Thursday, February 10, 2011

နေအဖွဲ့အစည်းသစ် တွေ့ရှိ


နေအဖွဲ့အစည်းသစ် တွေ့ရှိ

အမေရိကန် အကာသ စူးစမ်းလေ့လာရေး နာဆာအဖွဲ့က လွန်ခဲ့သောနှစ် ၂၀၁၀ ဒီဇင်ဘာလတွင် နေအဖွဲ့စည်းသစ်တွေ့ရှိချက်ကို ယခုနှစ်တွင် အတည်ပြု ထုတ်ဖော်လိုက်သည်။

အလွန်အားကောင်းသော အလင်းနှစ်အား၂၀၀၀ ရှိ နက္ခတ်ကြည့်မှန်ပြောင်း ကပ်ပလာ (kepler) ဖြင့် ကမ္ဘာ့မြေပြင်မှ အလွန်ဝေးကွာသော အကာသဟင်းလင်းပြင်တွင် အံ့ဩဖွယ်ရာ နေအဖွဲ့အစည်းသစ်တခုကို တွေ့ရှိရကြောင်း သိရသည်။

ထိုနေအဖွဲ့အစည်းသစ်သည် နေကို ဗဟိုပြု၍ လည်ပတ်နေသော ဂြိုလ် ၆ ခု နှင့် အဝါရောင်ရှိသော ဂြိုလ်ရံငယ်တခု အပါဝင်နေကြောင်း၊ မည်သို့ တည်ရှိနေသည်ကို မသိရကြောင်း ဆိုသည်။

နာဆာသိပ္ပံပညာရှင် Jack Lissauer က “အရင်တုန်းက နေအဖွဲ့အစည်းဆိုတာ ကျနော်တို့ ကမ္ဘာကလွဲလို့ မရှိသေးဘူးလို့ ယူဆကြတယ်။ အခုတော့ အံ့ဩဖွယ်ကောင်းအောင် ကျနော်တို့ နေအဖွဲ့အစည်းနဲ့ အလားသဏ္ဌာန်တူတဲ့ နေအဖွဲ့အစည်းရှိနေတဲ့ အချက်ဆိုတာပါပဲ။ ဂြိုလ်အားလုံးရဲ့ အရွယ်အစားကတော့ ကမ္ဘာရဲ့ ထုထည်အရွယ်အစားနဲ့ သိပ်မကွာဘူးလို့လည်း သိရပြီး ပျမ်းမျှအရွယ်ကတော့ ယူးရေးနစ်ဂြိုလ်နဲ့ နက်ပကျွန်းဂြိုလ်တို့နှင့် အများဆုံးတူနိုင်တယ်” ဟု ထုတ်ဖော်သွားပါသည်။

ဝင်းလက်

ဧရာဝတီဘလော့

No comments:

Post a Comment