Friday, October 22, 2010

မွန်နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ ( မွန်အမျိုးသား လှုပ်ရှားမှုအစ )


မွန်အမျိုးသား လှုပ်ရှားမှုအစ
မြန်မာနိုင်ငံသည် ဗြိတိသျှ နယ်ချဲ့သမား လက်အောက်ရှိပြီးနောက် အင်္ဂလိပ်စာသည် အရေးပါသောစာပေ၊ မသင်မနေရသောစာပေ၊ အင်္ဂလိပ်စာ တတ်မှ အုပ်ချုပ်ရေးတွင် အရာထမ်း၊ အမှုထမ်းများ၊ ကူးသန်း ရောင်းဝယ်ရေးနှင့် အင်္ဂလိပ်ကုမ္ပဏီနှင့် ဆက်ဆံရာတွင် အင်္ဂလိပ်စာသည် မတတ်မဖြစ်သည့်စာပေ ဖြစ်လာသည်။ မြန်မာစာပေသည် မြန်မာပြည်တွင် အင်္ဂလိပ်စာပေလောက် အရေးပါသော စာပေ မဟုတ်တော့ပေ၊ မြန်မာစာတတ်လျှင် အမြင့်ဆုံး တိုင်းရင်းသား ဘာသာ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းများတွင် ကျောင်းဆရာနှင့် မြေတိုင်းစာရေးလောက်သာ ဖြစ်နိုင်သော အခြေအနေ ရှိသည်။ ထိုကြောင့် မြန်မာစာသင်ကြားလိုသူများ လျော့နည်းလာပြီး၊ မိမိတို့အသက်ရှင်ရေးအတွက် ကျွန်ပညာ ဟု ခေါ်သော ရာထူး၊ ရာခံရရှိရေးအတွက် အင်္ဂလိပ်စာကို သင်ကြားရသဖြင့် မျက်နှာငယ်လျှက် ရှိသည်၊ ပျောက်ပျက်သွားမည်ကို မျိုးချစ်ပညာတတ်များ၊ မြန်မာများက စိုးရိမ်လာကြသည်၊ စာပျောက်လျှင် လူမျိုးပျောက်မည်ကို သမိုင်းအရ သိကြရ၍၊ မြန်မာစာ၊ စကားကို ထိန်းသိမ်းရန်အတွက် ဒို့ဗမာအစည်းအရုံးက အမျိုးဘာသာစာပေ ရှင်သန်တိုးတက်ရန်အတွက် -
(၁) မြန်မာလူမျိုးသည် - တို့လူမျိုး (၂) မြန်မာစာသည် - တို့စာ (၃) မြန်မာစကားသည် - တို့စကား
တို့လူမျိုးကို ချစ်ပါ၊ တို့စာကို လေးစားပါ၊ တို့စကားကို ပြောကြပါ ဟု ကြွေးကြော်လှုံ့ဆော်ခဲ့သည်။ ဒို့ဗမာအစည်းအရုံးဝင်များ ရှေ့တွင် မိမိတို့သည် ကျွန်မဟုတ်၊ သခင်လူမျိုးဖြစ်ကြောင်း သိကြရန်၊ မိမိတို့နာမည်ရှေ့တွင် သခင်တပ် ခေါ်ကြသည်၊ တပ်ခေါ်ရန်လည်း လှုံ့ဆော်ခဲ့သည်။
ဒို့ဗမာအစည်းအရုံး၏ အမျိုးသားကြွေးကြော်သံဂယက်သည် မွန်အမျိုးသားတို့ထံသို့ ရိုက်ခတ်လာပြီး မွန်အများအတွက် အမျိုးဘာသာ၊ သာသနာကို ထိန်းသိမ်းရန် အဖွဲ့အစည်းတရပ် လိုလာသည်ဟု ယုံကြည်ခဲ့သည်။ ထိုသို့ ယုံကြည်သည့်အလျောက် မွန်ရဟန်းတော်များနှင့် ပညာတတ် မွန်အမျိုးသား၊ မျိုးချစ်များ စုပေါင်းပြီး ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်ကို ၁၉၃၉ -ခုနှစ် သြဂုတ်လ ၆ ရက်တွင် ရန်ကုန်မြို့ပေါ်ရှိ မွန်သံဃာတော်များ၊ မွန်ပုဂ္ဂိုလ်များအား ပင့်ဖိတ်၍ ဖွဲ့စည်းသည်။
post-1.7

No comments:

Post a Comment