုန်သည်ညီနောင် တဖုဿ - ဘလ္လိကတို့ကကြွက်ကျစ်မုံ့၊ ပျားမုံ့တို့ကို ကပ်လှူ၏။ မြတ်စွာဘုရားရှင်ကလည်း ဆံတော်မြတ်များအား ပေးအပ်သဖြင့် ရာမညတိုင်းသို့ ယူလာသည်။ ရာမညတိုင်းသို့ ရောက်သောအခါ မွန်ဘုရင် ဥက္ကလာပက သိဂုင်္တ္တရကုန်းတော်၌ စေတီတည်ထားကိုးကွယ်သည်။ ထိုဘုရား သည် ပျက်စီးယိုယွင်းနေခြင်းကို ပြန်လည်ပြုပြင်သောလုပ်ငန်းကို လူအင်အား၊ ပစ္စည်းအင်အားတို့ဖြင့် ဆောင်ရွက်သည်။ မွန်ဘုရင် ဗညာကျန်းထော (၁၄၅၀ - ၁၄၅၃) လက်ထက်၌တွင် ဥာဏ်တော် ၂၁၆ - တောင်၊ ၂ - မိုက်၊ ၅ - သစ်အထိသာ ပြီးသည်။
ဤသို့ ကောင်းမူကုသိုလ်ပြုလုပ်နေရသဖြင့် မွန်အမျိုးသားတို့၏ စည်းရုံးရေး၊ စီးပွားရေး၊ စာပေ၊ ယဉ်ကျေးမှုကို ပြုစု ပျိုးထောင်ရန် ပျက်ကွက်ခဲ့သည်။ ဓမ္မစေတီမင်း (၁၄၇၂ - ၁၄၉၂) ကို သားတော် ဗညားရံ (၁၄၉၂ - ၁၅၂၆) က လုပ်ကြံ၍ ထီးနန်းသိမ်းယူသည်။ ယင်းလက်ထက်တွင် အင်းဝ ဒုတိယမင်းခေါင်၏သစ္စာခံ တောင်ငူစား မင်းကြီးညိုသည် ဟံသာဝတီ ကျေးစပ်နယ်ပယ်ကို လာရောက်ထိပါးသည်။ ဗညားရံ လွန်ပြီး တကာရွတ်ပိမင်း (၁၅၂၆ - ၁၅၃၉) လက်ထက်တွင် အင်အား ချိနဲ့သော နန်းတွင်းအရေးတော်ပုံကြောင့် စည်းလုံးမှု ပြိုကွဲနေသော ဟံသာဝတီ (ပဲခူး) ကို အင်အားကြီးမားလာသော တောင်ငူ တပင်ရွှေထီးက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
မွန်အမျိုးသားများသည် မြန်မာဘုရင်များ၏အအုပ်အချုပ်ခံဘဝသို့ တကာရွတ်ပိမင်းလက်ထက် (၁၅၃၉)မှစ၍ ကျရောက် သွားသည်။ ထိုသို့ ကျရောက်သွားသဖြင့် မွန်အမျိုးသားတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စာပေ၊ ယဉ်ကျေးမှုမှာလည်း မှေးမှိန်သွားရသည်။ ထို့ကြောင့် မွန်အမျိုးသားများသည် မိမိနိုင်ငံ ခေါင်းဆောင်ဖြစ်သော ပဒေသရာဇ်များ ခေါင်းဆောင်မှု အောက်တွင် ပြန်လည်တော်လှန်ကြသည်။ တပင်ရွှေထီး (၁၅၃၉ - ၁၅၅၀) လက်ထက်တွင် မွန်တို့သည် ဒလ၊ ဒဂုန်၊ သံလျှင် စသောဒေသများတွင် လူစုပြီး ပုန်ကန်ကြသည်။ ထိုသို့ ပုန်ကန်နေစဉ်အတွင်း သမိန်စောတွတ်က တပင်ရွှေထီးအား လုပ်ကြံပြီး ဟံသာဝတီတွင် နန်းစံသည်။ သို့သော် အမတ်တို့က ဆန့်ကျင်ပြီး နန်းချကာ သမိန်ထောရာမကို နန်းတင်ပြန်သည်။ ဘုရင့်နောင်သည် သမိန်ထောရာမကို ၁၅၅၁ နှစ်တွင် တိုက်ခိုက်ပြီး ဟံသာဝတီ(ပဲခူး) နေပြည်တော်ကို ပြန်လည်၍ မြန်မာ ပဒေသရာဇ် မြို့တော်အဖြစ် သတ်မှတ်တည်ထောင်ခဲ့သည်။
ထိုသို့ နှစ်ပေါင်း ၂၀၀ ကျော်မျှ မွန်အမျိုးသားများ ခေါင်းဆောင်မဲ့ရာမှ ၁၇၄၇ - ခုနှစ်တွင် ဗညားဒလ ဟံသာဝတီ (ပဲခူး) တွင် ထီးနန်းစိုက်ထူသည်။ ဗညားဒလအရင် သမိန်ထောက မွန်တို့အား ခေါင်းဆောင်ခဲ့သော်လည်း သမိန်ထောက ခေါင်းဆောင်မှု မပေးတော့သဖြင့် ဗညားဒလကို နန်းတင်သည်။
(မွန်တို့သည် အင်းဝ၏သြဇာကို မနာခံတော့ဘဲ သီးခြားနိုင်ငံ ထူထောင်ကြသည်။ ထိုသို့ ထူထောင်ပြီးနောက် အုပ်ချုပ်မည့် မင်းကို ရွေးချယ်ရာ အင်းဝအနွယ်တစ်ဦးအား ရွေးချယ်ကြသည်၊ ထိုမင်းသည် တိုင်းရေးပြည်ရေး ကို ကောင်းစွာ ဂရုမစိုက်သဖြင့် ၎င်း၏ယောက်ဖဖြစ်သူ ဗညားဒလအား နန်းတင်သည်။) (ဗိုလ်မှူးဘရှင် ရေး၊ မြန်မာနိုင်ငံသမိုင်း၊ စာ-၂၁၂)
ဗညားဒလသည် ၁၇၅၂ - ခုနှစ်တွင် အင်းဝကို သိမ်းယူပြီး မြန်မာပဒေသရာဇ် မဟာဓမ္မရာဇာဓိပတိကို ဟံသာဝတီသို့ ခေါ် ဆောင်ခဲ့သည်။ မွန်စစ်သူကြီး တလဗန်းကို အင်းဝတွင် တပ်စွဲစေခဲ့သည်၊ မြန်မာပဒေသရာဇ်ခေါင်းဆောင် ဦးအောင်ဇေယျသည် လူသူစုပြီး အင်းဝကို ပြန်လည်၍ တလဗန်းလက်မှ တိုက်ယူ၍ အောက်ပြည်သို့ စုန်ဆင်းကာ ၁၇၅၇ - ခုနှစ်တွင် ဟံသာဝတီ(ပဲခူး)ကို တိုက်ခိုက်သိမ်းပိုက်သဖြင့် မွန်ပဒေသရာဇ်ခေတ်သည် နောက်ဆုံး နိဂုံးချုပ်ခဲ့ရသည်။ သို့သော် မွန်အမျိုး သားတို့သည် ပုန်ကန်မှုများ ပြုလုပ်ခဲ့သော်လည်း မအောင်မြင်၊ အကြီးဆုံးသော ပုန်ကန်မှုမှာ သံလျှင်မြို့စား သမိန်မရူးဘွဲ့ခံ မောင်စပ်၏ ပုန်ကန်မှုမှာ အပြင်းထန်ဆုံး ဖြစ်သည်။ ပုန်ကန်မှုမအောင်မြင်၍ အင်္ဂလိပ်ပိုင် မော်လမြိုင်တွင် သွားရောက်၍ အင်္ဂလိပ်ထံတွင် ခိုလူံသည်။
အေဒီ - ၁၇၅၇ တွင်ဖြစ်ပွားသော မွန်နှင့်မြန်မာ ပဒေသရာဇ်တိုက်ပွဲသည် ယခင်ကဲ့သို့ ပဒေသရာဇ်တန်ခိုး အာဏာစွမ်းရည် ပြိုင်သည်ထက် ကျော်လွန်သွားပြီး အမျိုးသားဖိနှိပ်ရေးအသွင်သို့ ဆောင်လာသည်။ မွန်စာပေများသည်လည်း ဖျက်ဆီးခြင်း ခံရသည်၊ စစ်ရှုံးမွန်တို့သည် ယိုးဒယားပြည်သို့ အများအပြား ပြေးဝင်ခိုလှုံကြသည်။ မွန်တို့ဌာနီ ရာမညဒေသတွင်လည်း လူသူမဲ့သောဒေသ ဖြစ်လာသည်။ လယ်ယာ ထွန်ယက်သူမရှိ၍ လယ်ကောလယ်ရိုင်းများ ဖြစ်လာသည်။ ဗြိတိသျှ နယ်ချဲ့ သမားသည် ပထမအင်္ဂလိပ် - မြန်မာစစ်ပွဲအပြီးတွင် တနင်္သာရီတိုင်းနှင့် ရခိုင်တိုင်းကို ၁၈၂၆ ခုနှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ တွင် ချုပ်ဆိုသော ရန္တပိုစာချုပ်အရ ရရှိသည့်အရင်းရှင်အုပ်ချုပ်မှုသည် ပဒေသရာဇ်အုပ်ချုပ်မှုထက် ပျော့ပျောင်း သဖြင့် ယိုးဒယားသို့ ပြေးဝင်သွားသောမွန်တချို့ ပြန်လာပြီး ဟံသာဝတီ(ပဲခူး)တွင် စတင် နေထိုင်လုပ်ကိုင် စားသောက်ကြသည်။ ယိုးဒယား (ထိုင်းလင်း)တွင် မွန်အများစုကို မဲခေါင်မြစ်ဝကျွန်းပေါ်၊ ဘန်ကောက်မြို့တော် တဝိုက်တွင် ယခုထက်တိုင် တွေ့ရှိ နိုင်သည်။
post-1/3

မွန်နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ (သမိုင်းတင်ခေတ်အစ၊ မွန်ပဒေသရာဇ်နိုင်ငံတော် )


သမိုင်းတင်ခေတ်အစ၊ မွန်ပဒေသရာဇ်နိုင်ငံတော်
သမိုင်းတင်ခေတ်ဦးတွင် မွန်တို့သည် ကုန်လုပ်ဆက်ဆံရေး တိုးတက်လာသည်နှင့်အမျှ အောက်မြန်မာနိုင်ငံ တွင် မွန်နိုင်ငံကို တည်ထောင်ကြောင်း တွေ့ရှိရသည်။ ၎င်းမှာ သုဝဏ္ဏဘုံမိ ဖြစ်သည်။ ဘာသာဗေဒအရ မွန်တို့သည် သြစတြိုအေရတစ်အနွယ် တွင် ပါဝင်သည်။ သမိုင်းဦးဘုံမြေခေတ်၊ ကျောက်ခေတ်နှောင်းကာလ (ဘီစီ -၂၀၀၀ ကျော်) လောက်ကတည်းက သူတို့ သည် လယ်ယာစိုက်ပျိုးမှုအတတ်ကို တတ်သိနားလည် ဆောင်ရွက်ခဲ့သည်။ စပါးစိုက်ပျိုး၍ ဖြစ်ထွန်းနိုင်သောအရှေ့တောင် အာရှမြစ်ဝှမ်းဒေသများသို့လူဦးရေ တိုးတက်များပြားလာသည့်မွန်၊ ခမာ မျိုးနွယ်ကွဲဝင်တို့ တစတစ ရွေ့ပြောင်းနေထိုင် ခဲ့ကြသည်။ ဤသို့ဖြင့် သူတို့သည် ဒုတိယမူရင်းဒေသဟု ဆိုရမည့်ဗီယက်နန်ပြည် မြစ်နီမြစ်ဝှမ်းကျွန်းပေါ်ဒေသ၊ ယခုအခါ ကမ္ဘောဒီးယား မဲခေါင်မြစ်ဝှမ်းကျွန်းပေါ်ဒေသ၊ ယိုးဒယားတောင်ပိုင်း ချောင်ဖျရာ မဲနန်ဒေသ၊ ယင်းမှတဆင့် စစ်တောင်း၊ သံလွင်၊ ဂျိုင်းမြစ်ဝှမ်းကျွန်းပေါ်ဒေသသို့ ပြောင်းရွှေ့လာခဲ့ကြသည်။ မွန်၊ ခမာ အနွယ်ကွဲဝင် တို့သည် အဆိုပါမြစ်နီမြစ်ဝှမ်းမှ အိန္ဒိယနိုင်ငံ အာသံပြည်နယ်၊ ဗြဟ္မပုတ္တရမြစ်ဝှမ်းနှင့် ဂင်္ဂါမြစ်ဝှမ်းဒေသ များသို့လည်း ရောက်ရှိခဲ့သည်။
မွန်တို့သည် သုဝဏ္ဏဘုံမိ (သထုံ) မြို့ကို မြို့တော်အဖြစ် ပြုလုပ်စိုးစံနေထိုင်ကြသော မွန်နိုင်ငံတစ်ခုကို၎င်း၊ မြန်မာနိုင်ငံနယ် စပ်နှင့်နယ်ခြားစပ်လျှက်ရှိသောယိုးဒယား (ထိုင်း) ပြည်၏မြောက်ပိုင်းတခွင်နှင့် တောင်ပိုင်းတလွှားတို့ကို ကြီးစိုးလွှမ်းမိုး နေသည့်မွန်နိုင်ငံတစ်ခုကို၎င်း ထူထောင်ထားပြီး ဖြစ်သည်။ ယခုအခါ ယိုးဒယား (ထိုင်း) နိုင်ငံအဖြစ် နယ်နိမိတ်သတ်မှတ် ထားသည့်မြေပေါ်တွင် အဆိုပါမွန်ပြည်နှစ်ပြည်ကို ထူထောင်ထားကြရာ တောင်ပိုင်းမွန်နိုင်ငံကို ဒွါရဝတီဟု ခေါ်၏။ မြို့တော် မှာ လော့ပူရီ (LOP BURI ) ဖြစ်သည်၊ လော့ပူရီမြို့ကား ယခုတိုင် ရှိနေသေး၏။ မြောက်ပိုင်းမွန်နိုင်ငံကို ဟရိဘုဉ္ဇ ခေါ်ကြ သည်။ မြို့တော်မှာ လမ်ဖုန်းဖြစ်သည်။ ဤမြို့သည်လည်း ဇင်းမယ်မြို့၏တောင်ယွန်းအရပ်၌ ယခုတိုင် ရှိသေး၏။
မွန်၊ ခမာအနွယ်ဝင် မွန်အမျိုးသားတို့ မြန်မာနိုင်ငံအောက်ပိုင်းတွင် တည်ဆောက်ခဲ့သော သုဝဏ္ဏဘူမိနိုင်ငံ၏ အချုပ်အချာ ဒေသမြို့တော်မှာ သထုံခရိုင် ဘီးလင်းမြို့နယ် ကေလာသတောင်တဝိုက်ဖြစ်သည်ဟု သုတေသီတို့က ခန့်မှန်းကြသည်။ ယင်းဒေသတွင် မွန်လူမျိုးတို့အခြေစိုက်၍ မြို့ပြထီးနန်း တည်ဆောက်ခဲ့သည်၊ (ယခုအခါ ၎င်းဒေသကို ရှေ့ဟောင်းသုတေ သနဌာနမှ စတင်တူးဖေါ်၍ သုတေသနပြုလုပ်ပြီး ဖြစ်၍ ပြည့်စုံသောအချက်အလက်များ နောက်ထပ်တွေ့ရှိလာမည်ဟု ယုံကြည်ရသည်။)
သုဝဏ္ဏဘူမိသည် မွန်တို့ဌာနေဖြစ်သော ရာမညဒေသကို အမည်ပေးထားသည်ဟုလည်း ဆိုနိုင်သည်။ ယင်းမှာ မူလအားဖြင့် စစ်တောင်းနှင့်သံလွင်မြစ်နှစ်သွယ်ကြားဒေသ ဖြစ်သည်။ ရာမညဒေသ ဆိုသည်မှာ လည်း ခေတ်လယ် မွန်တို့က မိမိတို့ကို ခေါ်သော “ မာန်” ဟူသော အမည်မှ ဆင်းသက်လာခြင်း ဖြစ်သည်။
ရှေးနှစ်ပေါင်းများစွာက ယင်းဒေသ (သုဝဏ္ဏဘူမိ) သည် ပင်လယ်ဆိပ်ကမ်းတစ်ခု ဖြစ်ခဲ့ကြောင်း သံသယ မဖြစ်နိုင်ချေ၊ ယခု မုတ္တမတောင်တန်း၏အနောက်ဘက်လွင်ပြင်မှာ ရှေးယခင်က ပင်လယ်ရေများ လွှမ်းနေခဲ့သည်၊ ထိုစဉ်က ပင်လယ်ကမ်းစပ် သည် အရက်သည်မ ( တိုက်ကုလား) ရွာဖြစ်သော ကေလာသ တောင်ခြေအထိ ရောက်ခဲ့သည်၊ ယခု အရက်သည်မရွာ နှင့် သထုံမြို့နေရာတို့မှ လေးမြှားများ၊ ကျောက်ကြိုး များ နိုင်ငံခြားသင်္ဘောများ၏အပိုင်းအစများကို တူးဖေါ်ရရှိခဲ့ဘူးသည်။
မဟာရာဇဝင်ကြီး၌ ဘုရားသခင်ထင်ရှားရှိစဉ်က အာသောက ဓမ္မရာဇာ မင်းပြု၏၊ သထုံရာဇာဝင်ကျမ်းဟောင်း တွင်မူ သထုံ၌ သီဟရာမင်း မှစ၍ မနူဟာမင်းအထိတိုင် စိုးစံသည်ဟု ဖော်ပြထား၏။
သုဝဏ္ဏဘူမိ (ခေါ်) သထုံမြို့တည်ထောင်သည့်ခုနှစ်နှင့် စပ်လျဉ်း၍ တိတိကျကျ မရှိလှပေ။ မွန်၊ မြန်မာ ရာဇာဝင်များတွင်မူ ဘီစီ-၁၇- ရာစုအတွင်းက တည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု သတ်မှတ်ကြသည်။
သုဝဏ္ဏဘူမိနှင့် ပတ်သက်စပ်လျဉ်း၍ ခေါမ ပထဝီရှင် တော်လမီက၊ “ ဗေင်စင်ဂ”ဟုခေါ်သော မုတ္တမ ပင်လယ်ကွေ့ ကမ်းရိုးတန်းတလျှောက်တွင် အရပ်ပု၍ ကြံ့ခိုင်သောလူကြမ်းများ နေထိုင်ကြသည်၊ သူတို့သည် မူရင်းတိုင်းရင်းသားဖြစ်သော သြစ တြိုနီးရှင်းများ၊ မြန်မာစာပေလောကတွင် ဘီးလူးဟု ခေါ်တွင်သောလူများ ဖြစ်တန်ရာသည်။ မွန်၊ ခမာ အနွယ်စုတို့ ရောက်လာသောအခါ မခုခံနိုင်၍ ၎င်းတို့သည် ပင်လယ်ရှိကျွန်းများ ပေါ်သို့ ဆုတ်ခွာသွားခဲ့ရသည်။
မြေရှင်ပဒေသရာဇ်ခေတ်လယ်တွင် မနူဟာမင်း (မကုတ) မတိုင်မီ မွန်ဘုရင်များ ခေါင်းဆောင်သော သုဝဏ္ဏဘူမိ သထုံပြည် သည် အင်အားတောင့်တင်းလျှက် ရှိသည်၊ သထုံတွင် မွန်လူဦးရေ များပြားလာသဖြင့် “ဟံသာဝတီ ( ပဲခူး ) ”၊ တွံတေးမြို့ အရှေ့ဘက်ရှိ “ကြဗင်း”မြို့များ တည်ထောင်ခဲ့သည်။ သို့သော် စုစည်းသောအင်အားကြီးနိုင်ငံတစ်ခုအဖြစ် မတည်ထောင် နိုင်ခဲ့သေးပေ။
သုဝဏ္ဏဘူမိတွင် မွန်တို့၏ မိရိုးဖလာ ကိုးကွယ်မှုအပြင် အိန္ဒိယမှ ဗိဿနိုး ကိုးကွယ်သည့် ဗြဟ္မဏဝါဒနှင့် ဗုဒ္ဓဝါဒကို သက်ဝင် ယုံကြည်ကြသည်။ သို့သော် ဗြဟ္မဏဝါဒမှာ မှေးမှိန်ခဲ့ပြီး ဗုဒ္ဓဝါဒ ထွန်းတောက်ခဲ့သည်။ သီဟရာဇာမင်း စိုးစံချိန်တွင် ၎င်း၏ နောင်တော် အရှင် ဂဝံပတိထေရ်က မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသောအခါ ဌာပနာသွားတော် သုံးဆယ့်နှစ်ဆူ ပင့်ဆောင်ပြီး အနှစ် ၆၀ တိုင်တိုင် ပူဇော်ခဲ့သည်ကို သထုံရာဇဝင်ကျမ်း ဟောင်းတွင် ဖော်ပြထားသည်။ အာသောကမင်းကြီး လက်ထက် တွင်လည်း အရှင်သောဏ နှင့် အရှင်ဥတ္တရ တို့ သာသနာပြုခဲ့ကြောင်း တွေ့ရှိရသည်။ ထိုအချိန်တွင် မြန်မာပြည် မြောက်ပိုင်း၌ အရည်းကြီး မဟာယနအယူသာ ရှိ၏။
သုဝဏ္ဏနိုင်ငံသားတို့သည် သာသနိက ဆိုင်ရာအဆောက်အဦးများ၊ မြို့ရိုးခံတပ် စသည်တို့ကို ဂဝံကျောက် များဖြင့် ကောင်း မွန်စွာ တည်ဆောက်ခဲ့ကြသည်။ ထိုကြောင့် ထိုခေတ်တွင် ဂဝံကျောက်ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာကြောင်း မှတ်တမ်း တင်ခဲ့ကြသည်။
အထက်ဖော်ပြပါအရ မွန်တို့သည် ဘီစီ ၂၀၀၀ ကျော်ကစ၍ မွန်ပဒေသရာဇ်ခေတ်အစ လော့ဗူရီ၊ လမ်ဖုန်း၊ သုဝဏ္ဏဘူမိ၊ ဟံသာဝတီ( ပဲခုး)နှင့် ပဒေသရာဇ်ခေတ်များတွင် ရေးထိုးခဲ့သောကျောက်စာတဆင့်စီ ကူးယူခဲ့သော ပေစာ၊ ပုရပိုဒ်များနှင့် ယခုတိုင် ပုံနှိပ်အသုံးပြုနေသော စာပေယဉ်ကျေးမှု မှတ်တမ်းများ၊ ၎င်းနှင့်ပက်သက်သော အချက်အလက်များက မွန်အမျိုး သားတို့တွင် အချုပ်အချာအာဏာနှင့် ပြည့်စုံသော၊ ကျယ်ပြန့်သောနယ်မြေကို ပိုင်ဆိုင်အုပ်စိုးခဲ့ကြောင်း သိရှိနိုင်သည်။ စီးပွား ရေးအရလည်း သမိုင်း သုတေသီတို့မှ မှတ်တမ်းတင်ခဲ့သည့်အတိုင်း လယ်ယာစီးပွားရေးကို လုပ်ကိုင်ကြသူများ ဖြစ်သည်။ မွန်တို့ဌာနီရာမညဒေသသည်လည်း ပဒေသရာဇ်ခေတ်များတွင် မွန်ပဒေသရာဇ်များ ဦးစီးဦးဆောင်ပြုကြ သည့်မွန်တို့ နှစ်ပေါင်းထောင်းပေါင်းများစွာ (ဘီစီ ၂၀၀၀ ကျော်)ကစပြီး လူမျိုးကြီးတစ်ရပ်အဖြစ် တည်ရှိခဲ့သည်။
“A nation is a historically evolved stable Community of Language, Territory, Economic life and Psychological make up manifesto in a Community of culture.”
“လူမျိုးဆိုသည်မှာ ရာဇဝင်အရ ပေါ်ပေါက်ဖြစ်လာပြီး တည်တံ့သောစကား၊ စာပေ၊ နယ်မြေ၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေနှင့် ဦးညွတ်စွာ ရှိသောလူစုလူဝေးကို ခေါ်သည်။ ထို့ကြောင့် မွန်သည် ( Race tribe ) စသော အဆင့်တူများပူးပေါင်းထားခြင်းမဟုတ်ဘဲလူမျိုးတစ်မျိုး၏ဂုဏ်အင်္ဂါနှင့်ပြည့်စုံသောလူမျိုးဖြစ်ကြောင်းထင်ရှားသည်။
post-1/2