Wednesday, November 3, 2010

မွန်နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ(ဖဆပလအစိုးရနှင့်မွန်အမျိုးသားများအရေးအခင်းများ)


ဖဆပလအစိုးရနှင့်မွန်အမျိုးသားများအရေးအခင်းများ

၁၉၄၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ဦးဝင်းမောင် ခေါင်းဆောင်သော ပုလိပ်သပိတ်မှ စှု မီးရထား အမှုထမ်းပေါင်းစုံ၊ ရန်ကုန်ဆိပ်ကမ်းအုပ်ချုပ်ရေးအဖွဲ့၊ စာတိုက်ကြေးနန်းဆက်သွယ်ရေးဌာန၊ အစိုးရပုံနှိပ် တိုက်၊ ရန်ကုန်စည်ပင်သာယာရေးအဖွဲ့စသော သပိတ်ကြီး ပေါ်ပေါက်လာသဖြင့် ဗြိတိသျှဗျူရိုကရေစီယန္တရား သည် ထိန်းမနိုင်သိမ်းမရဖြစ်၍ မြန်မာပြည်ဘုရင်ခံဆာဟူးဘတ်ရန့်က ဗိုလ်ချုပ်အောင်ဆန်းအား ဖိတ်ခေါ်ပြီး အစိုးရဖွဲ့ခိုင်းပါသည်၊ ၄င်းအစိုးရသည် ဘုရင်ခံအတိုင်ပင်ခံအစိုးရဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းသည် ဘုရင်ခံ အတိုင်ပင်ခံကောင်စီ ဒုသဘာပတိအဖြစ် ၄င်းနိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးအဖြစ်၎င်း ဆောင်ရွက်ပြီး ဖဆပလအဖွဲ့ဝင်များဖြစ်သောသခင်မြ၊ ပြည်ထဲရေး၊ ဦးဘဖေ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေး သခင်သိန်းဖေ၊ လယ်ယာ၊ သစ်တောဌာနနှင့် ကျေးလက်စီးပွားရေးဌာန မန်းဘခိုင်၊ စက်မှုလက်မှုနှင့် အလုပ် သမားဌာနဦးအောင်စံဝေ၊ လူမှုဝန်ထမ်းဌာနတို့ဖြစ်ပြီး ဘုရင်ခံခန့်ရာတွင် ဦးထက်ထွဋ်ဘ္ဂာရေးနှင့် အခွန်တော် ဌာန၊ သခင်ဘစိန်၊ လမ်းပန်းဆက် သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးနှင့် ဆာမောင်ကြီးပြည်သူ့လုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီးများဖြစ်သည်။ ကွန်မြူနစ်ပါတီကို ဖဆပလမှ ထုတ်ပစ်သောအခါ သခင် သိန်းဖေသည် ၁၉၄၆ နိုဝင်ဘာလ ၂ ရက်နေ့တွင် ရာထူးမှ နှုတ်ထွက်သွားပြီး စောဘဦးကြီးနှင့် ပျော်ဘွယ် ဦးမြတိုဏ္ဍအသစ်ဝင်ရောက်လာသည် ဦးစောကို ဘုရင်ခံက ၁၉၄၆ နိုဝင် ဘာလ ၆ ရက်နေ့တွင် ဝန်ကြီးခန့် သည်၊ ဦးစောနှင့်သခင်သာစိန်တို့သည် လန်ဒန်တွင် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် လက်မှတ် ရေးထိုးသောအောင်ဆန်း အက်တလီစာချုပ်ကို လက်မှတ်ရေးထိုးရန် ငြင်းပယ်သည့်အတွက် ရာထူမှနှုတ် ထွက်လိုက်သည်။
ဖဆပလသည်တနှစ်အတွင် လွတ်လပ်ရေးအရ ရမည်ဟူသောကြွေးကြော်သံနှင့် အတူ ၁၉၄၇ ခု ဧပြီလတွင် လွတ်လပ်ရေးကို ပြင်ဆင်သော လွတ်လပ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ရေးဆွဲမည့် တိုင်းပြုပြည်ပြု လွတ်တော်ရွေးကောက်ပွဲကျင်းပရန်သတ်မှတ်သည်၊
THIS POST WAS COPYING FROM THE BOOK OF MON BACKGROUND HISTORIES IN BURMA,, PAGE -2/7

No comments:

Post a Comment